< အာမုတ် 4 >
1 ၁ အားနွဲ့သူများကိုညှင်းဆဲပြီးဆင်းရဲ သူများကိုဖိနှိပ်၍ မိမိလင်တို့အားငါ တို့သောက်ဖို့အရက်ယူခဲ့ဟုအမိန့်ပေး လျက်၊ အစားကောင်းစားရသောဗာရှန် နွားမများကဲ့သို့ ဝဖီးနေကြသည့်ရှမာရိ မိန်းမတို့ဤစကားကိုနားထောင်လော့။-
၁ဆင်းရဲ သောသူတို့ကို ညှဉ်းဆဲ လျက်၊ ငတ်မွတ် သောသူတို့ကိုနှိပ်စက် လျက်၊ မိမိ သခင် တို့အား ငါတို့ သောက် ဘို့ယူခဲ့ ကြဟုဆို တတ်လျက်၊ ရှမာရိ တောင် ပေါ်မှာ နေသောဗာရှန် နွား တို့၊ ဤ စကား တော်ကိုနားထောင် ကြလော့။
2 ၂ အထွတ်ဘုရင်အရှင်ထာဝရဘုရားသည် သန့်ရှင်းမြင့်မြတ်တော်မူသောကြောင့် ဤသို့ လျှင်ကတိသစ္စာပြုလေပြီ။ ထာဝရဘုရား က``သူတို့သည်သင်တို့ကိုငါးမျှားချိတ် ဖြင့်ဒရွတ်တိုက်ဆွဲသွားသောနေ့များရောက် လိမ့်မည်။ သင်တို့ရှိသမျှသည်ငါးမျှား ထိပ်၌ အချိတ်ခံနေရသောငါးကဲ့သို့ဖြစ် ကြလိမ့်မည်။-
၂အရှင် ထာဝရဘုရား သည် မိမိ သန့်ရှင်း ခြင်း ပါရမီတော်ကို တိုင်တည်၍ ကျိန်ဆို တော်မူသည် အတိုင်း ၊ သင် တို့ကို ငါးမျှား နှင့် ၎င်း ၊ သင် တို့သားမြေး တို့ကိုပိုက်ကွန် နှင့် ၎င်း ဘမ်းဆီး ယူသွားရသောကာလ ရောက် လိမ့်မည်။
3 ၃ သင်တို့ကိုအနီးဆုံးမြို့နံရံပျက်အပေါက် သို့ဆွဲသွားပြီးအပြင်သို့လွှင့်ပစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။
၃သင်တို့သည် အသီးအသီး ကိုယ်စီတွေ့သော အပေါက် ဖြင့် ထွက် ၍ ရဲတိုက် ထဲသို့ ချ ခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
4 ၄ အထွတ်ဘုရင်အရှင်ထာဝရဘုရားသခင် က``အို ဣသရေလပြည်သားတို့၊ ဗေသလ ရှိသန့်ရှင်းရာအရပ်သို့သွား၍ပြစ်မှားကြ လော့။ ဂိလဂါလမြို့သို့သွားပြီးအစွမ်း ကုန်ပြစ်မှားကြလော့။ ပူဇော်ရာယဇ်ကောင် များကိုနံနက်တိုင်းယူဆောင်ခဲ့လော့။ သုံး ရက်နေ့တိုင်းတွင်ဥစ္စာဆယ်ဖို့တစ်ဖို့ကို ဆောင်ခဲ့ကြလော့၊-
၄ဗေသလ မြို့သို့သွား ၍ ပြစ်မှား ကြလော့။ ဂိလဂါလ မြို့သို့လည်း သွား၍ များစွာ သောပြစ်မှား ခြင်းကို ပြုကြလော့။ နံနက် တိုင်းပူဇော်သောယဇ် ကို၎င်း၊ သုံး နှစ်တခါ ဥစ္စာဆယ်ဘို့ တဘို့ကို၎င်းဆောင် ခဲ့ကြလော့။
5 ၅ ကျေးဇူးတော်ချီးမွမ်းရာမုန့်ကိုဆက်ခါ ဆက်ခါပေးလှူကြလော့။ အလိုအလျောက် ပေးလှူနေကြောင်းကိုလည်း သင်ဣသရေလ အမျိုးသားတို့ထုတ်ဖော်ကြေငြာ၍ဝါကြွား ကြလော့။ ဤသို့ပြုခြင်းကိုသင်တို့မြတ်နိုး လှ၏ဟုအရှင်ထာဝရဘုရားမိန့်တော် မူ၏။
