< တမန်တော်ဝတ္ထု 3 >

1 တစ်​နေ့​သ​၌​ဝတ်​ပြု​ကိုး​ကွယ်​ချိန်​မွန်း​လွဲ သုံး​နာ​ရီ​တွင် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည် ဗိ​မာန်​တော်​သို့​သွား​ကြ​၏။-
[One day] Peter and John were going to the Temple [courtyard]. It was three o’clock in the afternoon, which was the time when people prayed [there publicly].
2 တင့်​တယ်​ဟု​ခေါ်​သော​တံ​ခါး​အ​နီး​တွင်​ဝမ်း တွင်း​ပါ​ခြေ​မ​စွမ်း​မ​သန်​သူ​လူ​တစ်​ယောက် ထိုင်​လျက်​ရှိ​၏။ ဗိ​မာန်​တော်​ထဲ​သို့​လာ​ကြ သော​သူ​များ​ထံ​မှ​ကြေး​ငွေ​တောင်း​ခံ​နိုင်​ရန် နေ့​စဉ်​နေ့​တိုင်း​ထို​သူ​ကို​တံ​ခါး​အ​နီး​တွင် ချ​ထား​လေ့​ရှိ​ကြ​၏။-
There was a man there who had been lame from the time he was born. He [was sitting by] the gate called Beautiful [Gate], at the entrance to the Temple [area]. People put him there every day, so that he could ask those who were entering [or leaving] the temple courtyard to give him some money.
3 သူ​သည်​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​ဗိ​မာန်​တော် ထဲ​သို့​ဝင်​မည်​ပြု​သည်​ကို​မြင်​လျှင် ကြေး​ငွေ တစ်​စုံ​တစ်​ရာ​ပေး​ကမ်း​စွန့်​ကြဲ​ရန်​တောင်း ခံ​လေ​၏။-
As Peter and John were about to enter [the Temple courtyard], the lame man saw them and asked them several times to give him some money. (OR, The lame man said to them several times, “Please give me some money!”)
4 ထို​သူ​နှစ်​ယောက်​သည်​သူ့​ကို​စေ့​စေ့​ကြည့် ကြ​၏။ ထို​နောက်​ပေ​တ​ရု​က``ငါ​တို့​ကို ကြည့်​လော့'' ဟု​ဆို​၏။-
As Peter and John looked directly at him, Peter said to him, “Look at us!”
5 ထို​အ​ခါ​သူ​သည်​တ​မန်​တော်​တို့​ထံ​မှ ကြေး​ငွေ​တစ်​စုံ​တစ်​ရာ​ရ​ရှိ​မည်​အ​ထင် နှင့်​သူ​တို့​ကို​အာ​ရုံ​စိုက်​၍​ကြည့်​လေ​၏။-
So he looked directly at them, expecting to get some [money] from them.
6 သို့​ရာ​တွင်​ပေ​တ​ရု​က``ငါ့​မှာ​ရွှေ​ငွေ​မ​ရှိ။ သို့​သော်​ရှိ​သည့်​အ​ရာ​ကို​သင့်​အား​ငါ​ပေး မည်။ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​၏​နာ​မ​တော် အား​ဖြင့်​ထ​၍​လှမ်း​သွား​လော့'' ဟု​ဆို​၏။-
Then Peter said to him, “I do not have any money [MTY], but what I [can do], I will [do] for you. Jesus Christ, [who was] from Nazareth [town], has authorized [MTY] me [to heal you! So get up and] walk!”
7 ထို​နောက်​သူ​၏​လက်ယာ​ဘက်​ကို​ဆွဲ​ကိုင်​ထူ​မ လိုက်​၏။ ထို​ခ​ဏ​၌​သူ​၏​ခြေ​နှင့်​ခြေ​ဖ​ဝါး များ​သည်​သန်​မာ​လာ​သ​ဖြင့်၊-
Then Peter grasped the man’s right hand and helped him to stand up. Immediately the man’s feet and ankles became strong.
8 သူ​သည်​ခုန်​ပေါက်​ကာ​ဘု​ရား​သ​ခင်​၏​ဂုဏ် တော်​ကို​ချီး​ကူး​လျက်​ဗိ​မာန်​တော်​ထဲ​သို့ လိုက်​သွား​၏။-
He jumped up and began to walk! Then he entered the Temple [area] with them, walking and leaping and praising God!
