< တမန်တော်ဝတ္ထု 23 >

1 ပေါ​လု​သည်​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် များ​ကို​စေ့​စေ့​ကြည့်​လျက် ``ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည်​ယ​နေ့​တိုင်​အောင်​တစ်​သက်​လုံး ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သြတ္တပ္ပ​စိတ်​ကြည် လင်​စွာ​ဖြင့်​နေ​ထိုင်​ပြု​ကျင့်​ခဲ့​ပါ​၏'' ဟု​ပြော​၏။-
And Paul, looking attentively on the Sanhedrim, said, Brethren, I have, even to this day, lived in all good conscience toward God--
2 ယဇ်​ပု​ရော​ဟိတ်​မင်း​အာ​န​နိ​သည်​လည်း အ​နီး​တွင်​ရပ်​နေ​သူ​များ​အား ပေါ​လု​၏​နှုတ် ကို​အ​ရိုက်​ခိုင်း​လေ​၏။-
And Ananias, the high priest, commanded those that stood by him, to strike him on the mouth.
3 ပေါ​လု​က ``ထုံး​ဖြူ​သုတ်​သည့်​အုတ်​ရိုး၊ သင့်​ကို ဘု​ရား​သ​ခင်​မု​ချ​ဒဏ်​ခတ်​တော်​မူ​မည်။ သင် သည်​အ​ကျွန်ုပ်​အား​တ​ရား​ဥ​ပ​ဒေ​အ​ရ စစ်​ဆေး​စီ​ရင်​ရန် တ​ရား​ခွင်​တွင်​ထိုင်​လျက် နေ​စဉ်​၌​ပင် အ​ကျွန်ုပ်​ကို​အ​ရိုက်​ခိုင်း​ခြင်း ဖြင့်​တ​ရား​ဥ​ပ​ဒေ​ကို​ချိုး​ဖောက်​ပါ​သည် တ​ကား'' ဟု​ဆို​၏။
Then Paul said to him, God is about to strike you, you whited wall! For do you sit to judge me according to the law, and yet, in violation of the law, command me to be struck?
4 အ​နီး​တွင်​ရပ်​နေ​သူ​တို့​က ``သင်​သည်​ဘု​ရား သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​မင်း​ကို​စော်​ကား​ပါ သ​လော'' ဟု​မေး​ကြ​လျှင်၊-
But they, that stood by, said, Do you revile the high priest of God?
5 ပေါ​လု​က ``ညီ​အစ်​ကို​တို့၊ ထို​သူ​သည်​ယဇ် ပု​ရော​ဟိတ်​မင်း​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​မ​သိ ပါ။ ကျမ်း​စာ​တော်​တွင် `သင်​၏​အ​မျိုး​ကို​အုပ် စိုး​သော​သူ​အား​မ​ကောင်း​မ​ပြော​ရ' ဟု​ဖော် ပြ​ထား​ပါ​၏'' ဟု​ဖြေ​ကြား​လေ​သည်။
And Paul said, Brethren, I was not aware that it was the high priest; for it is written, "You shall not speak evil of the ruler of your people."
6 သူ​သည်​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ထဲ​တွင်​လူ တစ်​စု​က ဖာ​ရိ​ရှဲ​များ​ဖြစ်​၍​အ​ခြား​တစ်​စု က​ဇဒ္ဒု​ကဲ​များ​ဖြစ်​ကြောင်း​ကို​သိ​မြင်​သော အ​ခါ ``ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည်​ဖာ​ရိ​ရှဲ ဖြစ်​ပါ​၏။ ဖာ​ရိ​ရှဲ​၏​သား​လည်း​ဖြစ်​ပါ​၏။ သေ​သူ​တို့​သည်​ရှင်​ပြန်​ထ​မြောက်​မည်​ကို မျှော်​လင့်​သူ​ဖြစ်​သ​ဖြင့် ယ​ခု​အ​ကျွန်ုပ်​သည် အ​စစ်​အ​ဆေး​ခံ​နေ​ရ​ခြင်း​ဖြစ်​ပါ​၏'' ဟု တ​ရား​လွှတ်​တော်​တွင်​ကြွေး​ကြော်​လေ ၏။
Then Paul, perceiving that the one part was Sadducees, and the other Pharisees, cried out, in the Sanhedrim, Brethren, I am a Pharisee, the son of a Pharisee; for the hope and resurrection of the dead, I am brought into judgment.
