< တမန်တော်ဝတ္ထု 7 >
1 ၁ ယဇ်ပုရောဟိတ်မင်းက``ထိုသူတို့ပြော သောစကားမှန်ပါသလော'' ဟုမေး၏။-
2 ၂ သတေဖန်က``ညီအစ်ကိုများနှင့်ဖခင်တို့၊ နားထောင်ကြပါလော့။ ငါတို့အဖအာဗြဟံ သည်ခါရန်မြို့သို့သွား၍မနေထိုင်မီ မေသော ပေါတာမိပြည်တွင်ရှိစဉ် ဘုန်းအသရေနှင့် ပြည့်စုံတော်မူသောဘုရားသခင်အား ဗျာဒိတ်ရူပါရုံတွင်ဖူးမြင်ရလေသည်။-
3 ၃ ကိုယ်တော်က`သင်၏ပြည်နှင့်ဆွေမျိုးသားချင်း တို့ထံမှထွက်ခွာ၍ ငါပြလတ္တံ့သောပြည်သို့ သွားလော့' ဟုမိန့်တော်မူ၏။-
4 ၄ ထိုအခါအာဗြဟံသည်ခါလဒဲပြည်မှ ထွက်ခွာ၍ ခါရန်မြို့သို့သွားရောက်နေထိုင်၏။ သူ၏ဖခင်သေလွန်သောအခါသူ့အား ထို မြို့မှယခုသင်တို့နေထိုင်ရာပြည်သို့ဘုရား သခင်ပြောင်းရွှေ့စေတော်မူ၏။-
5 ၅ ထိုအခါကကိုယ်တော်သည်အာဗြဟံ အား ထိုပြည်တွင်ပစ္စည်းဥစ္စာတစ်စုံတစ်ရာ ကိုမျှပေးတော်မမူ။ မြေတစ်ပေပတ်လည် ကိုပင်ပေးတော်မမူ။ သို့ရာတွင်ထိုပြည်ကို သူ့အားလည်းကောင်း၊ သူ့နောက်တွင်သူ၏ သားမြေးများအားလည်းကောင်း အပိုင်ပေး တော်မူမည်ဟူ၍ကတိပြုတော်မူ၏။ ထို သို့ကတိပြုစဉ်အခါ၌အာဗြဟံတွင် သားသမီးမရှိသေးချေ။-
6 ၆ ဘုရားသခင်ကအာဗြဟံအား`သင်၏သား မြေးတို့သည် နိုင်ငံရပ်ခြားတွင်သူစိမ်းများ အဖြစ်ဖြင့်နေရကြလိမ့်မည်။ အနှစ်လေးရာ ပတ်လုံးကျွန်ခံရ၍နှိပ်စက်ညှဉ်းဆဲခြင်း ခံရကြလိမ့်မည်။-
7 ၇ သူတို့အားကျွန်စေစားသောလူမျိုးအား ငါ ဒဏ်စီရင်တော်မူမည်။ ထိုနောက်သင်၏သား မြေးတို့သည်ထိုပြည်မှလွတ်မြောက်ကြပြီး လျှင် ဤအရပ်တွင်ငါ့အားကိုးကွယ်ဝတ်ပြု ကြလတ္တံ့' ဟူ၍မိန့်တော်မူ၏။-
8 ၈ ထို့အပြင်ဘုရားသခင်သည်မိမိပြုတော် မူခဲ့သောပဋိညာဉ်တော်၏အမှတ်လက္ခဏာ တစ်ရပ်အနေဖြင့် အရေဖျားလှီးခြင်းမင်္ဂလာ ကိုအာဗြဟံအားအပ်ပေးတော်မူ၏။ သို့ဖြစ်၍ အာဗြဟံသည်သားဣဇာက်ကိုရပြီးနောက် ရှစ်ရက်မြောက်သောနေ့၌ သူ့အားအရေဖျား လှီးမင်္ဂလာကိုပေးလေ၏။ ထိုနည်းတူဣဇာက် သည်သားယာကုပ်ကိုလည်းကောင်း၊ ယာကုပ် သည်သားတစ်ဆယ့်နှစ်ယောက်ကိုလည်းကောင်း၊ အရေဖျားလှီးမင်္ဂလာကိုပေး၏။ ယာကုပ် ၏သားများကားလူမျိုး၏အဖတစ်ဆယ့် နှစ်ပါးတည်း။
