< တမန်တော်ဝတ္ထု 27 >

1 ဖေတ္တု​သည်​ကျွန်ုပ်​တို့​ကို​ဣ​တ​လိ​ပြည်​သို့ သင်္ဘော​ဖြင့်​ပို့​ရန်​ဆုံး​ဖြတ်​ပြီး​နောက် ပေါ​လု နှင့်​အ​ခြား​အ​ကျဉ်း​သား​အ​ချို့​တို့​ကို ဧ​က ရာဇ်​မင်း​တပ်​တော်​ဟု​ခေါ်​သော​တစ်​ထောင်​တပ် မှ​တပ်​မှူး​ယု​လ​လက်​သို့​ပေး​အပ်​လိုက်​၏။-
ως δε εκριθη του αποπλειν ημας εις την ιταλιαν παρεδιδουν τον τε παυλον και τινας ετερους δεσμωτας εκατονταρχη ονοματι ιουλιω σπειρας σεβαστης
2 ကျွန်ုပ်​တို့​သည်​အာ​ရှ​နယ်​ကမ်း​ခြေ​တစ်​လျှောက် ရှိ​သော သင်္ဘော​ဆိပ်​မြို့​များ​သို့​သွား​မည့်​ဆဲ​ဆဲ ဖြစ်​သော​သင်္ဘော​တစ်​စင်း​ပေါ်​သို့​တက်​၍​ရွက် လွှင့်​ကြ​၏။ ထို​သင်္ဘော​သည်​အာ​ဒြ​မုတ္တိ​မြို့​မှ လာ​သော​သင်္ဘော​ဖြစ်​၏။ မာ​ကေ​ဒေါ​နိ​ပြည် သက်​သာ​လော​နိတ်​မြို့​သား​အာ​ရိတ္တ​ခု​သည် လည်း​ကျွန်ုပ်​တို့​နှင့်​အ​တူ​ပါ​လာ​၏။-
επιβαντες δε πλοιω ατραμυτινω μελλοντες πλειν τους κατα την ασιαν τοπους ανηχθημεν οντος συν ημιν αρισταρχου μακεδονος θεσσαλονικεως
3 နောက်​တစ်​နေ့​၌​ကျွန်ုပ်​တို့​သည်​ဇိ​ဒုန်​မြို့​သို့ ဆိုက်​ကပ်​ကြ​၏။ ယု​လိ​သည်​ပေါ​လု​ကို​သ​နား ကြင်​နာ​စိတ်​ရှိ​သ​ဖြင့် မိတ်​ဆွေ​များ​ထံ​သွား ရောက်​တွေ့​ဆုံ​ခွင့်​ပြု​၏။-
τη τε ετερα κατηχθημεν εις σιδωνα φιλανθρωπως τε ο ιουλιος τω παυλω χρησαμενος επετρεψεν προς τους φιλους πορευθεντα επιμελειας τυχειν
4 ထို​သူ​တို့​အား​လည်း​ပေါ​လု​ကို​ပြု​စု​လုပ်​ကျွေး ခွင့်​ပေး​၏။ ထို​မြို့​မှ​ထွက်​ခွာ​ကြ​သော​အ​ခါ လေ​ဆန်​နှင့်​ကြုံ​နေ​သ​ဖြင့် ကု​ပ​ရု​ကျွန်း​လေ ရိပ်​ကို​ခို​၍​ရွက်​လွှင့်​ရ​ကြ​၏။-
κακειθεν αναχθεντες υπεπλευσαμεν την κυπρον δια το τους ανεμους ειναι εναντιους
5 ထို​နောက်​ကိ​လိ​ကိ​ပြည်​နှင့်​ပံ​ဖု​လိ​ပြည်​ပင် လယ်​ပြင်​ကို​ဖြတ်​၍​ကူး​ကြ​ရာ လု​ကိ​ပြည် မု​ရ​မြို့​သို့​ရောက်​ကြ​၏။-
το τε πελαγος το κατα την κιλικιαν και παμφυλιαν διαπλευσαντες κατηχθημεν εις μυρα της λυκιας