9 ထို​သူ​ဤ​သို့​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော် ကို​ချီး​ကူး​လျက် လှမ်း​သွား​သည်​ကို​လူ အ​ပေါင်း​တို့​တွေ့​မြင်​ကြ​၏။-
All the people [there] saw that man walking and praising God.
10 ၁၀ ထို​သူ​သည်​ဗိ​မာန်​တော်​တင့်​တယ်​တံ​ခါး​ဝ တွင် ထိုင်​နေ​လေ့​ရှိ​သည့်​သူ​တောင်း​စား​ဖြစ် ကြောင်း​ကို​မှတ်​မိ​ကြ​သ​ဖြင့် သူ​တို့​သည် ထို​သူ​၌​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​ကို များ​စွာ​အံ့​သြ​မိန်း​မော​ကြ​၏။
They recognized that he was the man who used to sit at the Beautiful Gate in the Temple [courtyard] and ask [people] for money! So all the people there were greatly amazed at what had happened to him.
11 ၁၁ ထို​သူ​သည်​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​ကို​တွယ် ကပ်​လျက်​နေ​စဉ် လူ​အ​ပေါင်း​တို့​သည်​များ​စွာ အံ့​သြ​လျက် ပေ​တ​ရု​တို့​ရှိ​ရာ​ရှော​လ​မုန်​ဟု နာ​မည်​တွင်​သော​မုခ်​ဆောင်​သို့​ပြေး​၍​လာ ကြ​၏။-
As the man clung to Peter and John, all the people were so surprised [that they did not know what to think] So they ran to the two apostles at the place [in the Temple courtyard] that is called {that [people] call} Solomon’s Porch.
12 ၁၂ ပေ​တ​ရု​သည်​လူ​တို့​ကို​မြင်​လျှင်``ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ အ​ဘယ်​ကြောင့်​ငါ​တို့​ကို​စူး စိုက်​၍​ကြည့်​နေ​ကြ​သ​နည်း။ ငါ​တို့​၏​တန်​ခိုး၊ ငါ​တို့​၏​အ​ကျင့်​သီ​လ​အား​ဖြင့် ဤ​သူ​ကို လမ်း​လျှောက်​စေ​နိုင်​သည်​ဟု​ထင်​မှတ်​ကြ​သ​လော။-
When Peter saw that, he said to the crowd, “Fellow Israelites, (you should not be surprised about what has happened to this man!/why are you so surprised about what has happened to this man?) [RHQ] And you should not stare at us, either! You seem to [RHQ] think that the two of us enabled this man to walk because we [(exc)] ourselves are powerful or because we please God very much!
13 ၁၃ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​၏​ဘု​ရား၊ ငါ​တို့ ဘိုး​ဘေး​များ​၏​ဘု​ရား​သည်​ဤ​အ​မှု​အ​ရာ အား​ဖြင့် မိ​မိ​၏​အ​စေ​ခံ​ယေ​ရှု​ကို​ဘုန်း​အ​သ ရေ​ထွန်း​တောက်​စေ​တော်​မူ​ပြီ။ သင်​တို့​သည်​ထို အ​ရှင်​ကို​ရန်​သူ့​လက်​သို့​အပ်​နှံ​၍ ပိ​လတ်​မင်း ၏​ရှေ့​တော်​တွင်​ပစ်​ပယ်​ခဲ့​ကြ​၏။ ပိ​လတ်​မင်း သည်​ထို​အ​ရှင်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး ရန်​ဆုံး​ဖြတ်​သော်​လည်း၊-
[So I will tell you what is really happening]. Our ancestors, including Abraham, Isaac, and Jacob, worshipped God. And now he has greatly honored Jesus, who always served him. Your [leaders] brought Jesus [to the governor, Pilate], so that [his soldiers would kill him]. And [God considers that] in front of Pilate you [were the ones who rejected] Jesus [as your king], after Pilate had decided that he should release Jesus.
14 ၁၄ သင်​တို့​က​မူ​သန့်​ရှင်း​ကောင်း​မြတ်​တော်​မူ​သော အ​ရှင်​ကို​ပစ်​ပယ်​ခဲ့​ကြ​၏။ သင်​တို့​သည်​လူ သတ်​သ​မား​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး ရန်​တောင်း​ခံ​ပြီး​လျှင်၊-
[Although Jesus] always did what was right/just and good, you rejected him. [Pilate wanted to release him, but] you urgently asked Pilate to release (a murderer/someone who had killed people)!