9 ၉ ``လူမျိုး၏အဖတို့သည်မိမိတို့ညီယောသပ် အားမနာလိုသဖြင့် အီဂျစ်ပြည်တွင်ကျွန်ခံ စေရန်ရောင်းလိုက်ကြ၏။ သို့ရာတွင်ဘုရား သခင်သည်သူနှင့်အတူရှိတော်မူသည် ဖြစ်၍၊-
10 ၁၀ သူ့အားဒုက္ခဆင်းရဲအပေါင်းမှကယ်နုတ်တော် မူ၏။ ဘုရားသခင်သည်ယောသပ်အား အီဂျစ် ပြည့်ရှင်ဖာရောဘုရင်၏ရှေ့တော်တွင်မျက်နှာ ပွင့်လန်းစေတော်မူ၏။ သူ့အားလည်းဉာဏ်ပညာ ကိုပေးတော်မူ၏။ ဖာရောဘုရင်သည်သူ့ကို အီဂျစ်ပြည်ဘုရင်ခံအဖြစ်ဖြင့်လည်းကောင်း၊ နန်းတော်ဝန်အဖြစ်ဖြင့်လည်းကောင်းခန့်ထား တော်မူလေသည်။-
11 ၁၁ အီဂျစ်ပြည်နှင့်ခါနန်ပြည်တို့တွင် အစာငတ် မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်သဖြင့် အတိဒုက္ခရောက်ကြကုန်၏။ ငါတို့၏ဘိုး ဘေးတို့မှာအစာရေစာမရှိကြတော့ ချေ။-
12 ၁၂ သို့ရာတွင်အီဂျစ်ပြည်တွင်စပါးများရှိ ကြောင်းယာကုပ်ကြားသောအခါ မိမိ၏ သားများကိုထိုပြည်သို့ပထမအကြိမ် စေလွှတ်လိုက်၏။-
13 ၁၃ သူတို့ဒုတိယအကြိမ်လာရောက်ကြသော အခါ၌ ယောသပ်သည်မိမိမှာမည်သူမည်ဝါ ဖြစ်သည်ကိုအစ်ကိုဖြစ်သူတို့အားပြောပြ လေသည်။ ဖာရောဘုရင်သည်ယောသပ်၏ အိမ်ထောင်စုအကြောင်းကိုသိရှိလာ၏။-
14 ၁၄ ယောသပ်သည်ဖခင်ယာကုပ်နှင့်တကွစုစု ပေါင်း ခုနစ်ဆယ့်ငါးယောက်သောဆွေမျိုးသား ချင်းတို့ကို အီဂျစ်ပြည်သို့ဖိတ်ခေါ်လေသည်။-
15 ၁၅ ထို့ကြောင့်ယာကုပ်သည်အီဂျစ်ပြည်သို့လိုက် လာခဲ့၏။ ထိုပြည်တွင်သူနှင့်သူ၏သားများ သေလွန်ကြ၏။-
16 ၁၆ သူတို့၏အလောင်းများကိုရှေခင်မြို့သို့ပို့ ဆောင်ပြီးလျှင် အာဗြဟံဝယ်ယူထားခဲ့သည့် သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြ၏။ ထိုသင်္ချိုင်းကားဟာ မော်၏သားများထံမှအာဗြဟံအဖိုးငွေ ပေး၍ဝယ်ယူထားသောသင်္ချိုင်းဖြစ်သတည်း။''
17 ၁၇ ``ဘုရားသခင်သည်အာဗြဟံအားထား တော်မူသော ကတိတော်ကိုအကောင်အထည် ဖော်ရန်အချိန်နီးကပ်လာသောအခါ အီဂျစ် ပြည်တွင်ဣသရေလအမျိုးသားတို့ဦးရေ များစွာတိုးပွားခဲ့၏။-
18 ၁၈ ထိုအခါအီဂျစ်ပြည်တွင် ယောသပ်ကိုမသိ သောရှင်ဘုရင်တစ်ပါးပေါ်ထွန်းလာ၏။-
19 ၁၉ ထိုဘုရင်သည်ငါတို့ဘိုးဘေးတို့ကိုလှည့် စား၍ သူတို့အားနှိပ်စက်ညှဉ်းဆဲ၏။ သူတို့ ၏ကလေးသူငယ်များအားသေစေရန်အိမ် ပြင်တွင်ပစ်ထားစေ၏။-
