< တမန်တော်ဝတ္ထု 23 >
1 ၁ ပေါလုသည်ယုဒတရားလွှတ်တော်အဖွဲ့ဝင် များကိုစေ့စေ့ကြည့်လျက် ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယနေ့တိုင်အောင်တစ်သက်လုံး ဘုရားသခင်၏ရှေ့တော်တွင်သြတ္တပ္ပစိတ်ကြည် လင်စွာဖြင့်နေထိုင်ပြုကျင့်ခဲ့ပါ၏'' ဟုပြော၏။-
Павло мишто вдикхляпэ пэ Синедрионо и пхэндя: — Пхралалэ, жыкай адесутно дес мэ жувавас жужаса пативаса англав Дэл.
2 ၂ ယဇ်ပုရောဟိတ်မင်းအာနနိသည်လည်း အနီးတွင်ရပ်နေသူများအား ပေါလု၏နှုတ် ကိုအရိုက်ခိုင်းလေ၏။-
Катэ о баро рашай Анания припхэндя колэнди, ко тэрдёлас пашэ лэ Павлоса, тэ арэсэл лэс пай ушта.
3 ၃ ပေါလုက ``ထုံးဖြူသုတ်သည့်အုတ်ရိုး၊ သင့်ကို ဘုရားသခင်မုချဒဏ်ခတ်တော်မူမည်။ သင် သည်အကျွန်ုပ်အားတရားဥပဒေအရ စစ်ဆေးစီရင်ရန် တရားခွင်တွင်ထိုင်လျက် နေစဉ်၌ပင် အကျွန်ုပ်ကိုအရိုက်ခိုင်းခြင်း ဖြင့်တရားဥပဒေကိုချိုးဖောက်ပါသည် တကား'' ဟုဆို၏။
Тунчи Павло пхэндя: — О Дэл арэсэла тут, дуемуенго мануш! Ту бэшэс катэ, соб тэ сындосарэс ман пав Законо ай ежэно отжас лэ Законостар, и припхэнэс тэ марэн ман!
4 ၄ အနီးတွင်ရပ်နေသူတို့က ``သင်သည်ဘုရား သခင်၏ယဇ်ပုရောဟိတ်မင်းကိုစော်ကားပါ သလော'' ဟုမေးကြလျှင်၊-
Кола, савэ тэрдёнас пашав Павло, пхэндэ лэсти: — Ту со, акушэс лэ барэ рашаес лэ Дэвлэс?
5 ၅ ပေါလုက ``ညီအစ်ကိုတို့၊ ထိုသူသည်ယဇ် ပုရောဟိတ်မင်းဖြစ်သည်ကိုအကျွန်ုပ်မသိ ပါ။ ကျမ်းစာတော်တွင် `သင်၏အမျိုးကိုအုပ် စိုးသောသူအားမကောင်းမပြောရ' ဟုဖော် ပြထားပါ၏'' ဟုဖြေကြားလေသည်။
Ай Павло пхэндя: — Пхралалэ, мэ на жанглем, со вов баро рашай. О Пистросаримос пхэнэл: «На пхэн вырито палав пхурэдэр тирэ народостар».
6 ၆ သူသည်တရားလွှတ်တော်အဖွဲ့ထဲတွင်လူ တစ်စုက ဖာရိရှဲများဖြစ်၍အခြားတစ်စု ကဇဒ္ဒုကဲများဖြစ်ကြောင်းကိုသိမြင်သော အခါ ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ဖာရိရှဲ ဖြစ်ပါ၏။ ဖာရိရှဲ၏သားလည်းဖြစ်ပါ၏။ သေသူတို့သည်ရှင်ပြန်ထမြောက်မည်ကို မျှော်လင့်သူဖြစ်သဖြင့် ယခုအကျွန်ုပ်သည် အစစ်အဆေးခံနေရခြင်းဖြစ်ပါ၏'' ဟု တရားလွှတ်တော်တွင်ကြွေးကြော်လေ ၏။
Павло жанэлас, со андо Синедрионо екх сас садукеёря, ай авэр — фарисеёря. Колэсти вов зоралэ гласоса пхэндя: — Пхрала, мэ фарисеё, шаво фарисеёстиро! Ай ман сындосарэн палай надия, со мулэ жундёна.
7 ၇ ထိုအခါဖာရိရှဲများနှင့်ဇဒ္ဒုကဲတို့သည် အငြင်းပွားကြသဖြင့် တရားလွှတ်တော် အဖွဲ့သည်နှစ်ခြမ်းကွဲလေ၏။-
Кала вов када пхэндя, фарисеёря тай садукеёря ашыле тэ споринпэ, и стидимос розжыляпэ андэ дума.
