< တမန်တော်ဝတ္ထု 26 >
1 ၁ အဂြိပ္ပမင်းကြီးက ``သင်လျှောက်ထားနိုင် သည်'' ဟုပေါလုအားဆိုသော် ပေါလုသည် လက်ကိုဆန့်၍၊-
ⲁ̅ⲀⲄⲢⲒⲠⲠⲀⲤ ⲆⲈ ⲠⲈϪⲀϤ ⲘⲠⲀⲨⲖⲞⲤ ϪⲈ ⲤⲈⲞⲨⲀϨⲤⲀϨⲚⲒ ⲚⲀⲔ ⲈⲤⲀϪⲒ ⲈϪⲰⲔ ⲦⲞⲦⲈ ⲠⲀⲨⲖⲞⲤ ⲀϤⲤⲞⲨⲦⲈⲚ ⲦⲈϤϪⲒϪ ⲈⲂⲞⲖ ⲀϤⲈⲢⲀⲠⲞⲖⲞⲄⲒⲤⲐⲈ
2 ၂ ``အရှင်အဂြိပ္ပမင်းကြီး၊ အကျွန်ုပ်အားယုဒ အမျိုးသားတို့စွပ်စွဲချက်များနှင့်ပတ်သက် ၍ အရှင်၏ရှေ့တော်တွင်လျှောက်လဲချေပရ သည်မှာ အကျွန်ုပ်အဖို့ထူးမြတ်သောအခွင့် အရေးပင်ဖြစ်သည်ဟုယူဆပါ၏။-
ⲃ̅ⲈⲐⲂⲈ ϨⲰⲂ ⲚⲒⲂⲈⲚ ⲈⲦⲞⲨϪⲈⲘ ⲀⲢⲒⲔⲒ ⲈⲢⲞϤ ⲚϦⲎⲦⲞⲨ ⲚϪⲈⲚⲒⲒⲞⲨⲆⲀⲒ ⲘⲠⲞⲨⲢⲞ ⲀⲄⲢⲒⲠⲠⲀ ϮⲘⲈⲨⲒ ϪⲈ ⲀⲚⲞⲔ ⲞⲨⲘⲀⲔⲀⲢⲒⲞⲤ ⲈⲒⲚⲀⲈⲢⲀⲠⲞⲖⲞⲄⲒⲤⲐⲈ ⲘⲪⲞⲞⲨ ϦⲀⲦⲞⲦⲔ.
3 ၃ အရှင်သည်ယုဒအမျိုးသားတို့၏ဋ္ဌလေ့ ထုံးစံများနှင့် အငြင်းပွားတတ်သည့်ပြဿ နာများကိုသိရှိသူဖြစ်ပါ၏။ သို့ဖြစ်၍ အကျွန်ုပ်လျှောက်ထားချက်ကိုစိတ်ရှည်လျက် နားထောင်တော်မူပါ။''
ⲅ̅ⲘⲀⲖⲒⲤⲦⲀ ⲈⲔⲤⲰⲞⲨⲚ ⲚⲚⲒⲤⲨⲚⲎⲐⲒⲀ ⲚⲦⲈⲚⲒⲒⲞⲨⲆⲀⲒ ⲚⲈⲘ ⲚⲞⲨⲌⲎⲦⲎⲘⲀ ⲈⲐⲂⲈⲪⲀⲒ ϮⲦⲰⲂϨ ⲘⲘⲞⲔ ⲈⲐⲢⲈⲔⲤⲰⲦⲈⲘ ⲈⲢⲞⲒ ϦⲈⲚⲞⲨⲘⲈⲦⲢⲈϤⲰⲞⲨ ⲚϨⲎⲦ.
4 ၄ ``အကျွန်ုပ်သည်ပျိုရွယ်စဉ်အခါမှစ၍ ဦးစွာ မိမိ၏ဇာတိပြည်ရွာတွင်လည်းကောင်း ထိုနောက်ယေရုရှလင်မြို့တွင်လည်းကောင်း မည်သို့ပြုမူနေထိုင်ခဲ့သည်ကိုယုဒ အမျိုးသားအပေါင်းတို့သိကြပါ၏။-
ⲇ̅ⲠⲀϪⲒⲚⲰⲚϦ ⲒⲤϪⲈⲚ ⲦⲀⲘⲈⲦⲀⲖⲞⲨ ⲈⲦⲀϤϢⲰⲠⲒ ⲒⲤϪⲈⲚ ϨⲎ ϦⲈⲚⲠⲀⲈⲐⲚⲞⲤ ⲚϨⲢⲎⲒ ϦⲈⲚⲒⲈⲢⲞⲤⲀⲖⲎⲘ ⲤⲈⲤⲰⲞⲨⲚ ⲘⲘⲞϤ ⲚϪⲈⲚⲒⲒⲞⲨⲆⲀⲒ ⲦⲎⲢⲞⲨ.
