< အာမုတ် 6 >
1 ၁ ဇိအုန်မြို့၌သက်တောင့်သက်သာစွာဇိမ်ခံ နေကြသူတို့၊ ရှမာရိတောင်ပေါ်တွင်လုံလုံ ခြုံခြုံနှင့်စံမြန်းနေကြသူတို့၊ ပြည်သူ များကအသနားခံနေရသူတို့၊ လူမျိုး များထဲမှအထွတ်အမြတ်ဖြစ်သောဣသ ရေလလူမျိုးတော်တို့၊ သင်တို့သည်အရှက် တကွဲအကျိုးနည်းဖြစ်ရတော့မည်။-
၁ဇိအုန် မြို့၌ ငြိမ်ဝပ် စွာနေသောသူ၊ ရှမာရိ တောင် ပေါ် မှာ စိုးရိမ် ခြင်းနှင့် ကင်းလွတ်လျက်နေသောသူ၊ လူမျိုး တို့တွင် အထွဋ် အမြတ်ဟူ၍ခေါ်ဝေါ်သောသူ၊ ဣသရေလ အမျိုး ဆည်းကပ် သောသူတို့သည် အမင်္ဂလာ ရှိ ကြ၏။
2 ၂ ကာလနေမြို့သို့သွားပြီးရှုလော့။ ထိုမှ တစ်ဖန်ဟာမတ်မြို့သို့လည်းကောင်း၊ ဖိလိတ္တိ မြို့ဂါသသို့လည်းကောင်းသွားဦးလော့။ ထို နိုင်ငံများသည်ယုဒနှင့်ဣသရေလနိုင်ငံ တို့ထက်သာသလော။ သူတို့နယ်မြေသည် သင်တို့နယ်မြေထက်ပို၍ကျယ်သလော။-
၂ကာလနေ မြို့သို့သွား ၍ ကြည့်ရှု ကြလော့။ ထို မြို့မှ ဟာမတ် ကြီးမြို့သို့၎င်း ၊ ဖိလိတ္တိ လူတို့နေသောဂါသ မြို့ သို့၎င်း သွား ကြလော့။ ထိုနိုင်ငံ တို့သည် ဤ နိုင်ငံတို့ထက် သာ၍ကောင်း သလော ။ သူ တို့နယ် အပိုင်းအခြားသည် သင် တို့နယ် အပိုင်းအခြားထက် သာ၍ကျယ် သလော။
3 ၃ ဆိုးယုတ်သောနေ့ကာလကျရောက်တော့မည် ကိုသင်တို့ဝန်မခံလိုကြ။ သင်တို့ပြုပုံသည် အကြမ်းဖက်မှုကိုသာအားပေးရာရောက် နေ၏။-
၃ဆိုးယုတ် သော နေ့ရက် ကို ရွှေ့ ၍ ၊ မ တရားသဖြင့် စီရင်ရာပလ္လင် ကို အနီး မှာတည်စေခြင်း၊
4 ၄ ဆင်စွယ်ကုတင်များ၌လဲလျောင်းနေကြ သူတို့၊ သိုးငယ်နွားငယ်တို့၏အသားနုကို စားပြီးဖဲမွေ့ရာပေါ်၌လျောင်းကာအကြော ဆန့်နေကြသူတို့၊ သင်တို့သည်အရှက်တကွဲ အကျိုးနည်းဖြစ်ရတော့မည်။-
၄ဆင်စွယ် ခုတင် ပေါ် မှာ အိပ် ၍ မွေ့ရာ ပေါ် မှာလျောင်း ခြင်း၊ သိုးစု ထဲက သိုးသငယ် တို့ကို၎င်း ၊ နွားတင်းကုပ် ထဲက နွားသငယ် တို့ကို၎င်း ယူ၍စား ခြင်း၊
5 ၅ သင်တို့သည်ဒါဝိဒ်ကဲ့သို့သီချင်းများစပ် ဆိုပြီးစောင်းကောက်တီးကာသီဆိုလို ကြ၏။-
၅တယော ထိုး သံနှင့်ပြိုင်လျက် သီချင်း ဆိုခြင်း၊ တီးမှုတ် ရာတုရိယာမျိုးအသစ်ကို ဒါဝိဒ် မင်းရှာ၍ လုပ်သကဲ့သို့ လုပ်ခြင်း၊
