< တမန်တော်ဝတ္ထု 28 >
1 ၁ ကျွန်ုပ်တို့သည်ဘေးကင်းစွာကုန်းပေါ်သို့ ရောက်ကြသောအခါ ထိုကျွန်းကိုမေလိတေ ကျွန်းဟုခေါ်ကြောင်းသိရှိကြ၏။-
And when we were escaped, then we knew that the island was called Melita.
2 ၂ ကျွန်းသူကျွန်းသားတို့သည်ကျွန်ုပ်တို့အပေါ်တွင် အထူးကြင်နာမှုကိုပြကြ၏။ မိုးရွာသဖြင့် ချမ်းအေးလာသောကြောင့် ထိုသူတို့သည်မီးဖို ပြီးလျှင်ကျွန်ုပ်တို့အားဧည့်ခံကြ၏။
And the barbarians shewed us no common kindness: for they kindled a fire, and received us all, because of the present rain, and because of the cold.
3 ၃ ပေါလုသည်ထင်းတစ်စည်းကိုယူပြီးလျှင်မီး ထဲသို့ထည့်လိုက်၏။ ထိုအခါမီးပူရှိန်ကြောင့် ထင်းစည်းထဲမှမြွေတစ်ကောင်ထွက်လာပြီး နောက် ပေါလု၏လက်ကိုတွယ်လျက်နေ၏။-
But when Paul had gathered a bundle of sticks, and laid them on the fire, a viper came out by reason of the heat, and fastened on his hand.
4 ၄ သူ၏လက်မှတန်းလန်းကျနေသောမြွေ ကိုကျွန်းသူကျွန်းသားတို့မြင်လျှင် ``ဤသူ ကားသူသတ်သမားဖြစ်တန်ရာ၏။ ပင်လယ် တွင်အသက်ဘေးမှလွတ်မြောက်ခဲ့သော်လည်း တရားမျှတမှုကသူ့အားအသက်ရှင် ခွင့်မပြု'' ဟုအချင်းချင်းပြောဆိုကြ၏။-
And when the barbarians saw the beast hanging from his hand, they said one to another, No doubt this man is a murderer, whom, though he hath escaped from the sea, yet Justice hath not suffered to live.
5 ၅ သို့ရာတွင်ပေါလုသည်မြွေကိုမီးထဲသို့ခါ ၍ချလိုက်၏။ သို့သော်အဘယ်သို့မျှဘေး ဥပဒ်မဖြစ်။-
Howbeit he shook off the beast into the fire, and took no harm.
6 ၆ ထိုသူတို့ကပေါလုသည်တစ်ကိုယ်လုံးရောင် လာလိမ့်မည်။ သို့မဟုတ်တခဏချင်းတွင်လဲ သေလိမ့်မည်ဟုစောင့်မျှော်နေကြ၏။ ဤအတိုင်း ပင်ဆက်လက်၍အတော်ကြာအောင်စောင့်မျှော် နေကြသော်လည်း အဘယ်သို့မျှပေါလု၌ ဘေးဥပဒ်မဖြစ်သည်ကိုမြင်ကြသောအခါ သူတို့သည်စိတ်သဘောပြောင်းလဲလာလျက် ``ဤသူကားနတ်ဘုရားပေတည်း'' ဟုဆို ကြကုန်၏။
But they expected that he would have swollen, or fallen down dead suddenly: but when they were long in expectation, and beheld nothing amiss came to him, they changed their minds, and said that he was a god.
7 ၇ ထိုနေရာအနီးအနားတွင်ကျွန်းသူကြီး ပုဗလိပိုင်သည့်မြေယာများရှိ၏။ ထိုသူ သည်ကျွန်ုပ်တို့ကိုလက်ခံပြီးလျှင်သုံးရက် တိုင်တိုင်ကျွေးမွေးဧည့်ခံ၏။-
Now in the neighbourhood of that place were lands belonging to the chief man of the island, named Publius; who received us, and entertained us three days courteously.
8 ၈ ပုဗလိ၏ဖခင်သည်အဖျားရောဂါ၊ ဝမ်းကိုက် ရောဂါများဖြင့်လဲ၍နေ၏။ ပေါလုသည်သူ၏ အခန်းထဲသို့ဝင်၍ဆုတောင်းပြီးနောက် သူ၏ အပေါ်မှာလက်ကိုတင်၍သူ့ကိုကျန်းမာ လာစေ၏။-
And it was so, that the father of Publius lay sick of fever and dysentery: unto whom Paul entered in, and prayed, and laying his hands on him healed him.
