< တမန်တော်ဝတ္ထု 3 >
1 ၁ တစ်နေ့သ၌ဝတ်ပြုကိုးကွယ်ချိန်မွန်းလွဲ သုံးနာရီတွင် ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့သွားကြ၏။-
Πέτρος δὲ καὶ Ἰωάνης ἀνέβαινον εἰς τὸ ἱερὸν ἐπὶ τὴν ὥραν τῆς προσευχῆς τὴν ἐνάτην.
2 ၂ တင့်တယ်ဟုခေါ်သောတံခါးအနီးတွင်ဝမ်း တွင်းပါခြေမစွမ်းမသန်သူလူတစ်ယောက် ထိုင်လျက်ရှိ၏။ ဗိမာန်တော်ထဲသို့လာကြ သောသူများထံမှကြေးငွေတောင်းခံနိုင်ရန် နေ့စဉ်နေ့တိုင်းထိုသူကိုတံခါးအနီးတွင် ချထားလေ့ရှိကြ၏။-
καί τις ἀνὴρ χωλὸς ἐκ κοιλίας μητρὸς αὐτοῦ ὑπάρχων ἐβαστάζετο, ὃν ἐτίθουν καθ᾽ ἡμέραν πρὸς τὴν θύραν τοῦ ἱεροῦ τὴν λεγομένην ὡραίαν, τοῦ αἰτεῖν ἐλεημοσύνην παρὰ τῶν εἰσπορευομένων εἰς τὸ ἱερόν.
3 ၃ သူသည်ပေတရုနှင့်ယောဟန်တို့ဗိမာန်တော် ထဲသို့ဝင်မည်ပြုသည်ကိုမြင်လျှင် ကြေးငွေ တစ်စုံတစ်ရာပေးကမ်းစွန့်ကြဲရန်တောင်း ခံလေ၏။-
ὃς ἰδὼν Πέτρον καὶ Ἰωάνην μέλλοντας εἰσιέναι εἰς τὸ ἱερὸν ἠρώτα ἐλεημοσύνην λαβεῖν.
4 ၄ ထိုသူနှစ်ယောက်သည်သူ့ကိုစေ့စေ့ကြည့် ကြ၏။ ထိုနောက်ပေတရုက``ငါတို့ကို ကြည့်လော့'' ဟုဆို၏။-
ἀτενίσας δὲ Πέτρος εἰς αὐτὸν σὺν τῷ Ἰωάνῃ εἶπεν, Βλέψον εἰς ἡμᾶς.
5 ၅ ထိုအခါသူသည်တမန်တော်တို့ထံမှ ကြေးငွေတစ်စုံတစ်ရာရရှိမည်အထင် နှင့်သူတို့ကိုအာရုံစိုက်၍ကြည့်လေ၏။-
ὁ δὲ ἐπεῖχεν αὐτοῖς προσδοκῶν τι παρ᾽ αὐτῶν λαβεῖν.
6 ၆ သို့ရာတွင်ပေတရုက``ငါ့မှာရွှေငွေမရှိ။ သို့သော်ရှိသည့်အရာကိုသင့်အားငါပေး မည်။ နာဇရက်မြို့သားယေရှု၏နာမတော် အားဖြင့်ထ၍လှမ်းသွားလော့'' ဟုဆို၏။-
εἶπεν δὲ Πέτρος, Ἀργύριον καὶ χρυσίον οὐχ ὑπάρχει μοι· ὃ δὲ ἔχω, τοῦτό σοι δίδωμι. ἐν τῷ ὀνόματι Ἰησοῦ χριστοῦ τοῦ Ναζωραίου [ἔγειρε καὶ] περιπάτει.
7 ၇ ထိုနောက်သူ၏လက်ယာဘက်ကိုဆွဲကိုင်ထူမ လိုက်၏။ ထိုခဏ၌သူ၏ခြေနှင့်ခြေဖဝါး များသည်သန်မာလာသဖြင့်၊-
καὶ πιάσας αὐτὸν τῆς δεξιᾶς χειρὸς ἤγειρεν αὐτόν. παραχρῆμα δὲ ἐστερεώθησαν αἱ βάσεις αὐτοῦ καὶ τὰ σφυρά,
8 ၈ သူသည်ခုန်ပေါက်ကာဘုရားသခင်၏ဂုဏ် တော်ကိုချီးကူးလျက်ဗိမာန်တော်ထဲသို့ လိုက်သွား၏။-
καὶ ἐξαλλόμενος ἔστη καὶ περιεπάτει, καὶ εἰσῆλθεν σὺν αὐτοῖς εἰς τὸ ἱερὸν περιπατῶν καὶ ἁλλόμενος καὶ αἰνῶν τὸν θεόν.