၅လုယူ သောဥစ္စာထဲက ကျေးဇူး ချီးမွမ်းရာ ပူဇော်သက္ကာကို မီးရှို့ ကြလော့။ အလိုလို ပြုသော ပူဇော်သက္ကာ များကိုလည်း ကြားပြော ၍ကြော်ငြာစေကြလော့။ အိုဣသရေလ အမျိုးသား တို့၊ ထိုသို့ ပြုရာတွင် သင်တို့သည် မွေ့လျော် တတ်ကြသည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
6 ၆ ``ငါသည်သင်တို့မြို့ရွာတိုင်း၌ငတ်မွတ် ခြင်းဘေးကျရောက်စေလျက်နှင့်သင်တို့ သည်ငါ့ထံသို့ပြန်မလာကြ။-
၆ငါ သည်လည်း ၊ သင် တို့မြို့ ရွာရှိသမျှ တို့၌ သွား တို့၏ စင်ကြယ် ခြင်းကို၎င်း ၊ သင် တို့နေရာ အရပ်ရှိသမျှ တို့၌ အစာ ခေါင်းပါး ခြင်းကို၎င်း ပေး သော်လည်း ၊ သင် တို့သည် ငါ့ ထံသို့ ပြန် ၍ မ လာကြဟုထာဝရဘုရား မိန့် တော်မူ၏။
7 ၇ သင်တို့ပျိုးပင်အတွက်မိုးရေအလိုဆုံး သောအချိန်တွင်ငါသည်မိုးခေါင်စေခဲ့၏။ တစ်မြို့ပေါ်၌သာရွာသွန်းစေပြီးကျန်တစ် မြို့ပေါ်သို့မရွာစေရန် တားခဲ့သူမှာငါပင် ဖြစ်၏။ လယ်တစ်ခင်းသည်မိုးကိုရ၍ကျန် တစ်ခင်းမှာမူသွေ့ခြောက်ခဲ့လေပြီ။-
၇စပါးရိတ်ရာကာလမရောက်မှီ သုံး လ အထက်က၊ မိုဃ်းမရွာစေခြင်းငှါမိုဃ်း ကိုငါ ဆီးတား ပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း ၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ၎င်း ပြုလျက်၊ မြေတကွက်သည် မိုဃ်းရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက် လျက် နေရ၏။
8 ၈ ရေငတ်လွန်းသဖြင့်အချို့မြို့မှမြို့သားတို့ သည် အနီးအနားမြို့သို့ပင်ပန်းကြီးစွာနှင့် ရေရှာထွက်ကြသော်လည်း သောက်စရာဘို့ အလုံအလောက်မရခဲ့ကြ။ သို့သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာဘဲနေ ကြလေပြီ။
၈ထိုသို့ မြို့နှစ် မြို့သုံး မြို့ သားတို့သည် ရေ သောက် ခြင်းငှါ မြို့ တ မြို့သို့ သွား ရ၍ မ ဝ ရကြ။ သို့သော်လည်း ၊ သင်တို့သည် ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။
9 ၉ ``ငါသည်လေပူကိုတိုက်ခတ်စေ၍သင်တို့ ၏ကောက်ပင်များနွမ်းခြောက်စေခဲ့၏။ သင်တို့ ၏သဖန်းပင်၊ သံလွင်ပင်၊ စပျစ်ဥယျာဉ်နှင့် ကိုင်းကျွန်းလယ်ယာတို့သည် ကျိုင်းကောင်များ ဒဏ်ကိုခံခဲ့ရပြီ။ သို့သော်လည်းသင်တို့သည် ငါ့ထံသို့ပြန်မလာဘဲနေကြလေပြီ။
၉လေထိ၍အပင်သေခြင်း၊ အရည်ယို၍ သေခြင်းဘေး ဖြင့် ငါသည်ဒဏ်ခတ် လေပြီ။ သင် တို့၌ များပြား သောလယ်ယာ ၊ စပျစ် ဥယျာဉ်၊ သင်္ဘော သဖန်းပင်၊ သံလွင် ပင်တို့ကို ကျိုင်းကောင် တို့သည် ကိုက်စား ကြပြီ။ သို့သော်လည်း ၊ ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။