6 ထို​မြို့​တွင်​ဣ​တ​လိ​ပြည်​သို့​သွား​မည့်​အာ​လေ ဇန္ဒြိ​မြို့​မှ​ရောက်​ရှိ​လာ​သော​သင်္ဘော​တစ်​စင်း​ကို တွေ့​သ​ဖြင့် တပ်​မှူး​သည်​ကျွန်ုပ်​တို့​အား​ထို သင်္ဘော​ပေါ်​သို့​တက်​စေ​၏။
κακει ευρων ο εκατονταρχος πλοιον αλεξανδρινον πλεον εις ιταλιαν ενεβιβασεν ημας εις αυτο
7 ကျွန်ုပ်​တို့​သည်​တ​ရွေ့​ရွေ့​ရက်​ပေါင်း​များ​စွာ​ရွက် လွှင့်​ပြီး​နောက် က​နိဒ်​မြို့​အ​နီး​သို့​ခက်​ခက်​ခဲ​ခဲ နှင့်​ရောက်​ကြ​၏။ လေ​မ​သင့်​၍​ရှေ့​သို့​မ​သွား နိုင်​သ​ဖြင့်​ကျွန်ုပ်​တို့​သည်​သာ​လ​မုန်​အ​ငူ အ​နီး​မှ​ဖြတ်​၍ က​ရေ​တေ​ကျွန်း​တောင်​ဘက် လေ​ရိပ်​ကို​ခို​လျက်​ရွက်​လွှင့်​ကြ​၏။-
εν ικαναις δε ημεραις βραδυπλοουντες και μολις γενομενοι κατα την κνιδον μη προσεωντος ημας του ανεμου υπεπλευσαμεν την κρητην κατα σαλμωνην
8 ပင်​လယ်​ကမ်း​နှင့်​ခပ်​နီး​နီး​ရွက်​လွှင့်​လျက် ခက် ခက်​ခဲ​ခဲ​နှင့်​လာ​သဲ​မြို့​အ​နီး​ဆိပ်​သာ​ယာ ဟု​ခေါ်​သော​အ​ရပ်​သို့​ရောက်​ကြ​၏။
μολις τε παραλεγομενοι αυτην ηλθομεν εις τοπον τινα καλουμενον καλους λιμενας ω εγγυς ην πολις λασαια
9 ကျွန်ုပ်​တို့​သည်​ထို​အ​ရပ်​တွင်​ရက်​ပေါင်း​မျာ​စွာ ရပ်​နား​ခဲ့​ကြ​ရာ အ​ပြစ်​ဖြေ​ရာ​ပွဲ​နေ့​အ​ခါ ပင်​လွန်​၍​လာ​ပြီ။ ထို့​ကြောင့်​ပင်​လယ်​ခ​ရီး​ပြု ရန်​ဘေး​အန္တရာယ်​မ​ကင်း​တော့​ပေ။ သို့​ဖြစ်​၍ ပေါ​လု​က၊-
ικανου δε χρονου διαγενομενου και οντος ηδη επισφαλους του πλοος δια το και την νηστειαν ηδη παρεληλυθεναι παρηνει ο παυλος
10 ၁၀ ``အ​ချင်း​တို့၊ ယ​ခု​အ​ခါ​၌​ပင်​လယ်​ခ​ရီး ပြု​မည်​ဆို​ပါ​က သင်္ဘော​နှင့်​ကုန်​ပစ္စည်း​များ သာ​မ​က​ကျွန်ုပ်​တို့​၏​အ​သက်​ပါ​ဆုံး​ရှုံး စ​ရာ​ရှိ​ကြောင်း​ငါ​တွေ့​မြင်​၏'' ဟု​သ​တိ ပေး​စ​ကား​ပြော​ကြား​၏။-
λεγων αυτοις ανδρες θεωρω οτι μετα υβρεως και πολλης ζημιας ου μονον του φορτου και του πλοιου αλλα και των ψυχων ημων μελλειν εσεσθαι τον πλουν
11 ၁၁ သို့​ရာ​တွင်​တပ်​မှူး​သည်​ပေါ​လု​၏​စ​ကား​ထက် ရေ​ယာဉ်​မှူး​နှင့်​သင်္ဘော​ပိုင်​ရှင်​တို့​၏​စ​ကား​ကို ပို​၍​ယုံ​၏။-
