< တမန်တော်ဝတ္ထု 9 >
1 ၁ ဤအတောအတွင်း၌ရှောလုသည် သခင် ဘုရား၏တပည့်တော်တို့အားသတ်ဖြတ်ရန် ခြိမ်းခြောက်လျက်နေ၏။ သူသည်ယဇ်ပုရော ဟိတ်မင်းထံသို့သွားပြီးလျှင်၊-
tatkālaparyyanataṁ śaulaḥ prabhoḥ śiṣyāṇāṁ prātikūlyena tāḍanābadhayoḥ kathāṁ niḥsārayan mahāyājakasya sannidhiṁ gatvā
2 ၂ သခင်ဘုရား၏လမ်းစဉ်တော်ကိုလိုက်လျှောက် သောသူ အမျိုးသားအမျိုးသမီးတို့ကိုတွေ့ ရှိပါက ထိုသူတို့ကိုဖမ်းဆီး၍ယေရုရှလင် မြို့သို့ခေါ်ဆောင်လာနိုင်ရန် မိမိအားအာဏာ အပ်နှင်းကြောင်းဒမာသက်မြို့ရှိဇရပ်များ သို့အမှာစာများရေးပေးပါရန်ပန်ကြား လျှောက်ထား၏။
striyaṁ puruṣañca tanmatagrāhiṇaṁ yaṁ kañcit paśyati tān dhṛtvā baddhvā yirūśālamam ānayatītyāśayena dammeṣaknagarīyaṁ dharmmasamājān prati patraṁ yācitavān|
3 ၃ သူသည်ခရီးပြု၍ဒမာသက်မြို့အနီး သို့ရောက်လာသောအခါ၌ မိုးကောင်းကင်မှ အလင်းရောင်ခြည်တစ်ခုသည်သူ၏ပတ် လည်တွင်ရုတ်တရက်ထွန်းတောက်လာ၏။-
gacchan tu dammeṣaknagaranikaṭa upasthitavān; tato'kasmād ākāśāt tasya caturdikṣu tejasaḥ prakāśanāt sa bhūmāvapatat|
4 ၄ သူသည်မြေပေါ်သို့လဲကျသွားပြီးနောက် ``ရှောလု၊ ရှောလု၊ သင်သည်အဘယ်ကြောင့်ငါ့ ကိုနှိပ်စက်ညှဉ်းဆဲသနည်း'' ဟုမေးမြန်းသံ ကိုကြားရ၏။
paścāt he śaula he śaula kuto māṁ tāḍayasi? svaṁ prati proktam etaṁ śabdaṁ śrutvā
5 ၅ ရှောလုက ``အရှင်၊ အရှင်သည်မည်သူဖြစ် ပါသနည်း'' ဟုမေးလျှောက်၏။ ထိုအသံ က ``ငါကားသင်နှိပ်စက်ညှဉ်းဆဲနေသူ ယေရှုပင်တည်း။-
sa pṛṣṭavān, he prabho bhavān kaḥ? tadā prabhurakathayat yaṁ yīśuṁ tvaṁ tāḍayasi sa evāhaṁ; kaṇṭakasya mukhe padāghātakaraṇaṁ tava kaṣṭam|
6 ၆ သို့သော်သင်သည်ထ၍မြို့ထဲသို့ဝင်လော့။ သင်ပြုရမည့်အမှုကိုထိုအရပ်တွင်သိရှိ ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
tadā kampamāno vismayāpannaśca sovadat he prabho mayā kiṁ karttavyaṁ? bhavata icchā kā? tataḥ prabhurājñāpayad utthāya nagaraṁ gaccha tatra tvayā yat karttavyaṁ tad vadiṣyate|
7 ၇ ရှောလုနှင့်အတူခရီးပြုလျက်နေကြသူ တို့သည် ထိုအသံကိုကြားရသော်လည်း လူ တစ်စုံတစ်ယောက်ကိုမျှမတွေ့မမြင်ရ သဖြင့်ကြက်သေသေလျက်ရပ်နေကြ၏။-
tasya saṅgino lokā api taṁ śabdaṁ śrutavantaḥ kintu kamapi na dṛṣṭvā stabdhāḥ santaḥ sthitavantaḥ|
