< တမန်တော်ဝတ္ထု 22 >
1 ၁ ``ညီအစ်ကိုများနှင့်ဖခင်တို့၊ ယခုအကျွန်ုပ် ထုချေမည့်စကားကိုနားထောင်ကြပါ'' ဟု ဆို၏။-
他说:“各位父老兄弟,请听我在你们面前的申辩。”
2 ၂ ထိုသို့ဟေဗြဲဘာသာဖြင့်ပြောဆိုသည်ကို ကြားသောအခါ လူတို့သည်ပို၍ပင်ဆိတ် ဆိတ်နေကြ၏။
众人听到保罗用阿拉姆语说话,立刻变得非常安静。
3 ၃ ပေါလုကဆက်လက်၍ ``အကျွန်ုပ်သည်ကိလိကိ ပြည်၊ တာရှုမြို့တွင်မွေးဖွားသူယုဒအမျိုးသား ဖြစ်ပါ၏။ ယေရုရှလင်မြို့တွင်ကြီးပြင်း၍ဘိုး ဘေးတို့လိုက်လျှောက်ကျင့်သုံးသည့်ပညတ်တရား တော်ကို ဂါမလျေလ၏ခြေရင်း၌တိကျစွာ ဆည်းပူးခဲ့ပါ၏။ ယခုသင်တို့သည်ဘုရား သခင်၏အမှုတော်ကိုထမ်းဆောင်ရန်စိတ်အား ထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်းစိတ် အားထက်သန်ခဲ့ပါ၏။-
他开始讲述:“我是犹太人,生在基利家的大数。但其实我是在这座城里长大,在迦玛列门下接受教育。老师教育我要严格遵守祖先的律法,我满腔热情地对待上帝,就像今天这里的所有人一样。
4 ၄ အကျွန်ုပ်သည်ယေရှု၏လမ်းစဉ်တော်ကိုလိုက် လျှောက်ကြသူများအား အသေသတ်သည်အထိ ညှဉ်းဆဲနှိပ်စက်ခဲ့ပါ၏။ အမျိုးသား၊ အမျိုး သမီးများကိုဖမ်းဆီး၍ထောင်ချခဲ့ပါ၏။-
我也曾经迫害信奉此道之人,将他们处死,把男女信徒投入监狱。
5 ၅ အကျွန်ုပ်ပြောဆိုသည်အတိုင်းမှန်ကန်ကြောင်း ကို ယဇ်ပုရောဟိတ်မင်းနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့ကသက်သေ ခံနိုင်ကြပါ၏။ အကျွန်ုပ်သည်ထိုသူတို့ထံ မှဒမာသက်မြို့နေ ယုဒညီအစ်ကိုထံသို့ ရေးပေးလိုက်သည့်အမှာစာများကိုရယူ ၏။ ထိုနောက်ထိုလမ်းစဉ်တော်ကိုလိုက်လျှောက် သူတို့အား အပြစ်ဒဏ်စီရင်ခြင်းငှာဖမ်းဆီး ချည်နှောင်လျက် ယေရုရှလင်မြို့သို့ခေါ်ဆောင် လာရန်ဒမာသက်မြို့သို့ထွက်ခွာသွားပါ ၏။
大祭司和公议会的长老都可以为我作证。我曾收到他们的授意信,要求处理在大马士革的犹太人信徒。于是我去了那里捉拿那些人,把他们带到耶路撒冷接受惩罚。
6 ၆ ``အကျွန်ုပ်သည်ခရီးသွားနေစဉ်ဒမာသက် မြို့အနီးသို့ရောက်သောအခါမွန်းတည့်အချိန် ခန့်တွင် ကောင်းကင်မှအလင်းရောင်ကြီးတစ်ခု သည် ရုတ်တရက်အကျွန်ုပ်ပတ်လည်တွင်ထွန်း တောက်သဖြင့်၊-
那天大约中午时分,我正在去往大马士革的路上,即将抵达目的地时,忽然一束耀眼的光芒从天而降,环绕着我。
7 ၇ အကျွန်ုပ်သည်မြေပေါ်သို့လဲကျနေစဉ် `ရှောလု၊ ရှောလု၊ သင်သည်အဘယ်ကြောင့်ငါ့ကိုနှိပ်စက် ညှဉ်းဆဲသနည်း' ဟူသောအသံကိုကြားရ ပါ၏။-
我仆倒在地,只听见一个声音对我说:‘扫罗啊,扫罗,你为什么迫害我?’