7 ထို​အ​ခါ​ဖာ​ရိ​ရှဲ​များ​နှင့်​ဇဒ္ဒု​ကဲ​တို့​သည် အ​ငြင်း​ပွား​ကြ​သ​ဖြင့် တ​ရား​လွှတ်​တော် အ​ဖွဲ့​သည်​နှစ်​ခြမ်း​ကွဲ​လေ​၏။-
And on speaking this, there was a contention between the Pharisees and the Sadducees; and the multitude was divided.
8 (ဇဒ္ဒု​ကဲ​တို့​က​သေ​ခြင်း​မှ​ထ​မြောက်​ရှင် ပြန်​ခြင်း​ဟူ​သည်​မ​ရှိ။ ကောင်း​ကင်​တ​မန်​မ​ရှိ။ နာမ်​ဝိ​ညာဉ်​လည်း​မ​ရှိ​ဟု​ဆို​ကြ​၏။ သို့​သော် ဖာ​ရိ​ရှဲ​တို့​က​ထို​အ​ရာ​သုံး​ပါး​လုံး​ပင်​ရှိ သည်​ဟု​ယုံ​ကြည်​လက်​ခံ​ကြ​၏။)-
For the Sadducees say there is no resurrection, neither angel, nor spirit; but the Pharisees confess both.
9 သူ​တို့​ဟစ်​အော်​ပြော​ဆို​မှု​သည်​ပို​မို​ကျယ် လောင်​လာ​တော့​၏။ ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ကျမ်း​တတ် ဆ​ရာ​အ​ချို့​တို့​သည်​ထ​၍ ``ဤ​သူ​၌​အ​ဘယ် အ​ပြစ်​ကို​မျှ​ငါ​တို့​မ​တွေ့။ ဝိ​ညာဉ်​တစ်​ပါး က​သော်​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​တစ် ပါး​က​သော်​လည်း​ကောင်း​သူ့​အား​မြွက်​ဆို ကောင်း​မြွက်​ဆို​ခဲ့​လိမ့်​မည်'' ဟု​ငြင်း​ခုံ​ပြော ဆို​ကြ​၏။
And there was a great clamor; and the scribes who were on the side of the Pharisees, arose and contended, saying, We find no evil in this man; but if a spirit, or an angel has spoken to him, let us not fight against God.
10 ၁၀ ငြင်း​ခုံ​မှု​သည်​အ​လွန်​ပြင်း​ထန်​၍​လာ​သ​ဖြင့် ပေါ​လု​ကို​အ​ပိုင်း​ပိုင်း​ဆုတ်​ဖြတ်​မည်​ကို​တပ်​မှူး သည်​စိုး​ရိမ်​သ​ဖြင့် စစ်​သား​များ​အား​ဆင်း​သွား ၍​ပေါ​လု​အား​ထို​သူ​တို့​ထံ​မှ​ထိန်း​သိမ်း​ပြီး လျှင်​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင်​သွား​ရန်​အ​မိန့် ပေး​၏။
And as a great disturbance arose, the commander, fearing lest Paul should be torn in pieces by them, ordered the soldiers to go down, and take him by force from the midst of them, and to bring him into the castle.
11 ၁၁ ထို​ည​၌​သ​ခင်​ဘု​ရား​သည်​ပေါ​လု​၏​အ​နီး​၌ ရပ်​လျက် ``မ​ကြောက်​နှင့်။ သင်​သည်​ယေ​ရု​ရှ​လင် မြို့​တွင် ငါ​၏​အ​ကြောင်း​ကို​သက်​သေ​ခံ​ခဲ့​သည် နည်း​တူ​ရော​မ​မြို့​တွင်​လည်း​သက်​သေ​ခံ​ရ​ဦး မည်'' ဟု​မိန့်​တော်​မူ​၏။
And in the following night, the Lord, standing by him, said, Be of good courage, Paul; for as you have testified the things concerning me in Jerusalem, so you must also bear testimony in Rome.