6 ၆ စပျစ်ရည်ကိုဖလားလိုက်သောက်၍အကောင်း ဆုံးဆီမွှေးကိုလိမ်းကာဖြင့်နေကြ၏။ ဣသ ရေလနိုင်ငံယိုယွင်းနေခြင်းကိုမူမကြေ ကွဲဘဲနေရက်ကြပြီတကား။-
၆စပျစ်ရည် ကို ဖလား နှင့် သောက် ၍ ၊ အဘိုးထိုက် သော နံ့သာဆီ နှင့် လိမ်း ခြင်းတို့ကိုပြု၍၊ ယောသပ် အမျိုး ဆင်းရဲ ခံရသည်ကို စိတ် မ ကြင်နာဘဲနေသော၊
7 ၇ သို့ဖြစ်သောကြောင့်ပြည်နှင်ခံရသူများအနက် သင်တို့သည်အဦးဆုံးဖြစ်လိမ့်မည်။ ဤသို့ဖြင့် သင်တို့ဘာသာရေးပွဲများနှင့် စားတော်ပွဲများ သည်နိဂုံးချုပ်ရလိမ့်မည်။
၇ထို သူတို့သည် အဦးဆုံး သိမ်းသွား ခြင်းကို ခံရသောသူတို့နှင့်အတူ ပါ သွားကြလိမ့်မည်။ လျောင်း ၍ နေသောသူတို့၏ ပွဲ သည်လည်း ကွယ်ပျောက် ရလိမ့်မည်။
8 ၈ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသခင်က``ဣသရေလ၏မာနကိုငါရွံရှာ ၏။ သူတို့စည်းစိမ်ခံရာအိမ်ကြီးများကို လည်းငါစက်ဆုတ်၏။ သူတို့မြို့တော်နှင့်မြို့ တွင်းရှိအရာအားလုံးကို ရန်သူ့လက်သို့ ငါပေးအပ်လိုက်မည်'' ဟုအရှင်ထာဝရ ဘုရားအလေးအနက်ကျိန်ဆိုသတိ ပေးတော်မူပြီ။
၈ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အရှင် ထာဝရဘုရား သည် ကိုယ် ကိုတိုင်တည်၍ ကျိန်ဆို တော်မူသည်အတိုင်း၊ ယာကုပ် ၏မာန ကို ငါ ရွံရှာ ၍ သူ ၏ဘုံ ဗိမာန်တို့ကိုမုန်း သောကြောင့် ၊ မြို့ တော်နှင့် မြို့ ၌ရှိသမျှ ကို ငါစွန့်ပစ် မည်။
9 ၉ အိမ်ထောင်တစ်အိမ်ထောင်တွင်လူဆယ်ယောက် ကျန်ရစ်နေလျှင်လည်း ယင်းတို့အားလုံး သေရလိမ့်မည်။-
၉အိမ် တ ဆောင်တွင် လူ တကျိပ် ကျန်ကြွင်း သော်လည်း သေ ကြလိမ့်မည်။
10 ၁၀ သေလွန်သူတစ်ဦး၏ဆွေမျိုးတစ်ယောက်က သေလွန်သွားသူ၏အလောင်းကိုမီးသတ်ရန် ရောက်လာ၍ အိမ်အတွင်းထဲ၌ရှိနေသူတစ် ယောက်အား``မည်သူများကျန်ပါသေး သနည်း'' ဟုမေးလိုက်သော်၊ ``မည်သူမျှမကျန်တော့ပါ'' ဟူသော အဖြေကိုသာကြားရလိမ့်မည်။ ယင်းနောက်ထိုသူကပင်``တိတ်လော့၊ ထာဝရ ဘုရား၏နာမတော်ကိုမျှမဆိုမိရန် ငါ တို့သတိထားရမည်'' ဟုဆိုလိမ့်မည်။