5 ၅ အကျွန်ုပ်ကိုသူတို့သိကြသည်မှာကြာ ပါပြီ။ အကျွန်ုပ်သည်ယုဒဘာသာတွင် အကျပ်တည်းဆုံးသောစည်းမျဉ်းများကို လိုက်နာကျင့်သုံးသည့်ဖာရိရှဲဂိုဏ်းဝင် တစ်ယောက်အနေဖြင့်နေထိုင်ပြုမူခဲ့ ကြောင်းကို ထိုသူတို့သက်သေခံလိုက ခံနိုင်ကြပါ၏။-
ⲉ̅ⲈⲨⲈⲢϢⲞⲢⲠ ⲚⲤⲰⲞⲨⲚ ⲘⲘⲞⲒ ⲒⲤϪⲈⲚ ⲤⲀⲠϢⲰⲒ ⲀⲨϢⲀⲚⲞⲨⲰϢ ⲈⲈⲢⲘⲈⲐⲢⲈ ϪⲈ ⲔⲀⲦⲀ ϮϨⲈⲢⲈⲤⲒⲤ ⲈⲦⲦⲀϪⲢⲎⲞⲨⲦ ⲚⲦⲈⲠⲈⲚϢⲈⲘϢⲒ ⲀⲒⲰⲚϦ ⲘⲪⲀⲢⲒⲤⲈⲞⲤ.
6 ၆ ဘုရားသခင်သည်အကျွန်ုပ်တို့၏ဘိုးဘေး များအားထားတော်မူသည့်ကတိတော်ကို အကျွန်ုပ်မျှော်လင့်စောင့်စားသည့်အတွက် ယခုအခါအကျွန်ုပ်သည်အစစ်အဆေး ခံနေရပါ၏။-
ⲋ̅ⲞⲨⲞϨ ϮⲚⲞⲨ ⲈⲐⲂⲈ ⲦϨⲈⲖⲠⲒⲤ ⲘⲠⲒⲰϢ ⲈⲦⲀϤϢⲰⲠⲒ ⲚⲚⲈⲚⲒⲞϮ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲪⲚⲞⲨϮ ϮⲞϨⲒ ⲈⲢⲀⲦ ⲈⲨϮϨⲀⲠ ⲈⲢⲞⲒ.
7 ၇ ထိုကတိတော်ကားယုဒအမျိုးအနွယ် တစ်ဆယ့်နှစ်ပါးတို့သည် နေ့ညမပြတ် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်လျက် မျှော်လင့်စောင့်စားနေကြသည့်ကတိ တော်ပင်ဖြစ်ပါ၏။ အရှင်မင်းကြီး၊ ဤ သို့မျှော်လင့်စောင့်စားခြင်းကြောင့် အကျွန်ုပ် အားယုဒအမျိုးသားတို့စွပ်စွဲပြောဆို ကြခြင်းဖြစ်ပါ၏။-
ⲍ̅ⲈⲦⲈ ⲦⲀⲒϨⲈⲖⲠⲒⲤ ⲦⲈ ⲈⲚⲀⲢⲈ ϮⲒⲂ ⲘⲪⲨⲖⲎ ϢⲈⲘϢⲒ ϦⲈⲚⲞⲨⲘⲞⲨⲚ ⲈⲂⲞⲖ ⲘⲠⲒⲈϨⲞⲞⲨ ⲚⲈⲘ ⲠⲒⲈϪⲰⲢϨ ⲈⲨⲞⲨⲰϢ ⲈⲐⲢⲈ ⲦⲞⲦⲞⲨ ϮⲘⲀϮ ⲈⲢⲞⲤ ⲈⲐⲂⲈ ⲦⲀⲒϨⲈⲖⲠⲒⲤ ⲠⲞⲨⲢⲞ ⲤⲈϪⲈⲘ ⲀⲢⲒⲔⲒ ⲈⲢⲞⲒ ⲚϪⲈⲚⲒⲒⲞⲨⲆⲀⲒ.
8 ၈ သူသေတို့ကိုဘုရားသခင်ရှင်ပြန်ထ မြောက်စေတော်မူသည်ကို ဤတွင်ရှိနေသူ တို့အဘယ်ကြောင့်မယုံနိုင်ကြပါသနည်း။''
ⲏ̅ⲞⲨ ⲘⲈⲦⲀⲐⲚⲀϨϮ ⲦⲈ ⲘⲀϨⲀⲠ ϦⲈⲚⲐⲎⲚⲞⲨ ⲒⲤϪⲈ ⲪⲚⲞⲨϮ ⲚⲀⲦⲞⲨⲚⲞⲤ ⲚⲒⲢⲈϤⲘⲰⲞⲨⲦ.
