< တမန်တော်ဝတ္ထု 25 >
1 ၁ ဖေတ္တုသည်ထိုနယ်သို့ရောက်၍သုံးရက်ကြာ သောအခါ ကဲသရိမြို့မှယေရုရှလင်မြို့ သို့တက်သွား၏။-
ⲁ̅ⲫⲏⲥⲧⲟⲥ ⲇⲉ ⲛ̅ⲧⲉⲣⲉϥⲉⲓ ⲉⲧⲉⲡⲁⲣⲭⲓⲁ ⲙⲛ̅ⲛ̅ⲥⲁϣⲟⲙⲛ̅ⲧ ⲛ̅ϩⲟⲟⲩ. ⲁϥⲃⲱⲕ ⲉϩⲣⲁⲓ̈ ⲉⲑⲓ̅ⲏ̅ⲙ ⲉⲃⲟⲗ ϩⲛ̅ⲧⲕⲁⲓⲥⲁⲣⲓⲁ.
2 ၂ ယဇ်ပုရောဟိတ်ကြီးများနှင့်ယုဒအမျိုး သားခေါင်းဆောင်များသည် ပြစ်မှုအမျိုးမျိုး ကိုပေါလုကူးလွန်ခဲ့ကြောင်းဖေတ္တုအား စွဲချက်တင်ကြ၏။-
ⲃ̅ⲛⲓⲁⲣⲭⲓⲉⲣⲉⲩⲥ ⲇⲉ ⲁⲩⲱ ⲛ̅ⲛⲟϭ ⲛ̅ⲛ̅ⲓ̈ⲟⲩⲇⲁⲓ̈ ⲁⲩⲥⲙ̅ⲙⲉ ⲉⲡⲁⲩⲗⲟⲥ ⲛⲁϥ.
3 ၃ သူတို့သည်ပေါလုကိုလမ်းတွင်ချောင်းမြောင်း ၍သတ်ရန် လျှို့ဝှက်ကြံစည်ထားကြပြီးဖြစ် ပေသည်။ သို့ဖြစ်၍မိမိတို့အားကျေးဇူးပြု သည့်အနေဖြင့် ပေါလုကိုယေရုရှလင်မြို့ သို့ခေါ်ဆောင်ပေးရန်ဖေတ္တုအားမေတ္တာရပ်ခံ ကြ၏။-
ⲅ̅ⲁⲩⲱ ⲁⲩⲥⲉⲡⲥⲱⲡϥ̅. ⲉⲩⲁⲓⲧⲓ ⲛ̅ⲟⲩϩⲙⲟⲧ ⲛ̅ⲧⲟⲟⲧϥ̅. ϫⲉⲕⲁⲥ ⲉϥⲉⲧⲛ̅ⲛⲟⲟⲩ ⲛ̅ⲥⲱϥ ⲉⲑⲓ̅ⲗ̅ⲏ̅ⲙ. ⲉⲩⲉⲓⲣⲉ ⲛ̅ⲟⲩⲕⲣⲟϥ ⲉⲣⲟϥ ⲉⲙⲟⲟⲩⲧϥ ϩⲓⲧⲉϩⲓⲏ.
4 ၄ ဖေတ္တုက ``ပေါလုအားအစောင့်အကြပ်နှင့် ကဲသရိမြို့တွင်ထားရှိ၏။ ငါကိုယ်တိုင် ထိုမြို့သို့မကြာမီသွားမည်။-
ⲇ̅ⲫⲏⲥⲧⲟⲥ ϭⲉ ⲁϥⲟⲩⲱϣⲃ̅ ϫⲉ ⲥⲉϩⲁⲣⲉϩ ⲉⲡⲁⲩⲗⲟⲥ ϩⲛ̅ⲧⲕⲁⲓⲥⲁⲣⲓⲁ. ⲁⲛⲟⲕ ⲇⲉ ϩⲛ̅ⲟⲩϭⲉⲡⲏ ϯⲛⲁⲃⲱⲕ ⲉⲙⲁⲩ.
5 ၅ သင်တို့၏ခေါင်းဆောင်များသည်ငါနှင့်အတူ လိုက်၍ ပေါလု၌အပြစ်တစ်စုံတစ်ရာရှိလျှင် စွပ်စွဲချက်များကိုငါ့ထံတင်ပြကြပါစေ'' ဟုဆို၏။
ⲉ̅ⲛⲉⲧⲉⲟⲩⲛϭⲟⲙ ⲇⲉ ⲙ̅ⲙⲟⲟⲩ ⲛ̅ϩⲏⲧⲧⲏⲩⲧⲛ̅. ⲙⲁⲣⲟⲩⲉⲓ ⲉϩⲣⲁⲓ̈ ⲛ̅ⲥⲉⲕⲁⲧⲏⲅⲟⲣⲓ. ⲉϣϫⲉⲟⲩⲛϩⲱⲃ ⲉϥϩⲟⲟⲩ ϩⲙ̅ⲡⲉⲓ̈ⲣⲱⲙⲉ.