8 ၈ အကျွန်ုပ်က `အရှင်၊ ကိုယ်တော်သည်မည်သူဖြစ် ပါသနည်း' ဟုမေးလျှောက်လျှင်ကိုယ်တော်က `ငါသည်သင်နှိပ်စက်ညှဉ်းဆဲသောနာဇရက် မြို့သားယေရှုပင်ဖြစ်၏' ဟုမိန့်တော်မူ၏။-
我答道:‘主啊,你是谁?’ 他说:‘我就是你迫害的拿撒勒人耶稣。’
9 ၉ အကျွန်ုပ်နှင့်အတူပါလာကြသောသူတို့ သည် ထိုအလင်းရောင်ကိုမြင်ရကြသော် လည်း အကျွန်ုပ်အားမိန့်မှာတော်မူသောအရှင် ၏အသံကိုမူမကြားရကြ။-
与我同行之人只看见那束光,却听不到与我说话的声音。
10 ၁၀ အကျွန်ုပ်က `အရှင်၊ အကျွန်ုပ်သည်အဘယ်သို့ ပြုရပါမည်နည်း' ဟုမေးလျှောက်လျှင်ကိုယ်တော် က `ထလော့။ ဒမာသက်မြို့သို့သွားလော့။ သင် ဆောင်ရွက်ရန်ခွဲခန့်သတ်မှတ်ထားသည့်အမှု အရာခပ်သိမ်းကို ထိုမြို့တွင်သင့်အားပြော မည်' ဟုမိန့်တော်မူ၏။-
我说:‘主啊,我该怎么做?’ 主告诉我:‘站起来,进到大马士革城里,那里会有人告知安排你做的事情。’
11 ၁၁ အကျွန်ုပ်သည်အလင်းရောင်၏တောက်ပြောင်မှု ကြောင့်မျက်စိကွယ်သွားသဖြင့် အကျွန်ုပ်နှင့် အတူပါလာကြသောသူတို့က အကျွန်ုပ် ကိုလက်ဆွဲ၍ဒမာသက်မြို့သို့ပို့ဆောင် ပေးရကြပါသည်။
那束光如此强烈,我的双眼便看不到了,我的同伴们牵着我的手走进了大马士革。
12 ၁၂ အာနနိဆိုသူသည်အကျွန်ုပ်၏ထံသို့လာ ပါ၏။ သူသည်ပညတ်တရားကိုလိုက်လျှောက် ကျင့်သုံး၍ ဘုရားဝတ်၌မွေ့လျော်သူဖြစ်၏။ ဒမာသက်မြို့ရှိယုဒအမျိုးသားအပေါင်း တို့၏ရိုသေလေးစားခြင်းကိုလည်းခံရ၏။-
有一个人名叫亚拿尼亚,是一名遵守律法的虔诚之人,当地所有犹太人都很敬重他。
13 ၁၃ သူသည်အကျွန်ုပ်၏အနီးတွင်ရပ်လျက် `ညီရှောလု၊ သင်သည်မျက်စိပြန်၍မြင်စေသတည်းဟုဆို၏။ ထိုခဏ၌ပင်လျှင်အကျွန်ုပ်သည်မျက်စိပြန်၍ မြင်သဖြင့်သူ့ကိုကြည့်လိုက်ရာ၊-
他站在我旁边对我说:‘扫罗兄弟,你现在可以看见了。’就在那一刻,我又能看到了。我看到了他。
14 ၁၄ အာနနိက `သင်သည်ငါတို့ဘိုးဘေးများ ကိုးကွယ်သည့်ဘုရားသခင်၏အလိုတော် ကိုသိရစေရန်လည်းကောင်း၊ ကိုယ်တော်၏ ဖြောင့်မတ်သောအစေခံအားဖူးမြင်ရစေ ရန်လည်းကောင်း၊ ထိုအရှင်၏နှုတ်တော်မှ အသံတော်ကိုကြားရစေရန်လည်းကောင်း ကိုယ်တော်သည်သင့်အားရွေးချယ်တော်မူ လေပြီ။-
他对我说:‘我们祖先的上帝指认你来理解他的旨意,去见真正良善的正义之人,去听见他要对你所说的一切。
15 ၁၅ သင်သည်မိမိမြင်ရကြားရသည့်အရာ များကို လူအပေါင်းတို့အားပြောကြားရန် ထိုအရှင်၏သက်သေခံဖြစ်ရလိမ့်မည်။-
对于你的所见所闻,你将向所有人作证。所以你还在等什么呢?
