< အာမုတ် 9 >
1 ၁ ယဇ်ပလ္လင်အနီး၌ရပ်နေတော်မူသောထာဝရ ဘုရားကိုငါတွေ့ရ၏။ ကိုယ်တော်ရှင်က``ဗိမာန် တော်တစ်ခုလုံးကိုသိမ့်သိမ့်တုန်သွားစေရန် ဗိမာန်တော်တိုင်၏ထိပ်ဖျားကိုရိုက်ချိုးလော့။ ထိုအရာတို့ကိုချိုး၍လူတို့၏ခေါင်းပေါ် သို့ကျစေလော့။ ကျန်ရစ်သူများကိုစစ်ပွဲ၌ ငါကွပ်မျက်မည်။ မည်သူမျှလွတ်မည်မဟုတ်။ မည်သူတစ်ဦးမျှပြေးမလွတ်နိုင်။-
၁တဖန် ငါကြည့်ရှု ၍ ဘုရား ရှင်သည် ယဇ် ပလ္လင်ပေါ် မှာ ရပ် လျက် မိန့် တော်မူသည်ကား၊ ရှိသမျှ သောသူ တို့ ၏ ခေါင်း ပေါ် သို့ တံခါး တိုင်လှုပ် ၍ ပြို ကျစေခြင်းငှါ တံခါး ထုပ်ကို ရိုက် လော့။ သူတို့သားမြေးများကိုလည်း ထား နှင့် ငါကွပ်မျက် မည်။ ပြေး သောသူသည် မ လွတ် ရ။ လွတ် သောသူသည်လည်း ချမ်းသာ ကို မ တွေ့ရ။
2 ၂ မြေအောက်သို့တွင်းတူးပြီးသေမင်းနိုင်ငံ၌ ပုန်းအောင်းနေလင့်ကစား ငါသည်သူတို့ကို အမိအရဖမ်းဆီးမည်။ မိုးပေါ်သို့တက် ပြေးလျှင်လည်းသူတို့ကိုငါဆွဲချမည်။- (Sheol )
၂မရဏာ နိုင်ငံတိုင်အောင် တွင်း တူးသော်လည်း ငါ နှုတ်ယူ မည်။ မိုဃ်း ကောင်းကင်သို့ တက် သော်လည်း ငါချ မည်။ (Sheol )
3 ၃ ကရေမေလတောင်ထိပ်၌ပုန်းနေလျှင်လည်း သူတို့ကိုလိုက်ရှာ၍ဖမ်းချုပ်မည်။ ငါ့ထံမှ လွတ်အောင်ပင်လယ်အောက်၌ပုန်းနေလျှင် သူ တို့ကိုဝါးမြိုရန်ပင်လယ်နဂါးကိုစေ ခိုင်းမည်။-
၃ကရမေလ တောင်ထိပ် ၌ ပုန်းရှောင် သော်လည်း ၊ ငါရှာ ၍ထုတ်မည်။ ငါနှင့်လွတ်အံ့သောငှါသမုဒ္ဒရာ အောက် ၌ ပုန်းရှောင် သော်လည်း ၊ ငါသည် နဂါး ကို မှာ လိုက်၍ ကိုက် စေမည်။
4 ၄ ရန်သူများဖမ်းသွားခံရလျှင် လည်းသူတို့ ကိုသတ်ပစ်လိုက်ရန်ငါစေခိုင်းမည်။ ငါသည် သူတို့ကိုမကူညီဘဲ ဖျက်ဆီးပစ်ရန် သန္နိဋ္ဌာန်ချလိုက်ပြီ'' ဟုမိန့်တော်မူ၏။
၄ရန်သူ တို့သည် သိမ်းသွား သော်လည်း ၊ အခြား သောအရပ်၌ ငါသည် ထား ကို မှာ လိုက်၍ သတ် စေမည်။ ကျေးဇူး မ ပြု၊ အပြစ် ပြုခြင်းငှါ သာ ငါ ကြည့်ရှု မည်။