ο δε εκατονταρχος τω κυβερνητη και τω ναυκληρω επειθετο μαλλον η τοις υπο του παυλου λεγομενοις
12 ၁၂ ဤ​ဆိပ်​ကမ်း​တွင်​ဆောင်း​ကာ​လ​ပတ်​လုံး​ရပ်​နား ရန်​မ​သင့်​သ​ဖြင့် လူ​များ​စု​က​ဤ​ဆိပ်​ကမ်း​မှ ထွက်​ခွာ​ပြီး​လျှင် ဖြစ်​နိုင်​ပါ​က​ဖိ​နိတ်​မြို့​သို့ ရောက်​အောင်​သွား​၍​ဆောင်း​ရာ​သီ​အ​တွက်​ရပ် နား​လို​ကြ​၏။ ဖိ​နိတ်​ဆိပ်​ကမ်း​ကား​က​ရေ​တေ ကျွန်း​တွင်​ရှိ​၍ အ​နောက်​တောင်​နှင့်​အ​နောက် မြောက်​သို့​မျက်​နှာ​မူ​လျက်​ရှိ​သ​တည်း။
ανευθετου δε του λιμενος υπαρχοντος προς παραχειμασιαν οι πλειους εθεντο βουλην αναχθηναι εκειθεν ει πως δυναιντο καταντησαντες εις φοινικα παραχειμασαι λιμενα της κρητης βλεποντα κατα λιβα και κατα χωρον
13 ၁၃ တောင်​လေ​ပြေ​က​လေး​စ​၍​တိုက်​ခတ်​လာ​သော အ​ခါ သင်္ဘော​သား​တို့​သည်​မိ​မိ​တို့​၏​အ​ကြံ အောင်​မည်​ဟု​ထင်​မှတ်​လျက် ကျောက်​ဆူး​ကို​နုတ် ပြီး​လျှင်​သင်္ဘော​ကို​က​ရေ​တေ​ကမ်း​ခြေ​တစ် လျှောက်​ကပ်​နိုင်​သ​မျှ​ကပ်​၍​ရွက်​လွှင့်​ကြ​၏။-
υποπνευσαντος δε νοτου δοξαντες της προθεσεως κεκρατηκεναι αραντες ασσον παρελεγοντο την κρητην
14 ၁၄ သို့​ရာ​တွင်​မ​ကြာ​မီ​ပင်​အ​ရှေ့​မြောက်​ရာ​သီ လေ​ဟု​နာ​မည်​ရှိ​သော​လေ​သည် ကုန်း​ဘက်​မှ အ​ဟုန်​ပြင်း​စွာ​တိုက်​ခတ်​လာ​လေ​သည်။-
μετ ου πολυ δε εβαλεν κατ αυτης ανεμος τυφωνικος ο καλουμενος ευροκλυδων
15 ၁၅ သင်္ဘော​သည်​လေ​အ​ဟုန်​တွင်​မိ​သ​ဖြင့် ထို​လေ ကို​ရင်​ဆိုင်​ရန်​မ​တတ်​နိုင်​တော့​ပေ။ သို့​ဖြစ်​၍ ကျွန်ုပ်​တို့​သည်​လက်​လျှော့​လိုက်​ရ​ကြ​၏။ လေ တိုက်​ရာ​သို့​လွင့်​ပါ​သွား​ကြ​ပြီး​နောက်၊-
συναρπασθεντος δε του πλοιου και μη δυναμενου αντοφθαλμειν τω ανεμω επιδοντες εφερομεθα
16 ၁၆ က​လော​ဒေ​ခေါ်​ကျွန်း​ငယ်​တောင်​ဘက်​သို့​ရောက်​ရှိ သော​အ​ခါ လေ​ပြင်း​ဒဏ်​မှ​အ​နည်း​ငယ်​အ​ကွယ် အ​ကာ​ရ​ရှိ​ကြ​၏။ ထို​အ​ရပ်​တွင်​သင်္ဘော​နောက် မှ​အ​သက်​ကယ်​လှေ​ငယ်​ကို​မ​ပျက်​စီး​စေ​ရန် အ​နိုင်​နိုင်​ကြိုး​စား​ကြ​၏။-
