< တမန်တော်ဝတ္ထု 27 >
1 ၁ ဖေတ္တုသည်ကျွန်ုပ်တို့ကိုဣတလိပြည်သို့ သင်္ဘောဖြင့်ပို့ရန်ဆုံးဖြတ်ပြီးနောက် ပေါလု နှင့်အခြားအကျဉ်းသားအချို့တို့ကို ဧက ရာဇ်မင်းတပ်တော်ဟုခေါ်သောတစ်ထောင်တပ် မှတပ်မှူးယုလလက်သို့ပေးအပ်လိုက်၏။-
And when it was determined that we should sail away into Italy, they committed both Paul and certain other prisoners to the centurion, Julius by name, of the band of Augustus.
2 ၂ ကျွန်ုပ်တို့သည်အာရှနယ်ကမ်းခြေတစ်လျှောက် ရှိသော သင်္ဘောဆိပ်မြို့များသို့သွားမည့်ဆဲဆဲ ဖြစ်သောသင်္ဘောတစ်စင်းပေါ်သို့တက်၍ရွက် လွှင့်ကြ၏။ ထိုသင်္ဘောသည်အာဒြမုတ္တိမြို့မှ လာသောသင်္ဘောဖြစ်၏။ မာကေဒေါနိပြည် သက်သာလောနိတ်မြို့သားအာရိတ္တခုသည် လည်းကျွန်ုပ်တို့နှင့်အတူပါလာ၏။-
And having embarked on an Adramyttium ship, about to sail to those places along Asia, we set sail; Aristarchus, the Macedonian of Thessalonica, being with us.
3 ၃ နောက်တစ်နေ့၌ကျွန်ုပ်တို့သည်ဇိဒုန်မြို့သို့ ဆိုက်ကပ်ကြ၏။ ယုလိသည်ပေါလုကိုသနား ကြင်နာစိတ်ရှိသဖြင့် မိတ်ဆွေများထံသွား ရောက်တွေ့ဆုံခွင့်ပြု၏။-
And on the following day we disembarked at Sidon; and Julius, treating Paul kindly, permitted him having gone to his friends to receive their benefactions.
4 ၄ ထိုသူတို့အားလည်းပေါလုကိုပြုစုလုပ်ကျွေး ခွင့်ပေး၏။ ထိုမြို့မှထွက်ခွာကြသောအခါ လေဆန်နှင့်ကြုံနေသဖြင့် ကုပရုကျွန်းလေ ရိပ်ကိုခို၍ရွက်လွှင့်ရကြ၏။-
And having embarked from thence, we sailed under Cyprus, because the winds were contrary:
5 ၅ ထိုနောက်ကိလိကိပြည်နှင့်ပံဖုလိပြည်ပင် လယ်ပြင်ကိုဖြတ်၍ကူးကြရာ လုကိပြည် မုရမြို့သို့ရောက်ကြ၏။-
and having sailed through the sea which is opposite Cilicia and Pamphylia, we came down into Myra of Lycia.
6 ၆ ထိုမြို့တွင်ဣတလိပြည်သို့သွားမည့်အာလေ ဇန္ဒြိမြို့မှရောက်ရှိလာသောသင်္ဘောတစ်စင်းကို တွေ့သဖြင့် တပ်မှူးသည်ကျွန်ုပ်တို့အားထို သင်္ဘောပေါ်သို့တက်စေ၏။
And there the centurion having found an Alexandrian ship sailing into Italy; transferred us into it.
7 ၇ ကျွန်ုပ်တို့သည်တရွေ့ရွေ့ရက်ပေါင်းများစွာရွက် လွှင့်ပြီးနောက် ကနိဒ်မြို့အနီးသို့ခက်ခက်ခဲခဲ နှင့်ရောက်ကြ၏။ လေမသင့်၍ရှေ့သို့မသွား နိုင်သဖြင့်ကျွန်ုပ်တို့သည်သာလမုန်အငူ အနီးမှဖြတ်၍ ကရေတေကျွန်းတောင်ဘက် လေရိပ်ကိုခိုလျက်ရွက်လွှင့်ကြ၏။-
And sailing slowly during many days, and were come with difficulty over against Cnidus, the wind not favoring us, we sailed under Crete, opposite Salmone;
8 ၈ ပင်လယ်ကမ်းနှင့်ခပ်နီးနီးရွက်လွှင့်လျက် ခက် ခက်ခဲခဲနှင့်လာသဲမြို့အနီးဆိပ်သာယာ ဟုခေါ်သောအရပ်သို့ရောက်ကြ၏။
and, with difficulty passing by it, we came into a certain place called Fair Havens, near to which was the city Lasea.