8 ၈ (ဇဒ္ဒုကဲတို့ကသေခြင်းမှထမြောက်ရှင် ပြန်ခြင်းဟူသည်မရှိ။ ကောင်းကင်တမန်မရှိ။ နာမ်ဝိညာဉ်လည်းမရှိဟုဆိုကြ၏။ သို့သော် ဖာရိရှဲတို့ကထိုအရာသုံးပါးလုံးပင်ရှိ သည်ဟုယုံကြည်လက်ခံကြ၏။)-
Колэсти со садукеёря пхэнэн, со и мулэ на жундён и нинай ни ангелонэн, ни духонэн. Ай фарисеёря патян, со исин и кода и авэр.
9 ၉ သူတို့ဟစ်အော်ပြောဆိုမှုသည်ပိုမိုကျယ် လောင်လာတော့၏။ ဖာရိရှဲဂိုဏ်းဝင်ကျမ်းတတ် ဆရာအချို့တို့သည်ထ၍ ``ဤသူ၌အဘယ် အပြစ်ကိုမျှငါတို့မတွေ့။ ဝိညာဉ်တစ်ပါး ကသော်လည်းကောင်း၊ ကောင်းကင်တမန်တစ် ပါးကသော်လည်းကောင်းသူ့အားမြွက်ဆို ကောင်းမြွက်ဆိုခဲ့လိမ့်မည်'' ဟုငြင်းခုံပြော ဆိုကြ၏။
Вазгляпэ баро цыпимос, коисавэ сытяримаря Законостирэ андай фарисеёря холяса пхэндэ: — Амэ на дикхас андэ кадва мануш нисо вырито. Со, кала лэсти пхэнэлас духо чи ангело?
10 ၁၀ ငြင်းခုံမှုသည်အလွန်ပြင်းထန်၍လာသဖြင့် ပေါလုကိုအပိုင်းပိုင်းဆုတ်ဖြတ်မည်ကိုတပ်မှူး သည်စိုးရိမ်သဖြင့် စစ်သားများအားဆင်းသွား ၍ပေါလုအားထိုသူတို့ထံမှထိန်းသိမ်းပြီး လျှင်ရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်အမိန့် ပေး၏။
Онэ линэ тэ споринпэ кадя, со пхурэдэр мия халавдэн дарайля, соб лэ Павлос тэ на росшынэн пэ котора, и припхэндя халавдэнди зораса тэ выхутилэн лэс лэндар и тэ уандярэн андэ халавдэнго чер.
11 ၁၁ ထိုည၌သခင်ဘုရားသည်ပေါလု၏အနီး၌ ရပ်လျက် ``မကြောက်နှင့်။ သင်သည်ယေရုရှလင် မြို့တွင် ငါ၏အကြောင်းကိုသက်သေခံခဲ့သည် နည်းတူရောမမြို့တွင်လည်းသက်သေခံရဦး မည်'' ဟုမိန့်တော်မူ၏။
Пэ авэр рят кав Павло авиля о Рай и пхэндя: — Ав састэса! Сар ту допхэнэсас пала Мандэ андо Иерусалимо, кадя ж ту трэбуй тэ допхэнэс и андо Римо.
12 ၁၂ နောက်တစ်နေ့နံနက်အချိန်၌ယုဒအမျိုးသား အချို့တို့သည်တွေ့ဆုံ၍ ``ပေါလုကိုမသတ်ရ မချင်းငါတို့မစားမသောက်ဘဲနေမည်'' ဟု အဋ္ဌိဋ္ဌာန်ပြုကြ၏။-
Ай дэнзор коисавэ иудеёря стидэпэ и солахадэ нисо тэ на хан и тэ на пэн жыкай, кала умарэна лэ Павлос.
13 ၁၃ ဤသို့လျှို့ဝှက်ကြံစည်ကြသူများ၏ဦး ရေမှာလေးဆယ်ကျော်ရှိသတည်း။-
Кадя допхэндэпэ тэ терэн варикай саранда манушэн.
14 ၁၄ သူတို့သည်ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာ သာရေးခေါင်းဆောင်များထံသွား၍ ``အကျွန်ုပ် တို့သည်ပေါလုကိုမသတ်ရမချင်း မည်သည့် အရာကိုမျှမစားမသောက်ပါဟုအဋ္ဌိဋ္ဌာန် ပြုထားကြပါ၏။-
Онэ жыле кай барэ рашая и пхурэдэра тай пхэндэ: — Амэ солахадям нисо тэ на лас андо муй, жыкай на умараса лэ Павлос.