5 ၅ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား သည် ပထဝီမြေကြီးကိုတို့တော်မူသဖြင့်၊ မြေငလျင်ကြီးလှုပ်သည်။ မြေသားအပေါင်းတို့လည်းငိုကြွေးရမည်။ တစ်နိုင်ငံလုံးသည်အီဂျစ်ပြည်မှနိုင်းမြစ်ကဲ့သို့ တက်ခြင်းကျခြင်းရှိလိမ့်မည်။
၅ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ထာဝရဘုရား သည် မြေ ကို ထိ တော်မူလျှင် ၊ မြေသည် အရည် ဖြစ်၍ မြေသား အပေါင်း တို့သည် ညည်းတွား ကြလိမ့်မည်။ မြစ် ကဲ့သို့ တပြည်လုံး ထ ပြီးလျှင် ၊ တဖန် အဲဂုတ္တု မြစ် ၌ မြုပ်သကဲ့သို့ မြုပ် လိမ့်မည်။
6 ၆ ထာဝရဘုရားသည်မိုးကောင်းကင်၌ မိမိအိမ်တော် ကိုတည်ဆောက်ခဲ့၏။ ကမ္ဘာမြေကြီးပေါ်တွင်လုံးဝန်းသော ကောင်းကင်ယံခုံးကိုတင်တော်မူ၏။ ပင်လယ်ရေများကိုခေါ်ယူလျက်မြေပေါ်၌ သွန်းလောင်းခဲ့၏။ ကိုယ်တော်ရှင်၏နာမတော်သည် အရှင်ထာဝရဘုရားပင်ဖြစ်တော်မူ၏။
၆အထက်အခန်းတော်တို့ကို ကောင်းကင် ၌ ဆောက် ၍ ၊ အောက်တိုက်တော်ကို မြေကြီး ပေါ် မှာ တည် တော်မူ၏။ သမုဒ္ဒရာ ရေ ကိုခေါ် ၍ မြေကြီး ပြင် ၌ သွန်းလောင်း တော်မူ၏။ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား တည်းဟူသော ဘွဲ့နာမ ရှိတော်မူ ၏။
7 ၇ ထာဝရဘုရားက``အို ဣသရေလပြည်သား အပေါင်းတို့၊ ငါသည်သင်တို့ကိုကုရှလူမျိုး နှင့်တန်းတူသဘောထားခဲ့၏။ ငါသည်သင် တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာသကဲ့ သို့ ဖိလိတ္တိလူမျိုးကိုကရေတေကျွန်းမှ လည်းကောင်း၊ ရှုရိလူမျိုးကိုတိရပြည် မှလည်းကောင်းထုတ်ဆောင်လာခဲ့၏။-
၇အို ဣသရေလ အမျိုးသား တို့၊ သင် တို့သည် ငါ ၌ ကုရှ အမျိုးသား ကဲ့သို့ ဖြစ်ကြသည်မ ဟုတ်လော ။ ဣသရေလ အမျိုးကို အဲဂုတ္တု ပြည် မှ ငါနှုတ်ဆောင် သကဲ့သို့၊ ဖိလိတ္တိ လူတို့ကို ကတ္တောရ ပြည်မှ ၎င်း ၊ ရှုရိ လူတို့ကို ကိရ ပြည်မှ ၎င်း ငါနှုတ်ဆောင်ပြီ မ ဟုတ်လော ဟု ထာဝရဘုရား မိန့် တော်မူ၏။
