< အာမုတ် 1 >
1 ၁ ဤသည်မှာတေကောရွာမှ သိုးထိန်းအာမုတ် ဟောသောစကားများဖြစ်သည်။ ယုဒဘုရင် သြဇိမင်းလက်ထက်၊ ဣသရေလနိုင်ငံတွင် ဘုရင်ယောရှ၏သားယေရောဗောင်မင်းအုပ် စိုးစဉ်ကာလ၊ မြေငလျင်မလှုပ်မီနှစ်နှစ် အထက်ကထာဝရဘုရားသည် အာမုတ် အားဣသရေလတို့နှင့်ပတ်သက်သော ဤ အကြောင်းအရာတို့ကိုဖော်ပြဖွင့်ဆို တော်မူခဲ့သည်။
၁ယုဒရှင်ဘုရင် ဩဇိမင်း၊ ဣသရေလရှင်ဘုရင်ယောရှ၏သား ယေရောဗောင်မင်းတို့လက်ထက်၊ မြေကြီး မလှုပ်မှီနှစ်နှစ် အထက်က၊ သိုးထိန်းစုအဝင်ဖြစ်သော တေကောရွာသားအာမုတ်သည် ဣသရေလပြည်အတွက် ခံရသော ဗျာဒိတ်တော်စကားဟူမူကား၊
2 ၂ အာမုတ်က၊ ``ဇိအုန်တောင်မှထာဝရဘုရား၏ကြုံးဝါး သံကို ကြားရလေပြီ။ ယေရုရှလင်မြို့အတွင်းမှထစ်ချုန်းလာသော အသံတော်ကိုကြားရစေပြီ။ သိုးစားကျက်တို့သည်သွေ့ခြောက်ကုန်၍ ကရမေလတောင်ပေါ်မှမြက်ပင်တို့သည် နွမ်းရလေပြီဟုဆို၏။''
၂ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်ကကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲကအသံကို လွှင့်တော်မူသော ကြောင့်၊ သိုးထိန်းနေရာတို့သည် ညှိုးငယ်၍၊ ကရမေလတောင်ထိပ်သည် နွမ်းရိလိမ့်မည်။
3 ၃ ထာဝရဘုရားက``ဒမာသက်မြို့သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားခဲ့သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရတော့ မည်။ သူတို့သည်ဂိလဒ်ပြည်သူတို့အပေါ် ရိုင်းစိုင်းရက်စက်ကြမ်းကြုတ်ခဲ့လေပြီ။-
၃ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒမာသက်မြို့သည် ဂိလဒ်ပြည်ကို စပါးနယ်ရာ သံယန္တရားစက်တို့ နှင့် ကြိတ်နယ်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
4 ၄ ထို့ကြောင့်ငါသည်ဟာဇေလမင်းမျိုး အပေါ်သို့မီးမိုးရွာစေပြီး ဗင်ဟာဒဒ် မင်း၏ရဲတိုက်များကိုပြာချလိုက်မည်။-
၄ဟာဇေလမင်းမျိုးအပေါ်သို့ မီးကိုလွှတ်၍၊ ဗင်္ဟာဒဒ်မင်း၏ဘုံဗိမာန်တို့ကို လောင်စေမည်။
5 ၅ ငါသည်ဒမာသက်မြို့တံခါးများကိုချေ မှုန်း၍ အာဝင်ချိုင့်နှင့်ဗေသေဒင်မြို့တွင်ကြီး စိုးနေသူတို့ကိုရှင်းပစ်မည်။ ရှုရိပြည်သား တို့သည်ကိရပြည်သို့သုံ့ပန်းအဖြစ်နှင့် လိုက်ပါသွားရမည်'' ဟုမိန့်တော်မူ၏။
၅ဒမာသက်မြို့ တံခါးကန့်လန့်ကျင်တို့ကိုချိုးမည်။ အာဝင်ချိုင့်သားတို့ကို၎င်း၊ ဗေသေဒင်မြို့၌ မင်းပြုသော သူတို့ကို၎င်း ပယ်ဖြတ်မည်။ ရှုရ်ပြည်သားတို့သည် ကိရမြို့သို့ သိမ်းသွားခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
6 ၆ ထာဝရဘုရားက``ဂါဇမြို့သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားခဲ့သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်လူတစ်မျိုးလုံးကို ဧဒုံပြည်သားများလက်ဝယ်သို့ ကျွန် အဖြစ်နှင့်ရောင်းစားခဲ့ပြီ။-
၆တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဂါဇမြို့သည် ချုပ်ထားသောသူအပေါင်းတို့ကို ဧဒုံမင်း၌ အပ်ခြင်းငှါ သိမ်းသွားသောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
7 ၇ သို့ကြောင့်ငါသည်ဂါဇမြို့ရိုးများ အပေါ်သို့မီးမိုးရွာစေပြီး ဂါဇ ရဲတိုက်များကိုပြာချလိုက်မည်။-
၇ဂါဇမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကို လောင်စေမည်။
8 ၈ အာဇုတ်နှင့်အာရှကေလုန်မြို့များ၌ကြီး စိုးနေသူတို့ကိုရှင်းပစ်မည်။ ဧကြုန်မြို့ ကိုလည်းငါဒဏ်ခတ်မည်။ ကျန်ကြွင်းနေ သူဖိလိတ္တိမှန်သမျှလည်းသေရလိမ့် မည်'' ဟုမိန့်တော်မူ၏။