9 ၉ ``အကျွန်ုပ်ကိုယ်တိုင်ပင်လျှင် နာဇရက်မြို့ သားယေရှု၏နာမတော်နှင့်ဆန့်ကျင်သည့် အမှုများကိုပြုသင့်သည်ဟုယူဆခဲ့ပါ၏။-
ⲑ̅ⲀⲚⲞⲔ ⲘⲈⲚ ⲞⲨⲚ ⲚⲀⲒⲘⲈⲨⲒ ⲈⲢⲞⲒ ⲈⲈⲢ ⲞⲨⲘⲎϢ ⲚϨⲰⲂ ⲈⲨϮ ⲈϦⲞⲨⲚ ⲈϨⲢⲈⲚ ⲪⲢⲀⲚ ⲚⲒⲎⲤⲞⲨⲤ ⲠⲒⲚⲀⲌⲰⲢⲈⲞⲤ.
10 ၁၀ ယေရုရှလင်မြို့တွင်ထိုသို့ပြုခဲ့ပါ၏။ ယဇ်ပုရောဟိတ်ကြီးများ၏အမိန့်အာဏာ ဖြင့် ယုံကြည်သူအမြောက်အမြားကိုထောင် သွင်း၍အကျဉ်းထားခဲ့ပါ၏။ သူတို့အား သေဒဏ်စီရင်ချိန်၌လည်း အကျွန်ုပ်သဘော တူမဲဆန္ဒပေးခဲ့ပါ၏။-
ⲓ̅ⲪⲀⲒ ⲈⲦⲀⲒⲀⲒϤ ϦⲈⲚⲒⲈⲢⲞⲤⲀⲖⲎⲘ ⲞⲨⲘⲎϢ ϦⲈⲚⲚⲎ ⲈⲐⲞⲨⲀⲂ ⲀⲚⲞⲔ ⲀⲒϨⲒⲦⲞⲨ ⲈϦⲞⲨⲚ ⲈⲚⲒϢⲦⲈⲔⲰⲞⲨ ⲈⲀⲒϬⲒ ⲘⲠⲒⲈⲢϢⲒϢⲒ ϨⲒⲦⲈⲚ ⲚⲒⲀⲢⲬⲎⲈⲢⲈⲨⲤ ⲈⲨϦⲰⲦⲈⲂ ⲘⲘⲰⲞⲨ ϢⲀⲒϮⲰⲠ ϦⲀⲢⲰⲞⲨ.
11 ၁၁ တရားဇရပ်များတွင်သူတို့အားကြိမ်ဖန် များစွာအပြစ်ဒဏ်ပေးစေပြီးလျှင် သူတို့ ၏အယူဝါဒကိုစွန့်လွှတ်ကြစေရန်ကြိုး စားဆောင်ရွက်ခဲ့ပါ၏။ သူတို့အပေါ်၌ ဒေါသစိတ်မွှန်၍နေသဖြင့် အကျွန်ုပ်သည် နိုင်ငံရပ်ခြားမြို့များသို့ပင်သွားရောက် ၍သူတို့ကိုညှဉ်းဆဲခဲ့ပါ၏။''
ⲓ̅ⲁ̅ⲔⲀⲦⲀ ⲤⲨⲚⲀⲄⲰⲄⲎ ⲚⲒⲂⲈⲚ ⲈⲒϮⲘⲔⲀϨ ⲚⲰⲞⲨ ⲚⲞⲨⲘⲎϢ ⲚⲤⲞⲠ ⲚⲀⲒϬⲒ ⲘⲘⲰⲞⲨ ⲚϪⲞⲚⲤ ⲈⲐⲢⲞⲨϪⲈⲞⲨⲀ ϦⲈⲚⲞⲨⲘⲈⲦϨⲞⲨⲞ ⲆⲈ ⲈⲒϦⲈⲚ ⲞⲨⲖⲒⲂⲒ ⲈϦⲞⲨⲚ ⲈⲢⲰⲞⲨ ϢⲀⲒϬⲞϪⲒ ⲚⲤⲰⲞⲨ ϢⲀ ⲈϨⲢⲎⲒ ⲈⲚⲒⲔⲈⲠⲞⲖⲒⲤ ⲈⲦⲤⲀⲂⲞⲖ.
12 ၁၂ ``ဤရည်ရွယ်ချက်ဖြင့်အကျွန်ုပ်သည်ယဇ် ပုရောဟိတ်ကြီးများထံမှ အခွင့်အာဏာရ ယူ၍ဒမာသက်မြို့သို့သွားပါ၏။ သို့သွား လျက်နေစဉ်၊-
ⲓ̅ⲃ̅ⲞⲨⲞϨ ϦⲈⲚⲚⲀⲒ ⲈⲒⲘⲞϢⲒ ⲈⲆⲀⲘⲀⲤⲔⲞⲤ ⲚⲈⲘ ⲞⲨⲈⲜⲞⲨⲤⲒⲀ ⲚⲈⲘ ⲞⲨⲀϨⲤⲀϨⲚⲒ ⲚⲦⲈⲚⲒⲀⲢⲬⲒⲈⲢⲈⲨⲤ.