8 ၈ ငါအရှင်ထာဝရဘုရားသည်အပြစ်များ လှသော ဤဣသရေလနိုင်ငံကိုသတိဖြင့် စောင့်ကြည့်နေပြီ။ ဤနိုင်ငံကိုမြေပေါ်မှ ကွယ်ပျောက်သွားအောင်ပယ်ဖျက်တော့မည်။ သို့သော်လည်းငါသည်ယာကုပ်အမျိုးအနွယ် အားလုံးကိုဖျက်ဆီးမည်မဟုတ်ဟုထာဝရ ဘုရားမိန့်တော်မူ၏။
၈အရှင် ထာဝရဘုရား သည် အပြစ် ရှိသောတိုင်း နိုင်ငံကို ကြည့်ရှု လျက် ၊ ထို တိုင်းနိုင်ငံကို မြေကြီး ပြင် မှ ငါသုတ်သင် ပယ်ရှင်းမည်။ သို့သော်လည်း ၊ ယာကုပ် အမျိုး ကို ရှင်းရှင်းမ ဖျက်ဆီး ဟု မိန့် တော်မူ၏။
9 ၉ ``ဆန်ကိုဆန်ကာတင်ပြီးခါချသကဲ့သို့ငါ၏ အမိန့်ဖြင့် ဣသရေလပြည်သားတို့ကိုဆန်ခါ တင်ကာခါချလိုက်မည်။ ခပ်သိမ်းသောလူမျိုး များအထဲ၌လှုပ်ခါပြီးနောက်မထိုက်တန်သူ မှန်သမျှကိုငါရှင်းလိုက်မည်။-
၉တဖန် ငါ အမိန့် တော်ရှိသဖြင့် ဆန်ကို ဆန်ခါနှင့် ချ သကဲ့သို့ ၊ ဣသရေလ အမျိုး ကို ခပ်သိမ်း သော အမျိုး တို့တွင် ဆန်ခါ နှင့်ငါချ မည်။ ဆန် တစေ့မျှ မြေ သို့မ ကျ ရ။
10 ၁၀ ငါ၏လူမျိုးထဲမှ`ဘုရားသခင်သည်ငါတို့ကို ဒုက္ခပေးလိမ့်မည်မဟုတ်' ဟုဆိုသောအပြစ်ရှိ သူမှန်သမျှသည်စစ်ပွဲ၌သေဆုံးရမည်။''
၁၀ဘေးဥပဒ် သည် ငါ တို့ကို မ မှီ နိုင်၊ မဆီးတား နိုင်ဟု ဆို လျက်၊ အပြစ် များသော ငါ ၏လူ အပေါင်း တို့သည် ထား ဖြင့် သေ ရကြလိမ့်မည်။
11 ၁၁ ထာဝရဘုရားက``ပြိုပျက်နေသောအိုးအိမ် ပမာဖြစ်နေသည့်ဒါဝိဒ်နိုင်ငံကို ငါသည်ပြန် လည်၍တည်ဆောက်သောအချိန်ရောက်လိမ့်မည်။ ကွဲအက်နေသောနံရံတံတိုင်းတို့ကိုငါပြန် ပြုပြင်မည်။ ရှေးအခါကတည်နေသကဲ့ သို့ငါပြန်လည်ထူထောင်မည်။-
၁၁ကျန်ကြွင်းရစ် သောဧဒုံ အမျိုးသားမှစ၍ ငါ ၏နာမ ဖြင့် သမုတ် သော တပါးအမျိုးသား အပေါင်း တို့ကိုသိမ်းယူ စေခြင်းငှါ ၊ လဲ လျက်ရှိသောဒါဝိဒ် ၏တဲ ကိုထို ကာလ ၌ ငါဆောက်တည် ပြန်မည်။ အက်ကွဲရာ များကိုစေ့စပ် မည်။
12 ၁၂ သို့ဖြင့်ဣသရေလအမျိုးသားတို့သည် ကျန်ကြွင်းသမျှသောဧဒုံပြည်ကိုလည်း ကောင်း၊ တစ်ချိန်ကငါပိုင်စိုးခဲ့သောနိုင်ငံ တိုင်းကိုလည်းကောင်းပြန်လည်သိမ်းပိုက်ခွင့် ရလိမ့်မည်'' ဟုဤအမှုကိုဖြစ်စေမည့် ထာဝရဘုရားမိန့်တော်မူပြီ။
