< တမန်တော်ဝတ္ထု 22 >

1 ``ညီ​အစ်​ကို​များ​နှင့်​ဖ​ခင်​တို့၊ ယ​ခု​အ​ကျွန်ုပ် ထု​ချေ​မည့်​စ​ကား​ကို​နား​ထောင်​ကြ​ပါ'' ဟု ဆို​၏။-
Brethren and fathers, hear ye the defence which I now make unto you.
2 ထို​သို့​ဟေ​ဗြဲ​ဘာ​သာ​ဖြင့်​ပြော​ဆို​သည်​ကို ကြား​သော​အ​ခါ လူ​တို့​သည်​ပို​၍​ပင်​ဆိတ် ဆိတ်​နေ​ကြ​၏။
And when they heard that he spake unto them in the Hebrew language, they were the more quiet: and he saith,
3 ပေါ​လု​က​ဆက်​လက်​၍ ``အ​ကျွန်ုပ်​သည်​ကိ​လိ​ကိ ပြည်၊ တာ​ရှု​မြို့​တွင်​မွေး​ဖွား​သူ​ယု​ဒ​အ​မျိုး​သား ဖြစ်​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​ကြီး​ပြင်း​၍​ဘိုး ဘေး​တို့​လိုက်​လျှောက်​ကျင့်​သုံး​သည့်​ပ​ညတ်​တ​ရား တော်​ကို ဂါ​မ​လျေ​လ​၏​ခြေ​ရင်း​၌​တိ​ကျ​စွာ ဆည်း​ပူး​ခဲ့​ပါ​၏။ ယ​ခု​သင်​တို့​သည်​ဘု​ရား သ​ခင်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရန်​စိတ်​အား ထက်​သန်​သ​ကဲ့​သို့ အ​ကျွန်ုပ်​သည်​လည်း​စိတ် အား​ထက်​သန်​ခဲ့​ပါ​၏။-
I am a Jew, born in Tarsus of Cilicia, but brought up in this city, at the feet of Gamaliel, instructed according to the strict manner of the law of our fathers, being zealous for God, even as ye all are this day:
4 အ​ကျွန်ုပ်​သည်​ယေ​ရှု​၏​လမ်း​စဉ်​တော်​ကို​လိုက် လျှောက်​ကြ​သူ​များ​အား အ​သေ​သတ်​သည်​အ​ထိ ညှဉ်း​ဆဲ​နှိပ်​စက်​ခဲ့​ပါ​၏။ အ​မျိုး​သား၊ အ​မျိုး သ​မီး​များ​ကို​ဖမ်း​ဆီး​၍​ထောင်​ချ​ခဲ့​ပါ​၏။-
and I persecuted this Way unto the death, binding and delivering into prisons both men and women.
5 အ​ကျွန်ုပ်​ပြော​ဆို​သည်​အ​တိုင်း​မှန်​ကန်​ကြောင်း ကို ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​တ​ကွ​ယု​ဒ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​က​သက်​သေ ခံ​နိုင်​ကြ​ပါ​၏။ အ​ကျွန်ုပ်​သည်​ထို​သူ​တို့​ထံ မှ​ဒ​မာ​သက်​မြို့​နေ ယု​ဒ​ညီ​အစ်​ကို​ထံ​သို့ ရေး​ပေး​လိုက်​သည့်​အ​မှာ​စာ​များ​ကို​ရ​ယူ ၏။ ထို​နောက်​ထို​လမ်း​စဉ်​တော်​ကို​လိုက်​လျှောက် သူ​တို့​အား အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ငှာ​ဖမ်း​ဆီး ချည်​နှောင်​လျက် ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​ဆောင် လာ​ရန်​ဒ​မာ​သက်​မြို့​သို့​ထွက်​ခွာ​သွား​ပါ ၏။
As also the high priest doth bear me witness, and all the estate of the elders: from whom also I received letters unto the brethren, and journeyed to Damascus, to bring them also which were there unto Jerusalem in bonds, for to be punished.