9 ၉ ကျွန်ုပ်တို့သည်ထိုအရပ်တွင်ရက်ပေါင်းမျာစွာ ရပ်နားခဲ့ကြရာ အပြစ်ဖြေရာပွဲနေ့အခါ ပင်လွန်၍လာပြီ။ ထို့ကြောင့်ပင်လယ်ခရီးပြု ရန်ဘေးအန္တရာယ်မကင်းတော့ပေ။ သို့ဖြစ်၍ ပေါလုက၊-
And much time passing away, and navigation being already unsafe, because the Fast had already passed by, Paul exhorted them,
10 ၁၀ ``အချင်းတို့၊ ယခုအခါ၌ပင်လယ်ခရီး ပြုမည်ဆိုပါက သင်္ဘောနှင့်ကုန်ပစ္စည်းများ သာမကကျွန်ုပ်တို့၏အသက်ပါဆုံးရှုံး စရာရှိကြောင်းငါတွေ့မြင်၏'' ဟုသတိ ပေးစကားပြောကြား၏။-
saying to them, Men, I perceive that this voyage is going to be with peril and much loss, not only with the cargo and the ship, but also of our lives.
11 ၁၁ သို့ရာတွင်တပ်မှူးသည်ပေါလု၏စကားထက် ရေယာဉ်မှူးနှင့်သင်္ဘောပိုင်ရှင်တို့၏စကားကို ပို၍ယုံ၏။-
But the centurion trusted the pilot and midshipman, rather than the things spoken by Paul.
12 ၁၂ ဤဆိပ်ကမ်းတွင်ဆောင်းကာလပတ်လုံးရပ်နား ရန်မသင့်သဖြင့် လူများစုကဤဆိပ်ကမ်းမှ ထွက်ခွာပြီးလျှင် ဖြစ်နိုင်ပါကဖိနိတ်မြို့သို့ ရောက်အောင်သွား၍ဆောင်းရာသီအတွက်ရပ် နားလိုကြ၏။ ဖိနိတ်ဆိပ်ကမ်းကားကရေတေ ကျွန်းတွင်ရှိ၍ အနောက်တောင်နှင့်အနောက် မြောက်သို့မျက်နှာမူလျက်ရှိသတည်း။
And the harbor being unsafe for spending the winter, most of them projected to the council to depart thence, if perchance they might be able, having arrived into Phoenix, to spend the winter there; a harbor of Crete, looking toward the southeast and the northeast.
13 ၁၃ တောင်လေပြေကလေးစ၍တိုက်ခတ်လာသော အခါ သင်္ဘောသားတို့သည်မိမိတို့၏အကြံ အောင်မည်ဟုထင်မှတ်လျက် ကျောက်ဆူးကိုနုတ် ပြီးလျှင်သင်္ဘောကိုကရေတေကမ်းခြေတစ် လျှောက်ကပ်နိုင်သမျှကပ်၍ရွက်လွှင့်ကြ၏။-
And the south wind blowing, thinking they could achieve their purpose, lifting up a sail, they went coasting along near Crete.
14 ၁၄ သို့ရာတွင်မကြာမီပင်အရှေ့မြောက်ရာသီ လေဟုနာမည်ရှိသောလေသည် ကုန်းဘက်မှ အဟုန်ပြင်းစွာတိုက်ခတ်လာလေသည်။-
Not long afterward a typhonic wind, called Euraquilo, set in against her;
15 ၁၅ သင်္ဘောသည်လေအဟုန်တွင်မိသဖြင့် ထိုလေ ကိုရင်ဆိုင်ရန်မတတ်နိုင်တော့ပေ။ သို့ဖြစ်၍ ကျွန်ုပ်တို့သည်လက်လျှော့လိုက်ရကြ၏။ လေ တိုက်ရာသို့လွင့်ပါသွားကြပြီးနောက်၊-
and the ship having been seized, and being unable to resist the wind, having given away to it, we were borne along.
16 ၁၆ ကလောဒေခေါ်ကျွန်းငယ်တောင်ဘက်သို့ရောက်ရှိ သောအခါ လေပြင်းဒဏ်မှအနည်းငယ်အကွယ် အကာရရှိကြ၏။ ထိုအရပ်တွင်သင်္ဘောနောက် မှအသက်ကယ်လှေငယ်ကိုမပျက်စီးစေရန် အနိုင်နိုင်ကြိုးစားကြ၏။-
And running under a certain island called Clauda, we were scarcely able to get possession of the boat:
17 ၁၇ သင်္ဘောသားတို့သည်ထိုလှေကိုဆွဲတင်ပြီးလျှင် သင်္ဘောဝမ်းကိုကြိုးများဖြင့်ပတ်၍ခိုင်ခန့်အောင် ပြုကြ၏။ သူတို့သည်သုရတိသောင်တွင်သင်္ဘော တင်မည်စိုးသဖြင့် ရွက်ကိုလျှော့ချလိုက်ပြီး လျှင်သင်္ဘောကိုလေတိုက်ရာသို့မျောပါစေ ကြ၏။
which lifting up they used helps, under-girding the ship; and fearing lest they might fall into Syrtis, lowering the gear, they were thus carried along.
