< အာမုတ် 8 >
1 ၁ ငါသည်အရှင်ထာဝရဘုရားထံမှရူပါရုံ တစ်ခုကိုမြင်ရ၏။ ထိုရူပါရုံတွင်အသီး မှည့်များထည့်ထားသောခြင်းတောင်းတစ်ခု ကိုတွေ့ရ၏။-
ASÍ me ha mostrado Jehová: y he aquí un canastillo de fruta de verano.
2 ၂ ထာဝရဘုရားကငါ့အား``အာမုတ် အဘယ်အရာကိုမြင်သနည်း'' ဟု မေး တော်မူသဖြင့်၊ ငါကလည်း``အသီးမှည့်များထည့်ထားသော ခြင်းတောင်းတစ်ခုကိုမြင်ရပါသည်'' ဟု လျှောက်လေသည်။ ထာဝရဘုရားကငါ ၏လူမျိုးတော်ဣသရေလတို့သည်မှည့် ရော်၍ ကြွေပျက်တော့မည့်နောက်ဆုံးသော ကာလသို့ရောက်လာပြီ။ ငါသည်သူတို့ ၏ပြစ်မှုများကိုသည်းမခံတော့ဘဲ အပြစ်ပေးရတော့မည်။-
Y dijo: ¿Qué ves, Amós? Y dije: Un canastillo de fruta de verano. Y díjome Jehová: Venido ha el fin sobre mi pueblo Israel; no le pasaré más.
3 ၃ ထိုနေ့၌နန်းတွင်းတေးသံတို့သည် ငိုကြွေး သံများအဖြစ်သို့ကူးပြောင်းသွားလိမ့်မည်။ နေရာအနှံ့အပြား၌အလောင်းကောင် များရှိနေပြီး ယင်းအလောင်းများကိုတိတ် တဆိတ်စွန့်ပစ်ကြလိမ့်မည်'' ဟုအရှင် ထာဝရဘုရားမိန့်တော်မူ၏။
Y los cantores del templo aullarán en aquel día, dice el Señor Jehová; muchos serán los cuerpos muertos; en todo lugar echados serán en silencio.
4 ၄ ငတ်မွတ်သူများကိုနင်းချေ၍ဆင်းရဲသော ပြည်သူတို့အား ဖိနှိပ်ချုပ်ချယ်နေကြသူ တို့၊ ဤစကားကိုနားထောင်ကြလော့။-
Oid esto, los que tragáis á los menesterosos, y arruináis los pobres de la tierra,
5 ၅ ``ငါတို့သည်ဂျုံစပါးကိုရောင်းလိုလှပြီ။ သန့်ရှင်းရာနေ့လွန်အောင်ပင်မစောင့်နိုင်အောင် ဖြစ်နေကြပြီ။ ဥပုသ်နေ့သည်ဘယ်သောခါ မှကုန်ပါမည်နည်း။ ထိုနေ့လွန်လျှင်ငါတို့ သည်မမှန်သောတင်းတောင်းနှင့် အလေးခိုး ပြီးမမှန်သောချိန်ခွင်ကိုသုံး၍စျေးတင် ရောင်းချမည်။-
Diciendo: ¿Cuándo pasará el mes, y venderemos el trigo; y la semana, y abriremos [los alfolíes] del pan, y achicaremos la medida, y engrandeceremos el precio, y falsearemos el peso engañoso;
6 ၆ တန်ဖိုးမရှိသောဂျုံစပါးကိုတက်စျေး ဖြင့်ရောင်းမည်။ အကြွေးနစ်လွန်းသဖြင့် ဆင်းရဲနေသူကိုရှာပြီးကျွန်အဖြစ်နှင့် ခြေနင်းတစ်ရံစာမျှဖြင့်ဝယ်ယူမည်'' ဟုသင်တို့ဆိုကြလေပြီ။
Para comprar los pobres por dinero, y los necesitados por un par de zapatos, y venderemos las aechaduras del trigo?
7 ၇ ထာဝရဘုရားက``ငါသည်ဤသူတို့၏ ယုတ်မာမှုများကို ဘယ်သောခါမှမမေ့ နိုင်ဟုယာကုပ်၏ဘုန်းတန်ခိုးကိုတိုင်တည် ၍ကျိန်ဆိုတော်မူပြီ။-
Jehová juró por la gloria de Jacob: No me olvidaré para siempre de todas sus obras.