8 ၈ ရှောလုသည်မြေပေါ်မှထ၍မျက်စိကိုဖွင့် လိုက်သောအခါ အဘယ်အရာကိုမျှမမြင် ရတော့ချေ။ သို့ဖြစ်၍ထိုသူတို့သည်သူ့ လက်ကိုဆွဲ၍ဒမာသက်မြို့ထဲသို့ခေါ် ဆောင်သွားကြ၏။-
anantaraṁ śaulo bhūmita utthāya cakṣuṣī unmīlya kamapi na dṛṣṭavān| tadā lokāstasya hastau dhṛtvā dammeṣaknagaram ānayan|
9 ၉ သူသည်သုံးရက်တိုင်တိုင်မျက်စိအလင်း ကွယ်လျက်နေ၏။ ထိုသုံးရက်အတွင်းမစား မသောက်ဘဲနေ၏။
tataḥ sa dinatrayaṁ yāvad andho bhūtvā na bhuktavān pītavāṁśca|
10 ၁၀ ဒမာသက်မြို့တွင်အာနနိနာမည်ရှိသူ တပည့်တော်တစ်ယောက်ရှိ၏။ ဗျာဒိတ်ရူပါ ရုံထဲတွင်သခင်ဘုရားကအာနနိအား ``အာနနိ'' ဟုခေါ်တော်မူလျှင်၊ အာနနိက ``ရှိပါသည်သခင်ဘုရား'' ဟု လျှောက်၏။
tadanantaraṁ prabhustaddammeṣaknagaravāsina ekasmai śiṣyāya darśanaṁ datvā āhūtavān he ananiya| tataḥ sa pratyavādīt, he prabho paśya śṛṇomi|
11 ၁၁ သခင်ဘုရားကလည်း ``သင်သည်ထ၍လမ်း ဖြောင့်အမည်တွင်သောလမ်းသို့သွားလော့။ တာရှု မြို့သားရှောလုဆိုသူကို ယုဒ၏အိမ်တွင်စုံ စမ်းမေးမြန်းလော့။ သူသည်ဆုတောင်းလျက် နေ၏။-
tadā prabhustamājñāpayat tvamutthāya saralanāmānaṁ mārgaṁ gatvā yihūdāniveśane tārṣanagarīyaṁ śaulanāmānaṁ janaṁ gaveṣayan pṛccha;
12 ၁၂ သူသည်မျက်စိအလင်းပြန်လည်ရရှိနိုင် ရန် အာနနိဆိုသူလာ၍မိမိအပေါ်မှာ လက်တင်သည်ကိုဗျာဒိတ်ရူပါရုံတွင်မြင် ရလေပြီ'' ဟုမိန့်တော်မူ၏။
paśya sa prārthayate, tathā ananiyanāmaka eko janastasya samīpam āgatya tasya gātre hastārpaṇaṁ kṛtvā dṛṣṭiṁ dadātītthaṁ svapne dṛṣṭavān|
13 ၁၃ အာနနိက ``သခင်ဘုရား၊ ဤသူသည်ယေရု ရှလင်မြို့ရှိကိုယ်တော်၏လူစုတော်အားမည် မျှဒုက္ခပေးခဲ့သည်ကို လူအမြောက်မြားထံ မှအကျွန်ုပ်ကြားသိရပါ၏။-
tasmād ananiyaḥ pratyavadat he prabho yirūśālami pavitralokān prati so'nekahiṁsāṁ kṛtavān;
14 ၁၄ ထို့ပြင်ကိုယ်တော်အားပတ္ထနာပြုသူမှန်သမျှ ကိုလည်း ဖမ်းဆီးရန်ယဇ်ပုရောဟိတ်ကြီးတို့ ထံမှအခွင့်အာဏာရရှိထားသူဖြစ်ပါ၏'' ဟုလျှောက်၏။
atra sthāne ca ye lokāstava nāmni prārthayanti tānapi baddhuṁ sa pradhānayājakebhyaḥ śaktiṁ prāptavān, imāṁ kathām aham anekeṣāṁ mukhebhyaḥ śrutavān|
15 ၁၅ သို့ရာတွင်သခင်ဘုရားက ``သွားလော့။ ဤ သူကားလူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် ဣသရေလအမျိုးသားတို့အား ငါ၏အကြောင်း ကိုဟောပြောကြေညာရန်ငါရွေးချယ်ထား သူဖြစ်၏။-