6 ``အ​ကျွန်ုပ်​သည်​ခ​ရီး​သွား​နေ​စဉ်​ဒ​မာ​သက် မြို့​အ​နီး​သို့​ရောက်​သော​အ​ခါ​မွန်း​တည့်​အ​ချိန် ခန့်​တွင် ကောင်း​ကင်​မှ​အ​လင်း​ရောင်​ကြီး​တစ်​ခု သည် ရုတ်​တ​ရက်​အ​ကျွန်ုပ်​ပတ်​လည်​တွင်​ထွန်း တောက်​သ​ဖြင့်၊-
And it came to pass, that, as I made my journey, and drew nigh unto Damascus, about noon, suddenly there shone from heaven a great light round about me.
7 အ​ကျွန်ုပ်​သည်​မြေ​ပေါ်​သို့​လဲ​ကျ​နေ​စဉ် `ရှော​လု၊ ရှော​လု၊ သင်​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို​နှိပ်​စက် ညှဉ်း​ဆဲ​သ​နည်း' ဟူ​သော​အ​သံ​ကို​ကြား​ရ ပါ​၏။-
And I fell unto the ground, and heard a voice saying unto me, Saul, Saul, why persecutest thou me?
8 အ​ကျွန်ုပ်​က `အ​ရှင်၊ ကိုယ်​တော်​သည်​မည်​သူ​ဖြစ် ပါ​သ​နည်း' ဟု​မေး​လျှောက်​လျှင်​ကိုယ်​တော်​က `ငါ​သည်​သင်​နှိပ်​စက်​ညှဉ်း​ဆဲ​သော​နာ​ဇ​ရက် မြို့​သား​ယေ​ရှု​ပင်​ဖြစ်​၏' ဟု​မိန့်​တော်​မူ​၏။-
And I answered, Who art thou, Lord? And he said unto me, I am Jesus of Nazareth, whom thou persecutest.
9 အကျွန်ုပ်​နှင့်​အ​တူ​ပါ​လာ​ကြ​သော​သူ​တို့ သည် ထို​အ​လင်း​ရောင်​ကို​မြင်​ရ​ကြ​သော် လည်း အ​ကျွန်ုပ်​အား​မိန့်​မှာ​တော်​မူ​သော​အ​ရှင် ၏​အ​သံ​ကို​မူ​မ​ကြား​ရ​ကြ။-
And they that were with me beheld indeed the light, but they heard not the voice of him that spake to me.
10 ၁၀ အ​ကျွန်ုပ်​က `အ​ရှင်၊ အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း' ဟု​မေး​လျှောက်​လျှင်​ကိုယ်​တော် က `ထ​လော့။ ဒ​မာ​သက်​မြို့​သို့​သွား​လော့။ သင် ဆောင်​ရွက်​ရန်​ခွဲ​ခန့်​သတ်​မှတ်​ထား​သည့်​အ​မှု အ​ရာ​ခပ်​သိမ်း​ကို ထို​မြို့​တွင်​သင့်​အား​ပြော မည်' ဟု​မိန့်​တော်​မူ​၏။-
And I said, What shall I do, Lord? And the Lord said unto me, Arise, and go into Damascus; and there it shall be told thee of all things which are appointed for thee to do.
11 ၁၁ အ​ကျွန်ုပ်​သည်​အ​လင်း​ရောင်​၏​တောက်​ပြောင်​မှု ကြောင့်​မျက်​စိ​ကွယ်​သွား​သ​ဖြင့် အ​ကျွန်ုပ်​နှင့် အ​တူ​ပါ​လာ​ကြ​သော​သူ​တို့​က အ​ကျွန်ုပ် ကို​လက်​ဆွဲ​၍​ဒ​မာ​သက်​မြို့​သို့​ပို့​ဆောင် ပေး​ရ​ကြ​ပါ​သည်။
And when I could not see for the glory of that light, being led by the hand of them that were with me, I came into Damascus.