16 ၁၆ သို့ဖြစ်၍ယခုသင်သည်အဘယ်ကြောင့်ဆိုင်းငံ့ နေပါသနည်း။ ထ၍ဗတ္တိဇံမင်္ဂလာကိုခံလော့။ သင်၏အပြစ်များဖြေလွှတ်စိမ့်သောငှာကိုယ် တော်အားပတ္ထနာပြုလော့' ဟုဆိုလေသည်။
起来受洗去吧,呼唤他的名,洗净你的罪吧。’
17 ၁၇ ``အကျွန်ုပ်သည်ယေရုရှလင်မြို့သို့ပြန်ရောက် ၍ ဗိမာန်တော်တွင်ဆုတောင်းလျက်နေစဉ်ဗျာ ဒိတ်ရူပါရုံကိုမြင်ရပါ၏။-
我回到耶路撒冷后,有一次在殿里祷告时,忽然在恍惚间看到了异象。
18 ၁၈ ထိုဗျာဒိတ်ရူပါရုံတွင်သခင်ဘုရားသည် ထင်ရှား၍ `သင်သည်ဆိုင်းငံ့၍မနေဘဲယေရု ရှလင်မြို့မှ အလျင်အမြန်ထွက်ခွာသွားလော့။ ဤမြို့သားတို့သည်ငါ၏အကြောင်းသင်သက် သေခံချက်ကိုလက်ခံကြလိမ့်မည်မဟုတ်' ဟုမိန့်တော်မူ၏။-
主在异象中对我说:‘快!你必须尽快离开耶路撒冷,因为他们无法接受你所讲述关于我的一切。’
19 ၁၉ အကျွန်ုပ်က `သခင်ဘုရား၊ တရားဇရပ်တစ်ခု မှတစ်ခုသို့သွား၍ အရှင့်ကိုယုံကြည်ကြသူ တို့အားဖမ်းဆီးရိုက်နှက်သူမှာ အကျွန်ုပ်ပင် ဖြစ်ကြောင်းထိုသူတို့သိကြပါ၏။-
我回答:‘主啊,他们肯定知道,我曾在很多会堂中拷打信你之人,将它们送进监牢,
20 ၂၀ အရှင်၏အကြောင်းသက်သေခံသူသတေဖန် ကိုသတ်ကြသောအခါ၌လည်း အကျွန်ုပ်သည် အနီးတွင်ရပ်လျက်အလိုတူအလိုပါပြု ခဲ့ပါ၏။ သူ့ကိုသတ်ကြသောသူတို့၏အဝတ် များကိုစောင့်ထိန်းပေးခဲ့ပါ၏' ဟုပြန်လျှောက် သော်၊-
司提芬因为为你作证而被杀害的时候,我就站在那里,而且完全支持那些杀死他的人,还为他们拿着衣服。’
21 ၂၁ သခင်ဘုရားက `သွားလော့။ ရပ်ဝေးရှိလူမျိုး ခြားတို့ထံသို့သင့်အားငါစေလွှတ်မည်' မိန့် တော်မူ၏'' ဟုဆို၏။
主对我说:‘现在就离开吧,我要派你到远方异教徒那里去。’”
22 ၂၂ လူတို့သည်ဤမျှကြာအောင်နားထောင်နေ ကြပြီးနောက် ဤသို့ပေါလုပြောဆိုသည်ကို ကြားသောအခါ ``ဤသူအားကမ္ဘာမြေကြီး ပေါ်မှသုတ်သင်ပယ်ရှင်းလော့။ သူ့အားသတ် လော့။ သူသည်အသက်ရှင်ရန်မသင့်'' ဟု အသံကုန်ဟစ်အော်ကြ၏။-
众人一直都在听他说的话,但听到这里,他们就高喊:“应该把这种人从世间除掉,他不配活着!”