6 ၆ ဘုရင်ခံမင်းသည်ယေရုရှလင်မြို့တွင်ရှစ် ရက်ဆယ်ရက်နေပြီးနောက် ကဲသရိမြို့သို့ ထွက်ခွာသွားလေသည်။ နောက်တစ်နေ့၌ တရားခွင်တွင်ထိုင်ကာပေါလုအားခေါ် သွင်းရန်အမိန့်ပေး၏။-
ⲋ̅ⲛ̅ⲧⲉⲣⲉϥⲣ̅ⲁϣⲙⲟⲩⲛ ⲇⲉ ⲏ̅ ⲙⲏⲧ ⲛ̅ϩⲟⲟⲩ ⲙ̅ⲙⲁⲩ. ⲁϥⲉⲓ ⲉϩⲣⲁⲓ̈ ⲉⲕⲁⲓⲥⲁⲣⲓⲁ. ⲁⲩⲱ ⲛ̅ⲧⲉⲣⲉϥϩⲙⲟⲟⲥ ⲙ̅ⲡⲉϥⲣⲁⲥⲧⲉ ⲉⲡⲃⲏⲙⲁ ⲁϥⲟⲩⲉϩⲥⲁϩⲛⲉ ⲉⲉⲓⲛⲉ ⲙ̅ⲡⲁⲩⲗⲟⲥ.
7 ၇ ပေါလုရောက်ရှိလာသောအခါယေရုရှလင် မြို့မှ လာရောက်ကြသောယုဒအမျိုးသား တို့သည် သူ့ကိုဝိုင်းရံလျက်ကြီးလေးသော ပြစ်မှုများနှင့်စွပ်စွဲပြောဆိုကြ၏။ သို့ သော်ခိုင်လုံသောသက်သေကိုမပြနိုင်ကြ။-
ⲍ̅ⲛ̅ⲧⲉⲣⲉϥⲉⲓ ⲇⲉ ⲁⲩⲁϩⲉⲣⲁⲧⲟⲩ ⲉⲣⲟϥ ⲛ̅ϭⲓⲛ̅ⲓ̈ⲟⲩⲇⲁⲓ̈ ⲛ̅ⲧⲁⲩⲉⲓ ⲉⲃⲟⲗ ϩⲛ̅ⲑⲓ̅ⲗ̅ⲏ̅ⲙ. ⲉⲩϫⲱ ⲛ̅ϩ̅ⲉⲛⲛⲟϭ ⲛ̅ⲁⲓⲧⲓ ⲉϩⲟⲩⲛ ⲉⲣⲟϥ. ⲁⲩⲱ ⲉⲩϩⲟⲣϣ̅. ⲛⲁⲓ̈ ⲉⲙⲡⲟⲩϣϭⲙ̅ϭⲟⲙ ⲉⲧⲁϩⲟⲟⲩ ⲉⲣⲁⲧⲟⲩ
8 ၈ ပေါလုက ``အကျွန်ုပ်သည်ယုဒအမျိုးသား တို့၏ပညတ်တရားကိုဖြစ်စေ၊ ဗိမာန်တော် ကိုဖြစ်စေ၊ ရောမဧကရာဇ်မင်းကိုဖြစ်စေ ပြစ်မှားမှုတစ်စုံတစ်ခုကိုမျှမကူးလွန် ခဲ့ပါ'' ဟုချေပပြောဆို၏။
ⲏ̅ⲉⲣⲉⲡⲁⲩⲗⲟⲥ ⲟⲩⲱϣⲃ̅ ⲉϩⲏⲧⲟⲩ ϫⲉ ⲙ̅ⲡⲓⲣ̅ⲗⲁⲁⲩ ⲛ̅ⲛⲟⲃⲉ ⲉⲡⲛⲟⲙⲟⲥ ⲛ̅ⲛ̅ⲓ̈ⲟⲩⲇⲁⲓ̈. ⲟⲩⲇⲉ ⲉϩⲟⲩⲛ ⲉⲡⲉⲣⲡⲉ. ⲟⲩⲇⲉ ⲉϩⲟⲩⲛ ⲉⲡⲣ̅ⲣⲟ.