10 ၁၀ ``အီဂျစ်ပြည်၌ဖြစ်စေသောကပ်ဆိုးကိုသင် တို့၌လည်းဖြစ်စေခဲ့ပြီ။ သင်တို့လူငယ်များ ကိုစစ်တလင်း၌ငါသတ်ခဲ့ပြီ။ သင်တို့မြင်း များကိုလည်းသိမ်းသွားခဲ့ပြီ။ သင်တို့တပ် စခန်းများကိုသင်တို့ဘက်သား အလောင်း ကောင်များ၏အပုပ်နံ့ဖြင့်နံစော်စေခဲ့ပြီ။ သို့သော်လည်းသင်တို့သည်ငါ့ထံသို့ပြန် မလာသေးဘဲနေကြလေပြီ။
၁၀အဲဂုတ္တု ပြည်ခံရ သောကာလနာ ဘေးကို သင် တို့ရှိရာ သို့ ငါစေလွှတ် လေပြီ။ လုလင် တို့ကို ထား ဖြင့် ကွပ်မျက် စေပြီ။ မြင်း တို့ကိုသိမ်း သွားစေပြီ။ သင် တို့တပ် ၌ ပုပ်စပ်သောအနံ့ ကို သင် တို့နှာခေါင်း ၌ လှိုင် စေပြီ။ သို့သော်လည်း ၊ ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။
11 ၁၁ ``ငါသည်သောဒုံနှင့်ဂေါမောရမြို့များ ကိုဖြိုဖျက်သကဲ့သို့ သင်တို့လူအချို့ကို လည်းဖျက်ပယ်ခဲ့ပြီ။ ကျန်ကြွင်းသူတို့မှာ လည်းမီးထဲမှပြန်၍ဆယ်ယူလိုက်သည့် ထင်းစသဖွယ်ဖြစ်ခဲ့ရ၏။ သို့သော်လည်း သင်တို့သည်ငါ့ထံသို့ပြန်မလာသေးဘဲ နေကြလေပြီ'' ဟုထာဝရဘုရားမိန့် တော်မူ၏။-
၁၁ဘုရား သခင်သည် သောဒုံ မြို့နှင့် ဂေါမောရ မြို့ကို မှောက်လှန် သကဲ့သို့ ၊ သင် တို့အချို့ကို ငါမှောက်လှန် ၍ သင်တို့သည် မီး ထဲက နှုတ် သောထင်းစ ကဲ့သို့ ဖြစ် ကြပြီ။ သို့သော်လည်း ၊ ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။
12 ၁၂ ``သို့ဖြစ်သောကြောင့် အို ဣသရေလပြည်သား တို့၊ ငါသည်သင်တို့ကိုအပြစ်ပေးရတော့ မည်။ ဤသို့အပြစ်ပေးမည့်အတွက်ကြောင့် ဘုရားသခင်စီရင်တော်မူချက်ကိုခံယူ ရန်အသင့်ပြင်ကြလော့။''
၁၂သို့ဖြစ်၍ ၊ အိုဣသရေလ အမျိုး၊ အထက်က ပြုသကဲ့သို့သင် တို့၌ ငါပြု ဦးမည်။ ထိုသို့ ပြု မည်ဖြစ်သောကြောင့် ၊ အိုဣသရေလ အမျိုး၊ သင် ၏ဘုရား သခင်နှင့် တွေ့ ခြင်းငှါ ကိုယ်ကို ပြင်ဆင် လော့။
13 ၁၃ တောင်များကိုတည်၍လေအဟုန်တို့ကို ဖန်ဆင်းသောအရှင်သည်ဘုရားသခင်ပင် ဖြစ်၏။ ကိုယ်တော်ရှင်သည်မိမိ၏အကြံအစည် တော်တို့ကို လူသားတို့အားသိစေတော်မူပြီ။ နေ့ချိန်တာကိုညဦးယံအဖြစ်သို့ကူးပြောင်း စေခဲ့ပြီ။ ကမ္ဘာမိုးမြေအထွတ်အထိပ်တွင်အုပ်စိုးလျက် နေတော်မူပြီ။ ကိုယ်တော်၏ဘွဲ့နာမတော်ကားကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရားပေတည်း။
၁၃တောင် တို့ကို လုပ် ၍ လေ ကိုဖန်ဆင်း ထသော၊ လူ စိတ် အကြံအစည်ကို လူ အား ဘော်ပြ ထသော၊ နံနက် အလင်းကို အမိုက် ဖြစ်စေ ထသော၊ မြင့် သောမြေ အရပ်တို့ကို နင်း သောသူသည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား တည်းဟူသောဘွဲ့နာမရှိတော်မူ၏။