15 ၁၅ သို့ဖြစ်၍အရှင်တို့နှင့်တရားလွှတ်တော်အဖွဲ့ ဝင်တို့သည် ပေါလု၏အမှုကိုပိုမိုသေချာ စွာစုံစမ်းစစ်ဆေးလိုဟန်ပြုလျက် ရောမတပ် မှူးအားသူ့ကိုအရှင်တို့ထံသို့ခေါ်ခဲ့ရန် မေတ္တာရပ်ခံကြပါ။ အရှင်တို့ထံသို့မရောက် မီပင် သူ့ကိုသတ်ရန်အကျွန်ုပ်တို့အသင့် စောင့်နေပါမည်'' ဟုလျှောက်ကြ၏။
Ай икхатар тумэ и Синедрионо мангэн пхурэдэрэс мия халавдэн тэ анэн лэс тумэндэ важ кода, соб майпашэ тэ роздикхэн лэско рындо. Ай амэ аваса гытомэ и умараса лэс инке жыкай, кала вов дожала кардэ.
16 ၁၆ သို့သော်ထိုအကြံအစည်ကိုပေါလုနှမ၏ သားသည်ကြားသိသွားသဖြင့် ရဲတိုက်ထဲ ကိုဝင်ပြီးလျှင်ပေါလုအားပြောကြား၏။-
Палай кадай чёрэхани дума ужангля лэ Павлоско пхэятиро шаво. Вов жыля андо халавдэнго чер и роспхэндя када лэ Павлости.
17 ၁၇ ပေါလုသည်တပ်ခွဲမှူးတစ်ယောက်ကိုခေါ် ၍ ``ဤလူငယ်ကိုတပ်မှူးထံသို့ခေါ်ဆောင် သွားပါ။ တပ်မှူးအားလျှောက်ထားရန်ကိစ္စ တစ်ခုရှိပါသည်'' ဟုပြော၏။-
Тунчи Павло подакхардя екхэс андай шэлэнго и пхэндя лэсти: — Одандярэн акалэс шаворэс кав пхурэдэр мия халавдэн, лэстэ исин варисо тэ пхэнэл.
18 ၁၈ သို့ဖြစ်၍တပ်ခွဲမှူးသည်ထိုလူငယ်ကိုတပ်မှူး ထံသို့ခေါ်ဆောင်ခဲ့ပြီးနောက် ``အကျဉ်းသား ပေါလုသည်အကျွန်ုပ်ကိုခေါ်၍ဤလူငယ်ကို အရှင့်ထံသို့အပို့ခိုင်းပါသည်။ သူ့မှာအရှင့် အားလျှောက်ထားရန်ကိစ္စတစ်ခုရှိပါသည်'' ဟုလျှောက်၏။
Пхурэдэр шэлэн халавдэн одандярдя лэ шаворэс кав пхурэдэр мия халавдэн и пхэндя: — Павло, саво бэшэл затердо, акхардя ман и мангля тэ анав калэс шаворэс тутэ. Лэстэ исин варисо тэ пхэнэл тути.
19 ၁၉ တပ်မှူးသည်နှစ်ယောက်ချင်းပြောဆိုနိုင်ရန် ထို လူငယ်ကိုလက်ဆွဲ၍ဆိတ်ကွယ်ရာအရပ်တစ် ခုသို့ခေါ်သွား၏။ ထိုနောက် ``ငါ့အားသင်အဘယ် အရာကိုပြောလိုပါသနည်း'' ဟုမေး၏။
Пхурэдэр мия халавдэн ля лэ шаворэс палав васт, одандярдя андэ риг тай пушля: — Со ту манди камэс тэ роспхэнэс?
20 ၂၀ လူငယ်က ``ယုဒအာဏာပိုင်တို့သည်ပေါလု ၏အမှုကိုပိုမိုသေချာစုံစမ်းစစ်ဆေးလိုဟန် ဖြင့် အရှင့်အားပေါလုကိုနက်ဖြန်နေ့၌တရား လွှတ်တော်သို့ခေါ်ဆောင်ခဲ့ရန် မေတ္တာရပ်ခံကြ မည်ဟုတိုင်ပင်ညှိနှိုင်းထားကြပါ၏။-
Шаворо пхэндя: — Иудеёря допхэндэпэ тэ мангэн тут, соб ту тэ анэс тэся лэ Павлос по Синедрионо, сар бы важ кода, соб майфэдэр вся тэ ужанэн.