νησιον δε τι υποδραμοντες καλουμενον κλαυδην μολις ισχυσαμεν περικρατεις γενεσθαι της σκαφης
17 ၁၇ သင်္ဘော​သား​တို့​သည်​ထို​လှေ​ကို​ဆွဲ​တင်​ပြီး​လျှင် သင်္ဘော​ဝမ်း​ကို​ကြိုး​များ​ဖြင့်​ပတ်​၍​ခိုင်​ခန့်​အောင် ပြု​ကြ​၏။ သူ​တို့​သည်​သု​ရ​တိ​သောင်​တွင်​သင်္ဘော တင်​မည်​စိုး​သ​ဖြင့် ရွက်​ကို​လျှော့​ချ​လိုက်​ပြီး လျှင်​သင်္ဘော​ကို​လေ​တိုက်​ရာ​သို့​မျော​ပါ​စေ ကြ​၏။
ην αραντες βοηθειαις εχρωντο υποζωννυντες το πλοιον φοβουμενοι τε μη εις την συρτιν εκπεσωσιν χαλασαντες το σκευος ουτως εφεροντο
18 ၁၈ နောက်​တစ်​နေ့​၌​လည်း​လေ​ပြင်း​မုန်​တိုင်း​ဆက် လက်​တိုက်​ခတ်​နေ​သ​ဖြင့် သူ​တို့​သည်​ကုန်​ပစ္စည်း အ​ချို့​ကို​သင်္ဘော​ပေါ်​မှ​ပစ်​ချ​ကြ​၏။-
σφοδρως δε χειμαζομενων ημων τη εξης εκβολην εποιουντο
19 ၁၉ တ​တိ​ယ​နေ့​၌​သင်္ဘော​နှင့်​စပ်​ဆိုင်​သော​ကုန် ပစ္စည်း​တန်​ဆာ​အ​ချို့​ကို​ပစ်​ချ​ကြ​၏။-
και τη τριτη αυτοχειρες την σκευην του πλοιου ερριψαμεν
20 ၂၀ ကျွန်ုပ်​တို့​သည်​ရက်​ပေါင်း​များ​စွာ​နေ​နှင့် ကြယ်​နက္ခတ်​များ​ကို​မ​တွေ့​မ​မြင်​နိုင်​ကြ။ လေ​သည်​ဆက်​၍​အ​ရှိန်​ပြင်း​စွာ​တိုက်​ခတ် လျက်​ရှိ​၏။ နောက်​ဆုံး​၌​ကျွန်ုပ်​တို့​သည် သေ ဘေး​မှ​လွတ်​မြောက်​နိုင်​တော့​မည်​မ​ဟုတ် ဟု​စိတ်​လျှော့​လိုက်​ကြ​၏။
μητε δε ηλιου μητε αστρων επιφαινοντων επι πλειονας ημερας χειμωνος τε ουκ ολιγου επικειμενου λοιπον περιηρειτο πασα ελπις του σωζεσθαι ημας
21 ၂၁ လူ​တို့​သည်​ကာ​လ​ကြာ​မြင့်​စွာ​အ​စာ မ​စား​ဘဲ​နေ​ကြ​ပြီး​နောက် ပေါ​လု​သည် သူ​တို့​အ​လယ်​တွင်​ရပ်​၍ ``အ​ချင်း​တို့၊ သင် တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင်​၍ က​ရေ တေ​ကျွန်း​မှ​မ​ထွက်​မ​ခွာ​ဘဲ​နေ​သင့်​ကြ​၏။ သို့​နေ​ခဲ့​ကြ​မူ​ဤ​သို့​ပျက်​စီး​ဆုံး​ရှုံး​မှု နှင့်​ရင်​ဆိုင်​ကြ​ရ​မည်​မ​ဟုတ်။-
πολλης δε ασιτιας υπαρχουσης τοτε σταθεις ο παυλος εν μεσω αυτων ειπεν εδει μεν ω ανδρες πειθαρχησαντας μοι μη αναγεσθαι απο της κρητης κερδησαι τε την υβριν ταυτην και την ζημιαν