9 ၉ ဖေတ္တုသည်ယုဒအမျိုးသားတို့ထံမှမျက် နှာရလိုသဖြင့်``သင်သည်ယေရုရှလင်မြို့ သို့သွား၍ ငါ၏ရှေ့တွင်ဤစွပ်စွဲချက်များ နှင့်စပ်လျဉ်း၍အစစ်အဆေးခံပါမည် လော'' ဟုပေါလုအားမေး၏။
ⲑ̅ⲫⲏⲥⲧⲟⲥ ϭⲉ ⲉϥⲟⲩⲱϣ ⲉϯ ⲛⲟⲩⲭⲁⲣⲓⲥ ⲛ̅ⲛ̅ⲓ̈ⲟⲩⲇⲁⲓ̈. ⲁϥⲟⲩⲱϣⲃ̅ ⲡⲉϫⲁϥ ⲙ̅ⲡⲁⲩⲗⲟⲥ ϫⲉ ⲉⲛⲉⲕⲟⲩⲱϣ ⲉⲉⲓ ⲉϩⲣⲁⲓ̈ ⲉⲑⲓ̅ⲗ̅ⲏ̅ⲙ ⲉϫⲓϩⲁⲡ ⲛⲙ̅ⲙⲁⲩ ϩⲓⲱⲧ ⲉⲧⲃⲉⲛⲁⲓ̈.
10 ၁၀ ပေါလုက ``အကျွန်ုပ်သည်ယခုဧကရာဇ် ဘုရင်တရားခွင်တွင် အစစ်အဆေးခံနိုင် ခွင့်ကိုတောင်းဆိုပါ၏။ အရှင်အမှန်သိတော် မူသည်အတိုင်းအကျွန်ုပ်သည် ယုဒအမျိုး သားတို့အားအဘယ်သို့မျှမပြစ်မှားခဲ့ ပါ။-
ⲓ̅ⲡⲉϫⲉⲡⲁⲩⲗⲟⲥ ϫⲉ ⲉⲓ̈ⲁϩⲉⲣⲁⲧ ϩⲓⲡⲃⲏⲙⲁ ⲙ̅ⲡⲣ̅ⲣⲟ ⲡⲁⲓ̈ ⲡⲉ ⲡⲙⲁ ⲉϯⲛⲁϫⲓϩⲁⲡ ϩⲓⲱⲱϥ. ⲛ̅ⲓ̈ⲟⲩⲇⲁⲓ̈ ⲅⲁⲣ ⲙ̅ⲡⲓϫⲓⲧⲟⲩ ⲛ̅ϭⲟⲛⲥ̅ ⲗⲁⲁⲩ. ⲛ̅ⲑⲉ ϩⲱⲱⲕ ⲟⲛ ⲉⲕⲥⲟⲟⲩⲛ ⲛ̅ϩⲟⲩⲟ
11 ၁၁ အကယ်၍တရားဥပဒေကိုချိုးဖောက်ကာ သေဒဏ်ခံထိုက်သောအပြစ်ကိုကူးလွန်မိ လျှင် အကျွန်ုပ်အားအသက်ချမ်းသာခွင့်ပေး ရန်တောင်းခံမည်မဟုတ်ပါ။ သို့သော်ထိုသူ တို့စွပ်စွဲချက်များသည်အခြေအမြစ်မရှိ ပါလျှင် မည်သူမျှအကျွန်ုပ်အားသူတို့၏ လက်သို့ပေးအပ်နိုင်မည်မဟုတ်ပါ။ အကျွန်ုပ် သည်ဧကရာဇ်ဘုရင်ထံအယူခံပါ၏'' ဟု လျှောက်၏။
ⲓ̅ⲁ̅ⲉⲛⲉⲛⲧⲁⲓ̈ⲉⲓⲣⲉ ⲅⲁⲣ ⲛ̅ⲟⲩϫⲓⲛϭⲟⲛⲥ̅. ⲏ̅ ⲟⲩϩⲱⲃ ⲉϥⲙ̅ⲡϣⲁ ⲙ̅ⲡⲙⲟⲩ. ⲛⲉⲓ̈ⲛⲁⲡⲁⲣⲁⲓⲧⲓ ⲁⲛ ⲙ̅ⲡⲙⲟⲩ. ⲉϣϫⲉⲙ̅ⲡⲓⲣ̅ⲗⲁⲁⲩ ⲇⲉ ⲛ̅ⲛⲉⲧⲉⲣⲉⲛⲁⲓ̈ ⲕⲁⲧⲏⲅⲟⲣⲓ ⲙ̅ⲙⲟⲓ̈ ⲉⲧⲃⲏⲏⲧⲟⲩ. ⲙ̅ⲙⲛ̅ϭⲟⲙ ⲛ̅ⲗⲁⲁⲩ ⲉⲭⲁⲣⲓⲍⲉ ⲙ̅ⲙⲟⲓ̈ ⲛⲁⲩ ϯⲉⲡⲓⲕⲁⲗⲉⲓ ⲙ̅ⲡⲣ̅ⲣⲟ.