21 ၂၁ သူတို့၏တောင်းလျှောက်ချက်ကိုမလိုက်လျော ပါနှင့်။ လမ်းတွင်လူလေးဆယ်ကျော်ပုန်းကွယ် ချောင်းမြောင်းစောင့်ဆိုင်းလျက်ရှိပါ၏။ ထိုသူ တို့သည်ပေါလုကိုမသတ်ရမချင်း မစား မသောက်ဘဲနေမည်ဟုအဋ္ဌိဋ္ဌာန်ပြုထား ကြပါ၏။ ယခုပင်သူတို့သည်ပေါလုကို သတ်ရန်အသင့်ပြင်ဆင်ကာ အရှင်၏ဆုံး ဖြတ်ချက်ကိုစောင့်ဆိုင်းလျက်ရှိနေကြပါ ပြီ'' ဟုလျှောက်၏။
Нэ ту калэсти на патя, колэсти со лэс поджутярэн майбут, сар саранда манушэн. Онэ солахадэ тэ на хан и тэ на пэн, жыкай на умарэна лэс. И онэ тэрдён гытосардэ и ажутярэн, со ту стерэса кадя, сар онэ мангле.
22 ၂၂ တပ်မှူးက ``သင်သည်ဤကဲ့သို့ငါ့အားတိုင် ကြားခဲ့ကြောင်းအဘယ်သူအားမျှမပြော နှင့်'' ဟုဆို၍ထိုလူငယ်ကိုထွက်ခွာသွားစေ၏။
Тунчи пхурэдэр мия халавдэн отмукля шаворэс тай пхэндя лэсти: — Никасти на роспхэн пала кода, со ту манди пхэндян.
23 ၂၃ ထိုနောက်တပ်မှူးသည်တပ်ခွဲမှူးနှစ်ယောက်ကို ခေါ်၍ ``ယနေ့ညကိုးနာရီအချိန်၌ကဲသရိ မြို့သို့သွားရန်စစ်သားနှစ်ရာ၊ မြင်းတပ်သား ခုနစ်ဆယ်နှင့်လှံတပ်သားနှစ်ရာတို့ကိုယနေ့ ညကိုးနာရီ၌ထွက်ခွာရန်အသင့်ရှိစေကြ လော့။-
Тунчи пхурэдэр мия халавдэн выакхардя дуй пхурэдэрэн шэлэн халавдэн и припхэндя: — Гытосарэн дуйшэл халавдэн, эхтадэш, савэ бэшэн пэ граста, и дуйшэл, савэ андярэн копьюря, кай тэ жас андэ Кесария андэ иня чясоря ратятерэ.
24 ၂၄ ပေါလုအတွက်မြင်းများကိုလည်းအသင့် ပြင်ထားလော့။ သူ့ကိုဘုရင်ခံမင်းဖေလဇ် ထံသို့ကြပ်မတ်၍ပို့ကြလော့'' ဟုအမိန့် ပေး၏။-
Гытосарэн лэ Павлости грастэс, кай бибидако тэ доладэл вов кав баро рай Фэликсо.
25 ၂၅ တပ်မှူးသည်စာတစ်စောင်ကိုလည်းရေး၍ပေး လိုက်၏။
И вов пистросардя кацаво лил:
26 ၂၆ ထိုစာတွင် ``ကလောဒိလုသိထံမှအရှင် ဖေလဇ်မင်းထံသို့ရိုသေစွာအစီရင်ခံအပ် ပါသည်။-
«Клавдиёстар Лисиёстар, Пативалэсти барэ раести Фэликсости: Тэ авэс бахтало!
27 ၂၇ ယုဒအမျိုးသားတို့သည်ဤသူ့ကိုဖမ်းဆီး ၍သတ်မည်ပြုကြပါ၏။ သူသည်ရောမနိုင်ငံ သားဖြစ်ကြောင်းကိုအကျွန်ုပ်ကြားသိရ သဖြင့် စစ်သားများနှင့်အတူသွား၍သူ့ အားကယ်ဆယ်ခဲ့ပါ၏။-
Иудеёря схутилдэ калэс манушэс и стидэнаспэ тэ умарэн лэс. Нэ мэ ужанглем, со вов римоско мануш, авилем халавдэнца и фэрисардэм лэс.
28 ၂၈ အကျွန်ုပ်သည်သူ့အားယုဒအမျိုးသားတို့ အဘယ်ပြစ်မှုဖြင့်စွပ်စွဲကြကြောင်းကိုသိလို သဖြင့် သူတို့၏တရားလွှတ်တော်သို့ခေါ်ဆောင် သွားပါ၏။-
Мэ камлем тэ ужанав, андэр со онэ лэс ужылисарэн, тай андэм лэс андэ лэнго Синедрионо.