13 ၁၃ မွန်းတည့်ချိန်၌ကောင်းကင်မှနေရောင်ထက် ပင် ထွန်းလင်းတောက်ပသည့်အလင်းရောင်ကို အကျွန်ုပ်မြင်ရပါ၏။-
ⲓ̅ⲅ̅ⲈⲒϨⲒ ⲠⲒⲘⲰⲒⲦ ⲆⲈ ϦⲈⲚⲦⲪⲀϢⲒ ⲘⲠⲒⲈϨⲞⲞⲨ ⲀⲒⲚⲀⲨ ⲠⲞⲨⲢⲞ ⲈⲞⲨⲞⲨⲰⲒⲚⲒ ⲈⲂⲞⲖ ϦⲈⲚⲦⲪⲈ ⲈϤⲪⲞⲢⲒ ⲈϨⲞⲦⲈ ⲪⲢⲎ ⲀϤⲒ ⲈϨⲢⲎⲒ ⲈϪⲰⲒ ⲚⲈⲘ ⲚⲎ ⲈⲐⲚⲈⲘⲎⲒ.
14 ၁၄ ထိုအခါအကျွန်ုပ်တို့အားလုံးပင်မြေပေါ် သို့လဲကျကြပါ၏။ ထိုနောက်ဟေဗြဲဘာသာ စကားဖြင့်`ရှောလု၊ ရှောလု၊ သင်အဘယ်ကြောင့် ငါ့ကိုနှိပ်စက်ညှဉ်းဆဲသနည်း။ တုတ်ချွန်ကို ခြေနှင့်ကျောက်လျှင် သင်သာလျှင်နာကျင် လိမ့်မည်' ဟူသောအသံကိုအကျွန်ုပ်ကြား ပါ၏။-
ⲓ̅ⲇ̅ⲈⲦⲀⲚϨⲈⲒ ⲆⲈ ⲦⲎⲢⲈⲚ ϨⲒϪⲈⲚ ⲠⲒⲔⲀϨⲒ ⲀⲒⲤⲰⲦⲈⲘ ⲈⲞⲨⲤⲘⲎ ⲈⲤϪⲰ ⲘⲘⲞⲤ ⲚⲎⲒ ϦⲈⲚϮⲀⲤⲠⲒ ⲘⲘⲈⲦϨⲈⲂⲢⲈⲞⲤ ϪⲈ ⲤⲀⲞⲨⲖ ⲤⲀⲞⲨⲖ ⲀϦⲞⲔ ⲔϬⲞϪⲒ ⲚⲤⲰⲒ ⲞⲨϨⲰⲂ ⲈϤⲚⲀϢⲦ ⲚⲀⲔ ⲠⲈ ⲈϮϢⲈⲚⲪⲀⲦ ⲈϦⲞⲨⲚ ϦⲈⲚϨⲀⲚⲤⲞⲨⲢⲒ.
15 ၁၅ ထိုအခါအကျွန်ုပ်က `အရှင်၊ အရှင်သည် အဘယ်သူဖြစ်ပါသနည်း' ဟုမေးလျှောက် ပါ၏။ ထိုအရှင်က `ငါကားသင်နှိပ်စက်ညှဉ်း ဆဲနေသည့်ယေရှုတည်း။-
ⲓ̅ⲉ̅ⲀⲚⲞⲔ ⲆⲈ ⲠⲈϪⲎⲒ ϪⲈ ⲚⲐⲞⲔ ⲚⲒⲘ ⲠϬⲞⲒⲤ ⲠϬⲞⲒⲤ ⲆⲈ ⲠⲈϪⲀϤ ⲚⲎⲒ ϪⲈ ⲀⲚⲞⲔ ⲠⲈ ⲒⲎⲤⲞⲨⲤ ⲪⲎ ⲚⲐⲞⲔ ⲈⲦⲈⲔϬⲞϪⲒ ⲚⲤⲰϤ.