12 ၁၂ အာ​န​နိ​ဆို​သူ​သည်​အ​ကျွန်ုပ်​၏​ထံ​သို့​လာ ပါ​၏။ သူ​သည်​ပ​ညတ်​တ​ရား​ကို​လိုက်​လျှောက် ကျင့်​သုံး​၍ ဘု​ရား​ဝတ်​၌​မွေ့​လျော်​သူ​ဖြစ်​၏။ ဒ​မာ​သက်​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း တို့​၏​ရို​သေ​လေး​စား​ခြင်း​ကို​လည်း​ခံ​ရ​၏။-
And one Ananias, a devout man according to the law, well reported of by all the Jews that dwelt there,
13 ၁၃ သူ​သည်​အ​ကျွန်ုပ်​၏​အ​နီး​တွင်​ရပ်​လျက် `ညီ​ရှော​လု၊ သင်​သည်​မျက်​စိ​ပြန်​၍​မြင်​စေ​သ​တည်း​ဟု​ဆို​၏။ ထို​ခ​ဏ​၌​ပင်​လျှင်​အ​ကျွန်ုပ်​သည်​မျက်​စိ​ပြန်​၍ မြင်​သ​ဖြင့်​သူ့​ကို​ကြည့်​လိုက်​ရာ၊-
came unto me, and standing by me said unto me, Brother Saul, receive thy sight. And in that very hour I looked up on him.
14 ၁၄ အာ​န​နိ​က `သင်​သည်​ငါ​တို့​ဘိုး​ဘေး​များ ကိုး​ကွယ်​သည့်​ဘု​ရား​သ​ခင်​၏​အ​လို​တော် ကို​သိ​ရ​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏ ဖြောင့်​မတ်​သော​အ​စေ​ခံ​အား​ဖူး​မြင်​ရ​စေ ရန်​လည်း​ကောင်း၊ ထို​အ​ရှင်​၏​နှုတ်​တော်​မှ အ​သံ​တော်​ကို​ကြား​ရ​စေ​ရန်​လည်း​ကောင်း ကိုယ်​တော်​သည်​သင့်​အား​ရွေး​ချယ်​တော်​မူ လေ​ပြီ။-
And he said, The God of our fathers hath appointed thee to know his will, and to see the Righteous One, and to hear a voice from his mouth.
15 ၁၅ သင်​သည်​မိ​မိ​မြင်​ရ​ကြား​ရ​သည့်​အ​ရာ များ​ကို လူ​အ​ပေါင်း​တို့​အား​ပြော​ကြား​ရန် ထို​အ​ရှင်​၏​သက်​သေ​ခံ​ဖြစ်​ရ​လိမ့်​မည်။-
For thou shalt be a witness for him unto all men of what thou hast seen and heard.
16 ၁၆ သို့​ဖြစ်​၍​ယ​ခု​သင်​သည်​အ​ဘယ်​ကြောင့်​ဆိုင်း​ငံ့ နေ​ပါ​သ​နည်း။ ထ​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​လော့။ သင်​၏​အ​ပြစ်​များ​ဖြေ​လွှတ်​စိမ့်​သော​ငှာ​ကိုယ် တော်​အား​ပတ္ထ​နာ​ပြု​လော့' ဟု​ဆို​လေ​သည်။
And now why tarriest thou? arise, and be baptized, and wash away thy sins, calling on his name.
17 ၁၇ ``အ​ကျွန်ုပ်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ရောက် ၍ ဗိ​မာန်​တော်​တွင်​ဆု​တောင်း​လျက်​နေ​စဉ်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ​ပါ​၏။-
And it came to pass, that, when I had returned to Jerusalem, and while I prayed in the temple, I fell into a trance,
18 ၁၈ ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​သ​ခင်​ဘု​ရား​သည် ထင်​ရှား​၍ `သင်​သည်​ဆိုင်း​ငံ့​၍​မ​နေ​ဘဲ​ယေ​ရု ရှ​လင်​မြို့​မှ အ​လျင်​အ​မြန်​ထွက်​ခွာ​သွား​လော့။ ဤ​မြို့​သား​တို့​သည်​ငါ​၏​အ​ကြောင်း​သင်​သက် သေ​ခံ​ချက်​ကို​လက်​ခံ​ကြ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏။-
and saw him saying unto me, Make haste, and get thee quickly out of Jerusalem: because they will not receive of thee testimony concerning me.
