< အာမုတ် 5 >
1 ၁ အို ဣသရေလပြည်သားတို့၊ သင်တို့ကို သင်္ဂြိုဟ်ဖို့ငါသီဆိုမည့်ဤအသုဘ တေးကိုနားဆင်ကြလော့။
Hear this word that I am bearing to you, A lamentation, O house of Israel:
2 ၂ အပျိုကညာဣသရေလသည် ဘယ်ခါမျှပြန်မထနိုင်အောင်လဲရ ချေပြီ။ မြေပေါ်မှာအထီးကျန်စွာလဲနေရှာပြီ။ သူ့အားထူမရန်မည်သူမျှမရှိပြီ။
“Fallen, not to rise again, has the virgin of Israel, Left on her land—she has none [to] raise [her] up.”
3 ၃ အထွတ်ဘုရင်အရှင်ထာဝရဘုရား က``ဣသရေလမြို့တစ်မြို့မှစစ်သည်တစ် ထောင်စစ်ချီထွက်သွားသော်လည်း၊ တစ်ရာ သာလျှင်ပြန်ရောက်လာမည်။ လူတစ်ရာ စေလွှတ်လိုက်သောမြို့သည်ဆယ်ယောက်ကို သာပြန်တွေ့ရမည်။
For thus said Lord YHWH: “The city that is going out one thousand, Leaves one hundred, And that which is going out one hundred, Leaves ten to the house of Israel.”
4 ၄ ထာဝရဘုရားက``ဣသရေလပြည်သား တို့အားငါ့ထံသို့ပြန်လာကြလော့။ သို့ပြု လျှင်သင်တို့သည်အသက်ချမ်းသာလိမ့်မည်။-
For thus said YHWH to the house of Israel: “Seek Me, and live,
5 ၅ ဗေရရှေဘမြို့သို့သွား၍မကိုးကွယ်လေ နှင့်။ ငါ့ကိုတွေ့ရန်ဗေသလမြို့၌လည်းမရှာ ကြနှင့်။ ဗေသလမြို့သည်အချည်းနှီးဖြစ် ရတော့မည်။ ဂိလဂါလမြို့သို့လည်းမသွား နှင့်။ ထိုမြို့သားတို့သည်ပြည်ပသို့ဖမ်းသွား ခြင်းကိုအမှန်ပင်ခံရလိမ့်မည်။''
And do not seek Beth-El, and do not enter Gilgal, And do not pass through Beer-Sheba, For Gilgal utterly removes, And Beth-El becomes vanity.
6 ၆ ထာဝရဘုရားထံသို့သွားလော့။ သို့ပြု လျှင်အသက်ချမ်းသာလိမ့်မည်။ ထိုသို့မ ပြုလျှင်ကိုယ်တော်အရှင်သည်မီးကဲ့သို့ ရွာသွန်းလာပြီး ယောသပ်အမျိုးအနွယ် တို့ကိုလောင်ကျွမ်းလိမ့်မည်။ ဗေသလမြို့ သားများကိုလောင်ကျွမ်းကုန်၍ထိုမီး ကိုမည်သူကမျှမငြိမ်းသတ်နိုင်ချေ။-
Seek YHWH, and live, Lest He prosper as fire [against] the house of Joseph, And it has consumed, And there is no quencher for Beth-El—
7 ၇ လူသားတို့၏ရပိုင်ခွင့်များကိုမတရား ပိတ်ပင်၍ တရားမျှတမှုကိုမှောက်လှန်နေ ကြသူတို့၊ သင်တို့သည်ကြမ္မာဆိုးနှင့်မလွဲ မသွေကြုံရတော့မည်ဟုမိန့်တော်မူ၏။
You who are turning judgment to wormwood, And have put down righteousness to the earth!”
8 ၈ ထာဝရဘုရားသည်ကြယ်တာရာ အပေါင်းတို့ကို ဖန်ဆင်းတော်မူ၏။ ခိမကြယ်စုနှင့်ခသိလကြယ်စုကိုလည်း ဖန်ဆင်းတော်မူခဲ့ပြီ။ အမှောင်ကိုအလင်းဖြစ်စေ၍နေ့ကိုလည်း ညအဖြစ်သို့ပြောင်းလဲခဲ့ပြီ။ ပင်လယ်ရေအပေါင်းတို့ကိုခေါ်ယူကာ မြေကြီးပေါ်မှာသွန်းတော်မူခဲ့ပြီ။ ကိုယ်တော်ရှင်၏နာမတော်မှာထာဝရဘုရား ဖြစ်တော်မူ၏။
The Maker of the Pleiades and Orion, And He who is turning death-shade to the morning—And He has made day [as] dark [as] night—Who is calling to the waters of the sea, And pours them on the face of the earth, YHWH [is] His Name;
9 ၉ ကိုယ်တော်သည်ခွန်အားကြီးသူတို့နှင့် ခံတပ်များကိုဖြိုဖျက်ခဲ့ပြီ။
Who is brightening up the spoiled against the strong, And the spoiled comes against a fortress.