15 ၁၅ အ​သက်​ပိုင်​ရှင်​ကို​မူ​သတ်​ဖြတ်​စေ​ခဲ့​ကြ​၏။ သို့​သော်​လည်း​ဘု​ရား​သ​ခင်​သည် ထို​အ​ရှင် ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ ကြောင်း​ကို ငါ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ကြ​၏။-
[God considers that] you killed [Jesus], the one who gives people [eternal] life. But God has greatly honored him (by causing him to become alive again after he died/by raising him from the dead). Many of us saw [him after that, and now] we [(exc)] are telling [you] about it.
16 ၁၆ ထို​အ​ရှင်​၏​နာ​မ​တော်​တန်​ခိုး​အား​ဖြင့် ဤ ခြေ​မ​စွမ်း​မ​သန်​သူ​သည်​စွမ်း​သန်​၍​လာ​၏။ ထို​အ​ရှင်​၏​နာ​မ​တော်​ကို​ယုံ​ကြည်​ခြင်း အား​ဖြင့် ယ​ခု​သင်​တို့​တွေ့​မြင်​ကြ​ရ​သည့် အ​မှု​အ​ရာ​သည်​ဖြစ်​ပွား​ခဲ့​၏။ သင်​တို့​တွေ့ မြင်​သည့်​အ​တိုင်း​သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည် ခြင်း​က​သာ​လျှင် ထို​သူ​အား​ကျန်း​မာ​လာ စေ​ခြင်း​ဖြစ်​၏။''
It is because [we two] trusted in what Jesus [MTY, PRS] [could do, that he] made this man, whom you see and know, strong again. Yes, it is because we [(exc)] trusted in Jesus that he has completely healed this man for all of you to see.”
17 ၁၇ ``ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​မိ​မိ​တို့​၏​ခေါင်း ဆောင်​များ​နည်း​တူ မိ​မိ​တို့​ပြု​သော​အ​မှု​ကို မ​သိ​နား​မ​လည်​ဘဲ​ပြု​ကြ​ကြောင်း​ကို​ငါ သိ​၏။-
“Now, my fellow-countrymen, I know that you and your leaders did that [to Jesus] because you [and they] did not know [that he was the Messiah].
18 ၁၈ မေ​ရှိ​ယ​သည်​အ​သေ​ခံ​တော်​မူ​ရ​မည်​ဖြစ် ကြောင်း ပ​ရော​ဖက်​အ​ပေါင်း​တို့​အား​ဖြင့်၊ ဘု​ရား သ​ခင်​ဗျာ​ဒိတ်​ထား​တော်​မူ​ခဲ့​၏။ ဤ​သို့​ဖြစ် ပျက်​ရ​ခြင်း​ကား​ထို​ဗျာ​ဒိတ်​တော်​ကို​အ​ကောင် အ​ထည်​ဖော်​ခြင်း​ပင်​တည်း။-
However, [your putting him to death] was what God had predicted that people would do. [Long ago] he told all the prophets [MTY] to write [what people would do to the Messiah. They wrote] that the Messiah, whom God [would send], would suffer [and die].
19 ၁၉ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​စေ​ရန် နောင်​တ​ရ​၍ ပြောင်း​လဲ​ကြ​လော့။ သို့​မှ​သာ၊-
So, turn away from your sinful behavior and ask God [to help you] do what pleases [him], in order that he may completely forgive you for your sins.
20 ၂၀ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ဝိ​ညာဉ်​ခွန်​အား သက်​ရောက်​ရာ​အ​ချိန်​ကာ​လ​ရောက်​လာ​လျက် သင်​တို့​အ​ဖို့​ရွေး​ချယ်​ခန့်​ထား​တော်​မူ​သော မေ​ရှိ​ယ​အ​ရှင်​တည်း​ဟူ​သော​သ​ခင်​ယေ​ရှု ကို သင်​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​လိမ့်​မည်။-
[If you do that], there will be times [when you will know that] the Lord [God is] helping [you]. And some day he will [again] send back [to earth] the Messiah, whom he appointed for you. That person is Jesus.