22 ၂၂ သို့​သော်​အား​မ​ငယ်​ကြ​နှင့်။ သင်​တို့​အ​နက် မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​အ​သက်​ဆုံး​ရှုံး ရ​မည်​မ​ဟုတ်။ သင်္ဘော​သာ​လျှင်​ဆုံး​ရှုံး​ရ လိမ့်​မည်။-
και τα νυν παραινω υμας ευθυμειν αποβολη γαρ ψυχης ουδεμια εσται εξ υμων πλην του πλοιου
23 ၂၃ ငါ​၏​အ​ရှင်၊ ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် ၏​ကောင်း​ကင်​တ​မန်​သည်​လွန်​ခဲ့​သော​ည​က ငါ့​ထံ​သို့​လာ​လျက်၊-
παρεστη γαρ μοι ταυτη τη νυκτι αγγελος του θεου ου ειμι ω και λατρευω
24 ၂၄ `ပေါ​လု၊ မ​ကြောက်​နှင့်။ သင်​သည်​ဧ​က​ရာဇ်​ဘု​ရင် ရှေ့​တော်​သို့​ရောက်​ရ​မည်။ ဘု​ရား​သ​ခင်​သည်​သင့် ကို​ထောက်​ထား​တော်​မူ​သ​ဖြင့် သင်​နှင့်​အ​တူ သင်္ဘော​စီး​ခဲ့​ကြ​သူ​အ​ပေါင်း​တို့​အား​သေ​ဘေး မှ​လွတ်​မြောက်​စေ​တော်​မူ​လိမ့်​မည်' ဟု​ဆို​ပါ​၏။-
λεγων μη φοβου παυλε καισαρι σε δει παραστηναι και ιδου κεχαρισται σοι ο θεος παντας τους πλεοντας μετα σου
25 ၂၅ သို့​ဖြစ်​၍​အား​မ​ငယ်​ကြ​နှင့်။ ငါ​သည်​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​သူ​ဖြစ်​၏။ ထို့​ကြောင့်​ငါ့ အား​ကောင်း​ကင်​တ​မန်​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​ပျက်​လိမ့်​မည်။-
διο ευθυμειτε ανδρες πιστευω γαρ τω θεω οτι ουτως εσται καθ ον τροπον λελαληται μοι
26 ၂၆ သို့​ရာ​တွင်​ငါ​တို့​သင်္ဘော​သည်​ကျွန်း​တစ်​ခု တွင်​သောင်​တင်​လိမ့်​မည်'' ဟု​ဆို​၏။
εις νησον δε τινα δει ημας εκπεσειν
27 ၂၇ တစ်​ဆယ့်​လေး​ရက်​မြောက်​သော​ည​၌ ကျွန်ုပ်​တို့ သင်္ဘော​သည်​မြေ​ထဲ​ပင်​လယ်​တွင်​လေ​ပြင်း​မုန် တိုင်း​တိုက်​ခတ်​ရာ​သို့​မျော​ပါ​လျက်​ရှိ​၏။ သန်း ခေါင်​အ​ချိန်​ခန့်​တွင်​သင်္ဘော​သား​တို့​သည် ကမ်း တစ်​ခု​ခု​နှင့်​နီး​လာ​သည်​ဟု​ရိပ်​စား​မိ​ကြ​၏။-
ως δε τεσσαρεσκαιδεκατη νυξ εγενετο διαφερομενων ημων εν τω αδρια κατα μεσον της νυκτος υπενοουν οι ναυται προσαγειν τινα αυτοις χωραν