18 ၁၈ နောက်တစ်နေ့၌လည်းလေပြင်းမုန်တိုင်းဆက် လက်တိုက်ခတ်နေသဖြင့် သူတို့သည်ကုန်ပစ္စည်း အချို့ကိုသင်္ဘောပေါ်မှပစ်ချကြ၏။-
And we being tossed violently by the storm, they were successively making the casting out,
19 ၁၉ တတိယနေ့၌သင်္ဘောနှင့်စပ်ဆိုင်သောကုန် ပစ္စည်းတန်ဆာအချို့ကိုပစ်ချကြ၏။-
and on the third day with their own hands they threw overboard the tackling of the ship;
20 ၂၀ ကျွန်ုပ်တို့သည်ရက်ပေါင်းများစွာနေနှင့် ကြယ်နက္ခတ်များကိုမတွေ့မမြင်နိုင်ကြ။ လေသည်ဆက်၍အရှိန်ပြင်းစွာတိုက်ခတ် လျက်ရှိ၏။ နောက်ဆုံး၌ကျွန်ုပ်တို့သည် သေ ဘေးမှလွတ်မြောက်နိုင်တော့မည်မဟုတ် ဟုစိတ်လျှော့လိုက်ကြ၏။
and neither sun nor stars appearing for many days, and there being no small tempest on us, finally all hope of saving us was taken away.
21 ၂၁ လူတို့သည်ကာလကြာမြင့်စွာအစာ မစားဘဲနေကြပြီးနောက် ပေါလုသည် သူတို့အလယ်တွင်ရပ်၍ ``အချင်းတို့၊ သင် တို့သည်ငါ့စကားကိုနားထောင်၍ ကရေ တေကျွန်းမှမထွက်မခွာဘဲနေသင့်ကြ၏။ သို့နေခဲ့ကြမူဤသို့ပျက်စီးဆုံးရှုံးမှု နှင့်ရင်ဆိုင်ကြရမည်မဟုတ်။-
And there being much fasting, Paul standing in their midst, said, O men, truly it behooved you obeying me, not to depart from Crete, and incur this injury and loss.
22 ၂၂ သို့သော်အားမငယ်ကြနှင့်။ သင်တို့အနက် မည်သူတစ်စုံတစ်ယောက်မျှအသက်ဆုံးရှုံး ရမည်မဟုတ်။ သင်္ဘောသာလျှင်ဆုံးရှုံးရ လိမ့်မည်။-
And now I exhort you to take courage: for there will be no loss of the life of you, except the ship.
23 ၂၃ ငါ၏အရှင်၊ ငါကိုးကွယ်သောဘုရားသခင် ၏ကောင်းကင်တမန်သည်လွန်ခဲ့သောညက ငါ့ထံသို့လာလျက်၊-
For the angel of God, whose I am, and whom indeed I serve, stood by me this night,
24 ၂၄ `ပေါလု၊ မကြောက်နှင့်။ သင်သည်ဧကရာဇ်ဘုရင် ရှေ့တော်သို့ရောက်ရမည်။ ဘုရားသခင်သည်သင့် ကိုထောက်ထားတော်မူသဖြင့် သင်နှင့်အတူ သင်္ဘောစီးခဲ့ကြသူအပေါင်းတို့အားသေဘေး မှလွတ်မြောက်စေတော်မူလိမ့်မည်' ဟုဆိုပါ၏။-
saying, Fear not, Paul; for it behooveth thee to stand before Caesar: and, behold, God has given thee all those sailing along with thee.
25 ၂၅ သို့ဖြစ်၍အားမငယ်ကြနှင့်။ ငါသည်ဘုရား သခင်ကိုယုံကြည်သူဖြစ်၏။ ထို့ကြောင့်ငါ့ အားကောင်းကင်တမန်ဖော်ပြသည့်အတိုင်း ဖြစ်ပျက်လိမ့်မည်။-
Therefore cheer up, O men: for I believe God, that it shall be according to the manner which He has spoken to me.