8 ၈ ဤပြစ်မှုများကြောင့်မြေငလျင်ကြီးလှုပ်ခါ တစ်ပြည်လုံးရှိပြည်သူမှန်သမျှဝမ်းနည်းပူ ဆွေးရကြမည်။ တစ်နိုင်ငံလုံးသည်အီဂျစ်ပြည် မှနိုင်းမြစ်ကဲ့သို့တက်၍ကျ၍ဆတ်ဆတ် ခါအောင်တုန်လှုပ်သွားလိမ့်မည်။-
¿No se ha de estremecer la tierra sobre esto? ¿y todo habitador de ella no llorará? y subirá toda como un río, y será arrojada, y hundiráse como el río de Egipto.
9 ၉ ငါသည်ထိုနေ့တွင်မွန်းတည့်အချိန်၌နေကို ဝင်စေပြီးနေ့အချိန်မှာပင် မြေတစ်ပြင်လုံး ၌အမှောင်ဖုံးသွားစေမည်ဟုအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။-
Y acaecerá en aquel día, dice el Señor Jehová, que haré se ponga el sol al mediodía, y la tierra cubriré de tinieblas en el día claro.
10 ၁၀ သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။
Y tornaré vuestras fiestas en lloro, y todos vuestros cantares en endechas; y haré poner saco sobre todos lomos, y peladura sobre toda cabeza; y tornaréla como en llanto de unigénito, y su postrimería como día amargo.
11 ၁၁ ``တစ်ပြည်လုံးငတ်မွတ်ရမည့်ကပ်ဆိုးကြီး ကိုငါကျရောက်စေမည်။ အစာအတွက်ငတ် မွတ်ခြင်းမဟုတ်။ ရေကိုဆာလောင်ခြင်းလည်း မဟုတ်။ ထာဝရဘုရားထံတော်မှသတင်း စကားတော်ကိုငတ်မွတ်ခြင်းပင်ဖြစ်လိမ့်မည်။ ထိုနေ့များရောက်ရှိလာတော့မည်။ ငါအရှင် ထာဝရဘုရားမိန့်တော်မူပြီ။-
He aquí vienen días, dice el Señor Jehová, en los cuales enviaré hambre á la tierra, no hambre de pan, ni sed de agua, sino de oir palabra de Jehová.
12 ၁၂ လူတို့သည်ပင်လယ်သေမှမြေထဲပင်လယ် တိုင်အောင်လည်းကောင်း မြောက်အရပ်မှအရှေ့ သို့လည်းကောင်း၊ နေရာအနှံ့အပြား၌သတင်း စကားတော်ကိုလှည့်လည်၍ရှာကြသော်လည်း သတင်းစကားတော်ကိုမတွေ့ဘဲနေကြ လိမ့်မည်။-
E irán errantes de mar á mar: desde el norte hasta el oriente discurrirán buscando palabra de Jehová, y no la hallarán.
13 ၁၃ ထိုနေ့၌အလွန်ကျန်းမာသည့်လုလင်နှင့် မိန်းမပျိုများပင်လျှင်ရေငတ်လွန်းသဖြင့် လဲကြလိမ့်မည်။-
En aquel tiempo las doncellas hermosas y los mancebos desmayarán de sed.
14 ၁၄ ရှမာရိဘုရားရုပ်တုများကိုတိုင်တည်ကာ ကျိန်ဆိုလေ့ရှိသူများ`ဒန်ဘုရား' ကိုသော် လည်းကောင်း `ဗေရရှေဘမြို့လမ်းရှိဘုရား' ကို လည်းကောင်း၊ ထိုဘုရားတို့အသက်ရှင်တော် မူသည့်အတိုင်းဟုတိုင်တည်ကာ ကျိန်ဆို တတ်သူအပေါင်းတို့သည်ပြန်မထနိုင် အောင်ပင်ပြိုလဲတော့မည်'' ဟုမိန့်တော် မူ၏။
Los que juran por el pecado de Samaria, y dicen, Vive tu Dios de Dan: y, Vive el camino de Beer-seba: caerán, y nunca más se levantarán.