16 ၁၆ သို့ရာတွင်ယခုထ၍မတ်တပ်ရပ်လော့။ သင့် အားငါ၏အမှုတော်ဆောင်အဖြစ်ခန့်ထားရန် သင်၏ထံသို့ငါကြွလာခြင်းဖြစ်၏။ ယနေ့ သင်မြင်ရသည့်ဗျာဒိတ်ရူပါရုံအကြောင်း နှင့် နောင်အခါငါဖော်ပြလတ္တံ့သောအကြောင်း အရာတို့ကိုသင်သည်သူတစ်ပါးတို့အား သက်သေခံရမည်။-
ⲓ̅ⲋ̅ⲀⲖⲖⲀ ⲦⲰⲚⲔ ⲞϨⲒ ⲈⲢⲀⲦⲔ ⲈϪⲈⲚ ⲚⲈⲔϬⲀⲖⲀⲨϪ ⲈⲐⲂⲈⲪⲀⲒ ⲄⲀⲢ ⲀⲒⲞⲨⲞⲚϨⲦ ⲈⲢⲞⲔ ⲈⲤⲞⲦⲠⲔ ⲚⲞⲨϨⲨⲠⲈⲢⲈⲦⲎⲤ ⲚⲎⲒ ⲞⲨⲞϨ ⲚⲦⲈⲔⲈⲢⲘⲈⲐⲢⲈ ⲚⲚⲎ ⲈⲦⲀⲔⲚⲀⲨ ⲈⲢⲰⲞⲨ ⲚⲎ ⲈϮⲚⲀⲞⲨⲞⲚϨⲦ ⲈⲢⲞⲔ ⲚϦⲎⲦⲞⲨ
17 ၁၇ ငါသည်သင့်အားဣသရေလအမျိုးသား တို့၏လက်မှလည်းကောင်း၊ ငါစေလွှတ်၍သင် သွားရောက်ဟောပြောမည့်လူမျိုးခြားတို့ ၏လက်မှလည်းကောင်းကယ်ဆယ်မည်။-
ⲓ̅ⲍ̅ⲈⲒⲈⲚⲀϨⲘⲈⲔ ⲈⲂⲞⲖ ϦⲈⲚⲠⲒⲖⲀⲞⲤ ⲚⲈⲘ ⲈⲂⲞⲖ ϦⲈⲚⲚⲒⲈⲐⲚⲞⲤ ⲚⲎ ⲀⲚⲞⲔ ⲈϮⲚⲀⲞⲨⲞⲢⲠⲔ ⲈⲢⲰⲞⲨ
18 ၁၈ သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။''
ⲓ̅ⲏ̅ⲈⲀⲞⲨⲰⲚ ⲚⲚⲞⲨⲂⲀⲖ ⲈⲐⲢⲞⲨⲔⲞⲦⲞⲨ ⲈⲂⲞⲖ ϨⲀ ⲠⲬⲀⲔⲒ ⲈϦⲞⲨⲚ ⲈⲪⲞⲨⲰⲒⲚⲒ ⲚⲈⲘ ⲈⲂⲞⲖ ϨⲀ ⲠⲈⲢϢⲒϢⲒ ⲘⲠⲤⲀⲦⲀⲚⲀⲤ ⲈⲪⲚⲞⲨϮ ⲈⲐⲢⲞⲨϬⲒ ⲘⲠⲬⲰ ⲈⲂⲞⲖ ⲚⲦⲈⲚⲞⲨⲚⲞⲂⲒ ⲚⲈⲘ ⲞⲨⲔⲖⲎⲢⲞⲚⲞⲘⲒⲀ ϦⲈⲚⲚⲎ ⲈⲦⲦⲞⲨⲂⲎⲞⲨⲦ ϦⲈⲚⲠⲒⲚⲀϨϮ ⲈⲢⲞⲒ.
19 ၁၉ ``အရှင်အဂြိပ္ပမင်းကြီး၊ အကျွန်ုပ်သည်ကောင်း ကင်မှရရှိသည့်ဗျာဒိတ်ရူပါရုံကိုမလွန်ဆန် နိုင်ပါ။ `သင်တို့သည်နောင်တရ၍ဘုရားသခင် ထံပြောင်းလဲရကြမည်။ နောင်တနှင့်လျော်ကန် သည့်အကျင့်ကိုကျင့်ရကြမည်' ဟု၊-
ⲓ̅ⲑ̅ⲈⲐⲂⲈⲪⲀⲒ ⲠⲞⲨⲢⲞ ⲀⲄⲢⲒⲠⲠⲀ ⲘⲠⲒϢⲈⲢⲀⲦⲤⲰⲦⲈⲘ ⲚⲤⲀⲠⲒⲚⲀⲨ ⲚⲦⲈⲦⲪⲈ.
20 ၂၀ ဦးစွာဒမာသက်မြို့၊ ထိုနောက်ယေရုရှလင်မြို့ မှစ၍ ယုဒပြည်တစ်ပြည်လုံးရှိလူတို့အား လည်းကောင်း၊ လူမျိုးခြားတို့အားလည်းကောင်း အကျွန်ုပ်ဟောပြောပါ၏။-
ⲕ̅ⲀⲖⲖⲀ ⲚⲎ ⲈⲦϦⲈⲚ ⲆⲀⲘⲀⲤⲔⲞⲤ ⲚϢⲞⲢⲠ ⲚⲈⲘ ⲒⲈⲢⲞⲤⲀⲖⲎⲘ ⲚⲈⲘ ⲦⲬⲰⲢⲀ ⲦⲎⲢⲤ ⲚⲦⲈϮⲒⲞⲨⲆⲈⲀ ⲚⲈⲘ ⲚⲒⲈⲐⲚⲞⲤ ⲀⲒϨⲒⲰⲒϢ ⲚⲰⲞⲨ ⲈⲐⲢⲞⲨⲈⲢⲘⲈⲦⲀⲚⲞⲒⲚ ⲞⲨⲞϨ ⲈⲐⲢⲞⲨⲔⲞⲦⲞⲨ ⲈⲪⲚⲞⲨϮ ⲈⲒⲢⲒ ⲚϨⲀⲚϨⲂⲎⲞⲨⲒ ⲈⲨⲘⲠϢⲀ ⲚϮⲘⲈⲦⲀⲚⲞⲒⲀ.