28 ၂၈ သူ​တို့​သည်​ရေ​တိမ်​ရေ​နက်​ကို​တိုင်း​ကြည့်​ကြ သော​အ​ခါ ပေ​တစ်​ရာ့​နှစ်​ဆယ်​ရှိ​ကြောင်း​တွေ့ ရ​ကြ​၏။ ရှေ့​သို့​အ​နည်း​ငယ်​သွား​ပြီး​နောက် တစ်​ဖန်​တိုင်း​ကြည့်​ပြန်​ရာ​ပေ​ကိုး​ဆယ်​ရှိ သည်​ကို​တွေ့​ရ​၏။-
και βολισαντες ευρον οργυιας εικοσι βραχυ δε διαστησαντες και παλιν βολισαντες ευρον οργυιας δεκαπεντε
29 ၂၉ သူ​တို့​သည်​ကျောက်​ဆောင်​နှင့်​တိုက်​မိ​မည်​စိုး သ​ဖြင့် သင်္ဘော​ပဲ့​ပိုင်း​မှ​ကျောက်​ဆူး​လေး​ခု ကို​ချ​ပြီး​လျှင် ``မိုး​လင်း​ပါ​စေ'' ဟု​ဆု​တောင်း ကြ​၏။-
φοβουμενοι τε μη πως εις τραχεις τοπους εκπεσωμεν εκ πρυμνης ριψαντες αγκυρας τεσσαρας ηυχοντο ημεραν γενεσθαι
30 ၃၀ သင်္ဘော​သား​များ​သည်​သင်္ဘော​ဦး​ပိုင်း​မှ​ကျောက် ဆူး​ချ​မည့်​ဟန်​ဖြင့် အ​သက်​ကယ်​လှေ​ကို​လျှော ချ​၍​ထွက်​ပြေး​ရန်​ကြိုး​စား​ကြ​စဉ်၊-
των δε ναυτων ζητουντων φυγειν εκ του πλοιου και χαλασαντων την σκαφην εις την θαλασσαν προφασει ως εκ πρωρας μελλοντων αγκυρας εκτεινειν
31 ၃၁ ပေါ​လု​သည်​တပ်​မှူး​နှင့်​စစ်​သား​များ​အား ``ဤ သင်္ဘော​သား​တို့​သည်​သင်္ဘော​ပေါ်​တွင်​မ​နေ​ကြ လျှင် သင်​တို့​ကိုယ်​တိုင်​အ​သက်​ချမ်း​သာ​ရန် မျှော်​လင့်​ချက်​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ပြော လေ​၏။-
ειπεν ο παυλος τω εκατονταρχη και τοις στρατιωταις εαν μη ουτοι εν τω πλοιω μεινωσιν υμεις σωθηναι ου δυνασθε
32 ၃၂ ထို​အ​ခါ​စစ်​သား​တို့​သည်​အ​သက်​ကယ်​လှေ ကြိုး​များ​ကို​ခုတ်​ဖြတ်​၍ လှေ​ကို​အောက်​သို့ ချ​လိုက်​ကြ​၏။
τοτε οι στρατιωται απεκοψαν τα σχοινια της σκαφης και ειασαν αυτην εκπεσειν
33 ၃၃ မိုး​လင်း​ခါ​နီး​၌​ပေါ​လု​သည်​ထို​သူ​အ​ပေါင်း တို့​အား အ​စာ​စား​ရန်​တိုက်​တွန်း​လို​၍ ``သင် တို့​သည်​အ​ဘယ်​သို့​ဖြစ်​မည်​ကို​စောင့်​မျှော်​ကာ အ​ငတ်​ခံ​လျက်​နေ​ခဲ့​ကြ​သည်​မှာ​တစ်​ဆယ့် လေး​ရက်​ရှိ​ပေ​ပြီ။ သင်​တို့​သည်​မည်​သည့် အ​စား​အ​စာ​ကို​မျှ​မ​စား​ခဲ့​ကြ။-