29 ၂၉ ယုဒအမျိုးသားတို့သည်သူ့ကိုမိမိတို့၏ ပညတ်တရားဆိုင်ရာပြဿနာများနှင့်ပတ် သက်၍ပြစ်တင်စွပ်စွဲကြပါသည်။ သူ့မှာသေ ဒဏ်ခံထိုက်သောအပြစ်၊ သို့မဟုတ်ထောင်ဒဏ် ခံထိုက်သောအပြစ်တစ်စုံတစ်ရာမျှမရှိ ကြောင်းကိုအကျွန်ုပ်တွေ့ရှိပါ၏။-
Мэ аракхлем, со онэ ужылисарэн лэс пала лэнго Законо, нэ пэ лэстэ нинай нисаво ужылимос, пала сави трэбуй тэ умарэн чи тэ запхандавэн андэ лэпунзэ.
30 ၃၀ ယုဒအမျိုးသားတို့သည်သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်လျက်ရှိကြောင်းသတင်းကို ရရှိသဖြင့် အကျွန်ုပ်သည်သူ့အားအရှင့်ထံ သို့ချက်ချင်းစေလွှတ်လိုက်ပါ၏။ တရားလို များအားလည်းမိမိတို့၏အမှုကိုအရှင့် ရှေ့တော်တွင် လျှောက်လဲကြရန်ညွှန်ကြား လိုက်ပါသည်။ အရှင်ကျန်းမာပါစေသော'' ဟူ၍ပါရှိ၏။
Нэ кала манди пхэндэ, со лэс камэн тэ умарэн, тай мэ сыго одандярдэм лэс тутэ и припхэндэм колэнди, ко ужылисарэл лэс, тэ допхэнэн пэстирэ лава англав тутэ».
31 ၃၁ စစ်သားတို့သည်တပ်မှူး၏အမိန့်အတိုင်း ဆောင်ရွက်ကြ၏။ သူတို့သည်ပေါလုကိုခေါ် ၍ထိုည၌ပင်အန္တိပတရိမြို့အထိပို့ ဆောင်ကြ၏။-
Тунчи халавдэ тердэ кода, со лэнди припхэндэ, линэ Павлос тай рятяса андярдэ андэ Антипатрисо.
32 ၃၂ နောက်တစ်နေ့၌ခြေလျင်တပ်သားများသည် ရဲတိုက်သို့ပြန်လာခဲ့ကြ၏။ မြင်းတပ်သား များသည်ပေါလုနှင့်အတူဆက်လက်ခရီး ပြုရန်ဖြစ်၏။-
Ай пэ авэр дес халавдэ пэ граста андярдэ лэс майдур, а авэр халавдэ рисайле андо халавдэнго чер.
33 ၃၃ မြင်းတပ်သားများသည်ကဲသရိမြို့သို့ရောက် သောအခါ တပ်မှူး၏စာကိုဘုရင်ခံမင်းအား ပေးဆက်ကာပေါလုကိုရှေ့တော်သို့သွင်း ကြ၏။-
Кала кола, савэ ладэнас пэ граста, авиле андэ Кесария, отдинэ о лил барэ раести тай пэрэдинэ лэсти Павлос.
34 ၃၄ ဘုရင်ခံမင်းသည်စာကိုဖတ်ပြီးနောက် ``သင် သည်အဘယ်ပြည်သားဖြစ်သနည်း'' ဟုပေါလု အားမေး၏။ ကိလိကိပြည်သားဖြစ်ကြောင်းကို ကြားသိသောအခါ၊-
Баро рай пробиндя лил тай пушля Павлостар, андай сави вов пхув. Кала вов ужангля, со Павло андай Киликия,
35 ၃၅ ဘုရင်ခံမင်းက ``ဤအရပ်သို့သင်၏တရား လိုများရောက်ရှိလာကြသောအခါ သင်၏ အမှုကိုငါစစ်ဆေးမည်'' ဟုဆို၏။ ထိုနောက် ပေါလုအားဟေရုဒ်မင်းကြီးဆောက်လုပ်ခဲ့ သောနန်းတော်တွင်အစောင့်အကြပ်နှင့်ထား ရန်အမိန့်ပေးလေသည်။
пхэндя: — Мэ выашунава тут кала авэна кола, ко ужылисарэл тут, — и припхэндя соб лэ Павлос тэ запхандавэн андо баро чер Иродоско.