20 ၂၀ ထိုအချိန်ကာလကားမောရှေဖွားမြင်ရာ အချိန်ကာလပင်ဖြစ်၏။ မောရှေသည်လွန်စွာ အဆင်းလှသောကလေးသူငယ်ဖြစ်၏။ သုံး လတိုင်တိုင်ဖခင်၏အိမ်တွင်ပြုစုစောင့်ရှောက် ခြင်းကိုခံခဲ့ရ၏။-
21 ၂၁ သူသည်အိမ်ပြင်တွင်ပစ်ထားခြင်းခံရသော အခါ ဖာရောဘုရင်၏သမီးတော်ကသူ့အား သားအဖြစ်မွေးစားလေသည်။-
22 ၂၂ မောရှေသည်အီဂျစ်အမျိုးသားတို့၏အတတ် ပညာအလုံးစုံကိုဆည်းပူး၍ နှလုံးရည်လက် ရုံးရည်တို့ဖြင့်ပြည့်စုံသူဖြစ်လာ၏။''
23 ၂၃ ``သူသည်အသက်လေးဆယ်ရှိသောအခါ မိမိ ၏သားချင်းများဖြစ်သည့်ဣသရေလအမျိုး သားတို့ထံသို့သွားရောက်လည်ပတ်ရန်စိတ်ပိုင်း ဖြတ်လေသည်။-
24 ၂၄ ယင်းသို့လည်ပတ်နေချိန်တွင်ဣသရေလ အမျိုးသားတစ်ဦးအား အီဂျစ်အမျိုးသား တစ်ယောက်ကရိုက်နှက်လျက်နေသည်ကိုမြင် လျှင် မိမိအမျိုးသား၏ဘက်မှဝင်ရောက် ကူညီကာ အီဂျစ်အမျိုးသားကိုသတ်၍ လက်စားချေလိုက်လေသည်။-
25 ၂၅ (မောရှေသည်ဣသရေလအမျိုးသားတို့၏ လွတ်မြောက်ရေးအတွက် မိမိအားဘုရား သခင်စေလွှတ်တော်မူခဲ့ကြောင်းကို သူတို့ သိရှိနားလည်ကြလိမ့်မည်ဟုထင်မှတ်ခဲ့ ၏။ သို့ရာတွင်ထိုသူတို့သည်နားမလည် ကြ။)-
26 ၂၆ နောက်တစ်နေ့၌ဣသရေလအမျိုးသား နှစ်ယောက်ခိုက်ရန်ဖြစ်လျက်နေကြသည်ကို တွေ့လျှင် မောရှေက`သင်တို့သည်ညီအစ်ကိုချင်း ဖြစ်ပါလျက်နှင့် အဘယ်ကြောင့်ခိုက်ရန်ဖြစ် နေကြပါသနည်း' ဟုဆို၍ဖျန်ဖြေ၏။-
27 ၂၇ သို့ရာတွင်မတရားသဖြင့်ပြုသူသည် မောရှေအား ဘေးသို့တွန်းဖယ်လိုက်ပြီး လျှင်`ငါတို့အားတရားစီရင်အုပ်ချုပ်သူ အဖြစ်ဖြင့်သင့်ကိုမည်သူခန့်ထားသနည်း။-
28 ၂၈ ယမန်နေ့ကအီဂျစ်အမျိုးသားတစ်ယောက် ကိုသတ်ခဲ့သည်နည်းတူ ငါ့ကိုလည်းသတ်လို ပါသလော' ဟုမေး၏။-
29 ၂၉ မောရှေသည်ထိုစကားကိုကြားသောအခါ အီဂျစ်ပြည်မှထွက်ပြေး၍မိဒျန်ပြည်တွင် နေထိုင်လေသည်။ သူသည်ထိုပြည်တွင်သား နှစ်ယောက်ကိုရ၏။
30 ၃၀ ``အနှစ်လေးဆယ်ကြာသောအခါ သိနာတောင် အနီးတောကန္တာရတွင်မီးလျှံတောက်လျက်နေ သည့်ချုံထဲမှ ကောင်းကင်တမန်တစ်ပါးသည် မောရှေအားကိုယ်ထင်ပြလေသည်။-
31 ၃၁ ထိုအခြင်းအရာကိုမြင်လျှင်မောရှေသည် လွန်စွာအံ့သြသဖြင့် ကြည့်ရန်အနီးသို့ ချဉ်းကပ်လိုက်သောအခါ၊-