19 ၁၉ အ​ကျွန်ုပ်​က `သ​ခင်​ဘု​ရား၊ တ​ရား​ဇ​ရပ်​တစ်​ခု မှ​တစ်​ခု​သို့​သွား​၍ အ​ရှင့်​ကို​ယုံ​ကြည်​ကြ​သူ တို့​အား​ဖမ်း​ဆီး​ရိုက်​နှက်​သူ​မှာ အ​ကျွန်ုပ်​ပင် ဖြစ်​ကြောင်း​ထို​သူ​တို့​သိ​ကြ​ပါ​၏။-
And I said, Lord, they themselves know that I imprisoned and beat in every synagogue them that believed on thee:
20 ၂၀ အ​ရှင်​၏​အ​ကြောင်း​သက်​သေ​ခံ​သူ​သ​တေ​ဖန် ကို​သတ်​ကြ​သော​အ​ခါ​၌​လည်း အ​ကျွန်ုပ်​သည် အ​နီး​တွင်​ရပ်​လျက်​အ​လို​တူ​အ​လို​ပါ​ပြု ခဲ့​ပါ​၏။ သူ့​ကို​သတ်​ကြ​သော​သူ​တို့​၏​အ​ဝတ် များ​ကို​စောင့်​ထိန်း​ပေး​ခဲ့​ပါ​၏' ဟု​ပြန်​လျှောက် သော်၊-
and when the blood of Stephen thy witness was shed, I also was standing by, and consenting, and keeping the garments of them that slew him.
21 ၂၁ သ​ခင်​ဘု​ရား​က `သွား​လော့။ ရပ်​ဝေး​ရှိ​လူ​မျိုး ခြား​တို့​ထံ​သို့​သင့်​အား​ငါ​စေ​လွှတ်​မည်' မိန့် တော်​မူ​၏'' ဟု​ဆို​၏။
And he said unto me, Depart: for I will send thee forth far hence unto the Gentiles.
22 ၂၂ လူ​တို့​သည်​ဤ​မျှ​ကြာ​အောင်​နား​ထောင်​နေ ကြ​ပြီး​နောက် ဤ​သို့​ပေါ​လု​ပြော​ဆို​သည်​ကို ကြား​သော​အ​ခါ ``ဤ​သူ​အား​ကမ္ဘာ​မြေ​ကြီး ပေါ်​မှ​သုတ်​သင်​ပယ်​ရှင်း​လော့။ သူ့​အား​သတ် လော့။ သူ​သည်​အ​သက်​ရှင်​ရန်​မ​သင့်'' ဟု အ​သံ​ကုန်​ဟစ်​အော်​ကြ​၏။-
And they gave him audience unto this word; and they lifted up their voice, and said, Away with such a fellow from the earth: for it is not fit that he should live.
23 ၂၃ သူ​တို့​သည်​ဝတ်​လုံ​များ​ကို​ဝှေ့​ရမ်း​ကာ​မြေ မှုန့်​ကို မိုး​ကောင်း​ကင်​သို့​ပစ်​လွှင့်​လျက်​အော် ဟစ်​ကြ​၏။-
And as they cried out, and threw off their garments, and cast dust into the air,
24 ၂၄ ထို​အ​ခါ​ရော​မ​တပ်​မှူး​သည်​ပေါ​လု​ကို​တပ် စ​ခန်း​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင်​သွား​ရန်​နှင့် အ​ဘယ်​ကြောင့်​ဤ​သို့​လူ​တို့​ဆူ​ပူ​ဟစ်​အော်​ရ ကြောင်း​ကို​ပေါ​လု​အား​ရိုက်​၍​စစ်​ဆေး​ရန် အ​မိန့်​ပေး​၏။-
the chief captain commanded him to be brought into the castle, bidding that he should be examined by scourging, that he might know for what cause they so shouted against him.
25 ၂၅ သူ့​ကို​ကြိမ်​ဒဏ်​ခတ်​ရန်​ချည်​နှောင်​ကြ​သော အ​ခါ ပေါ​လု​က​အ​နီး​တွင်​ရပ်​လျက်​နေ​သည့် တပ်​ခွဲ​မှူး​အား``ရော​မ​နိုင်​ငံ​သား​တစ်​ယောက် ကို​စစ်​ဆေး​စီ​ရင်​ခြင်း​မ​ပြု​ဘဲ​ကြိမ်​ဒဏ် ခတ်​ခြင်း​မှာ​တ​ရား​ဥ​ပ​ဒေ​နှင့်​ကိုက်​ညီ​ပါ သ​လော'' ဟု​မေး​၏။
And when they had tied him up with the thongs, Paul said unto the centurion that stood by, Is it lawful for you to scourge a man that is a Roman, and uncondemned?