၈အာဇုတ်မြို့သားတို့ကို၎င်း၊ အာရှကေလုန်မြို့၌ မင်းပြုသောသူတို့ကို၎င်း ပယ်ဖြတ်မည်။ ဧကြုန်မြို့ကို လည်း တိုက်၍ ကျန်ကြွင်းသော ဖိလိတ္တိလူတို့သည် ပျက်စီးကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
9 ၉ ထာဝရဘုရားက``တုရုမြို့သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြသဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်လူတစ်မျိုးလုံးကို ဧဒုံပြည်သို့ပြည်နှင်ဒဏ်ပေးခဲ့ပြီ။ ကိုယ် တိုင်ချုပ်ဆိုခဲ့သောမဟာမိတ်စာချုပ်ကို ချိုးဖောက်ခဲ့ပြီ။-
၉တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ တုရုမြို့သည် ညီအစ်ကိုချင်းဖွဲ့သောမိဿဟာယကို မစောင့်၊ ချုပ်ထားသော သူအပေါင်းတို့ကို ဧဒုံမင်း၌အပ်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ် မပေးဘဲမနေ။
10 ၁၀ ထို့ကြောင့်ငါသည်တုရုမြို့ရိုးများအပေါ် သို့မီးမိုးရွာစေပြီး တုရုရဲတိုက်များကို ပြာချလိုက်မည်ဟုမိန့်တော်မူ၏။
၁၀တုရုမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကို လောင်စေမည်။
11 ၁၁ ထာဝရဘုရားက``ဧဒုံပြည်သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြသဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်ညီအစ်ကိုချင်း ဣသရေလတို့ကိုမရမကလိုက်၍ မညှာမတာညှင်းဆဲခဲ့ပြီ။ သူတို့၏ အမျက်ဒေါသကိုဘယ်အခါမျှ မပြေစေဘဲကမ်းကုန်လောက်အောင် ပင်ပြင်းထန်စေခဲ့သည်။-
၁၁တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဧဒုံပြည်သည် သနားသောစိတ်ကိုချုပ်တည်း၍၊ ညီအစ်ကို ကို ထားနှင့်လိုက်သောအပြစ်၊ ဒေါသစိတ်နှင့် အစဉ်အမြဲဆွဲဖြတ်၍ အစဉ်အမြဲအငြိုးထားသော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ။
12 ၁၂ ထို့ကြောင့်ငါသည်တေမန်မြို့ပေါ်သို့မီးမိုး ရွာစေပြီး ဗောဇရရဲတိုက်များကိုပြာချ လိုက်မည်'' ဟုမိန့်တော်မူ၏။
၁၂တေမန်မြို့အပေါ်သို့ မီးကိုလွှတ်၍၊ ဗောဇရမြို့၏ ဘုံဗိမာန်တို့ကို လောင်စေမည်။
13 ၁၃ ထာဝရဘုရားက``အမ္မုန်ပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့၏နယ်ချဲ့လိုသော လောဘကြောင့် နယ်ချဲ့စစ်ပွဲများ၌ဂိလဒ် ပြည်သူကိုယ်ဝန်ဆောင်တို့၏ဝမ်းကိုပင် ဖောက်ခွဲကာသတ်ဖြတ်ခဲ့လေပြီ။-
၁၃တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ အမ္မုန်ပြည်သားတို့သည် မိမိတို့နေရာကို ကျယ်စေခြင်းငှါ၊ ကိုယ်ဝန်ဆောင်သော ဂိလဒ်ပြည်သူမိန်းမတို့၏ ဝမ်းကိုခွဲသောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
14 ၁၄ ထို့ကြောင့်ငါသည်ရဗ္ဗာမြို့ရိုးများအပေါ် သို့မီးမိုးရွာစေပြီး ရဗ္ဗာရဲတိုက်များကို ပြာချလိုက်မည်။ စစ်တိုက်သောနေ့၌အော် သံဟစ်သံတညံညံကြားရပြီး တိုက်ပွဲ သည်မုန်တိုင်းတမျှပြင်းထန်လိမ့်မည်။-
၁၄ရဗ္ဗာမြို့ရိုးကို မီးရှို့၍ ဘုံဗိမာန်တို့ကို လောင်စေမည်။ စစ်တိုက်သောနေ့၌ အော်ဟစ်ခြင်း၊ မိုဃ်းသက် မုန်တိုင်းရောက်သောနေ့၌ လွင့်သွားခြင်း ရှိလိမ့်မည်။
15 ၁၅ သူတို့ဘုရင်နှင့်မှူးမတ်အပေါင်းတို့သည် ပြည်ပသို့ဖမ်းသွားခြင်းခံရမည်'' ဟု မိန့်တော်မူ၏။
၁၅သူတို့ရှင်ဘုရင် ကိုယ်တိုင်မှစ၍၊ မှူးတော်မတ်တော်များတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။