32 ၃၂ `ငါသည်သင့်ဘိုးဘေးများ၏ဘုရား၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားဖြစ်၏' ဟုထာဝရ ဘုရား၏အသံတော်ကိုကြားရ၏။ မောရှေ သည်တုန်လှုပ်လျက်မကြည့်ဝံ့ဘဲနေ၏။-
33 ၃၃ ထာဝရဘုရားကမောရှေအား`သင်ခြေနင်းရာ အရပ်သည်သန့်ရှင်းမြင့်မြတ်သောမြေဖြစ်၏။ သင်၏ဖိနပ်ကိုချွတ်လော့။-
34 ၃၄ အီဂျစ်ပြည်ရှိငါ၏လူစုတော်နှိပ်စက်ညှဉ်းဆဲ ခြင်းခံရကြသည်ကိုငါမြင်ရပြီ။ သူတို့၏ ညည်းတွားမြည်တမ်းသံကိုလည်းငါကြား ရပြီ။ သို့ဖြစ်၍သူတို့အားကယ်တင်ရန်ငါ ဆင်းသက်ခဲ့ပြီ။ ယခုသွားလော့။ သင့်ကိုအီဂျစ် ပြည်သို့ငါစေလွှတ်မည်' ဟုမိန့်တော်မူ၏။''
35 ၃၅ ``မောရှေကားဣသရေလအမျိုးသားတို့၏ ပစ်ပယ်ခြင်းကိုခံရသူတည်း။ သူတို့က`ငါတို့ ကိုတရားစီရင်အုပ်ချုပ်သူအဖြစ်ဖြင့် သင့် အားမည်သူခန့်ထားသနည်း' ဟုသူ့အားမေး ကြ၏။ သူသည်ဣသရေလအမျိုးသားတို့ ကိုအုပ်ချုပ်ရန်နှင့် မီးလျှံတောက်သောချုံတွင် ထင်ရှားသောကောင်းကင်တမန်၏အကူအညီ ဖြင့် ဣသရေလအမျိုးသားတို့လွတ်မြောက် ရေးဆောင်ရွက်ရန်ဘုရားသခင်စေလွှတ်သော သူဖြစ်သည်။-
36 ၃၆ သူသည်အီဂျစ်ပြည်နှင့်ပင်လယ်နီတွင်လည်း ကောင်း၊ အနှစ်လေးဆယ်ပတ်လုံးတောကန္တာရ တွင်လည်းကောင်း အံ့သြဖွယ်ရာနိမိတ်လက္ခ ဏာများကိုပြလျက် ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာ သူဖြစ်၏။-
37 ၃၇ `သင်တို့သားချင်းများအထဲတွင် ငါကဲ့သို့ သောပရောဖက်တစ်ပါးကိုဘုရားသခင် သည် သင်တို့အတွက်ပေါ်ထွန်းစေတော်မူ လိမ့်မည်' ဟုဣသရေလအမျိုးသားတို့အား ပြောကြားခဲ့သူမှာမောရှေပင်ဖြစ်၏။-
38 ၃၈ သူသည်တောကန္တာရ၌စုဝေးလျက်ရှိသော ဣသရေလအမျိုးသားတို့နှင့်လည်းကောင်း၊ ငါတို့ဘိုးဘေးများနှင့်လည်းကောင်း၊ သိနာ တောင်ပေါ်တွင်မိမိအားဗျာဒိတ်ပေးသည့် ကောင်းကင်တမန်နှင့်လည်းကောင်းအတူရှိ နေခဲ့သူဖြစ်၏။ ငါတို့အားဆင့်ဆိုရန် ဘုရားသခင်ထံတော်မှ အသက်ရှင်စေ သောဗျာဒိတ်တော်ကိုခံယူရရှိသူလည်း ဖြစ်၏။
39 ၃၉ ``သို့ရာတွင်ငါတို့ဘိုးဘေးများသည် သူ၏ စကားကိုနားမထောင်ကြ။ သူ့အားပစ်ပယ် ကာအီဂျစ်ပြည်သို့ပြန်လိုကြ၏။-
40 ၄၀ သူတို့က`ငါတို့၏ရှေ့ကကြွတော်မူမည့် ဘုရားများကို ငါတို့အတွက်ပြုလုပ်ပေးပါ။ ငါတို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သော ဤမောရှေဆိုသူကားအဘယ်သို့ဖြစ် နေသည်ကိုငါတို့မသိပါ' ဟုအာရုန်အား ပြောကြားကြ၏။-