10 ၁၀ ရုံးတော်များ၌မတရားမှုကိုရှုတ်ချကာ အမှန်ကိုသာပြောသူတို့ကိုသင်တို့သည် မုန်းကြ၏။-
They have hated a reprover in the gate, And they detest a plain speaker.
11 ၁၁ သင်တို့သည်ဆင်းရဲသားတို့ကိုဖိနှိပ်၍ သူ တို့၏ဂျုံစပါးကိုလုယက်ကြပြီ။ ထို့ကြောင့် သင်တို့ကိုယ်တိုင်အဖို့ဆောက်လုပ်ခဲ့သော တိုက်တာကောင်းများ၌သင်တို့သည်မစံ ရကြ။ ကိုယ်တိုင်စိုက်ပျိုးခဲ့သောကြည်နူး စရာစပျစ်ဥယျာဉ်များမှစပျစ်ရည်ကို လည်းမသောက်ရကြ။-
Therefore, because of your trampling on the poor, And the tribute of grain you take from him, Houses of hewn work you have built, And you do not dwell in them, Desirable vineyards you have planted, And you do not drink their wine.
12 ၁၂ သင်တို့သည်မည်မျှအပြစ်ကူးလွန်ခဲ့၍ သင်တို့အပြစ်သည်မည်မျှကြောက်စရာ ကောင်းလှကြောင်းကိုငါသိ၏။ သင်တို့သည် သူတော်ကောင်းများကိုညှင်းပန်း၍ တံစိုး လက်ဆောင်စားနေကြပြီ။ ဆင်းရဲသား တို့အားတရားသဖြင့် မစီရင်ဘဲသူတို့ ကိုရုံးတော်များမှမောင်းထုတ်ခဲ့ပြီ။-
For I have known—many [are] your transgressions, And mighty your sins, Adversaries of the righteous, taking ransoms, And you turned aside the needy in the gate.
13 ၁၃ ဤမျှဆိုးယုတ်သောခေတ်ကာလ၌လိမ္မာရေး ခြားရှိသူသည် နှုတ်ပိတ်ရေငုံနေမည်မှာမ ဆန်းတော့ပေ။
Therefore the wise is silent at that time, For it [is] an evil time.
14 ၁၄ သင်တို့သည်အသက်ချမ်းသာခွင့်ရရန် အတွက် အဆိုးကိုရှောင်၍အကောင်းကို သာရှာဖွေဆောင်ရွက်ကြလော့။ သို့ပြုလျှင် သင်တို့ဆိုသည့်အတိုင်းကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရားသခင်သည် သင်တို့နှင့်အတူအမှန်ပင်ရှိတော်မူမည်။-
Seek good, and not evil, that you may live, and it is so; YHWH, God of Hosts, [is] with you, as you said.
15 ၁၅ အဆိုးကိုမုန်း၍အကောင်းကိုမြတ်နိုး လော့။ ရုံးတော်များ၌တရားမျှတမှုရှိ စေရန်စောင့်ရှောက်ကြလော့။ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရားသခင်သည် ယောသပ်အမျိုးသားအနက်အသက်ရှင် လျက်ကျန်ရစ်သူအချို့ကို သနားကောင်း သနားတော်မူလိမ့်မည်။
Hate evil, and love good, And set up judgment in the gate, It may be YHWH, God of Hosts, pities the remnant of Joseph.
16 ၁၆ ထို့ကြောင့်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသခင်က``မြို့ပေါ်ရှိလမ်းအသွယ်သွယ် တို့၌ကြေကွဲစရာငိုကြွေးသံ၊ စျေးရပ်ကွက် တို့၌ညည်းညူသံများကိုကြားရတော့မည်။ ငိုချင်းသည်များနှင့်အတူလာရောက်ငို ကြွေးရန် လယ်သမားများကိုပါခေါ်ကြ လိမ့်မည်။-
Therefore, thus said YHWH, God of Hosts, the Lord: “Lamentation is in all broad places, And in all out-places they say, Oh! Oh! And called the farmer to mourning, And the skillful of wailing to lamentation.