12 ၁၂ နောက်​တစ်​နေ့​နံ​နက်​အ​ချိန်​၌​ယု​ဒ​အ​မျိုး​သား အ​ချို့​တို့​သည်​တွေ့​ဆုံ​၍ ``ပေါ​လု​ကို​မ​သတ်​ရ မ​ချင်း​ငါ​တို့​မ​စား​မ​သောက်​ဘဲ​နေ​မည်'' ဟု အ​ဋ္ဌိ​ဋ္ဌာန်​ပြု​ကြ​၏။-
And when it was day, some of the Jews, entering into a conspiracy, bound themselves with a curse; saying, that they would neither eat nor drink till they had killed Paul.
13 ၁၃ ဤ​သို့​လျှို့​ဝှက်​ကြံ​စည်​ကြ​သူ​များ​၏​ဦး ရေ​မှာ​လေး​ဆယ်​ကျော်​ရှိ​သ​တည်း။-
And they were more than forty, who had made this agreement.
14 ၁၄ သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ သာ​ရေး​ခေါင်း​ဆောင်​များ​ထံ​သွား​၍ ``အ​ကျွန်ုပ် တို့​သည်​ပေါ​လု​ကို​မ​သတ်​ရ​မ​ချင်း မည်​သည့် အ​ရာ​ကို​မျှ​မ​စား​မ​သောက်​ပါ​ဟု​အ​ဋ္ဌိ​ဋ္ဌာန် ပြု​ထား​ကြ​ပါ​၏။-
And they came to the chief priests and elders, and said, We have bound ourselves m by a solemn anathema, not to taste anything till we have slain Paul:
15 ၁၅ သို့​ဖြစ်​၍​အ​ရှင်​တို့​နှင့်​တ​ရား​လွှတ်​တော်​အ​ဖွဲ့ ဝင်​တို့​သည် ပေါ​လု​၏​အ​မှု​ကို​ပို​မို​သေ​ချာ စွာ​စုံ​စမ်း​စစ်​ဆေး​လို​ဟန်​ပြု​လျက် ရော​မ​တပ် မှူး​အား​သူ့​ကို​အ​ရှင်​တို့​ထံ​သို့​ခေါ်​ခဲ့​ရန် မေတ္တာ​ရပ်​ခံ​ကြ​ပါ။ အ​ရှင်​တို့​ထံ​သို့​မ​ရောက် မီ​ပင် သူ့​ကို​သတ်​ရန်​အ​ကျွန်ုပ်​တို့​အ​သင့် စောင့်​နေ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။
now, therefore, do you, with the Sanhedrim, signify to the commander, that he bring him down to you, as if you would more accurately discuss what relates to him; and we are ready to kill him, before he can come near you.
16 ၁၆ သို့​သော်​ထို​အ​ကြံ​အ​စည်​ကို​ပေါ​လု​နှ​မ​၏ သား​သည်​ကြား​သိ​သွား​သ​ဖြင့် ရဲ​တိုက်​ထဲ ကို​ဝင်​ပြီး​လျှင်​ပေါ​လု​အား​ပြော​ကြား​၏။-
But Paul's sister's son, hearing of the ambush, came, and entering into the castle, told Paul.
17 ၁၇ ပေါ​လု​သည်​တပ်​ခွဲ​မှူး​တစ်​ယောက်​ကို​ခေါ် ၍ ``ဤ​လူ​ငယ်​ကို​တပ်​မှူး​ထံ​သို့​ခေါ်​ဆောင် သွား​ပါ။ တပ်​မှူး​အား​လျှောက်​ထား​ရန်​ကိစ္စ တစ်​ခု​ရှိ​ပါ​သည်'' ဟု​ပြော​၏။-
And Paul, calling one of the centurions to him, said, Conduct this young man to the commander, for he has something to tell him.