kintu prabhurakathayat, yāhi bhinnadeśīyalokānāṁ bhūpatīnām isrāyellokānāñca nikaṭe mama nāma pracārayituṁ sa jano mama manonītapātramāste|
16 ၁၆ ငါ၏နာမတော်အတွက်ကြောင့်သူခံရမည့် ဒုက္ခဆင်းရဲအကြောင်းကို သူ့အားငါကိုယ် တိုင်ဖော်ပြမည်'' ဟုမိန့်တော်မူ၏။
mama nāmanimittañca tena kiyān mahān kleśo bhoktavya etat taṁ darśayiṣyāmi|
17 ၁၇ ထို့ကြောင့်အာနနိသည်ရှောလုရှိသည့်အိမ် သို့သွား၍ ရှောလု၏အပေါ်မှာလက်ကိုတင် ပြီးလျှင် ``ငါ့ညီ၊ သင်သည်မျက်စိအလင်းကို ပြန်လည်ရရှိစေရန်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်ဖြင့်ပြည့်ဝလာစေရန်လည်း ကောင်း၊ လမ်းခရီးတွင်သင့်အားထင်ရှားတော် မူသောသခင်ယေရှုသည် ငါ့အားသင့်ထံသို့ စေလွှတ်တော်မူလိုက်၏'' ဟုဆို၏။-
tato 'naniyo gatvā gṛhaṁ praviśya tasya gātre hastārpraṇaṁ kṛtvā kathitavān, he bhrātaḥ śaula tvaṁ yathā dṛṣṭiṁ prāpnoṣi pavitreṇātmanā paripūrṇo bhavasi ca, tadarthaṁ tavāgamanakāle yaḥ prabhuyīśustubhyaṁ darśanam adadāt sa māṁ preṣitavān|
18 ၁၈ ထိုအခါချက်ချင်းပင်ရှောလုသည်မျက်စိမှ အကြေးများကွာကျသကဲ့သို့ဖြစ်ပြီးလျှင် မျက်စိအလင်းကိုပြန်လည်ရရှိ၏။ သူသည် ထ၍ဗတ္တိဇံမင်္ဂလာကိုခံလေသည်။-
ityuktamātre tasya cakṣurbhyām mīnaśalkavad vastuni nirgate tatkṣaṇāt sa prasannacakṣu rbhūtvā protthāya majjito'bhavat bhuktvā pītvā sabalobhavacca|
19 ၁၉ ထိုနောက်အစားအစာသုံးဆောင်ပြီးသော အခါခွန်အားပြည့်လာ၏။ ရှောလုသည်ဒမာသက်မြို့တွင် တပည့်တော် တို့နှင့်အတူရက်အနည်းငယ်နေ၏။-
tataḥ paraṁ śaulaḥ śiṣyaiḥ saha katipayadivasān tasmin dammeṣakanagare sthitvā'vilambaṁ
20 ၂၀ တရားဇရပ်များသို့ချက်ချင်းသွားရောက် ၍ သခင်ယေရှုသည်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းဟောပြောလေ၏။
sarvvabhajanabhavanāni gatvā yīśurīśvarasya putra imāṁ kathāṁ prācārayat|
21 ၂၁ သူ၏စကားကိုကြားသူအပေါင်းတို့သည် လွန်စွာအံ့သြကြလျက် ``ဤသူသည်ထို သခင်ကိုပတ္ထနာပြုသူဟူသမျှကိုယေရု ရှလင်မြို့တွင်သတ်ဖြတ်ခဲ့သူမဟုတ်ပါလော။ ထိုသူတို့ကိုဖမ်းဆီး၍ယဇ်ပုရောဟိတ်ကြီး များထံခေါ်ဆောင်သွားရန်လာရောက်သူ မဟုတ်ပါလော'' ဟုဆိုကြ၏။
tasmāt sarvve śrotāraścamatkṛtya kathitavanto yo yirūśālamnagara etannāmnā prārthayitṛlokān vināśitavān evam etādṛśalokān baddhvā pradhānayājakanikaṭaṁ nayatītyāśayā etatsthānamapyāgacchat saeva kimayaṁ na bhavati?