12 ၁၂ ထိုအခါဖေတ္တုသည်မိမိ၏အတိုင်ပင်ခံ အရာရှိများနှင့်တိုင်ပင်ပြီးနောက် ``သင် သည်ဧကရာဇ်ဘုရင်ထံအယူခံသဖြင့် ဧကရာဇ်ဘုရင်ထံသို့သွားရမည်'' ဟု ဆို၏။
ⲓ̅ⲃ̅ⲧⲟⲧⲉ ⲫⲏⲥⲧⲟⲥ ⲛ̅ⲧⲉⲣⲉϥϣⲁϫⲉ ⲙⲛ̅ⲡⲉϥⲣⲉϥϫⲓϣⲟϫⲛⲉ ⲁϥⲟⲩⲱϣⲃ̅ ϫⲉ ⲁⲕⲉⲡⲓⲕⲁⲗⲉⲓ ⲙ̅ⲡⲣ̅ⲣⲟ. ⲉⲕⲉⲃⲱⲕ ⲉⲣⲁⲧϥ̅ ⲙ̅ⲡⲣ̅ⲣⲟ.
13 ၁၃ ကာလအနည်းငယ်ကြာသောအခါ အဂြိပ္ပမင်းကြီးနှင့်မိဖုရားဗေရနိတ် တို့သည် ကဲသရိမြို့သို့ရောက်နေသော ဘုရင်ခံဖေတ္တုအားနှုတ်ဆက်ရန် ကဲသရိ မြို့သို့လာကြ၏။-
ⲓ̅ⲅ̅ⲛ̅ⲧⲉⲣⲉϩⲉⲛϩⲟⲟⲩ ⲇⲉ ⲟⲩⲉⲓⲛⲉ. ⲁⲅⲣⲓⲡⲡⲁⲥ ⲡⲣ̅ⲣⲟ ⲁⲩⲱ ⲃⲉⲣⲉⲛⲓⲕⲏ. ⲁⲩⲉⲓ ⲉⲕⲁⲓⲥⲁⲣⲓⲁ ⲉⲁⲥⲡⲁⲍⲉ ⲙ̅ⲫⲏⲥⲧⲟⲥ.
14 ၁၄ ထိုမြို့တွင်ရက်အတော်ကြာမျှတည်းခိုနေ ကြစဉ် ဖေတ္တုသည်ပေါလု၏အမှုကိုမင်းကြီး အားပြောပြ၏။ ဖေတ္တုက ``ဤအရပ်တွင်ဖေ လဇ်အကျဉ်းချထားခဲ့သည့်လူတစ်ယောက် ရှိပါ၏။-
ⲓ̅ⲇ̅ⲁⲩⲱ ⲛ̅ⲧⲉⲣⲟⲩⲣ̅ϩⲁϩ ⲛ̅ϩⲟⲟⲩ ⲙ̅ⲙⲁⲩ. ⲫⲏⲥⲧⲟⲥ ⲁϥⲧⲁⲙⲉⲡⲣ̅ⲣⲟ ⲉⲫⲱⲃ ⲙ̅ⲡⲁⲩⲗⲟⲥ ⲉϥϫⲱ ⲙ̅ⲙⲟⲥ ϫⲉ ⲟⲩⲣⲱⲙⲉ ⲡⲉ ⲛ̅ⲧⲁⲫⲏⲗⲓⲝ ⲕⲁⲁϥ ⲉϥⲙⲏⲣ.