18 ၁၈ သို့​ဖြစ်​၍​တပ်​ခွဲ​မှူး​သည်​ထို​လူ​ငယ်​ကို​တပ်​မှူး ထံ​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​နောက် ``အ​ကျဉ်း​သား ပေါ​လု​သည်​အ​ကျွန်ုပ်​ကို​ခေါ်​၍​ဤ​လူ​ငယ်​ကို အ​ရှင့်​ထံ​သို့​အ​ပို့​ခိုင်း​ပါ​သည်။ သူ့​မှာ​အ​ရှင့် အား​လျှောက်​ထား​ရန်​ကိစ္စ​တစ်​ခု​ရှိ​ပါ​သည်'' ဟု​လျှောက်​၏။
He, therefore, took and led him to the commander, and said, Paul, the prisoner, calling me to him, desired that I would bring to you this young man, who has something to tell you.
19 ၁၉ တပ်​မှူး​သည်​နှစ်​ယောက်​ချင်း​ပြော​ဆို​နိုင်​ရန် ထို လူ​ငယ်​ကို​လက်​ဆွဲ​၍​ဆိတ်​ကွယ်​ရာ​အ​ရပ်​တစ် ခု​သို့​ခေါ်​သွား​၏။ ထို​နောက် ``ငါ့​အား​သင်​အ​ဘယ် အ​ရာ​ကို​ပြော​လို​ပါ​သ​နည်း'' ဟု​မေး​၏။
And the commander, taking him by the hand, and leading him into a retired place, inquired of him, What is it that you have to tell me?
20 ၂၀ လူ​ငယ်​က ``ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ပေါ​လု ၏​အ​မှု​ကို​ပို​မို​သေ​ချာ​စုံ​စမ်း​စစ်​ဆေး​လို​ဟန် ဖြင့် အ​ရှင့်​အား​ပေါ​လု​ကို​နက်​ဖြန်​နေ့​၌​တ​ရား လွှတ်​တော်​သို့​ခေါ်​ဆောင်​ခဲ့​ရန် မေတ္တာ​ရပ်​ခံ​ကြ မည်​ဟု​တိုင်​ပင်​ညှိ​နှိုင်း​ထား​ကြ​ပါ​၏။-
And he said, The Jews have agreed together to ask you, that you bring down Paul to-morrow to the Sanhedrim, as if they would inquire something more accurately concerning him.
21 ၂၁ သူ​တို့​၏​တောင်း​လျှောက်​ချက်​ကို​မ​လိုက်​လျော ပါ​နှင့်။ လမ်း​တွင်​လူ​လေး​ဆယ်​ကျော်​ပုန်း​ကွယ် ချောင်း​မြောင်း​စောင့်​ဆိုင်း​လျက်​ရှိ​ပါ​၏။ ထို​သူ တို့​သည်​ပေါ​လု​ကို​မ​သတ်​ရ​မ​ချင်း မ​စား မ​သောက်​ဘဲ​နေ​မည်​ဟု​အ​ဋ္ဌိ​ဋ္ဌာန်​ပြု​ထား ကြ​ပါ​၏။ ယ​ခု​ပင်​သူ​တို့​သည်​ပေါ​လု​ကို သတ်​ရန်​အ​သင့်​ပြင်​ဆင်​ကာ အ​ရှင်​၏​ဆုံး ဖြတ်​ချက်​ကို​စောင့်​ဆိုင်း​လျက်​ရှိ​နေ​ကြ​ပါ ပြီ'' ဟု​လျှောက်​၏။
But do not be prevailed on by them; for there are more than forty of them, that lie in ambush for him, who have bound themselves by a curse, neither to eat nor drink, till they have killed him; and they are now ready, expecting this promise from you.
22 ၂၂ တပ်​မှူး​က ``သင်​သည်​ဤ​ကဲ့​သို့​ငါ့​အား​တိုင် ကြား​ခဲ့​ကြောင်း​အ​ဘယ်​သူ​အား​မျှ​မ​ပြော နှင့်'' ဟု​ဆို​၍​ထို​လူ​ငယ်​ကို​ထွက်​ခွာ​သွား​စေ​၏။
The commander, therefore, dismissed the young man, with a charge, Be sure you tell no man, that you have discovered these things to me.
