< တမန်တော်ဝတ္ထု 24 >
1 ၁ နောက်ငါးရက်ကြာသောအခါယဇ်ပုရောဟိတ် မင်းအာနနိသည် ဘာသာရေးခေါင်းဆောင်အချို့ တို့လိုက်ပါလျက် တေရတုလုနာမည်ရှိသော ရှေ့နေနှင့်အတူကဲသရိမြို့သို့ရောက်ရှိလာ၏။ ထိုသူတို့သည်ဘုရင်ခံဖေလဇ်၏ရှေ့တော်သို့ ဝင်၍ပေါလုအကြောင်းနှင့်ပတ်သက်၍စွဲချက် တင်ကြ၏။-
After five days, Ananias the chief priest, certain elders, and an orator named Tertullus went there. These men brought charges against Paul before the governor.
2 ၂ ဘုရင်ခံမင်းသည်ပေါလုကိုရှေ့တော်သို့ခေါ် ယူပြီးသောအခါ ရှေ့နေတေရတုလုက ``အရှင် ဖေလဇ်မင်း၊ အရှင်၏အမြော်အမြင်ကြီးမှု ကြောင့် အကျွန်ုပ်တို့သည်အလွန်အေးချမ်းသာ ယာစွာနေထိုင်နိုင်ကြပါ၏။ အရှင်သည် အကျွန်ုပ်တို့၏တိုင်းပြည်အကျိုးအတွက် လိုအပ်သောအသစ်ပြုပြင်ပြောင်းလဲမှု များကိုပြုလုပ်ပေးလျက်ရှိပါ၏။-
When Paul stood before the governor, Tertullus began to accuse him and said to the governor, “Because of you we have great peace, and your foresight brings good reform to our nation;
3 ၃ ဤဆောင်ရွက်ချက်များကိုအကျွန်ုပ်တို့သည် အရပ်တကာတွင် အခါခပ်သိမ်းအထူး ကျေးဇူးတင်စွာဖြင့်ကြိုဆိုကြပါ၏။-
so with all thankfulness we welcome everything that you do, most excellent Felix.
4 ၄ အကျွန်ုပ်သည်အရှင်၏အချိန်ကိုများစွာ မယူလိုပါ။ သို့ဖြစ်၍အကျဉ်းချုပ်အားဖြင့် အကျွန်ုပ်တို့လျှောက်လဲသည်ကိုနားထောင် ပါရန်ပန်ကြားပါ၏။-
So that I detain you no more, I ask you to briefly listen to me with kindness.
5 ၅ ဤသူသည်အနှောင့်အယှက်အလွန်ပေးတတ် သူ၊ တိုင်းပြည်အတွက်အန္တရာယ်ရှိသူဖြစ်ကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်။ သူသည်ကမ္ဘာ အရပ်ရပ်ရှိယုဒအမျိုးသားအပေါင်းတို့ ကို ရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပေး ပါ၏။ နာဇရက်ဂိုဏ်းသားတို့၏ခေါင်းဆောင် တစ်ယောက်ဖြစ်ပါ၏။-
For we have found this man to be a pest and one who causes all the Jews throughout the world to rebel. He is a leader of the Nazarene sect.
6 ၆ ဗိမာန်တော်ကိုလည်းညစ်ညမ်းစေရန်ကြိုးစား အားထုတ်သဖြင့် သူ့အားအကျွန်ုပ်တို့ဖမ်းဆီး ခဲ့ကြပါ၏။ (သူ့အားအကျွန်ုပ်တို့သည်ပညတ် တရားအရစစ်ဆေးစီရင်ရန်အလိုရှိသော် လည်း၊-
He even tried to desecrate the temple, so we arrested him.
7 ၇ တပ်မှူးလုသိသည်လာ၍အကျွန်ုပ်တို့လက် မှအတင်းအဋ္ဌမ္မခေါ်ယူသွားပါ၏။-
8 ၈ သူ့အားပြစ်တင်ပြောဆိုသူတို့ကိုလည်းအရှင် ၏ထံသို့လာကြရန်အမိန့်ပေးခဲ့ပါ၏။) အရှင်ကိုယ်တိုင်သူ့အားစစ်ဆေးမေးမြန်းကြည့် ပါလျှင်သူ့အားအကျွန်ုပ်တို့စွပ်စွဲသည့်အချက် အားလုံးကိုကြားသိရပါလိမ့်မည်'' ဟုလျှောက်၏။-
When you question Paul about all these matters, you will be able to learn about these charges we are bringing against him.”
9 ၉ ယုဒအမျိုးသားတို့ကလည်း ``ဤစကားများ သည်ဟုတ်မှန်ပါ၏'' ဟုဆိုကာပေါလုကိုဝိုင်း ၍စွပ်စွဲပြောဆိုကြလေသည်။
The Jews also joined in the accusation, affirming that these charges were true.