15 ၁၅ ကျွန်ုပ်ယေရုရှလင်မြို့သို့ရောက်စဉ်အခါက ယဇ်ပုရောဟိတ်ကြီးများနှင့်ယုဒအမျိုး သားခေါင်းဆောင်များသည် ကျွန်ုပ်အားထိုသူ ကိုစွပ်စွဲချက်တင်ကြပြီးနောက် သူ့အား အပြစ်ဒဏ်စီရင်ရန်တောင်းဆိုကြပါ၏။-
ⲓ̅ⲉ̅ⲡⲁⲓ̈ ⲛ̅ⲧⲉⲣⲓⲃⲱⲕ ⲉϩⲣⲁⲓ̈-ⲉⲑⲓ̅ⲗ̅ⲏ̅ⲙ. ⲁⲩⲥⲙ̅ⲙⲉ ⲉⲣⲟϥ ⲛⲁⲓ̈ ⲛ̅ϭⲓⲛⲁⲣⲭⲓⲉⲣⲉⲩⲥ ⲁⲩⲱ ⲛⲉⲡⲣⲉⲥⲃⲩⲧⲉⲣⲟⲥ ⲛ̅ⲛ̅ⲓ̈ⲟⲩⲇⲁⲓ̈. ⲉⲩⲁⲓⲧⲓ ⲙ̅ⲙⲟϥ ⲉⲙⲟⲟⲩⲧϥ̅.
16 ၁၆ အကျွန်ုပ်ကတရားခံတစ်ယောက်အားတရားလို များနှင့်မျက်နှာစုံညီတွေ့ဆုံ၍ သူတို့၏စွပ်စွဲ ချက်ကိုချေပခွင့်မပေးဘဲအပြစ်ဒဏ်စီရင် ခြင်းမှာ ရောမဋ္ဌလေ့ထုံးစံမဟုတ်ကြောင်းသူ တို့အားဖြေကြားခဲ့ပါ၏။-
ⲓ̅ⲋ̅ⲁⲓ̈ⲟⲩⲱϣⲃ̅ ⲇⲉ ⲛⲁⲩ ϫⲉ ⲙ̅ⲡⲥⲱⲛⲧ̅ ⲁⲛ ⲡⲉ ⲛ̅ⲛⲉϩⲣⲱⲙⲁⲓⲟⲥ ⲉϯ ⲛⲟⲩⲣⲱⲙⲉ ⲉⲩⲕⲁⲧⲏⲅⲟⲣⲓ ⲙ̅ⲙⲟϥ ⲉⲧⲁⲕⲟϥ. ⲙ̅ⲡⲁⲧⲉⲛ̅ⲕⲁⲧⲏⲅⲟⲣⲟⲥ ⲉⲓ ⲙ̅ⲡⲉϥⲙⲧⲟ ⲉⲃⲟⲗ. ⲉⲧⲣⲉϥϭⲛ̅ⲑⲉ ⲛ̅ⲟⲩⲱϣⲃ̅ ⲟⲩⲃⲉⲧⲕⲁⲧⲏⲅⲟⲣⲓⲁ.
17 ၁၇ သို့ဖြစ်၍သူတို့သည်ဤမြို့သို့လာရောက်သော အခါ အကျွန်ုပ်သည်မဆိုင်းမငံ့ဘဲနောက်တစ် နေ့၌တရားခွင်မှာထိုင်၍ထိုသူကိုအခေါ် ခိုင်းပါ၏။-
ⲓ̅ⲍ̅ⲛ̅ⲧⲉⲣⲟⲩⲉⲓ ϭⲉ ⲉⲡⲉⲓ̈ⲙⲁ ⲙ̅ⲡⲓⲛⲉϫⲡϩⲱⲃ ⲁⲓ̈ϩⲙⲟⲟⲥ ⲙ̅ⲡⲉϥⲣⲁⲥⲧⲉ ⲉⲡⲃⲏⲙⲁ. ⲁⲓ̈ⲟⲩⲉϩⲥⲁϩⲛⲉ ⲉⲉⲓⲛⲉ ⲙ̅ⲡⲣⲱⲙⲉ.
18 ၁၈ တရားလိုများသည်ထ၍သူ့အားစွပ်စွဲပြော ဆိုကြသော်လည်း အကျွန်ုပ်ထင်သည့်ပြစ်မှု များဖြင့်မဟုတ်ပါ။-
ⲓ̅ⲏ̅ⲛ̅ⲧⲉⲣⲟⲩⲁϩⲉ ⲇⲉ ⲉⲣⲁⲧⲟⲩ ⲉⲣⲟϥ ⲛ̅ϭⲓⲛ̅ⲕⲁⲧⲏⲅⲟⲣⲟⲥ. ⲙ̅ⲡⲟⲩⲧⲁϩⲉⲗⲁⲁⲩ ⲉⲣⲁⲧϥ̅ ⲛ̅ϩⲱⲃ ⲉϥϩⲟⲟⲩ ⲉϩⲟⲩⲛ ⲉⲣⲟϥ. ⲛ̅ⲑⲉ ⲁⲛⲟⲕ ⲉⲓ̈ⲉⲓⲙⲉ ⲉⲣⲟⲥ.