αχρι δε ου εμελλεν ημερα γινεσθαι παρεκαλει ο παυλος απαντας μεταλαβειν τροφης λεγων τεσσαρεσκαιδεκατην σημερον ημεραν προσδοκωντες ασιτοι διατελειτε μηδεν προσλαβομενοι
34 ၃၄ သင်​တို့​ဆက်​လက်​အ​သက်​ရှင်​နိုင်​ရေး​အ​တွက် အ​စား​အ​စာ​စား​ကြ​ရန်​ငါ​တောင်း​ပန်​ပါ​၏။ သင်​တို့​တစ်​စုံ​တစ်​ယောက်​၏​ဦး​ခေါင်း​မှ​ဆံ ခြည်​တစ်​ပင်​မျှ​ပင်​လျှင်​ပျက်​စီး​ဆုံး​ရှုံး ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။-
διο παρακαλω υμας μεταλαβειν τροφης τουτο γαρ προς της ημετερας σωτηριας υπαρχει ουδενος γαρ υμων θριξ εκ της κεφαλης πεσειται
35 ၃၅ ထို​နောက်​ပေါ​လု​သည်​မုန့်​ကို​ယူ​ပြီး​လျှင် ထို သူ​အား​လုံး​တို့​၏​ရှေ့​တွင်​ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက်​မုန့်​ကို ဖဲ့​၍​စား​လေ​၏။-
ειπων δε ταυτα και λαβων αρτον ευχαριστησεν τω θεω ενωπιον παντων και κλασας ηρξατο εσθιειν
36 ၃၆ ထို​အ​ခါ​ထို​သူ​အား​လုံး​ပင်​အား​တက်​လာ ကြ​ပြီး​လျှင် အ​စား​အ​စာ​စား​ကြ​ကုန်​၏။-
ευθυμοι δε γενομενοι παντες και αυτοι προσελαβοντο τροφης
37 ၃၇ သင်္ဘော​ပေါ်​တွင်​စု​စု​ပေါင်း​လူ​နှစ်​ရာ​ခု​နစ် ဆယ့်​ခြောက်​ယောက်​ရှိ​၏။-
ημεν δε εν τω πλοιω αι πασαι ψυχαι διακοσιαι εβδομηκοντα εξ
38 ၃၈ လူ​တိုင်း​ဝ​အောင်​စား​ကြ​ပြီး​သော​အ​ခါ သင်္ဘော​ကို​ပေါ့​စေ​ရန် ဂျုံ​ဆန်​ရှိ​သ​မျှ​ကို ပင်​လယ်​ထဲ​သို့​ပစ်​ချ​ကြ​၏။
κορεσθεντες δε τροφης εκουφιζον το πλοιον εκβαλλομενοι τον σιτον εις την θαλασσαν
39 ၃၉ မိုး​လင်း​သော​အ​ခါ​သင်္ဘော​သား​တို့​သည် မိ​မိ တို့​မည်​သည့်​အ​ရပ်​သို့​ရောက်​ရှိ​နေ​မှန်း​မ​သိ ကြ​သော်​လည်း ပင်​လယ်​ကွေ့​ကမ်း​ခြေ​တစ်​ခု​ကို တွေ့​မြင်​ကြ​သ​ဖြင့် ဖြစ်​နိုင်​ပါ​က​ထို​ကမ်း​ခြေ ပေါ်​သို့​သင်္ဘော​ကို​ထိုး​တင်​ရန်​ဆုံး​ဖြတ်​ကြ​၏။-
οτε δε ημερα εγενετο την γην ουκ επεγινωσκον κολπον δε τινα κατενοουν εχοντα αιγιαλον εις ον εβουλευσαντο ει δυνατον εξωσαι το πλοιον