26 ၂၆ သို့ရာတွင်ငါတို့သင်္ဘောသည်ကျွန်းတစ်ခု တွင်သောင်တင်လိမ့်မည်'' ဟုဆို၏။
But it behooves us to fall upon a certain island.
27 ၂၇ တစ်ဆယ့်လေးရက်မြောက်သောည၌ ကျွန်ုပ်တို့ သင်္ဘောသည်မြေထဲပင်လယ်တွင်လေပြင်းမုန် တိုင်းတိုက်ခတ်ရာသို့မျောပါလျက်ရှိ၏။ သန်း ခေါင်အချိန်ခန့်တွင်သင်္ဘောသားတို့သည် ကမ်း တစ်ခုခုနှင့်နီးလာသည်ဟုရိပ်စားမိကြ၏။-
And when it was the fourteenth night, we being borne along in the Adriatic Sea, about the middle of the night the sailors surmised that some country was coming to them.
28 ၂၈ သူတို့သည်ရေတိမ်ရေနက်ကိုတိုင်းကြည့်ကြ သောအခါ ပေတစ်ရာ့နှစ်ဆယ်ရှိကြောင်းတွေ့ ရကြ၏။ ရှေ့သို့အနည်းငယ်သွားပြီးနောက် တစ်ဖန်တိုင်းကြည့်ပြန်ရာပေကိုးဆယ်ရှိ သည်ကိုတွေ့ရ၏။-
And having sounded, they found it twenty fathoms; and moving on a short distance, and sounding again, they found it fifteen fathoms;
29 ၂၉ သူတို့သည်ကျောက်ဆောင်နှင့်တိုက်မိမည်စိုး သဖြင့် သင်္ဘောပဲ့ပိုင်းမှကျောက်ဆူးလေးခု ကိုချပြီးလျှင် ``မိုးလင်းပါစေ'' ဟုဆုတောင်း ကြ၏။-
and fearing lest they may fall out against rough places, casting four anchors from the stern, they were praying that the day should come.
30 ၃၀ သင်္ဘောသားများသည်သင်္ဘောဦးပိုင်းမှကျောက် ဆူးချမည့်ဟန်ဖြင့် အသက်ကယ်လှေကိုလျှော ချ၍ထွက်ပြေးရန်ကြိုးစားကြစဉ်၊-
And the sailors seeking to escape from the ship, and lowering the boat into the sea, with a pretext as about to cast anchors from the prow,
31 ၃၁ ပေါလုသည်တပ်မှူးနှင့်စစ်သားများအား ``ဤ သင်္ဘောသားတို့သည်သင်္ဘောပေါ်တွင်မနေကြ လျှင် သင်တို့ကိုယ်တိုင်အသက်ချမ်းသာရန် မျှော်လင့်ချက်ရှိလိမ့်မည်မဟုတ်'' ဟုပြော လေ၏။-
Paul said to the centurion and the soldiers, Unless these may remain in the ship, you are not able to be saved.
32 ၃၂ ထိုအခါစစ်သားတို့သည်အသက်ကယ်လှေ ကြိုးများကိုခုတ်ဖြတ်၍ လှေကိုအောက်သို့ ချလိုက်ကြ၏။
Then the soldiers cut the ropes away from the boat, and let it fall out.
33 ၃၃ မိုးလင်းခါနီး၌ပေါလုသည်ထိုသူအပေါင်း တို့အား အစာစားရန်တိုက်တွန်းလို၍ ``သင် တို့သည်အဘယ်သို့ဖြစ်မည်ကိုစောင့်မျှော်ကာ အငတ်ခံလျက်နေခဲ့ကြသည်မှာတစ်ဆယ့် လေးရက်ရှိပေပြီ။ သင်တို့သည်မည်သည့် အစားအစာကိုမျှမစားခဲ့ကြ။-
But until the day was about to come, Paul exhorted all to take food, saying, Already this day you remain in a state of solicitude, the fourteenth day, receiving nothing.
34 ၃၄ သင်တို့ဆက်လက်အသက်ရှင်နိုင်ရေးအတွက် အစားအစာစားကြရန်ငါတောင်းပန်ပါ၏။ သင်တို့တစ်စုံတစ်ယောက်၏ဦးခေါင်းမှဆံ ခြည်တစ်ပင်မျှပင်လျှင်ပျက်စီးဆုံးရှုံး ရလိမ့်မည်မဟုတ်'' ဟုဆို၏။-
Therefore I exhort you to take food: for this is for your safety: for not a hair of your head shall perish.
35 ၃၅ ထိုနောက်ပေါလုသည်မုန့်ကိုယူပြီးလျှင် ထို သူအားလုံးတို့၏ရှေ့တွင်ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက်မုန့်ကို ဖဲ့၍စားလေ၏။-
And having spoken these words, and taken bread, he gave thanks to God in the presence of all, and breaking it, began to eat.