၁၂ပြိုပျက်ရာ များကိုလည်း ပြုပြင် ပြီးလျှင် ၊ ထိုတဲ ကိုရှေး ကာလ ၌ရှိသကဲ့သို့ မတ်စေ ပြန်မည်ဟု၊ ဤ အမှုအရာကိုစီရင် တော်မူသောထာဝရဘုရား ၏ဗျာဒိတ် တော်ရှိ၏။
13 ၁၃ ထာဝရဘုရားက ``စပါးရိတ်၍မမီနိုင်လောက်အောင်ပင် ပျိုးကသန်လှသည့်အချိန်ကာလနှင့် စပျစ်ရည်လုပ်နိုင်သည်ထက်စပျစ်သီးများ လှိုင်နေသောနေ့ရက်များရောက်လာမည်။ တောင်တန်းကြီးငယ်တို့မှစပျစ်ရည်ချို စီးယိုနေသော အချိန်ကာလရောက်လာမည်။
၁၃ထာဝရဘုရား မိန့် တော်မူသည်ကား၊ လယ်ထွန် သောသူသည် စပါးရိတ် သောသူကို၎င်း ၊ စပျစ်သီး နယ် သောသူသည် မျိုးစေ့ ကြဲ သောသူကို၎င်း မှီ လျက်၊ တောင် တို့မှ ချိုသောစပျစ်ရည် ယို ၍ ၊ ကုန်း ရှိသမျှ တို့လည်း အရည် ဖြစ်ရသောကာလရောက်လိမ့်မည်။
14 ၁၄ ငါသည်ငါ၏လူမျိုးတော်ကိုနေရင်း ပြည်သို့ ပြန်လည်ဆောင်ယူလာမည်။ သူတို့သည်ပြိုလဲနေသောမြို့များကို ပြန်လည်တည်ဆောက်ကြ၍ ထိုမြို့များ၌ပြန်လည်နေထိုင်ခွင့်ရကြ လိမ့်မည်။ စပျစ်ခြံများကိုစိုက်ပျိုး၍စပျစ်ရည် သောက်ခွင့်ရကြလိမ့်မည်။ ဥယျာဉ်များကိုစိုက်ပျိုးကြ၍ ကိုယ်တိုင်စိုက်သောသီးနှံတို့ကိုကိုယ်တိုင် စားရသောအခွင့်ရကြလိမ့်မည်။
၁၄သိမ်းသွား ခြင်းကို ခံရသောငါ ၏လူ ဣသရေလ အမျိုးသားတို့ကို တဖန် ငါဆောင် ခဲ့သဖြင့် ၊ သူတို့သည် ပျက်စီး သောမြို့ များကို ပြုပြင် ၍ နေကြလိမ့်မည်။ စပျစ် ဥယျာဉ်များကို စိုက် ၍ စပျစ်ရည်ကို သောက် ကြလိမ့်မည်။ လယ်ယာ များကို ပြုစု ၍ အသီး တို့ကို စား ကြလိမ့်မည်။
15 ၁၅ ငါသည်ငါ၏လူမျိုးတော်ကိုငါပေးခဲ့သော နေရင်းပြည်၌ပင်နေထိုင်စေမည်။ အဘယ်သူမျှသူတို့ကိုနောက်တစ်ဖန် ဆွဲနုတ်ခြင်းမခံစေရ'' ဟု သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူပြီ။ ပရောဖက်အာမုတ်စီရင်ရေးသားသော အနာဂတ္တိကျမ်းပြီး၏။
၁၅သူ တို့နေရင်းအရပ် ၌ ငါစိုက် ထားမည်။ ငါ ပေး သော ပြည် မှ နောက် တဖန် အဘယ်သူမျှမ နှုတ် ရဟု၊ သင် ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ၏။