41 ၄၁ ထိုနောက်သူတို့သည်နွားသူငယ်ရုပ်တုကို သွန်းလုပ်၍ မိမိတို့လက်နှင့်လုပ်သောထိုရုပ်တု အားယဇ်ပူဇော်ကာပျော်ပွဲရွှင်ပွဲကိုကျင်းပ ကြကုန်၏။-
42 ၄၂ သို့ဖြစ်၍ဘုရားသခင်သည်သူတို့ထံမှ မျက်နှာလွှဲတော်မူ၍ ကြယ်နက္ခတ်များကို ကိုးကွယ်ကြစေရန်သူတို့ကိုစွန့်ပစ်ထား တော်မူ၏။ ပရောဖက်ကျမ်းများတွင်ဖော် ပြသည်မှာ ``အို ဣသရေလအမျိုးအနွယ်တို့၊သင်တို့သည် တောကန္တာရတွင်၊အနှစ်လေးဆယ်ပတ်လုံး ယဇ်ကောင်များကိုပူဇော်ဆက်သကြ၏။ သို့ဆက်သသည်မှာငါ့အားဆက်သခြင်း မဟုတ်။
43 ၄၃ သင်တို့သယ်ဆောင်လာသည့်အရာများမှာ မောလုပ်ဘုရားစင်နှင့်၊ သင်တို့၏ဘုရားရှင်ဖန်၏ကြယ်ဖြစ်သည်။ ထိုအရာတို့သည်သင်တို့ဝတ်ပြုကိုးကွယ်ရန် သွန်းလုပ်သည့်ရုပ်တုများဖြစ်ကြ၏။ ထို့ကြောင့်သင်တို့အားဗာဗုလုန်မြို့ကို ကျော်လွန်အောင်ပြည်နှင်ဒဏ်ငါပေးမည်''
44 ၄၄ ``တောကန္တာရတွင်ငါတို့ဘိုးဘေးများ၌ ဘုရားသခင်ကျိန်းဝပ်တော်မူရာတဲတော် ရှိ၏။ မောရှေအားဘုရားသခင်ပြတော်မူ သည့်ပုံစံနှင့်အညီ ထိုတဲတော်ကိုတည် ဆောက်ခဲ့၏။-
45 ၄၅ ငါတို့အဘများသည်မိမိတို့ဖခင်များ ထံမှ ထိုတဲတော်ကိုဆက်ခံကာ ဘုရားသခင် နှင်ထုတ်တော်မူသောလူမျိုးတို့၏ပြည်ကို ယောရှုနှင့်အတူချီတက်သိမ်းပိုက်ကြသော အခါ ထိုတဲတော်ကိုသယ်ဆောင်သွားကြ၏။ ထိုတဲတော်ကားဒါဝိဒ်မင်းလက်ထက်တိုင် အောင်ရှိသတည်း။-
46 ၄၆ ဒါဝိဒ်မင်းသည်ဘုရားသခင်၏ရှေ့တော် တွင်မျက်နှာပွင့်လန်းသူဖြစ်၏။ သို့ဖြစ်၍ ယာကုပ်၏ဘုရားကျိန်းဝပ်တော်မူရာ ဗိမာန်တော်ကိုတည်ဆောက်ခွင့်ပြုရန် ဘုရားသခင်အားပန်ကြားလေသည်။-
47 ၄၇ သို့သော်ဘုရားသခင်၏ဗိမာန်တော်ကို တည်ဆောက်ခွင့်ရသူကား ရှောလမုန်မင်း ကြီးဖြစ်သတည်း။''
48 ၄၈ ``သို့ရာတွင်အမြင့်မြတ်ဆုံးသောဘုရား သည် လူတည်ဆောက်သောအိမ်များတွင်ကျိန်း ဝပ်တော်မမူ။ ဟုပရောဖက်ကပြော၏။-
49 ၄၉ `ကောင်းကင်ဘုံသည်ငါ၏ပလ္လင်ဖြစ်၏။ ကမ္ဘာမြေကြီးသည်ငါ၏ခြေတင်ခုံဖြစ်၏။ သင်သည်အဘယ်သို့သောဗိမာန်တော်ကို ငါ့အတွက်တည်ဆောက်မည်နည်း။ ငါကျိန်းဝပ်ရန်အရပ်ကားအဘယ်မှာနည်း။