21 ၂၁ ရှေး​သန့်​ရှင်း​မြင့်​မြတ်​သော​ပ​ရော​ဖက်​များ မှ​တစ်​ဆင့် ပေး​တော်​မူ​ခဲ့​သော​ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ အ​ရာ​ခပ်​သိမ်း​တို့ ကို​အ​သစ်​ပြု​ပြင်​ပြောင်း​လဲ​တော်​မူ​ရာ​ကာ​လ မ​တိုင်​မီ ထို​အ​ရှင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ရှိ နေ​တော်​မူ​ပေ​မည်။- (aiōn g165)
Jesus must stay in heaven until the time when God will cause all that he has created to become new. Long ago God promised [to do that, and] he chose holy prophets to tell [that to people]. (aiōn g165)
22 ၂၂ မော​ရှေ​က`သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည့်​နည်း တူ ပ​ရော​ဖက်​တစ်​ပါး​ကို​လည်း​သင်​တို့​ထံ သို့​စေ​လွှတ်​တော်​မူ​လိမ့်​မည်။ ထို​အ​ရှင်​သည် သင်​တို့​အ​မျိုး​သား​ထဲ​မှ​ဖြစ်​လိမ့်​မည်။ ထို အ​ရှင်​ဟော​ပြော​သ​မျှ​သော​စ​ကား​တို့​ကို သင်​တို့​သည်​နာ​ယူ​ကြ​ရ​မည်။-
For [example, the prophet] Moses said [this about the Messiah]: ‘The Lord (your God/the God whom you [worship]) will cause someone to become a prophet to tell you [God’s message. God will send him] as [he sent] me, [and he will be] from among your own people. You must listen to everything that this prophet tells you [and obey him] [SYN].
23 ၂၃ ထို​ပ​ရော​ဖက်​၏​စ​ကား​ကို​မ​နာ​မ​ယူ​ဘဲ နေ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဝင်​အ​ဖြစ်​မှ​လုံး​ဝ​ပယ်​ရှား​ခြင်း​ကို​ခံ​ရ​လိမ့် မည်' ဟု​မိန့်​မြွက်​ခဲ့​၏။-
[Those who] do not listen to [that prophet and obey] him will no longer belong to God’s people, and [God] will get rid of them’.”
24 ၂၄ ရှ​မွေ​လ​မှ​စ​၍​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ဟော ပြော​ကြ​သည့်​အ​ခြား​ပ​ရော​ဖက်​အ​ပေါင်း တို့​က ယ​ခု​နေ့​ရက်​ကာ​လ​တွင်​ဖြစ်​ပျက်​မည့် အ​ကြောင်း​အ​ရာ​များ​ကို​ဟော​ပြော​ကြေ​ညာ ခဲ့​ကြ​၏။-
[Peter continued], “All the prophets have told [about what would happen during] the time [MTY] [in which we(inc) are living. Those prophets include] Samuel [and all the others who] later also spoke [about these events] before they happened.
25 ၂၅ ထို​ပ​ရော​ဖက်​များ​ဖြင့်​ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​က​တိ​များ​သည် သင်​တို့​နှင့်​ဆိုင်​၏။ သင်​တို့ ဘိုး​ဘေး​များ​နှင့်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​သည်​လည်း​သင်​တို့​နှင့်​ဆိုင်​၏။ ဘု​ရား သ​ခင်​က​အာ​ဗြ​ဟံ​အား`သင်​၏​အ​မျိုး​အ​နွယ် အား​ဖြင့်​ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​ကြ​ရ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ခဲ့​သ​တည်း။-
You [as well as we(exc)] are the people [to whom God sent the Messiah, as] the prophets said [MTY] [that he would]. And when God strongly promised [to bless] our ancestors, he also surely promised to bless you. He said to Abraham [concerning the Messiah], ‘[I] will bless all people on the earth as a result of [what] your descendant [will do].’”
26 ၂၆ သို့​ဖြစ်​၍​သင်​တို့​သည်​ဆိုး​ညစ်​သော​အ​မှု​တို့ ကို​စွန့်​ပယ်​ခြင်း​အား​ဖြင့် ကောင်း​ချီး​ခံ​စား​ကြ​ရ စေ​ရန်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​အ​စေ​ခံ​ကို သင်​တို့​ထံ​သို့​ဦး​စွာ​စေ​လွှတ်​တော်​မူ​၏'' ဟု ပေ​တ​ရု​ဟော​ပြော​လေ​သည်။
[Peter concluded], “[So] when God sent [to the earth] (Jesus, the one who always obeys him/his servant Jesus), he sent him first to you [Israelites] to bless you. [God will] enable you to stop doing what is wicked [and to start doing what pleases him].”

< တမန်တော်ဝတ္ထု 3 >