19 ၁၉ သူတို့၏ဘာသာတရားနှင့်ပတ်သက်၍လည်း ကောင်း၊ ယေရှုဆိုသူအကြောင်းနှင့်ပတ်သက် ၍လည်းကောင်း၊ အငြင်းပွားမှုသာဖြစ်ပါ သည်။ ထိုယေရှုသည်သေလွန်သွားသော်လည်း အသက်ရှင်လျက်ရှိသည်ဟုပေါလုကဆို ပါသည်။-
ⲓ̅ⲑ̅ⲁⲗⲗⲁ ϩⲉⲛⲍⲏⲧⲏⲙⲁ ⲛⲉ ⲛ̅ⲧⲉⲡⲉⲩϣⲙ̅ϣⲉ ⲛⲉⲧⲉⲩⲛ̅ⲧⲁⲩⲥⲉ ⲉϩⲟⲩⲛ ⲉⲣⲟϥ. ⲁⲩⲱ ⲉⲧⲃⲉⲟⲩⲁ ϫⲉ ⲓ̅ⲥ̅ ⲉⲁϥⲙⲟⲩ ⲉⲣⲉⲡⲁⲩⲗⲟⲥ ϫⲱ ⲙ̅ⲙⲟⲥ ϫⲉ ϥⲟⲛϩ̅.
20 ၂၀ ထိုပြဿနာများကိုဖြေရှင်းရန်ကျွန်ုပ်မှာ မကျွမ်းသဖြင့် ပေါလုအား `သင်သည်ယေရု ရှလင်မြို့သို့သွားပြီးလျှင် ဤစွပ်စွဲချက်များ နှင့်စပ်လျဉ်း၍အစစ်အဆေးခံလိုပါ သလော' ဟုမေးပါ၏။-
ⲕ̅ⲉⲓ̈ⲁⲡⲟⲣⲣⲓ ⲇⲉ ⲁⲛⲟⲕ ⲉⲧⲃⲉⲫⲁⲡ ⲛ̅ⲛⲉⲓ̈ϣⲁϫⲉ. ⲁⲓ̈ϫⲛⲟⲩϥ ϫⲉ ⲉⲛⲉⲕⲟⲩⲱϣ ⲃⲱⲕ ⲉϩⲣⲁⲓ̈ ⲉⲑⲓ̅ⲗ̅ⲏ̅ⲙ ⲉϫⲓϩⲁⲡ ⲛⲙ̅ⲙⲁⲩ ⲉⲧⲃⲉⲛⲁⲓ̈.
21 ၂၁ သို့ရာတွင်ပေါလုသည်ဧကရာဇ်ဘုရင်မင်း၏ အဆုံးအဖြတ်ကိုသာခံယူလိုကြောင်းပြော ပြပါသည်။ သူသည်မိမိအားအချုပ်နှင့်ပင် ထားရှိ၍ ဧကရာဇ်မင်း၏အဆုံးအဖြတ်ကို ခံလိုကြောင်းပန်ကြားသဖြင့် သူ့ကိုဧကရာဇ် မင်းထံပို့အပ်ချိန်အထိချုပ်ထားရန်အမိန့် ပေးခဲ့ပါသည်'' ဟုဆို၏။
ⲕ̅ⲁ̅ⲛ̅ⲧⲉⲣⲉⲡⲁⲩⲗⲟⲥ ⲇⲉ ⲉⲡⲓⲕⲁⲗⲉⲓ ⲉϩⲁⲣⲉϩ ⲉⲣⲟϥ ⲉⲫⲁⲡ ⲙ̅ⲡⲣ̅ⲣⲟ. ⲁⲓ̈ⲟⲩⲉϩⲥⲁϩⲛⲉ ⲉϩⲁⲣⲉϩ ⲉⲣⲟϥ ϣⲁⲛϯϫⲟⲟⲩϥ ⲙ̅ⲡⲣ̅ⲣⲟ.
22 ၂၂ အဂြိပ္ပမင်းက ``ထိုသူပြောကြားသည်ကို ကျွန်ုပ်ကိုယ်တိုင်ကြားလိုပါသည်'' ဟုဆို လျှင်ဖေတ္တုက ``ထိုသူပြောကြားသည်ကို နက်ဖြန်ကြားရပါစေမည်'' ဟုဆို၏။
ⲕ̅ⲃ̅ⲁⲅⲣⲓⲡⲡⲁⲥ ⲇⲉ ⲡⲉϫⲁϥ ⲙ̅ⲫⲏⲥⲧⲟⲥ ϫⲉ ⲛⲉⲓ̈ⲟⲩⲱϣ ϩⲱ ⲉⲥⲱⲧⲙ̅ ⲉⲡⲉⲓ̈ⲣⲱⲙⲉ. ⲡⲉϫⲁϥ ϫⲉ ⲣⲁⲥⲧⲉ ⲉⲕⲉⲥⲱⲧⲙ̅ ⲉⲣⲟϥ.