22 ၂၂ သို့သော်ရှောလုကသခင်ယေရှုသည်မေရှိယ ဖြစ်တော်မူကြောင်းကို ပိုင်ပိုင်နိုင်နိုင်သက်သေပြ ၍ဟောပြောရာ ဒမာသက်မြို့ရှိယုဒအမျိုး သားတို့ပြန်လည်၍မချေပနိုင်ကြပေ။
kintu śaulaḥ kramaśa utsāhavān bhūtvā yīśurīśvareṇābhiṣikto jana etasmin pramāṇaṁ datvā dammeṣak-nivāsiyihūdīyalokān niruttarān akarot|
23 ၂၃ ထိုနောက်ရက်ပေါင်းများစွာကြာသောအခါ ယုဒအမျိုးသားတို့သည်ရှောလုကိုသတ် ရန်လျှို့ဝှက်ကြံစည်ကြ၏။-
itthaṁ bahutithe kāle gate yihūdīyalokāstaṁ hantuṁ mantrayāmāsuḥ
24 ၂၄ သို့ရာတွင်သူတို့၏အကြံအစည်ကိုရှောလု သိသွား၏။ သူတို့သည်ရှောလုကိုသတ်ရန် နေ့ ရောညဥ့်ပါမြို့တံခါးများတွင်စောင့်နေ ကြ၏။-
kintu śaulasteṣāmetasyā mantraṇāyā vārttāṁ prāptavān| te taṁ hantuṁ tu divāniśaṁ guptāḥ santo nagarasya dvāre'tiṣṭhan;
25 ၂၅ သို့ရာတွင်ရှောလု၏တပည့်တို့သည်ညဥ့်အခါ သူ့ကိုတောင်းတွင်ထည့်၍မြို့ရိုးမှအောက်သို့ လျှောချကြ၏။
tasmāt śiṣyāstaṁ nītvā rātrau piṭake nidhāya prācīreṇāvārohayan|
26 ၂၆ သူသည်ယေရုရှလင်မြို့သို့ရောက်သောအခါ တပည့်တော်တို့နှင့်ပေါင်းဖော်ရန်ကြိုးစား၏။ သို့သော်လည်းသူသည်တပည့်တော်တစ်ဦး ဖြစ်လာကြောင်းကို တပည့်တော်အပေါင်းတို့ သည်မယုံသဖြင့်သူ့ကိုကြောက်ကြ၏။-
tataḥ paraṁ śaulo yirūśālamaṁ gatvā śiṣyagaṇena sārddhaṁ sthātum aihat, kintu sarvve tasmādabibhayuḥ sa śiṣya iti ca na pratyayan|
27 ၂၇ ထိုအခါဗာနဗသည်ရှောလုကိုတမန်တော် တို့ထံသို့ခေါ်ခဲ့ပြီးလျှင် လမ်းခရီးတွင်သခင် ဘုရားအားရှောလုဖူးမြင်ခဲ့ရပုံကိုလည်း ကောင်း၊ သခင်ဘုရားကရှောလုအားမည်သို့ အမိန့်ရှိခဲ့ပုံကိုလည်းကောင်း ဒမာသက်မြို့ တွင်သခင်ယေရှု၏နာမတော်ကိုအမှီပြု၍ ရှောလုရဲရင့်စွာဟောပြောခဲ့ပုံကိုလည်း ကောင်းပြောပြလေသည်။-
etasmād barṇabbāstaṁ gṛhītvā preritānāṁ samīpamānīya mārgamadhye prabhuḥ kathaṁ tasmai darśanaṁ dattavān yāḥ kathāśca kathitavān sa ca yathākṣobhaḥ san dammeṣaknagare yīśo rnāma prācārayat etān sarvvavṛttāntān tān jñāpitavān|
28 ၂၈ ရှောလုသည်လည်းတမန်တော်တို့နှင့်အတူ ယေရုရှလင်မြို့တွင်သွားလာလှုပ်ရှားလျက် သခင်ဘုရား၏နာမတော်ကိုအမှီပြု၍ ရဲရင့်စွာဟောပြောလေသည်။-
tataḥ śaulastaiḥ saha yirūśālami kālaṁ yāpayan nirbhayaṁ prabho ryīśo rnāma prācārayat|
29 ၂၉ သူသည်ဂရိဘာသာစကားကိုသုံးစွဲသူ ယုဒအမျိုးသားများနှင့်အချေအတင် ဆွေးနွေး၏။ သို့ရာတွင်ထိုသူတို့သည်သူ့ ကိုသတ်ရန်ကြံစည်အားထုတ်ကြ၏။-