၁၀ပေါက်ဘော် တော်၍ မီး ဖြင့် သင်္ဂြိုဟ်ရသော သူသည် အိမ် ထဲက အသေ ကောင်ကိုထုတ် ၍ ချီ သွား သောအခါ၊ အိမ် အတွင်း တွင် ရှိသောသူ ကို ခေါ် ၍ ၊ သင် ၌ တစုံတယောက် ကျန်ကြွင်းသေးသလော ဟုမေးသော်၊ မကျန်ကြွင်းဟု ပြန်ပြောလိမ့်မည်။ ထမ်းသွားသောသူကလည်း၊ တိတ်ဆိတ် စွာနေလော့။ ထာဝရဘုရား ၏ နာမ တော်ကို ချီးမွမ်း ရသောအခွင့်မ ရှိဟု ပြောဆို လိမ့်မည်။
11 ၁၁ ထာဝရဘုရား၏အမိန့်တော်ကြောင့်အိမ် ရာကြီးငယ်တို့သည် အစိတ်စိတ်အမြွှာ မြွှာပြိုကွဲပျက်စီးသွားရလိမ့်မည်။-
၁၁အကြောင်း မူကား၊ ထာဝရဘုရား အမိန့် တော် ရှိသဖြင့် ၊ အိမ် ကြီး ကိုဖြို ၍ အိမ် ငယ် ကိုလည်း ကွဲ စေတော်မူလိမ့်မည်။
12 ၁၂ မြင်းဟူသည်ကျောက်ဆောင်ပေါ်၌ပြေးလေ့ ရှိသလော။ လူသည်နွားဖြင့်လယ်ပြင်ကိုထွန် ယက်လေ့ရှိသလော။ သို့ပါလျက်သင်တို့ သည်တရားမျှတရေးကိုအဆိပ်အဖြစ် သို့လည်းကောင်း၊ အမှန်ကိုအမှားအဖြစ် သို့လည်းကောင်းမှောက်လှန်ခဲ့လေပြီ။
၁၂မြင်း သည် ကျောက် ပေါ် မှာ ပြေး တတ်သလော ။ လူသည် ကျောက်ပေါ်မှာ နွား နှင့် ထွန် တတ်သလော။ သင်တို့သည် တရား သဖြင့် စီရင်ခြင်းကို ခါး စွာသော သစ်ရွက် ဖြစ်စေ ခြင်းငှါ၎င်း ၊ ဖြောင့်မတ် ခြင်းကို ဒေါန ရွက် ဖြစ်စေ ခြင်းငှါ၎င်း ပြု ကြသည်တကား။
13 ၁၃ သင်တို့က လောဒေဗာမြို့ကိုသိမ်းပိုက်နိုင်ခဲ့ ကြောင်းကိုဝါကြွားလို၏။ သင်တို့သည်အလ ဟသဝါကြွားလို၏။ ``ငါတို့အင်အားဖြင့် ကာနိမ်ကိုသိမ်းပိုက်နိုင်ခဲ့ပြီ'' ဟူ၍လည်း ဆိုကြ၏။
၁၃အချည်းနှီးသောအရာ၌ ဝါကြွားဝမ်းမြောက် ၍၊ ငါတို့သည် ကိုယ် အစွမ်း သတ္တိအားဖြင့် အာဏာ ကို သိမ်းယူ ပြီမ ဟုတ်လော ဟု ဆို တတ်ကြသည်တကား။
14 ၁၄ ``အို ဣသရေလပြည်သားတို့၊ ငါသည်တိုင်း တစ်ပါးမှတပ်တစ်တပ်ကိုစေလွှတ်၍ သင်တို့ နိုင်ငံကိုသိမ်းပိုက်စေမည်။ ထိုရန်သူသည် မြောက်ဘက်ရှိဟာမတ်လမ်းဝမှစ၍ တောင် ဘက်၌ရှိသောအာရဗာချိုင့်သို့ဝင်သော ချောင်းတိုင်အောင် သင်တို့လူမျိုးကိုဖိနှိပ် ချုပ်ချယ်လိမ့်မည်'' ဟုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူ၏။
၁၄အကယ် စင်စစ်၊ အိုဣသရေလ အမျိုး ၊ သင် တို့တဘက် ၌ လူတမျိုးကို ငါ ထ စေ၍၊ ထို လူမျိုး သည် ဟာမတ် မြို့လမ်းဝ မှစ၍ တော ၌ရှိသောမြစ် တိုင်အောင် သင် တို့ကို ညှဉ်းဆဲ လိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ၏။