23 ၂၃ ထို​နောက်​တပ်​မှူး​သည်​တပ်​ခွဲ​မှူး​နှစ်​ယောက်​ကို ခေါ်​၍ ``ယ​နေ့​ည​ကိုး​နာ​ရီ​အ​ချိန်​၌​ကဲ​သ​ရိ မြို့​သို့​သွား​ရန်​စစ်​သား​နှစ်​ရာ၊ မြင်း​တပ်​သား ခု​နစ်​ဆယ်​နှင့်​လှံ​တပ်​သား​နှစ်​ရာ​တို့​ကို​ယ​နေ့ ည​ကိုး​နာ​ရီ​၌​ထွက်​ခွာ​ရန်​အ​သင့်​ရှိ​စေ​ကြ လော့။-
And he called too him two of the centurions, and said, Prepare two hundred soldiers, to go to Cesarea; and seventy horsemen, and two hundred spearmen; by the third hour of the night;
24 ၂၄ ပေါ​လု​အ​တွက်​မြင်း​များ​ကို​လည်း​အ​သင့် ပြင်​ထား​လော့။ သူ့​ကို​ဘု​ရင်​ခံ​မင်း​ဖေ​လဇ် ထံ​သို့​ကြပ်​မတ်​၍​ပို့​ကြ​လော့'' ဟု​အ​မိန့် ပေး​၏။-
and provide beasts to set Paul upon, and conduct him in safety to Felix, the governor.
25 ၂၅ တပ်​မှူး​သည်​စာ​တစ်​စောင်​ကို​လည်း​ရေး​၍​ပေး လိုက်​၏။
And he wrote an epistle, the contents of which are in this copy:
26 ၂၆ ထို​စာ​တွင် ``က​လော​ဒိ​လု​သိ​ထံ​မှ​အ​ရှင် ဖေ​လဇ်​မင်း​ထံ​သို့​ရို​သေ​စွာ​အ​စီ​ရင်​ခံ​အပ် ပါ​သည်။-
Claudius Lysias, to his excellency, Felix, the governor, sends greeting:
27 ၂၇ ယု​ဒ​အ​မျိုး​သား​တို့​သည်​ဤ​သူ့​ကို​ဖမ်း​ဆီး ၍​သတ်​မည်​ပြု​ကြ​ပါ​၏။ သူ​သည်​ရော​မ​နိုင်​ငံ သား​ဖြစ်​ကြောင်း​ကို​အ​ကျွန်ုပ်​ကြား​သိ​ရ သ​ဖြင့် စစ်​သား​များ​နှင့်​အ​တူ​သွား​၍​သူ့ အား​ကယ်​ဆယ်​ခဲ့​ပါ​၏။-
This man was seized by the Jews, and had like to have been slain by them; when I came with a party of soldiers, and rescued him: and I have since learned, that he is a Roman.
28 ၂၈ အ​ကျွန်ုပ်​သည်​သူ့​အား​ယု​ဒ​အ​မျိုး​သား​တို့ အ​ဘယ်​ပြစ်​မှု​ဖြင့်​စွပ်​စွဲ​ကြ​ကြောင်း​ကို​သိ​လို သ​ဖြင့် သူ​တို့​၏​တ​ရား​လွှတ်​တော်​သို့​ခေါ်​ဆောင် သွား​ပါ​၏။-
And, desiring to know the crime of which they accused him, I brought him before the Sanhedrim,
29 ၂၉ ယု​ဒ​အ​မျိုး​သား​တို့​သည်​သူ့​ကို​မိ​မိ​တို့​၏ ပ​ညတ်​တ​ရား​ဆိုင်​ရာ​ပြ​ဿ​နာ​များ​နှင့်​ပတ် သက်​၍​ပြစ်​တင်​စွပ်​စွဲ​ကြ​ပါ​သည်။ သူ့​မှာ​သေ ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်၊ သို့​မ​ဟုတ်​ထောင်​ဒဏ် ခံ​ထိုက်​သော​အ​ပြစ်​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ ကြောင်း​ကို​အ​ကျွန်ုပ်​တွေ့​ရှိ​ပါ​၏။-
whom I found to be accused concerning questions of their law, but to have nothing charged upon him worthy of death, or of bonds.