9 ၉ ထိုသူဤသို့ဘုရားသခင်၏ဂုဏ်တော် ကိုချီးကူးလျက် လှမ်းသွားသည်ကိုလူ အပေါင်းတို့တွေ့မြင်ကြ၏။-
καὶ εἶδεν πᾶς ὁ λαὸς αὐτὸν περιπατοῦντα καὶ αἰνοῦντα τὸν θεόν,
10 ၁၀ ထိုသူသည်ဗိမာန်တော်တင့်တယ်တံခါးဝ တွင် ထိုင်နေလေ့ရှိသည့်သူတောင်းစားဖြစ် ကြောင်းကိုမှတ်မိကြသဖြင့် သူတို့သည် ထိုသူ၌ဖြစ်ပျက်သည့်အမှုအရာကို များစွာအံ့သြမိန်းမောကြ၏။
(ἐπεγίνωσκον δὲ αὐτὸν ὅτι οὗτος ἦν ὁ πρὸς τὴν ἐλεημοσύνην καθήμενος ἐπὶ τῇ ὡραίᾳ πύλῃ τοῦ ἱεροῦ), καὶ ἐπλήσθησαν θάμβους καὶ ἐκστάσεως ἐπὶ τῷ συμβεβηκότι αὐτῷ.
11 ၁၁ ထိုသူသည်ပေတရုနှင့်ယောဟန်တို့ကိုတွယ် ကပ်လျက်နေစဉ် လူအပေါင်းတို့သည်များစွာ အံ့သြလျက် ပေတရုတို့ရှိရာရှောလမုန်ဟု နာမည်တွင်သောမုခ်ဆောင်သို့ပြေး၍လာ ကြ၏။-
κρατοῦντος δὲ αὐτοῦ τὸν Πέτρον καὶ τὸν Ἰωάνην συνέδραμεν πᾶς ὁ λαὸς πρὸς αὐτοὺς ἐπὶ τῇ στοᾷ τῇ καλουμένῃ Σολομῶνος ἔκθαμβοι.
12 ၁၂ ပေတရုသည်လူတို့ကိုမြင်လျှင်``ဣသရေလ အမျိုးသားတို့၊ အဘယ်ကြောင့်ငါတို့ကိုစူး စိုက်၍ကြည့်နေကြသနည်း။ ငါတို့၏တန်ခိုး၊ ငါတို့၏အကျင့်သီလအားဖြင့် ဤသူကို လမ်းလျှောက်စေနိုင်သည်ဟုထင်မှတ်ကြသလော။-
ἰδὼν δὲ ὁ Πέτρος ἀπεκρίνατο πρὸς τὸν λαόν, Ἄνδρες Ἰσραηλῖται, τί θαυμάζετε ἐπὶ τούτῳ, ἢ ἡμῖν τί ἀτενίζετε ὡς ἰδίᾳ δυνάμει ἢ εὐσεβείᾳ πεποιηκόσιν τοῦ περιπατεῖν αὐτόν;
13 ၁၃ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရား၊ ငါတို့ ဘိုးဘေးများ၏ဘုရားသည်ဤအမှုအရာ အားဖြင့် မိမိ၏အစေခံယေရှုကိုဘုန်းအသ ရေထွန်းတောက်စေတော်မူပြီ။ သင်တို့သည်ထို အရှင်ကိုရန်သူ့လက်သို့အပ်နှံ၍ ပိလတ်မင်း ၏ရှေ့တော်တွင်ပစ်ပယ်ခဲ့ကြ၏။ ပိလတ်မင်း သည်ထိုအရှင်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်ဆုံးဖြတ်သော်လည်း၊-
ὁ θεὸς Ἀβραὰμ καὶ Ἰσαὰκ καὶ Ἰακώβ, ὁ θεὸς τῶν πατέρων ἡμῶν, ἐδόξασεν τὸν παῖδα αὐτοῦ Ἰησοῦν, ὃν ὑμεῖς μὲν παρεδώκατε καὶ ἠρνήσασθε [αὐτὸν] κατὰ πρόσωπον Πιλάτου, κρίναντος ἐκείνου ἀπολύειν·
14 ၁၄ သင်တို့ကမူသန့်ရှင်းကောင်းမြတ်တော်မူသော အရှင်ကိုပစ်ပယ်ခဲ့ကြ၏။ သင်တို့သည်လူ သတ်သမားအားလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်တောင်းခံပြီးလျှင်၊-
ὑμεῖς δὲ τὸν ἅγιον καὶ δίκαιον ἠρνήσασθε, καὶ ᾐτήσασθε ἄνδρα φονέα χαρισθῆναι ὑμῖν,
15 ၁၅ အသက်ပိုင်ရှင်ကိုမူသတ်ဖြတ်စေခဲ့ကြ၏။ သို့သော်လည်းဘုရားသခင်သည် ထိုအရှင် ကိုသေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ ကြောင်းကို ငါတို့ကိုယ်တိုင်တွေ့မြင်ခဲ့ကြ၏။-
τὸν δὲ ἀρχηγὸν τῆς ζωῆς ἀπεκτείνατε· ὃν ὁ θεὸς ἤγειρεν ἐκ νεκρῶν, οὗ ἡμεῖς μάρτυρές ἐσμεν.