36 ၃၆ ထိုအခါထိုသူအားလုံးပင်အားတက်လာ ကြပြီးလျှင် အစားအစာစားကြကုန်၏။-
And all becoming cheerful, themselves also took food.
37 ၃၇ သင်္ဘောပေါ်တွင်စုစုပေါင်းလူနှစ်ရာခုနစ် ဆယ့်ခြောက်ယောက်ရှိ၏။-
And we were two hundred and seventy-six souls in the ship.
38 ၃၈ လူတိုင်းဝအောင်စားကြပြီးသောအခါ သင်္ဘောကိုပေါ့စေရန် ဂျုံဆန်ရှိသမျှကို ပင်လယ်ထဲသို့ပစ်ချကြ၏။
And having been revived by the food, they lightened the ship, casting the wheat over into the sea.
39 ၃၉ မိုးလင်းသောအခါသင်္ဘောသားတို့သည် မိမိ တို့မည်သည့်အရပ်သို့ရောက်ရှိနေမှန်းမသိ ကြသော်လည်း ပင်လယ်ကွေ့ကမ်းခြေတစ်ခုကို တွေ့မြင်ကြသဖြင့် ဖြစ်နိုင်ပါကထိုကမ်းခြေ ပေါ်သို့သင်္ဘောကိုထိုးတင်ရန်ဆုံးဖြတ်ကြ၏။-
And when it was day, they did not recognize the land: but discovered a certain gulf having a shore, into which they determined, if possible, to thrust out the ship.
40 ၄၀ သူတို့သည်ကျောက်ကြိုးကိုဖြတ်၍ကျောက်ဆူး များကိုပင်လယ်ထဲသို့ချလိုက်ကြ၏။ တစ်ချိန် တည်းမှာပင်ပဲ့ထိန်းတက်များမှကြိုးတို့ကို လည်းဖြေကြ၏။ ထိုနောက်သင်္ဘောဦးမှရွက် ကိုတင်၍ကမ်းခြေဘက်သို့ရွက်တိုက်ကြ၏။-
And having knocked off the anchors, they left them in the sea, at the same time loosing the bands of the rudders, and raising up the main sail to the blowing wind, they made for the shore.
41 ၄၁ သို့ရာတွင်သင်္ဘောသည်ရေတိမ်ရာသို့ရောက်၍ သောင်တင်နေတော့၏။ သင်္ဘောဦးသည်သောင်တွင် စိုက်လျက်နေသဖြင့်လှုပ်ရှား၍မရ။ သင်္ဘော ပဲ့ပိုင်းမှာမူလှိုင်းလုံးများရိုက်သဖြင့်ကျိုး ပျက်စပြုလာ၏။
And having fallen into a place where two seas met, they broke the ship, and indeed the prow, sticking fast, remained motionless, but the stern was torn off by the violence (of the wind).
42 ၄၂ ထိုအခါစစ်သားများသည်အကျဉ်းသားတို့ ရေကူး၍ထွက်ပြေးမည်ကိုစိုးရိမ်သဖြင့် သူ တို့အားအသေသတ်ရန်ကြံစည်ကြ၏။-
And the counsel of the soldiers was that they should kill the prisoners, lest some one, having outswum them, might escape:
43 ၄၃ သို့သော်တပ်မှူးသည်ပေါလုကိုကယ်ဆယ်လို သဖြင့် စစ်သားများ၏အကြံအစည်အတိုင်း မပြုလုပ်ရန်တားမြစ်ပြီးလျှင် ဦးစွာပထမ ရေကူးတတ်သူတို့အားသင်္ဘောပေါ်မှခုန်ချ စေပြီးနောက်ကုန်းသို့ကူးစေ၏။-
but the centurion, wishing to save Paul, forbade them from their counsel; and commanded that those who were able to swim, having first thrown themselves overboard, to go to the land;
44 ၄၄ ထို့နောက်ကျန်သောသူတို့အားပျဉ်ပြားများ ကိုသော်လည်းကောင်း၊ သင်္ဘောပျက်မှသင်္ဘောအပိုင်း အစများကိုသော်လည်းကောင်းစီး၍ကူးကြ ရန်အမိန့်ပေး၏။ ဤနည်းအားဖြင့်ကျွန်ုပ်တို့ အားလုံးပင်ဘေးလွတ်၍ကုန်းပေါ်သို့ရောက် ကြသတည်း။
and the rest, some on planks, and others on some parts from the ship. And thus it came to pass that all came safe to the land.