23 ၂၃ သို့ဖြစ်၍နောက်တစ်နေ့၌အဂြိပ္ပမင်းနှင့်မိ ဖုရားဗေရနိတ်တို့သည် ခမ်းနားကြီးကျယ် သောအဆောင်အယောင်များနှင့်တကွတပ်မှူး များ၊ မြို့ပေါ်ရှိဂုဏ်အသရေရှိလူကြီးများ နှင့်အတူကြွလာလျက် ညီလာခံခန်းမကြီး သို့ဝင်တော်မူ၏။ ထိုအခါဖေတ္တု၏အမိန့် အရ ပေါလုအားခေါ်သွင်းကြ၏။-
ⲕ̅ⲅ̅ⲙ̅ⲡⲉϥⲣⲁⲥⲧⲉ ⲁϥⲉⲓ ⲛ̅ϭⲓⲁⲅⲣⲓⲡⲡⲁⲥ ⲁⲩⲱ ⲃⲉⲣⲉⲛⲓⲕⲏ ⲙⲛ̅ⲟⲩⲛⲟϭ ⲙ̅ⲫⲁⲛⲧⲁⲥⲓⲁ. ⲁⲩⲃⲱⲕ ⲉϩⲟⲩⲛ ⲉⲡⲙⲁ ⲛ̅ϯϩⲁⲡ ⲙⲛ̅ϩⲉⲛⲭⲓⲗⲓⲁⲣⲭⲟⲥ ⲙⲛ̅ϩⲉⲛⲣⲱⲙⲉ ⲛ̅ⲣⲙ̅ⲙⲁⲟ ⲛ̅ⲧⲡⲟⲗⲓⲥ. ⲁⲩⲱ ⲛ̅ⲧⲉⲣⲉⲫⲏⲥⲧⲟⲥ ⲟⲩⲉϩⲥⲁϩⲛⲉ ⲁⲩⲉⲓⲛⲉ ⲙ̅ⲡⲁⲩⲗⲟⲥ.
24 ၂၄ ဖေတ္တုက ``အဂြိပ္ပမင်းကြီးနှင့်ကြွရောက်လာ သောသူအပေါင်းတို့၊ ယေရုရှလင်မြို့နှင့်ဤ မြို့တွင်ရှိသည့်ယုဒအမျိုးသားအပေါင်း တို့က `ဤသူကိုအရှင်မထားသင့်ပါ' ဟု ကြွေးကြော်ကာကျွန်ုပ်ထံလျှောက်ထားခဲ့ ကြ၏။ ထိုသို့လျှောက်ထားခြင်းခံရသူ ကားဤသူပင်တည်း။-
ⲕ̅ⲇ̅ⲡⲉϫⲁϥ ⲛ̅ϭⲓⲫⲏⲥⲧⲟⲥ ϫⲉ ⲁⲅⲣⲓⲡⲡⲁⲥ ⲡⲣ̅ⲣⲟ ⲁⲩⲱ ⲛ̅ⲣⲱⲙⲉ ⲧⲏⲣⲟⲩ ⲉⲧⲙ̅ⲡⲉⲓ̈ⲙⲁ. ⲧⲉⲧⲛ̅ⲛⲁⲩ ⲉⲡⲉⲓ̈ⲣⲱⲙⲉ ⲛ̅ⲧⲁⲡⲙⲏⲏϣⲉ ⲧⲏⲣϥ̅ ⲛ̅ⲛ̅ⲓ̈ⲟⲩⲇⲁⲓ̈ ⲥⲙ̅ⲙⲉ ⲛⲁⲓ̈ ⲉⲧⲃⲏⲏⲧϥ̅ ϩⲛ̅ⲑⲓ̅ⲗ̅ⲏ̅ⲙ. ⲁⲩⲱ ϩⲙ̅ⲡⲉⲓ̈ⲙⲁ. ⲉⲩⲁϣⲕⲁⲕ ⲉⲃⲟⲗ ϫⲉ ⲛ̅ϣϣⲉ ⲁⲛ ⲉⲣⲟϥ ⲉⲱⲛϩ̅ ϫⲓⲛⲧⲉⲛⲟⲩ.