21 ၂၁ ထို့ကြောင့်ယုဒအမျိုးသားတို့သည် အကျွန်ုပ် ကိုဗိမာန်တော်ထဲတွင်ဖမ်းဆီး၍သတ်ရန် ကြိုးစားကြပါ၏။-
ⲕ̅ⲁ̅ⲈⲐⲂⲈⲪⲀⲒ ⲀⲚⲒⲒⲞⲨⲆⲀⲒ ⲀⲘⲞⲚⲒ ⲘⲘⲞⲒ ϦⲈⲚⲠⲒⲈⲢⲪⲈⲒ ⲚⲀⲨϬⲰⲚⲦ ⲈⲒⲚⲒ ⲚⲦⲞⲦⲞⲨ ⲈϨⲢⲎⲒ ⲈϪⲰⲒ.
22 ၂၂ သို့သော်ဘုရားသခင်သည်အကျွန်ုပ်ကိုမစ တော်မူသဖြင့် ယနေ့တိုင်အောင်အကျွန်ုပ်သည် အသက်ရှင်၍ယုတ်မြတ်မဟူလူအပေါင်းတို့ အားသက်သေခံလျက်ရှိပါ၏။ မေရှိယသည် အသေခံတော်မူရမည်ဟူ၍လည်းကောင်း၊ ကိုယ်တော်သည်သေခြင်းမှအဦးထမြောက် တော်မူပြီးလျှင် ဣသရေလအမျိုးသားတို့ နှင့်လူမျိုးခြားတို့အား ကယ်တင်ခြင်း အလင်းတရားတော်ကိုကြေညာတော်မူ လိမ့်မည်ဟူ၍လည်းကောင်း မောရှေနှင့်ပရော ဖက်များဟောကြားခဲ့သည့်အတိုင်းအကျွန်ုပ် သည်ဟောပြောပါ၏'' ဟုချေပလျှောက် ထား၏။
ⲕ̅ⲃ̅ⲈⲦⲀⲒϬⲒ ⲆⲈ ⲚⲞⲨⲂⲞⲎⲐⲒⲀ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲪⲚⲞⲨϮ ⲀⲒⲞϨⲒ ⲈⲢⲀⲦ ϢⲀ ⲈϦⲞⲨⲚ ⲈⲪⲞⲞⲨ ⲈⲒⲈⲢⲘⲈⲐⲢⲈ ⲚⲞⲨⲔⲞⲨϪⲒ ⲚⲈⲘ ⲞⲨⲚⲒϢϮ ⲚϮϪⲈ ϨⲖⲒ ⲀⲚ ⲤⲀⲂⲞⲖ ⲚⲚⲎ ⲈⲦⲀ ⲚⲒⲠⲢⲞⲪⲎⲦⲎⲤ ϪⲞⲦⲞⲨ ⲚⲈⲘ ⲘⲰⲨⲤⲎⲤ ϪⲈ ⲤⲈⲚⲀϢⲰⲠⲒ
ⲕ̅ⲅ̅ⲒⲤϪⲈ ⲞⲨⲢⲈϤϬⲒⲘⲔⲀϨ ⲠⲈ ⲠⲬⲢⲒⲤⲦⲞⲤ ⲒⲤϪⲈ ⲞⲨϨⲞⲨⲒⲦ ⲠⲈ ⲈⲂⲞⲖ ϦⲈⲚⲦⲀⲚⲀⲤⲦⲀⲤⲒⲤ ⲚⲦⲈⲚⲒⲢⲈϤⲘⲰⲞⲨⲦ ϤⲚⲀϨⲒⲰⲒϢ ⲚⲞⲨⲰⲒⲚⲒ ⲘⲠⲒⲖⲀⲞⲤ ⲚⲈⲘ ⲚⲒⲈⲐⲚⲞⲤ.