9 ၉ ထိုအခါကျွန်းပေါ်ရှိအခြားမကျန်းမာ သောသူအပေါင်းတို့သည်ပေါလုထံသို့လာ ကြ၏။ ပေါလုသည်သူတို့ကိုကျန်းမာစေ၏။-
And when this was done, the rest also which had diseases in the island came, and were cured:
10 ၁၀ သူတို့သည်ကျွန်ုပ်တို့အားလက်ဆောင်များပေး ကြ၏။ ကျွန်ုပ်တို့ထွက်ခွာမည်ပြုသောအခါ၌ လည်းလိုအပ်သည့်စားနပ်ရိက္ခာများကို သင်္ဘောပေါ်သို့ပို့ပေးကြ၏။
who also honoured us with many honours; and when we sailed, they put on board such things as we needed.
11 ၁၁ သုံးလကြာသော်ကျွန်ုပ်တို့သည် ထိုကျွန်းတွင် ဆောင်းခိုနေခဲ့သည့်သင်္ဘောဖြင့်ရွက်လွှင့်ကြ၏။ သင်္ဘောသည်အာလေဇန္ဒြိမြို့မှလာ၍နတ် အမြွှာညီနောင်ဟုအမည်တွင်၏။-
And after three months we set sail in a ship of Alexandria, which had wintered in the island, whose sign was The Twin Brothers.
12 ၁၂ ကျွန်ုပ်တို့သည်သုရကုတ်မြို့တွင်သင်္ဘောဆိုက် ကပ်၍ ထိုမြို့တွင်သုံးရက်မျှနေ၏။-
And touching at Syracuse, we tarried there three days.
13 ၁၃ ထိုမြို့မှရွက်လွှင့်ပြန်ရာရေဂျုန်မြို့သို့ရောက် ကြ၏။ နောက်တစ်နေ့၌တောင်လေလာသဖြင့် နှစ်ရက်ကြာသော်ပေါတယောလိမြို့သို့ရောက် ကြ၏။-
And from thence we made a circuit, and arrived at Rhegium: and after one day a south wind sprang up, and on the second day we came to Puteoli:
14 ၁၄ ထိုမြို့တွင်ယုံကြည်သူအချို့တို့ကိုတွေ့၍ သူတို့က မိမိတို့နှင့်ခုနစ်ရက်မျှနေရန် တောင်းပန်သည်အတိုင်းနေပြီးနောက် ရောမမြို့သို့ခရီးဆက်ကြ၏။-
where we found brethren, and were entreated to tarry with them seven days: and so we came to Rome.
15 ၁၅ ထိုရောမမြို့ရှိယုံကြည်သူများသည် ကျွန်ုပ် တို့လာသည့်အကြောင်းကိုကြားသိကြသဖြင့် အပ္ပိစျေးသို့တိုင်အောင်လည်းကောင်း၊ တည်းခို ရိပ်သာသုံးဆောင်သို့တိုင်အောင်လည်းကောင်း လာရောက်ကြိုဆိုကြ၏။ ပေါလုသည်ထိုသူ တို့ကိုမြင်သောအခါ ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်း၍အားတက်လာ၏။
And from thence the brethren, when they heard of us, came to meet us as far as The Market of Appius, and The Three Taverns: whom when Paul saw, he thanked God, and took courage.
16 ၁၆ ရောမမြို့သို့ရောက်ကြသောအခါပေါလု သည် တစ်ကိုယ်တည်းအစောင့်စစ်သားတစ်ယောက် နှင့်အတူနေခွင့်ရရှိ၏။
And when we entered into Rome, Paul was suffered to abide by himself with the soldier that guarded him.