40 ၄၀ သူ​တို့​သည်​ကျောက်​ကြိုး​ကို​ဖြတ်​၍​ကျောက်​ဆူး များ​ကို​ပင်​လယ်​ထဲ​သို့​ချ​လိုက်​ကြ​၏။ တစ်​ချိန် တည်း​မှာ​ပင်​ပဲ့​ထိန်း​တက်​များ​မှ​ကြိုး​တို့​ကို လည်း​ဖြေ​ကြ​၏။ ထို​နောက်​သင်္ဘော​ဦး​မှ​ရွက် ကို​တင်​၍​ကမ်း​ခြေ​ဘက်​သို့​ရွက်​တိုက်​ကြ​၏။-
και τας αγκυρας περιελοντες ειων εις την θαλασσαν αμα ανεντες τας ζευκτηριας των πηδαλιων και επαραντες τον αρτεμονα τη πνεουση κατειχον εις τον αιγιαλον
41 ၄၁ သို့​ရာ​တွင်​သင်္ဘော​သည်​ရေ​တိမ်​ရာ​သို့​ရောက်​၍ သောင်​တင်​နေ​တော့​၏။ သင်္ဘော​ဦး​သည်​သောင်​တွင် စိုက်​လျက်​နေ​သ​ဖြင့်​လှုပ်​ရှား​၍​မ​ရ။ သင်္ဘော ပဲ့​ပိုင်း​မှာ​မူ​လှိုင်း​လုံး​များ​ရိုက်​သ​ဖြင့်​ကျိုး ပျက်​စ​ပြု​လာ​၏။
περιπεσοντες δε εις τοπον διθαλασσον επωκειλαν την ναυν και η μεν πρωρα ερεισασα εμενεν ασαλευτος η δε πρυμνα ελυετο υπο της βιας των κυματων
42 ၄၂ ထို​အ​ခါ​စစ်​သား​များ​သည်​အ​ကျဉ်း​သား​တို့ ရေ​ကူး​၍​ထွက်​ပြေး​မည်​ကို​စိုး​ရိမ်​သ​ဖြင့် သူ တို့​အား​အ​သေ​သတ်​ရန်​ကြံ​စည်​ကြ​၏။-
των δε στρατιωτων βουλη εγενετο ινα τους δεσμωτας αποκτεινωσιν μη τις εκκολυμβησας διαφυγη
43 ၄၃ သို့​သော်​တပ်​မှူး​သည်​ပေါ​လု​ကို​ကယ်​ဆယ်​လို သ​ဖြင့် စစ်​သား​များ​၏​အ​ကြံ​အ​စည်​အ​တိုင်း မ​ပြု​လုပ်​ရန်​တား​မြစ်​ပြီး​လျှင် ဦး​စွာ​ပ​ထ​မ ရေ​ကူး​တတ်​သူ​တို့​အား​သင်္ဘော​ပေါ်​မှ​ခုန်​ချ စေ​ပြီး​နောက်​ကုန်း​သို့​ကူး​စေ​၏။-
ο δε εκατονταρχος βουλομενος διασωσαι τον παυλον εκωλυσεν αυτους του βουληματος εκελευσεν τε τους δυναμενους κολυμβαν απορριψαντας πρωτους επι την γην εξιεναι
44 ၄၄ ထို့​နောက်​ကျန်​သော​သူ​တို့​အား​ပျဉ်​ပြား​များ ကို​သော်​လည်း​ကောင်း၊ သင်္ဘော​ပျက်​မှ​သင်္ဘော​အ​ပိုင်း အ​စ​များ​ကို​သော်​လည်း​ကောင်း​စီး​၍​ကူး​ကြ ရန်​အ​မိန့်​ပေး​၏။ ဤ​နည်း​အား​ဖြင့်​ကျွန်ုပ်​တို့ အား​လုံး​ပင်​ဘေး​လွတ်​၍​ကုန်း​ပေါ်​သို့​ရောက် ကြ​သ​တည်း။
και τους λοιπους ους μεν επι σανισιν ους δε επι τινων των απο του πλοιου και ουτως εγενετο παντας διασωθηναι επι την γην

< တမန်တော်ဝတ္ထု 27 >