tasmād anyadeśīyalokaiḥ sārddhaṁ vivādasyopasthitatvāt te taṁ hantum aceṣṭanta|
30 ၃၀ ထိုအကြောင်းကိုညီအစ်ကိုတို့ကြားသိသော အခါ သူ့ကိုကဲသရိမြို့သို့ပို့ဆောင်ပြီးလျှင် ထိုမှတစ်ဖန်တာရှုမြို့သို့ထွက်ခွာသွားစေ ကြ၏။
kintu bhrātṛgaṇastajjñātvā taṁ kaisariyānagaraṁ nītvā tārṣanagaraṁ preṣitavān|
31 ၃၁ ထို့ကြောင့်ထိုကာလ၌ယုဒပြည်၊ ဂါလိလဲ ပြည်နှင့်ရှမာရိပြည်အရပ်ရပ်တို့တွင်အသင်း တော်သည်အေးချမ်းစွာနေရလေသည်။ အသင်း တော်သည်သခင်ဘုရားအားကြောက်ရွံ့ရိုသေ သောစိတ်ဖြင့် သက်ရှင်လှုပ်ရှားလျက်သန့်ရှင်း သောဝိညာဉ်တော်၏ကူညီအားပေးမှုဖြင့် တည်တံ့ခိုင်မြဲကာအသင်းသားအရေ အတွက်တိုးတက်များပြားလာလေသည်။
itthaṁ sati yihūdiyāgālīlśomiroṇadeśīyāḥ sarvvā maṇḍalyo viśrāmaṁ prāptāstatastāsāṁ niṣṭhābhavat prabho rbhiyā pavitrasyātmanaḥ sāntvanayā ca kālaṁ kṣepayitvā bahusaṁkhyā abhavan|
32 ၃၂ ပေတရုသည်အရပ်ရပ်သို့လှည့်လည်သွား လာ၏။ အခါတစ်ပါး၌လုဒ္ဒမြို့ရှိဘုရား သခင်၏လူစုတော်ထံသို့ရောက်ရှိလာ၏။-
tataḥ paraṁ pitaraḥ sthāne sthāne bhramitvā śeṣe lodnagaranivāsipavitralokānāṁ samīpe sthitavān|
33 ၃၃ ထိုမြို့တွင်လေဖြတ်သဖြင့်ရှစ်နှစ်ပတ်လုံး အိပ်ရာပေါ်မှာတုံးလုံးလဲနေသူအဲနေ နာမည်ရှိသောလူတစ်ယောက်ကိုတွေ့၏။-
tadā tatra pakṣāghātavyādhināṣṭau vatsarān śayyāgatam aineyanāmānaṁ manuṣyaṁ sākṣat prāpya tamavadat,
34 ၃၄ သူ့အားပေတရုက ``အဲနေ၊ ယေရှုခရစ်သည် သင့်ကိုကျန်းမာစေတော်မူပြီ။ ထ၍အိပ်ရာ ကိုပြင်လော့'' ဟုဆို၏။ အဲနေသည်ချက်ချင်း ပင်ထ၏။-
he aineya yīśukhrīṣṭastvāṁ svastham akārṣīt, tvamutthāya svaśayyāṁ nikṣipa, ityuktamātre sa udatiṣṭhat|
35 ၃၅ လုဒ္ဒမြို့နှင့်ရှာရုန်လွင်ပြင်တွင်နေထိုင်သူလူ အပေါင်းတို့သည်သူ့ကိုတွေ့မြင်၍ သခင် ဘုရားထံတော်သို့ပြောင်းလဲလာကြ၏။
etādṛśaṁ dṛṣṭvā lodśāroṇanivāsino lokāḥ prabhuṁ prati parāvarttanta|
36 ၃၆ ယုပ္ပေမြို့တွင်တဗိသနာမည်ရှိသောတပည့် တော်မတစ်ဦးရှိ၏။ (သူ၏နာမည်မှာဂရိ စကားအားဖြင့်ဒေါ်ကာဖြစ်၍ ``ဒရယ်'' ဟု အနက်ရလေသည်။) သူသည်ကောင်းမှုနှင့် စွန့်ကြဲပေးကမ်းမှုကိုအစဉ်သဖြင့်ပြု တတ်၏။-
aparañca bhikṣādānādiṣu nānakriyāsu nityaṁ pravṛttā yā yāphonagaranivāsinī ṭābithānāmā śiṣyā yāṁ darkkāṁ arthād hariṇīmayuktvā āhvayan sā nārī
37 ၃၇ သူသည်ဖျားနာ၍သေလေ၏။ သူ၏အလောင်း ကိုရေချိုးပေးကြပြီးသော်အိမ်၏အထက် ခန်းတွင်ပြင်ထားကြ၏။-