10 ၁၀ ဘုရင်ခံမင်းသည်လက်ရိပ်ပြ၍ပေါလုအား တင်လျှောက်ခွင့်ပြုသောအခါပေါလုက၊ ``အရှင်သည်ဤလူမျိုးအပေါ်၌နှစ်ပေါင်း များစွာ တရားစီရင်လျက်နေခဲ့သူဖြစ်ကြောင်း အကျွန်ုပ်သိပါ၏။ ထို့ကြောင့်အကျွန်ုပ်မှာအပြစ် မရှိကြောင်းကို အရှင်အားလျှောက်လဲရသည့် အတွက်ဝမ်းမြောက်ပါ၏။-
But when the governor motioned for Paul to speak, Paul answered, “I understand that for many years you have been a judge to this nation, and so I gladly explain myself to you.
11 ၁၁ အကျွန်ုပ်သည်ယေရုရှလင်မြို့သို့ဘုရား သခင်ကို ဝတ်ပြုကိုးကွယ်ရန်သွားရောက်ခဲ့ သည်မှာတစ်ဆယ့်နှစ်ရက်မျှသာရှိပါသေး သည်။ ဤအချက်များကိုအရှင်စုံစမ်းသိ ရှိနိုင်ပါ၏။-
You will be able to find out that it has not been more than twelve days since I went up to worship in Jerusalem.
12 ၁၂ ဗိမာန်တော်တွင်ဖြစ်စေ၊ တရားဇရပ်များ တွင်ဖြစ်စေ၊ မြို့ထဲတွင်ဖြစ်စေလူတို့ဆူပူ လှုပ်ရှားအောင် အကျွန်ုပ်လှုံ့ဆော်ပေးသည် ကိုယုဒအမျိုးသားတို့မတွေ့မရှိခဲ့ ကြပါ။-
When they found me in the temple, I did not argue with anyone, and I did not stir up a crowd, either in the synagogues, or in the city.
13 ၁၃ ယခုအကျွန်ုပ်အားစွပ်စွဲပြောဆိုကြသည့် အချက်များကို သူတို့သည်သက်သေမပြ နိုင်ကြပါ။-
They cannot prove to you the accusations they are now making against me.
14 ၁၄ သို့သော်လည်းထိုသူတို့ကလွဲမှားသည်ဟု ယူဆသည့်လမ်းစဉ်တော်အရ အကျွန်ုပ်သည် ဘိုးဘေးများ၏ဘုရားသခင်ကိုကိုးကွယ် ကြောင်းကိုမူအရှင်အားဝန်ခံပါ၏။ သို့ရာ တွင်အကျွန်ုပ်သည်မောရှေ၏ပညတ်ကျမ်း နှင့်ပရောဖက်ကျမ်းများတွင်ဖော်ပြပါရှိ သမျှသောအရာတို့ကိုယုံကြည်ပါသည်။-
But I admit this to you, that according to the Way that they call a sect, in that same way I serve the God of our fathers. I am faithful to all that is in the law and the writings of the prophets.
15 ၁၅ အကျွန်ုပ်သည်ဘုရားသခင်ကိုအားကိုး မျှော်လင့်သူဖြစ်၍ လူဆိုးလူကောင်းမရွေး လူခပ်သိမ်းတို့သည် သေခြင်းမှရှင်ပြန် ထမြောက်ကြလိမ့်မည်ဟုမျှော်လင့်ပါ၏။-
I have the same confident hope in God as these men, that there will be a resurrection of both the righteous and the wicked.
16 ၁၆ သို့ဖြစ်၍အကျွန်ုပ်သည်ဘုရားသခင်ရှေ့လူ တို့ရှေ့တွင် မိမိ၏သြတ္တပ္ပစိတ်ကြည်လင်မှုရှိ စေရန်အစဉ်အမြဲအစွမ်းကုန်ကြိုးစား အားထုတ်ပါ၏။
So I always strive to have a clear conscience before God and human beings.
17 ၁၇ ``အကျွန်ုပ်သည်ယေရုရှလင်မြို့မှထွက်ခွာ ၍နှစ်ပေါင်းများစွာကြာပြီးနောက် မိမိ၏ အမျိုးသားချင်းများအတွက်အလှူငွေ ယူဆောင်လာရန်အတွက်လည်းကောင်း၊ ဘုရား သခင်အားပူဇော်သကာဆက်သရန်အတွက် လည်းကောင်းပြန်လည်ရောက်ရှိလာပါ၏။-
Now after many years I came to bring help to my nation and gifts of money.
18 ၁၈ ဗိမာန်တော်ထဲတွင်အကျွန်ုပ်သည်သန့်စင် ခြင်းမင်္ဂလာကိုပြုပြီးနောက်ပူဇော်သကာ ဆက်သနေချိန်၌ ထိုသူတို့သည်အကျွန်ုပ် ကိုတွေ့မြင်ကြပါ၏။ ထိုအခါလူပရိ သတ်များမရှိပါ။ ရုန်းရင်းဆန်ခတ်လည်း မဖြစ်ပါ။-
When I did this, certain Jews from Asia found me in a purification ceremony in the temple, not with a crowd or an uproar.
19 ၁၉ သို့ရာတွင်ထိုနေရာတွင်အာရှနယ်မှလာ သောယုဒအမျိုးသားအချို့ရှိပါ၏။ အကျွန်ုပ် အားစွပ်စွဲပြောဆိုစရာရှိလျှင်သူတို့ကိုယ် တိုင်ဤအရပ်သို့လာ၍၊-
These men ought to be before you now and say what they have against me, if they have anything.