17 ၁၇ နောက်သုံးရက်ကြာလျှင်ပေါလုသည် မြို့ပေါ်ရှိ ယုဒအမျိုးသားခေါင်းဆောင်များကိုဖိတ်ခေါ် ၏။ ထိုသူတို့လာရောက်စုဝေးလျက်ရှိသော အခါပေါလုက ``ညီအစ်ကိုတို့၊ ငါသည်မိမိ အမျိုးသားတို့အားလည်းကောင်း၊ ဘိုးဘေး တို့၏ထုံးတမ်းစဉ်လာများအားလည်းကောင်း ဆန့်ကျင်သည့်အမှုတစ်စုံတစ်ရာကိုမျှ မပြုလုပ်ခဲ့သော်လည်း ယုဒအမျိုးသားတို့ သည်ယေရုရှလင်မြို့တွင် ငါ့ကိုဖမ်းဆီးပြီး လျှင်ရောမအမျိုးသားတို့၏လက်သို့အပ် ကြ၏။-
And it came to pass, that after three days he called together those that were the chief of the Jews: and when they were come together, he said unto them, I, brethren, though I had done nothing against the people, or the customs of our fathers, yet was delivered prisoner from Jerusalem into the hands of the Romans:
18 ၁၈ ထိုသူတို့သည်ငါ့ကိုစစ်ဆေးမေးမြန်းပြီး နောက် ငါ၏အမှုတွင်သေဒဏ်ပေးထိုက်သော အကြောင်းတစ်စုံတစ်ရာမျှမတွေ့ရ သဖြင့်ငါ့အားလွှတ်လိုကြ၏။-
who, when they had examined me, desired to set me at liberty, because there was no cause of death in me.
19 ၁၉ သို့ရာတွင်ယုဒအမျိုးသားတို့ကကန့်ကွက် ကြသောကြောင့် ငါသည်မလွဲမရှောင်သာတော့ ဘဲဧကရာဇ်ဘုရင်ထံအယူခံရ၏။ သို့ပြု ရခြင်းမှာမိမိ၏အမျိုးသားတို့အားစွပ် စွဲပြောဆိုရန်အကြောင်းရှိ၍မဟုတ်။-
But when the Jews spake against it, I was constrained to appeal unto Caesar; not that I had aught to accuse my nation of.
20 ၂၀ သို့ဖြစ်၍သင်တို့နှင့်တွေ့ဆုံခွင့်ကိုတောင်းခံ ခဲ့ခြင်းဖြစ်သည်။ ငါသည်ဤသံကြိုးများ ဖြင့်အချည်အနှောင်ခံရသည်မှာ ဣသရေလ အမျိုးသားတို့မျှော်လင့်စောင့်စားလျက်နေ ကြသည့်အရှင်၏အတွက်ကြောင့်ပင်ဖြစ်သည်'' ဟုဆို၏။
For this cause therefore did I entreat you to see and to speak with [me]: for because of the hope of Israel I am bound with this chain.
21 ၂၁ ထိုသူတို့က ``ငါတို့သည်သင်၏အကြောင်း ယုဒပြည်မှစာတစ်စောင်မျှမရခဲ့ကြပါ။ ငါတို့ယုဒအမျိုးသားညီအစ်ကိုတစ်စုံတစ် ယောက်မျှလည်း လာရောက်၍သင်၏အကြောင်း မကောင်းသတင်းမပြောပါ။-
And they said unto him, We neither received letters from Judaea concerning thee, nor did any of the brethren come hither and report or speak any harm of thee.
22 ၂၂ သို့ရာတွင်ဤဂိုဏ်းအကြောင်းကိုမူဆန့်ကျင် ၍ နေရာတကာတွင်ပြောဆိုနေကြသည်ကို ငါတို့သိရှိပါ၏။ သို့ဖြစ်၍သင်၏အယူ ဝါဒကိုသင့်ထံမှငါတို့ကြားနာလိုပါ ၏'' ဟုဆိုကြ၏။
But we desire to hear of thee what thou thinkest: for as concerning this sect, it is known to us that everywhere it is spoken against.
23 ၂၃ ထိုသူတို့သည်ရက်ချိန်းပေးကြ၏။ ချိန်းသည့်နေ့ ၌ ပေါလုတည်းခိုရာသို့လူအမြောက်အမြား လာရောက်ကြ၏။ ပေါလုသည်နံနက်မှညနေ ချမ်းတိုင်အောင် ဘုရားသခင်၏နိုင်ငံတော်ဆိုင် ရာတရားတော်အကြောင်းကိုရှင်းလင်းဖော် ပြ၏။ သခင်ယေရှု၏အကြောင်းတော်ကိုလည်း မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များမှကောက်နုတ်ကာ ထိုသူတို့နားလည် သဘောပေါက်လာစေရန်ကြိုးစား၍ဟော ပြော၏။
And when they had appointed him a day, they came to him into his lodging in great number; to whom he expounded [the matter], testifying the kingdom of God, and persuading them concerning Jesus, both from the law of Moses and from the prophets, from morning till evening.