24 ၂၄ ဤသို့လျှောက်လျက်နေစဉ်ဖေတ္တုက ``ပေါလု၊ သင်သည်ရူးသွပ်လေပြီ။ အတတ်လွန်ကဲ၍ သူရူးဖြစ်လေပြီတကား'' ဟုအော်၍ပြော ၏။
ⲕ̅ⲇ̅ⲚⲀⲒ ⲈϤϪⲰ ⲘⲘⲰⲞⲨ ⲠⲈϪⲈ ⲪⲎⲤⲦⲞⲤ ϦⲈⲚⲞⲨⲚⲒϢϮ ⲚⲤⲘⲎ ϪⲈ ⲀⲔⲖⲒⲂⲒ ⲠⲀⲨⲖⲈ Ⲁ- ⲠⲒⲘⲎϢ ⲚⲤϦⲀⲒ ⲐⲢⲈⲔⲖⲒⲂⲒ.
25 ၂၅ ပေါလုက ``အရှင်မင်းကြီး၊ အကျွန်ုပ်သည် သူရူးမဟုတ်ပါ။ အရှင့်အားလေးနက်သော အမှန်တရားကိုလျှောက်ထားခြင်းဖြစ်ပါ၏။-
ⲕ̅ⲉ̅ⲠⲀⲨⲖⲞⲤ ⲆⲈ ⲠⲈϪⲀϤ ϪⲈ ϮⲖⲞⲂⲒ ⲀⲚ ⲔⲢⲀⲦⲒⲤⲐⲈ ⲪⲎⲤⲦⲈ ⲀⲖⲖⲀ ϨⲀⲚⲤⲀϪⲒ ⲚⲦⲈϮⲘⲈⲐⲘⲎⲒ ⲚⲈⲘ ϮⲘⲈⲦⲈⲨⲤⲈⲂⲎⲤ ⲚⲎ ⲈϮϪⲰ ⲘⲘⲰⲞⲨ.
26 ၂၆ အဂြိပ္ပဘုရင်မင်းမြတ်၊ ထိုအမှုအရာများ အကြောင်းကိုအရှင်သိတော်မူသည်ဖြစ်၍ အကျွန်ုပ်သည်အရှင်၏ရှေ့တော်တွင်ရဲဝံ့စွာ လျှောက်ထားခြင်းဖြစ်ပါသည်။ ထိုအမှုအရာ များသည်ချောင်ကြိုချောင်ကြားတွင်ဖြစ်ပျက် ခဲ့သည်မဟုတ်ပါ။ ယင်းအကြောင်းအရာ အလုံးစုံကိုအရှင်မင်းကြီးသိတော်မူ ပြီးဖြစ်သည်ဟုအကျွန်ုပ်ယုံကြည်ပါ၏။-
ⲕ̅ⲋ̅ϤⲤⲰⲞⲨⲚ ⲄⲀⲢ ⲚϪⲈⲠⲒⲔⲈⲞⲨⲢⲞ ⲈⲐⲂⲈ ⲚⲀⲒ ⲪⲀⲒ ⲈϮⲞⲨⲞⲚϨ ⲘⲘⲞⲒ ⲈⲂⲞⲖ ⲈⲒⲤⲀϪⲒ ⲚⲈⲘⲀϤ ⲠⲀϨⲎⲦ ⲄⲀⲢ ⲐⲎⲦ ϪⲈ ⲞⲨⲞⲚ ϨⲖⲒ ⲚⲚⲀⲒ ⲞⲂϢ ⲈⲢⲞϤ ⲀⲚ ⲚⲈⲦⲀ ⲪⲀⲒ ⲄⲀⲢ ⲀⲚ ϢⲰⲠⲒ ϦⲈⲚⲞⲨⲈⲖⲔⲤ.
27 ၂၇ အဂြိပ္ပဘုရင်မင်းမြတ်၊ အရှင်သည်ပရော ဖက်ကျမ်းများကိုယုံကြည်တော်မူပါ သလော။ အရှင်ယုံကြည်တော်မူကြောင်းကို အကျွန်ုပ်သိပါ၏'' ဟုလျှောက်၏။
ⲕ̅ⲍ̅ⲬⲚⲀϨϮ ⲠⲞⲨⲢⲞ ⲀⲄⲢⲒⲠⲠⲀⲤ ⲈⲚⲒⲠⲢⲞⲪⲎ ⲦⲎⲤ ϮⲤⲰⲞⲨⲚ ϪⲈ ⲬⲚⲀϨϮ.
28 ၂၈ အဂြိပ္ပမင်းက ``သင်သည်ဤမျှတိုတောင်း သည့်အချိန်၌ ငါ့ကိုခရစ်ယာန်ဖြစ်စေနိုင် မည်ဟုထင်မှတ်ပါသလော'' ဟုဆို၏။
ⲕ̅ⲏ̅ⲀⲄⲢⲒⲠⲠⲀⲤ ⲆⲈ ⲠⲈϪⲀϤ ⲘⲠⲀⲨⲖⲞⲤ ϪⲈ ⲔⲈⲔⲞⲨϪⲒ ⲬⲚⲀⲐⲈⲦ ⲠⲀϨⲎⲦ ⲈⲀⲒⲦ ⲚⲬⲢⲎⲤⲦⲒⲀⲚⲞⲤ.