25 ၂၅ သူသည်သေဒဏ်ခံထိုက်သောအပြစ်တစ်စုံ တစ်ရာကိုမျှမကူးလွန်ကြောင်းကို ကျွန်ုပ် အနေဖြင့်သိပါ၏။ သို့ရာတွင်သူကိုယ်တိုင် ကဘုရင်ဧကရာဇ်မင်းထံတွင်အယူခံ ပါမည်ဟုဆိုသဖြင့် သူ့ကိုဘုရင်မင်းမြတ် ထံတော်သို့ပို့ဆောင်ပေးရန်ကျွန်ုပ်ဆုံးဖြတ် ခဲ့ပါ၏။-
ⲕ̅ⲉ̅ⲁⲛⲟⲕ ⲇⲉ ⲁⲓ̈ϩⲉ ⲉⲣⲟϥ ⲉϣϫⲉⲙ̅ⲡϥ̅ⲣ̅ⲗⲁⲁⲩ ⲛ̅ϩⲱⲃ ⲉϥⲙ̅ⲡϣⲁ ⲙ̅ⲡⲙⲟⲩ. ⲛ̅ⲧⲟϥ ⲇⲉ ⲛ̅ⲧⲉⲣⲉϥⲉⲡⲓⲕⲁⲗⲉⲓ ⲙ̅ⲡⲣ̅ⲣⲟ ⲁⲓ̈ⲕⲣⲓⲛⲉ ⲉϫⲟⲟⲩϥ.
26 ၂၆ သူနှင့်ပတ်သက်၍ဘုရင်ဧကရာဇ်မင်း အား တိတိကျကျသံတော်ဦးတင်စရာ အကြောင်းတစ်ခုမျှကျွန်ုပ်မှာမရှိပါ။ ထို့ ကြောင့်ထိုသူအားသင်တို့၏ရှေ့သို့ခေါ် ဆောင်လာခြင်းဖြစ်ပါ၏။ အထူးသဖြင့် အဂြိပ္ပမင်းကြီးရှေ့တော်သို့ခေါ်ဆောင် လာပါ၏။ ဤသို့ခေါ်ဆောင်လာခြင်းမှာ သူ့အားမင်းကြီးစစ်ဆေးမေးမြန်းပြီး သောအခါ ကျွန်ုပ်အစီရင်ခံစာရေးရန် အကြောင်းတစ်စုံတစ်ရာရရှိနိုင်မည် ပင်ဖြစ်ပါသည်။-
ⲕ̅ⲋ̅ⲉⲙⲛ̅ϯⲟⲩϩⲱⲃ ⲇⲉ ⲙ̅ⲙⲁⲩ ⲉϥⲟⲣϫ̅ ⲉⲥϩⲁⲓ̈ ⲙ̅ⲡⲣ̅ⲣⲟ ⲉⲧⲃⲏⲏⲧϥ̅. ⲉⲧⲃⲉⲡⲁⲓ̈ ⲁⲓ̈ⲛⲧ̅ϥ̅ ⲉⲃⲟⲗ ⲉⲣⲁⲧⲧⲏⲩⲧⲛ̅. ⲛ̅ϩⲟⲩⲟ ⲇⲉ ⲉⲣⲁⲧⲕ̅ ⲡⲣ̅ⲣⲟ ⲁⲅⲣⲓⲡⲡⲁ. ϫⲉⲕⲁⲥ ⲉⲧⲉⲧⲛⲉⲁⲛⲁⲕⲣⲓⲛⲉ ⲙ̅ⲙⲟϥ. ⲧⲁϭⲙ̅ⲡⲉϯⲛⲁⲥⲁϩϥ̅.
27 ၂၇ စွဲချက်တစ်စုံတစ်ရာကိုမဖော်ပြဘဲ အကျဉ်းသားတစ်ယောက်ကိုစေလွှတ်သော် မလျော်မသင့်ဖြစ်မည်ကျွန်ုပ်ထင်ပါသည်'' ဟုဆို၏။
ⲕ̅ⲍ̅ⲛ̅ⲟⲩϩⲱⲃ ⲅⲁⲣ ⲁⲛ ⲡⲉ ⲉϣϣⲉ ⲛ̅ⲛⲁϩⲣⲁⲓ̈. ⲉϫⲉⲩⲟⲩⲁ ⲉϥⲙⲏⲣ ⲙ̅ⲡⲓⲥⲉϩⲛⲉϥⲕⲉⲁⲓⲧⲓⲁ.