50 ၅၀ ငါကိုယ်တိုင်ပင်ဤအရာခပ်သိမ်းကို ဖန်ဆင်းသည်မဟုတ်လော' ဟုဟောကြားသည့်အတိုင်းပင်ဖြစ်သည်။''
51 ၅၁ ``သင်တို့သည်လွန်စွာခေါင်းမာကြသည် တကား။ သင်တို့စိတ်နှလုံးသည်ဘုရားသခင် ၏ဗျာဒိတ်စကားကိုကြားနာရန်နားပင်း ကြသည်တကား။ သင်တို့သည်မိမိတို့ဘိုး ဘေးများကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော် ကိုအစဉ်အမြဲဆန့်ကျင်ဘက်ပြုကြသည် တကား။-
52 ၅၂ သင်တို့ဘိုးဘေးများမနှိပ်စက်မညှဉ်းဆဲ သည့်ပရောဖက်ဟူ၍ အဘယ်မှာရှိသနည်း။ သင်တို့သည်ဘုရားသခင်၏ဖြောင့်မတ်သော အစေခံကြွလာတော်မူမည့်အကြောင်းကို ကြိုတင်ဟောကြားကြသည့်ပရောဖက်များ ကိုသတ်ဖြတ်ခဲ့ကြ၏။ ယခုသင်တို့သည် ထိုအရှင်ကိုအပ်၍သတ်ဖြတ်ကြပြီ။-
53 ၅၃ ကောင်းကင်တမန်များမှတစ်ဆင့်ပေးအပ် တော်မူသည့်ပညတ်တော်ကိုရရှိသော်လည်း ထိုပညတ်တော်ကိုမလိုက်နာကြပါတကား'' ဟုသတေဖန်မြွက်ဆို၏။
54 ၅၄ ယုဒတရားလွှတ်တော်အဖွဲ့ဝင်တို့သည် ထိုစကားကိုကြားသောအခါ ဒေါသချောင်း ချောင်းထွက်၍အံသွားကြိတ်ခြင်းကိုပြုကြ၏။-
55 ၅၅ သို့သော်သတေဖန်သည်သန့်ရှင်းသောဝိညာဉ် တော်နှင့်ပြည့်ဝလျက် ကောင်းကင်သို့ကြည့်လိုက် သောအခါ ဘုရားသခင်၏ဘုန်းအသရေတော် ကိုလည်းကောင်း၊ ဘုရားသခင်၏လက်ယာတော် ဘက်တွင်လူသားရပ်လျက်နေတော်မူသည် ကိုလည်းကောင်းမြင်လေ၏။-
56 ၅၆ ထိုအခါသတေဖန်က``ငါသည်ကောင်းကင် ပွင့်လှစ်သည်ကိုလည်းကောင်း၊ လူသားသည် ဘုရားသခင်၏လက်ယာဘက်တွင်ရပ်လျက် နေတော်မူသည်ကိုလည်းကောင်းငါမြင်၏'' ဟုဆို၏။
57 ၅၇ ထိုသူတို့သည်ကျယ်စွာဟစ်အော်လျက် မိမိ တို့၏နားများကိုလက်ဖြင့်ပိတ်ဆို့ပြီးလျှင် သူ့ဆီသို့တရှိန်ထိုးပြေးကာ၊-
58 ၅၈ သူ့ကိုမြို့ပြင်သို့ဆွဲထုတ်ပြီးနောက်ကျောက်ခဲ နှင့်ပေါက်ကြ၏။ အသိသက်သေများသည်မိမိ တို့ဝတ်လုံများကိုရှောလုနာမည်ရှိသူ လူငယ် လူရွယ်တစ်ယောက်အားအပ်ထားကြ၏။-
59 ၅၉ ဤသို့သူ့ကိုကျောက်ခဲနှင့်ပေါက်နေကြစဉ် သတေဖန်သည်``အို သခင်ယေရှု၊ အကျွန်ုပ်၏ ဝိညာဉ်ကိုသိမ်းပိုက်တော်မူပါ'' ဟုဆုတောင်း ၏။-
60 ၆၀ သူသည်ဒူးထောက်၍``သခင်ဘုရား၊ ဤသူတို့ ပြုသောအပြစ်ကိုလွှတ်တော်မူပါ'' ဟုအသံ ကျယ်စွာကြွေးကြော်ပြီးနောက်အသက်ချုပ် လေ၏။