16 ၁၆ ထိုအရှင်၏နာမတော်တန်ခိုးအားဖြင့် ဤ ခြေမစွမ်းမသန်သူသည်စွမ်းသန်၍လာ၏။ ထိုအရှင်၏နာမတော်ကိုယုံကြည်ခြင်း အားဖြင့် ယခုသင်တို့တွေ့မြင်ကြရသည့် အမှုအရာသည်ဖြစ်ပွားခဲ့၏။ သင်တို့တွေ့ မြင်သည့်အတိုင်းသခင်ယေရှုကိုယုံကြည် ခြင်းကသာလျှင် ထိုသူအားကျန်းမာလာ စေခြင်းဖြစ်၏။''
καὶ ἐπὶ τῇ πίστει τοῦ ὀνόματος αὐτοῦ τοῦτον, ὃν θεωρεῖτε καὶ οἴδατε, ἐστερέωσεν τὸ ὄνομα αὐτοῦ, καὶ ἡ πίστις ἡ δι᾽ αὐτοῦ ἔδωκεν αὐτῷ τὴν ὁλοκληρίαν ταύτην ἀπέναντι πάντων ὑμῶν.
17 ၁၇ ``ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့၏ခေါင်း ဆောင်များနည်းတူ မိမိတို့ပြုသောအမှုကို မသိနားမလည်ဘဲပြုကြကြောင်းကိုငါ သိ၏။-
καὶ νῦν, ἀδελφοί, οἶδα ὅτι κατὰ ἄγνοιαν ἐπράξατε, ὥσπερ καὶ οἱ ἄρχοντες ὑμῶν·
18 ၁၈ မေရှိယသည်အသေခံတော်မူရမည်ဖြစ် ကြောင်း ပရောဖက်အပေါင်းတို့အားဖြင့်၊ ဘုရား သခင်ဗျာဒိတ်ထားတော်မူခဲ့၏။ ဤသို့ဖြစ် ပျက်ရခြင်းကားထိုဗျာဒိတ်တော်ကိုအကောင် အထည်ဖော်ခြင်းပင်တည်း။-
ὁ δὲ θεὸς ἃ προκατήγγειλεν διὰ στόματος πάντων τῶν προφητῶν παθεῖν τὸν χριστὸν αὐτοῦ ἐπλήρωσεν οὕτως.
19 ၁၉ သို့ဖြစ်၍ဘုရားသခင်သည်သင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။ သို့မှသာ၊-
μετανοήσατε οὖν καὶ ἐπιστρέψατε εἰς τὸ ἐξαλειφθῆναι ὑμῶν τὰς ἁμαρτίας,
20 ၂၀ ထာဝရဘုရားထံတော်မှဝိညာဉ်ခွန်အား သက်ရောက်ရာအချိန်ကာလရောက်လာလျက် သင်တို့အဖို့ရွေးချယ်ခန့်ထားတော်မူသော မေရှိယအရှင်တည်းဟူသောသခင်ယေရှု ကို သင်တို့ထံသို့စေလွှတ်တော်မူလိမ့်မည်။-
ὅπως ἂν ἔλθωσιν καιροὶ ἀναψύξεως ἀπὸ προσώπου τοῦ κυρίου, καὶ ἀποστείλῃ τὸν προκεχειρισμένον ὑμῖν χριστόν Ἰησοῦν,
21 ၂၁ ရှေးသန့်ရှင်းမြင့်မြတ်သောပရောဖက်များ မှတစ်ဆင့် ပေးတော်မူခဲ့သောဘုရားသခင် ၏ဗျာဒိတ်တော်နှင့်အညီ အရာခပ်သိမ်းတို့ ကိုအသစ်ပြုပြင်ပြောင်းလဲတော်မူရာကာလ မတိုင်မီ ထိုအရှင်သည်ကောင်းကင်ဘုံတွင်ရှိ နေတော်မူပေမည်။- (aiōn )
ὃν δεῖ οὐρανὸν μὲν δέξασθαι ἄχρι χρόνων ἀποκαταστάσεως πάντων ὧν ἐλάλησεν ὁ θεὸς διὰ στόματος τῶν ἁγίων ἀπ᾽ αἰῶνος αὐτοῦ προφητῶν. (aiōn )