24 ၂၄ လူအချို့တို့သည်ပေါလု၏ဟောပြောချက် ကိုနားလည်သဘောပေါက်လာကြသော် လည်း အချို့သူတို့မူကားမယုံကြည်ကြ။-
And some believed the things which were spoken, and some disbelieved.
25 ၂၅ ဤသို့ပေါလုဆိုသောအခါယုဒအမျိုးသား တို့သည် အချင်းချင်းပြင်းထန်စွာငြင်းခုံလျက် ထွက်သွားကြ၏။ ပေါလုက ``ပရောဖက်ဟေရှာယ အားဖြင့် သင်တို့ဘိုးဘေးတို့အားသန့်ရှင်းသော ဝိညာဉ်တော်ဖော်ပြပုံမှာလျောက်ပတ်လှပေ၏။ ဖော်ပြပုံမှာဤသို့တည်း။
And when they agreed not among themselves, they departed, after that Paul had spoken one word, Well spake the Holy Ghost by Isaiah the prophet unto your fathers,
26 ၂၆ `ဤလူမျိုးထံသို့သွား၍ပြောကြားလော့။ သင်တို့သည်ကြိုးစား၍နားထောင်သော်လည်း နားလည်လိမ့်မည်မဟုတ်။ ကြိုးစား၍ကြည့်သော်လည်းမြင်လိမ့်မည်မဟုတ်။
saying, Go thou unto this people, and say, By hearing ye shall hear, and shall in no wise understand; And seeing ye shall see, and shall in no wise perceive:
27 ၂၇ အဘယ်ကြောင့်ဆိုသော်ဤလူမျိုး၏ စိတ်နှလုံးသည်ထိုင်းမှိုင်းလျက်၊ သူတို့၏နားများသည်လေးလျက်သူတို့၏ မျက်စိများသည်ပိတ်လျက်ရှိသောကြောင့်ဖြစ်၏။ အကယ်၍သာဤသို့မဖြစ်ဘဲသူတို့၏ မျက်စိများသည်မြင်နိုင်လျက်၊ နားများသည်ကြားနိုင်လျက်စိတ်နှလုံးများသည် သိနားလည်ကြပါမူ၊ သူတို့သည်စိတ်သဘောပြောင်းလဲလာကြမည် ဖြစ်၍ ငါသည်လည်းသူတို့အားကျန်းမာစေတော် မူမည်' '' ဟုဆိုလေသည်။
For this people’s heart is waxed gross, And their ears are dull of hearing, And their eyes they have closed; Lest haply they should perceive with their eyes, And hear with their ears, And understand with their heart, And should turn again, And I should heal them.
28 ၂၈ နိဂုံးချုပ်အနေဖြင့်ပေါလုက ``သို့ဖြစ်၍ ကယ်တင်တော်မူခြင်းဆိုင်ရာဘုရားသခင်၏ ကယ်တင်ခြင်းတရားကို လူမျိုးခြားတို့ကြား နာရန်ဟောပြောမည့်သူတို့ကိုစေလွှတ်ပြီဖြစ် ၍ သူတို့သည်ကြားနာကြလိမ့်မည်ဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့'' ဟုဆို၏။
Be it known therefore unto you, that this salvation of God is sent unto the Gentiles: they will also hear.
29 ၂၉ (ဤသို့ပေါလုဆိုသောအခါယုဒအမျိုးသား တို့သည် အချင်းချင်းပြင်းထန်စွာငြင်းခုံလျက် ထွက်သွားကြ၏။)
30 ၃၀ ပေါလုသည်ထိုမြို့တွင်နှစ်နှစ်ပတ်လုံး မိမိငှား ရမ်းထားသည့်အိမ်တွင်နေ၏။ မိမိထံလာရောက် ကြသူအပေါင်းတို့အားကြိုဆိုဧည့်ခံလျက်၊-
And he abode two whole years in his own hired dwelling, and received all that went in unto him,
31 ၃၁ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုဟော ပြော၍ သခင်ယေရှု၏အကြောင်းတော်ကို အဆီးအတားမရှိဘဲရဲရင့်စွာဟောပြော သွန်သင်လျက်နေ၏။ ရှင်လုကာစီရင်ရေးသားသောတမန်တော် ဝတ္ထုပြီး၏။
preaching the kingdom of God, and teaching the things concerning the Lord Jesus Christ with all boldness, none forbidding him.