29 ၂၉ ပေါလုက ``အချိန်တိုသည်ကြာသည်မှာ ပဋ္ဌာနမဟုတ်ပါ။ အရှင်မင်းကြီးနှင့်တကွ ယနေ့အကျွန်ုပ်ပြောဆိုသည်ကို နားထောင် လျက်ရှိကြသောလူအပေါင်းတို့သည် ဤ အနှောင်အဖွဲ့ခံရမှုမှလွဲ၍အကျွန်ုပ်ကဲ့ သို့ပင်ဖြစ်လာကြစေရန် ဘုရားသခင် ထံတော်သို့အကျွန်ုပ်ဆုတောင်းပါ၏'' ဟု လျှောက်လေသည်။
ⲕ̅ⲑ̅ⲠⲀⲨⲖⲞⲤ ⲆⲈ ⲠⲈϪⲀϤ ϪⲈ ϮⲦⲰⲂϨ ⲘⲪⲚⲞⲨϮ ⲚⲈⲘ ϦⲈⲚⲞⲨⲔⲞⲨϪⲒ ⲚⲈⲘ ϦⲈⲚⲞⲨⲚⲒϢϮ ⲞⲨ ⲘⲞⲚⲞⲚ ⲚⲐⲞⲔ ⲀⲖⲖⲀ ⲚⲈⲘ ⲞⲨⲞⲚ ⲚⲒⲂⲈⲚ ⲈⲦⲤⲰⲦⲈⲘ ⲈⲢⲞⲒ ⲘⲪⲞⲞⲨ ⲈⲐⲢⲞⲨϢⲰⲠⲒ ⲘⲠⲀⲢⲎϮ ⲘⲠⲒⲢⲎϮ ⲈϮⲞⲒ ⲘⲘⲞϤ ϨⲰ ϢⲀⲦⲈⲚ ⲚⲀⲤⲚⲀⲨϨ.
30 ၃၀ ထိုအခါမင်းကြီးနှင့်ဘုရင်ခံတို့သည် မိ ဖုရားဗေရနိတ်နှင့်အဖွဲ့ဝင်အပေါင်းတို့ နှင့်တကွနေရာမှထကြ၏။-
ⲗ̅ⲀϤⲦⲰⲚϤ ⲆⲈ ⲚϪⲈⲠⲞⲨⲢⲞ ⲚⲈⲘ ⲠⲒϨⲎⲄⲈⲘⲰⲚ ⲚⲈⲘ ⲂⲈⲢⲚⲒⲔⲎ ⲚⲈⲘ ⲚⲎ ⲈⲦϨⲈⲘⲤⲒ ⲚⲈⲘⲰⲞⲨ.
31 ၃၁ သူတို့သည်ထိုနေရာမှထွက်ခွာသွားပြီး နောက် ``ဤသူသည်သေဒဏ်သို့မဟုတ်ထောင် ဒဏ်ခံထိုက်သည့်ပြစ်မှုတစ်စုံတစ်ရာကိုမျှ မကူးလွန်'' ဟုအချင်းချင်းပြောဆိုကြ၏။-
ⲗ̅ⲁ̅ⲞⲨⲞϨ ⲈⲦⲀⲨⲈⲢⲀⲚⲀⲬⲰⲢⲒⲚ ⲚⲀⲨⲤⲀϪⲒ ⲚⲈⲘ ⲚⲞⲨⲈⲢⲎⲞⲨ ⲈⲨϪⲰ ⲘⲘⲞⲤ ϪⲈ ϤⲈⲢ ϨⲖⲒ ⲚϨⲰⲂ ⲀⲚ ⲚϪⲈⲠⲀⲒⲢⲰⲘⲒ ⲈϤⲘⲠϢⲀ ⲘⲪⲘⲞⲨ ⲒⲈ ϨⲀⲚⲤⲚⲀⲨϨ.
32 ၃၂ အဂြိပ္ပမင်းက ``အကယ်၍ဤသူသည်ကဲသာ ဘုရင်ထံသို့အယူခံဝင်ရန်မလျှောက်ထား ခဲ့ပါမူသူ့ကိုလွှတ်ပစ်နိုင်၏'' ဟုဖေတ္တု အားပြော၏။
ⲗ̅ⲃ̅ⲀⲄⲢⲒⲠⲠⲀⲤ ⲆⲈ ⲠⲈϪⲀϤ ⲘⲪⲎⲤⲦⲞⲤ ϪⲈ ⲚⲈⲞⲨⲞⲚ ϢϪⲞⲘ ⲠⲈ ⲈⲬⲀ ⲠⲀⲒⲢⲰⲘⲒ ⲈⲂⲞⲖ ⲈⲚⲈ ⲘⲠⲈϤⲈⲢⲈⲠⲒⲔⲀⲖⲒⲤⲐⲈ ⲘⲠⲞⲨⲢⲞ.