20 ၂၀ အကျွန်ုပ်ကူးလွန်သောအပြစ်ကိုအရှင့်ထံ တွင်ဖော်ပြစွပ်စွဲသင့်ပါ၏။-
Or else, these same men should say what wrong they found in me when I stood before the Jewish council,
21 ၂၁ ထိုသို့မဟုတ်လျှင်လည်းအကျွန်ုပ်သည် တရားလွှတ်တော်အဖွဲ့ရှေ့တွင် ချေပလျှောက် လဲနေစဉ်အခါက `အကျွန်ုပ်သည်သူသေ တို့ရှင်ပြန်ထမြောက်ကြလိမ့်မည်ကိုမျှော် လင့်သူဖြစ်သဖြင့် ယနေ့သင်တို့ရှေ့တွင် အစစ်အဆေးခံနေရပါ၏' ဟူ၍ကြွေး ကြော်ခဲ့သည့်စကားရပ်မှတစ်ပါးအခြား အဘယ်ပြစ်မှုရှိကြောင်းဤသူတို့ဖော်ပြ ကြပါစေ'' ဟုလျှောက်လေ၏။
unless it is about this one thing that I shouted out when I stood among them, 'It is concerning the resurrection of those who have died that I am on trial before you today.'”
22 ၂၂ ဖေလဇ်သည်လမ်းစဉ်တော်အကြောင်းကို ကောင်းစွာသိရှိထားသူဖြစ်သဖြင့် အမှု စစ်ဆေးကြားနာမှုကိုထိုအချိန်၌ရပ် နားလိုက်၏။ သူက ``တပ်မှူးလုသိ ရောက်ရှိလာသောအခါမှသင်တို့အမှု ကိုငါစီရင်ချက်ချမှတ်မည်'' ဟုဆို၏။-
Then Felix, who was well informed about the Way, ajourned the hearing. He said, “When Lysias the commander comes down from Jerusalem, I will decide your case.”
23 ၂၃ ပေါလုကိုအစောင့်အကြပ်နှင့်အကျယ်ချုပ် ထားကာ သူ၏မိတ်ဆွေသင်္ဂဟများလာရောက် ပြုစုသည်ကိုခွင့်ပြုရန်တပ်ခွဲမှူးအားအမိန့် ပေး၏။
Then he commanded the centurion that Paul should be kept under guard, but to have some freedom so that none of his friends would be prevented from attending to his needs.
24 ၂၄ ရက်အနည်းငယ်ကြာသောအခါဖေလဇ်သည် မိမိ၏ဇနီးဒြုသိလေနှင့်အတူလာရောက်၏။ ဒြုသိလေကားယုဒအမျိုးသမီးဖြစ်၏။ ဖေလဇ် သည်ပေါလုကိုအခေါ်ခိုင်းပြီးလျှင် ခရစ်တော် ယေရှုအားယုံကြည်ခြင်းနှင့်ပတ်သက်၍ ပေါလု ဟောပြောသောတရားစကားများကိုကြား နာလေသည်။-
After some days, Felix returned with Drusilla his wife, a Jewess, and he sent for Paul and he heard from him about faith in Christ Jesus.
25 ၂၅ သို့ရာတွင်ပေါလုသည်ကောင်းမြတ်ခြင်း အကြောင်းနှင့် ကာမဂုဏ်ချုပ်တည်းခြင်း အကြောင်းကိုလည်းကောင်း၊ သက်ရောက်လတ္တံ့ သောတရားစီရင်တော်မူရာနေ့ရက် အကြောင်းကိုလည်းကောင်း ဟောပြောသော အခါဖေလဇ်သည်ကြောက်လန့်သဖြင့် ``ယခု သင်သွားနိုင်ပြီ။ နောင်အခွင့်ကြုံသည့်အခါ သင့်ကိုငါခေါ်ဦးမည်'' ဟုဆို၏။-
But when Paul reasoned with him about righteousness, self-control, and the coming judgment, Felix became frightened and said, “Go away for now. But when I have the opportunity later on, I will send for you.”
26 ၂၆ ဖေလဇ်သည်မိမိအားပေါလုလာဘ်ထိုးလိမ့် မည်ဟုမျှော်လင့်ကာ သူ့အားမကြာမကြာ ခေါ်၍စကားပြောလေ၏။
At the same time he wanted Paul to give money to him, so he often sent for him and spoke with him.
27 ၂၇ နောက်နှစ်နှစ်မျှကြာသော်ဖေလဇ်၏ဘုရင်ခံ ရာထူးကိုပေါကိဖေတ္တုဆက်ခံရ၏။ ဖေလဇ် သည်ယုဒအမျိုးသားတို့ထံမှမျက်နှာရ လိုသဖြင့် ပေါလုအားဆက်လက်၍အကျဉ်း ချထားခဲ့၏။
But when two years passed, Porcius Festus became the governor after Felix, but Felix wanted to gain favor with the Jews, so he left Paul to continue under guard.