22 ၂၂ မောရှေက`သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ငါ့ကိုစေလွှတ်တော်မူသည့်နည်း တူ ပရောဖက်တစ်ပါးကိုလည်းသင်တို့ထံ သို့စေလွှတ်တော်မူလိမ့်မည်။ ထိုအရှင်သည် သင်တို့အမျိုးသားထဲမှဖြစ်လိမ့်မည်။ ထို အရှင်ဟောပြောသမျှသောစကားတို့ကို သင်တို့သည်နာယူကြရမည်။-
Μωυσῆς μὲν εἶπεν ὅτι προφήτην ὑμῖν ἀναστήσει κύριος ὁ θεὸς ὑμῶν ἐκ τῶν ἀδελφῶν ὑμῶν ὡς ἐμέ· αὐτοῦ ἀκούσεσθε κατὰ πάντα ὅσα ἂν λαλήσῃ πρὸς ὑμᾶς.
23 ၂၃ ထိုပရောဖက်၏စကားကိုမနာမယူဘဲ နေသောသူသည် ဘုရားသခင်၏လူစုတော် ဝင်အဖြစ်မှလုံးဝပယ်ရှားခြင်းကိုခံရလိမ့် မည်' ဟုမိန့်မြွက်ခဲ့၏။-
ἔσται δέ, πᾶσα ψυχὴ ἥτις ἂν μὴ ἀκούσῃ τοῦ προφήτου ἐκείνου ἐξολεθρευθήσεται ἐκ τοῦ λαοῦ.
24 ၂၄ ရှမွေလမှစ၍ဗျာဒိတ်တော်အားဖြင့်ဟော ပြောကြသည့်အခြားပရောဖက်အပေါင်း တို့က ယခုနေ့ရက်ကာလတွင်ဖြစ်ပျက်မည့် အကြောင်းအရာများကိုဟောပြောကြေညာ ခဲ့ကြ၏။-
καὶ πάντες δὲ οἱ προφῆται ἀπὸ Σαμουὴλ καὶ τῶν καθεξῆς ὅσοι ἐλάλησαν, καὶ κατήγγειλαν τὰς ἡμέρας ταύτας.
25 ၂၅ ထိုပရောဖက်များဖြင့်ဘုရားသခင်ပေးတော် မူသောကတိများသည် သင်တို့နှင့်ဆိုင်၏။ သင်တို့ ဘိုးဘေးများနှင့်ဘုရားသခင်ပြုတော်မူသော ပဋိညာဉ်တော်သည်လည်းသင်တို့နှင့်ဆိုင်၏။ ဘုရား သခင်ကအာဗြဟံအား`သင်၏အမျိုးအနွယ် အားဖြင့်ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံစားကြရလိမ့်မည်' ဟုမိန့်တော်မူခဲ့သတည်း။-
ὑμεῖς ἐστε οἱ υἱοὶ τῶν προφητῶν, καὶ τῆς διαθήκης ἧς διέθετο ὁ θεὸς πρὸς τοὺς πατέρας ὑμῶν, λέγων πρὸς Ἀβραάμ, Καὶ ἐν τῷ σπέρματί σου ἐνευλογηθήσονται πᾶσαι αἱ πατριαὶ τῆς γῆς.
26 ၂၆ သို့ဖြစ်၍သင်တို့သည်ဆိုးညစ်သောအမှုတို့ ကိုစွန့်ပယ်ခြင်းအားဖြင့် ကောင်းချီးခံစားကြရ စေရန်ဘုရားသခင်သည် မိမိ၏အစေခံကို သင်တို့ထံသို့ဦးစွာစေလွှတ်တော်မူ၏'' ဟု ပေတရုဟောပြောလေသည်။
ὑμῖν πρῶτον ὁ θεὸς ἀναστήσας τὸν παῖδα αὐτοῦ ἀπέστειλεν αὐτὸν εὐλογοῦντα ὑμᾶς, ἐν τῷ ἀποστρέφειν ἕκαστον ἀπὸ τῶν πονηριῶν ὑμῶν.