tasmin samaye rugnā satī prāṇān atyajat, tato lokāstāṁ prakṣālyoparisthaprakoṣṭhe śāyayitvāsthāpayan|
38 ၃၈ လုဒ္ဒမြို့သည်ယုပ္ပေမြို့အနီးတွင်ရှိသဖြင့်ထို မြို့တွင်ပေတရုရှိကြောင်း တပည့်တော်တို့ကြား သိကြသောအခါ ``အကျွန်ုပ်တို့ထံသို့အလျင် အမြန်ကြွလာတော်မူပါ'' ဟူသောပန်ကြား ချက်ဖြင့်လူနှစ်ယောက်ကိုပေတရုထံသို့စေ လွှတ်လိုက်ကြ၏။-
lodnagaraṁ yāphonagarasya samīpasthaṁ tasmāttatra pitara āste, iti vārttāṁ śrutvā tūrṇaṁ tasyāgamanārthaṁ tasmin vinayamuktvā śiṣyagaṇo dvau manujau preṣitavān|
39 ၃၉ ထို့ကြောင့်ပေတရုသည်ထိုသူနှစ်ယောက်နှင့် အတူလိုက်ခဲ့လေသည်။ ရောက်သောအခါလူ တို့သည်သူ့အားအိမ်အထက်ထပ်ရှိအခန်း သို့ခေါ်သွားကြ၏။ မုဆိုးမတို့သည်ပေတရု ၏အနီးတွင်ဝိုင်းအုံလျက်ငိုယိုကာ ဒေါ်ကာ အသက်ရှင်စဉ်အခါကချုပ်လုပ်ထားခဲ့သော အင်္ကျီများနှင့်အတွင်းခံအင်္ကျီများကိုပြ ကြ၏။-
tasmāt pitara utthāya tābhyāṁ sārddham āgacchat, tatra tasmin upasthita uparisthaprakoṣṭhaṁ samānīte ca vidhavāḥ svābhiḥ saha sthitikāle darkkayā kṛtāni yānyuttarīyāṇi paridheyāni ca tāni sarvvāṇi taṁ darśayitvā rudatyaścatasṛṣu dikṣvatiṣṭhan|
40 ၄၀ ပေတရုသည်ထိုသူအပေါင်းတို့ကိုအပြင် သို့ထွက်စေပြီးလျှင် ဒူးထောက်၍ဆုတောင်း ပတ္ထနာပြု၏။ ထိုနောက်ရုပ်အလောင်းဘက်သို့ လှည့်၍ ``တဗိသ၊ ထလော့'' ဟုဆို၏။ ဒေါ်ကာ သည်မျက်စိဖွင့်၍ပေတရုကိုမြင်သော အခါထထိုင်လေ၏။-
kintu pitarastāḥ sarvvā bahiḥ kṛtvā jānunī pātayitvā prārthitavān; paścāt śavaṁ prati dṛṣṭiṁ kṛtvā kathitavān, he ṭābīthe tvamuttiṣṭha, iti vākya ukte sā strī cakṣuṣī pronmīlya pitaram avalokyotthāyopāviśat|
41 ၄၁ ပေတရုသည်လက်ကိုကမ်းပေးပြီးလျှင်ထို အမျိုးသမီးကိုဆွဲထူလိုက်၏။ ထိုနောက် မုဆိုးမများအပါအဝင်ယုံကြည်သူများ ကိုခေါ်၍ အသက်ရှင်လျက်ရှိသောဒေါ်ကာ ကိုပေးအပ်၏။-
tataḥ pitarastasyāḥ karau dhṛtvā uttolya pavitralokān vidhavāścāhūya teṣāṁ nikaṭe sajīvāṁ tāṁ samārpayat|
42 ၄၂ ဤသတင်းသည်ယုပ္ပေတစ်မြို့လုံးတွင်ကျော် ကြားသွားသဖြင့် လူအမြောက်အမြားပင် သခင်ဘုရားကိုသက်ဝင်ယုံကြည်လာ ကြ၏။-
eṣā kathā samastayāphonagaraṁ vyāptā tasmād aneke lokāḥ prabhau vyaśvasan|
43 ၄၃ ပေတရုသည်ယုပ္ပေမြို့တွင်ရှိမုန်နာမည်ရှိသူ သားရေနယ်သမားနှင့်အတူရက်ပေါင်းများ စွာနေထိုင်လေသည်။
aparañca pitarastadyāphonagarīyasya kasyacit śimonnāmnaścarmmakārasya gṛhe bahudināni nyavasat|