30 ၃၀ ယု​ဒ​အ​မျိုး​သား​တို့​သည်​သူ့​ကို​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​လျက်​ရှိ​ကြောင်း​သ​တင်း​ကို ရ​ရှိ​သ​ဖြင့် အ​ကျွန်ုပ်​သည်​သူ့​အား​အ​ရှင့်​ထံ သို့​ချက်​ချင်း​စေ​လွှတ်​လိုက်​ပါ​၏။ တ​ရား​လို များ​အား​လည်း​မိ​မိ​တို့​၏​အ​မှု​ကို​အ​ရှင့် ရှေ့​တော်​တွင် လျှောက်​လဲ​ကြ​ရန်​ညွှန်​ကြား လိုက်​ပါ​သည်။ အ​ရှင်​ကျန်း​မာ​ပါ​စေ​သော'' ဟူ​၍​ပါ​ရှိ​၏။
But when it was signified to me, that an ambush would be laid for the man, by the Jews, I immediately sent him to you, commanding his accusers also to declare before you, what they have against him. Farewell.
31 ၃၁ စစ်​သား​တို့​သည်​တပ်​မှူး​၏​အ​မိန့်​အ​တိုင်း ဆောင်​ရွက်​ကြ​၏။ သူ​တို့​သည်​ပေါ​လု​ကို​ခေါ် ၍​ထို​ည​၌​ပင်​အန္တိ​ပ​တ​ရိ​မြို့​အ​ထိ​ပို့ ဆောင်​ကြ​၏။-
The soldiers, therefore, as it was commanded them, taking up Paul, brought him by night to Antipatris.
32 ၃၂ နောက်​တစ်​နေ့​၌​ခြေ​လျင်​တပ်​သား​များ​သည် ရဲ​တိုက်​သို့​ပြန်​လာ​ခဲ့​ကြ​၏။ မြင်း​တပ်​သား များ​သည်​ပေါ​လု​နှင့်​အ​တူ​ဆက်​လက်​ခ​ရီး ပြု​ရန်​ဖြစ်​၏။-
And the next day they returned to the castle, leaving the horsemen to go with him:
33 ၃၃ မြင်း​တပ်​သား​များ​သည်​ကဲ​သ​ရိ​မြို့​သို့​ရောက် သော​အ​ခါ တပ်​မှူး​၏​စာ​ကို​ဘု​ရင်​ခံ​မင်း​အား ပေး​ဆက်​ကာ​ပေါ​လု​ကို​ရှေ့​တော်​သို့​သွင်း ကြ​၏။-
who, entering into Cesarea, and delivering the epistle to the governor, presented Paul also before him.
34 ၃၄ ဘု​ရင်​ခံ​မင်း​သည်​စာ​ကို​ဖတ်​ပြီး​နောက် ``သင် သည်​အ​ဘယ်​ပြည်​သား​ဖြစ်​သ​နည်း'' ဟု​ပေါ​လု အား​မေး​၏။ ကိ​လိ​ကိ​ပြည်​သား​ဖြစ်​ကြောင်း​ကို ကြား​သိ​သော​အ​ခါ၊-
And when he had read the letter, he asked of what province he was: and being informed that he was of Cilicia,
35 ၃၅ ဘု​ရင်​ခံ​မင်း​က ``ဤ​အ​ရပ်​သို့​သင်​၏​တ​ရား လို​များ​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ သင်​၏ အ​မှု​ကို​ငါ​စစ်​ဆေး​မည်'' ဟု​ဆို​၏။ ထို​နောက် ပေါ​လု​အား​ဟေ​ရုဒ်​မင်း​ကြီး​ဆောက်​လုပ်​ခဲ့ သော​နန်း​တော်​တွင်​အ​စောင့်​အ​ကြပ်​နှင့်​ထား ရန်​အ​မိန့်​ပေး​လေ​သည်။
I will hear you, said he, when your accusers are also come. And he commanded him to be kept in Herod's pretorium.

< တမန်တော်ဝတ္ထု 23 >