26 ၂၆ ထို​စ​ကား​ကို​ကြား​လျှင်​တပ်​ခွဲ​မှူး​သည်​တပ်​မှူး ထံ​သို့​သွား​၍ ``အ​ရှင်၊ အ​သို့​ပြု​ဘိ​သ​နည်း။ ထို သူ​သည်​ရော​မ​နိုင်​ငံ​သား​ဖြစ်​ပါ​၏'' ဟု လျှောက်​၏။
And when the centurion heard it, he went to the chief captain, and told him, saying, What art thou about to do? for this man is a Roman.
27 ၂၇ ထို​အ​ခါ​တပ်​မှူး​သည်​ပေါ​လု​ထံ​လာ​၍ ``သင် သည်​ရော​မ​နိုင်​ငံ​သား​ပေ​လော။ ငါ့​အား​ပြော ပါ'' ဟု​ဆို​လျှင်​ပေါ​လု​က ``ဟုတ်​ပါ​၏'' ဟု ဆို​၏။
And the chief captain came, and said unto him, Tell me, art thou a Roman? And he said, Yea.
28 ၂၈ တပ်​မှူး​က ``ငါ​သည်​ငွေ​အ​မြောက်​အ​မြား​ပေး​၍ ရော​မ​နိုင်​ငံ​သား​အ​ဖြစ်​ကို​ရ​ရှိ​၏'' ဟု​ဆို​လျှင် ပေါ​လု​က ``ငါ​မူ​ကား​ဇာ​တိ​အား​ဖြင့်​ရော​မ နိုင်​ငံ​သား​ဖြစ်​ပါ​၏'' ဟု​ပြန်​ပြော​၏။
And the chief captain answered, With a great sum obtained I this citizenship. And Paul said, But I am [a Roman] born.
29 ၂၉ သူ့​ကို​စစ်​ဆေး​မေး​မြန်း​မည့်​သူ​တို့​သည်​လည်း ချက်​ချင်း​ပင်​နောက်​သို့​ဆုတ်​ခွာ​သွား​ကြ​လေ သည်။ ပေါ​လု​သည်​ရော​မ​နိုင်​ငံ​သား​ဖြစ်​သည် ကို​လည်း​ကောင်း၊ သူ့​အား​သံ​ကြိုး​ဖြင့်​ချည်​နှောင် မိ​သည်​ကို​လည်း​ကောင်း​သိ​မြင်​သော​အ​ခါ တပ်​မှူး​သည်​ကြောက်​လန့်​လေ​၏။
They then which were about to examine him straightway departed from him: and the chief captain also was afraid, when he knew that he was a Roman, and because he had bound him.
30 ၃၀ တပ်​မှူး​သည်​ပေါ​လု​အား​ယု​ဒ​အ​မျိုး​သား​တို့ က အ​ဘယ်​ပြစ်​မှု​ဖြင့်​စွပ်​စွဲ​ကြ​သည်​ကို​အ​သေ အ​ချာ​သိ​လို​၏။ သို့​ဖြစ်​၍​နောက်​တစ်​နေ့​၌ ပေါ​လု​အား​ချည်​နှောင်​ထား​သည့်​သံ​ကြိုး​ကို ဖယ်​ရှား​စေ​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​ကြီး များ​နှင့်​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် အ​ပေါင်း​တို့​ကို​စု​ဝေး​ကြ​ရန်​အ​မိန့်​ပေး လေ​သည်။ ထို​နောက်​ပေါ​လု​ကို​ခေါ်​ဆောင်​ကာ ထို​သူ​တို့​ရှေ့​တွင်​ရပ်​စေ​၏။
But on the morrow, desiring to know the certainty, wherefore he was accused of the Jews, he loosed him, and commanded the chief priests and all the council to come together, and brought Paul down, and set him before them.

< တမန်တော်ဝတ္ထု 22 >