17 ၁၇ စပျစ်ခြံတိုင်းမှငိုကြွေးသံများပေါ် ထွက်လာမည်။ ငါသည်သင်တို့ကိုအပြစ် ပေးရန်ကြွလာပြီးဖြစ်သောကြောင့် ဤသို့ ဖြစ်ရလိမ့်မည်'' ဟုထာဝရဘုရားမိန့် တော်မူ၏။
And in all vineyards [is] lamentation, For I pass into your midst,” said YHWH.
18 ၁၈ ထာဝရဘုရား၏နေ့တော်ကိုစောင့်မျှော် နေသူများအတွက် အလွန်ကြောက်စရာ ကောင်းလှပါသည်တကား။ ထိုနေ့တော် သည်သင်တို့ကိုမည်သို့လျှင်အကျိုးပြု နိုင်မည်နည်း။ အလင်းမရှိဘဲအမှောင်ဖုံး သောနေ့သာလျှင်ဖြစ်လိမ့်မည်။-
Behold, you who are desiring the Day of YHWH, Why [is] this to you—the Day of YHWH? It is darkness, and not light,
19 ၁၉ ထိုနေ့သည်သင်တို့အတွက်ခြင်္သေ့ကိုကြောက် ၍ ထွက်ပြေးခါမှဝက်ဝံနှင့်တွေ့သကဲ့သို့ လည်းကောင်း၊ အိမ်ပြန်ရောက်ခါမှနံရံကိုင် မိ၍ မြွေအကိုက်ခံရသကဲ့သို့လည်း ကောင်းဖြစ်လိမ့်မည်။-
As [when] one flees from the face of the lion, And the bear has met him, And he has come into the house, And has leaned his hand on the wall, And the serpent has bitten him.
20 ၂၀ ထာဝရဘုရား၏နေ့တော်သည်အလင်း မရဘဲ အမှောင်ကျသောနေ့ဖြစ်လိမ့်မည်။ ထွန်းတောက်ခြင်းအလျှင်းမရှိဘဲ အမှောင်ထု ကြီးဖုံးနေသောနေ့သာလျှင်ဖြစ်လိမ့်မည်။
Is not the Day of YHWH darkness and not light, Even thick darkness that has no brightness?
21 ၂၁ ထာဝရဘုရားက``သင်တို့၏ဘုရားပွဲ များကိုငါမုန်း၏။ ထိုပွဲများကိုမခံနိုင် လောက်အောင်ပင်ရွံရှာ၏။-
“I have hated—I have loathed your festivals, And I am not refreshed by your restraints.
22 ၂၂ သင်တို့မီးပူဇော်ခြင်း၊ ဂျုံစပါးဆက်ကပ် ခြင်းကိုငါလက်မခံနိုင်။ ဆူဖြိုးသောသား ကောင်တို့ဖြင့် ပူဇော်ခြင်းကိုလည်းငါ အလိုမရှိ။-
For though you cause burnt-offerings and your presents to ascend to Me, I am not pleased, And I do not behold the peace-offering of your fatlings.
23 ၂၃ ဆူညံလှသောတေးသံများကိုရပ်စဲလော့။ သင်တို့စောင်းသံများကိုလည်းငါမကြား လို။-
Turn the noise of your songs aside from Me, Indeed, I do not hear the praise of your stringed instruments.
24 ၂၄ တရားမျှတရေးသည်စမ်းရေကဲ့သို့လည်း ကောင်း၊ ဖြောင့်မတ်ခြင်းသည်မခန်းနိုင်သော မြစ်ကဲ့သို့လည်းကောင်းစီးပါလေစေ။
And judgment rolls on as waters, And righteousness as a perennial stream.
25 ၂၅ ``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် တောကန္တာရထဲ၌ အနှစ်လေးဆယ်ပတ်လုံး လှည့်လည်နေစဉ်ကယဇ်ပူဇော်သကာတို့ ကို ငါ့အားမပူဇော်ဘဲနေခဲ့ကြသည်မ ဟုတ်လော။-
Did you bring sacrifices and offerings near to Me, In a wilderness forty years, O house of Israel?
26 ၂၆ သို့ဖြစ်သောကြောင့်သင်တို့သည်ကိုယ်တိုင်ထု လုပ်၍ ကိုးကွယ်နေကြသောမောလုပ်နှင့်ခိအုန် ကြယ်ဘုရားရုပ်တုများကို ယခုပင်လျှင် ကိုယ်တိုင်ထမ်းယူသွားရတော့မည်။-
And you bore Succoth your king, and Chiun your images, The star of your god, that you made for yourselves.
27 ၂၇ ငါသည်သင်တို့ကိုဒမာသက်မြို့တစ်ဘက် သို့ဖမ်းယူသွားတော့မည်'' ဟုကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော် မူ၏။
And I removed you beyond Damascus,” said YHWH—God of Hosts [is] His Name.