23 ၂၃ သူတို့သည်ဝတ်လုံများကိုဝှေ့ရမ်းကာမြေ မှုန့်ကို မိုးကောင်းကင်သို့ပစ်လွှင့်လျက်အော် ဟစ်ကြ၏။-
他们喊叫着,扯开外衣,向空中扔撒尘土。
24 ၂၄ ထိုအခါရောမတပ်မှူးသည်ပေါလုကိုတပ် စခန်းရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်နှင့် အဘယ်ကြောင့်ဤသို့လူတို့ဆူပူဟစ်အော်ရ ကြောင်းကိုပေါလုအားရိုက်၍စစ်ဆေးရန် အမိန့်ပေး၏။-
就在这时,千夫长下令把保罗带到军营,命人用鞭刑拷问他,想要找出高声喊叫的民众反对他的原因。
25 ၂၅ သူ့ကိုကြိမ်ဒဏ်ခတ်ရန်ချည်နှောင်ကြသော အခါ ပေါလုကအနီးတွင်ရပ်လျက်နေသည့် တပ်ခွဲမှူးအား``ရောမနိုင်ငံသားတစ်ယောက် ကိုစစ်ဆေးစီရင်ခြင်းမပြုဘဲကြိမ်ဒဏ် ခတ်ခြင်းမှာတရားဥပဒေနှင့်ကိုက်ညီပါ သလော'' ဟုမေး၏။
士兵将他四肢伸开,用皮带将其捆住,准备施以鞭刑。这时保罗对站在旁边的百夫长说:“你们鞭打一个还没有定罪的罗马公民,这合法吗?”
26 ၂၆ ထိုစကားကိုကြားလျှင်တပ်ခွဲမှူးသည်တပ်မှူး ထံသို့သွား၍ ``အရှင်၊ အသို့ပြုဘိသနည်း။ ထို သူသည်ရောမနိုင်ငံသားဖြစ်ပါ၏'' ဟု လျှောက်၏။
百夫长听言就去报告千夫长,说:“这个人是罗马公民,该怎么办?”
27 ၂၇ ထိုအခါတပ်မှူးသည်ပေါလုထံလာ၍ ``သင် သည်ရောမနိုင်ငံသားပေလော။ ငါ့အားပြော ပါ'' ဟုဆိုလျှင်ပေါလုက ``ဟုတ်ပါ၏'' ဟု ဆို၏။
千夫长就过来问保罗:“告诉我,你真是罗马公民吗?”他说:“是的。”
28 ၂၈ တပ်မှူးက ``ငါသည်ငွေအမြောက်အမြားပေး၍ ရောမနိုင်ငံသားအဖြစ်ကိုရရှိ၏'' ဟုဆိုလျှင် ပေါလုက ``ငါမူကားဇာတိအားဖြင့်ရောမ နိုင်ငံသားဖြစ်ပါ၏'' ဟုပြန်ပြော၏။
千夫长说:“为了获得罗马公民的身份,我可是花了一大笔钱。”保罗说:“我生下来就是罗马公民。”
29 ၂၉ သူ့ကိုစစ်ဆေးမေးမြန်းမည့်သူတို့သည်လည်း ချက်ချင်းပင်နောက်သို့ဆုတ်ခွာသွားကြလေ သည်။ ပေါလုသည်ရောမနိုင်ငံသားဖြစ်သည် ကိုလည်းကောင်း၊ သူ့အားသံကြိုးဖြင့်ချည်နှောင် မိသည်ကိုလည်းကောင်းသိမြင်သောအခါ တပ်မှူးသည်ကြောက်လန့်လေ၏။
于是那些想要拷问他的人立刻走开了。得知他是罗马公民,又曾被捆绑起来,千夫长感到很害怕。
30 ၃၀ တပ်မှူးသည်ပေါလုအားယုဒအမျိုးသားတို့ က အဘယ်ပြစ်မှုဖြင့်စွပ်စွဲကြသည်ကိုအသေ အချာသိလို၏။ သို့ဖြစ်၍နောက်တစ်နေ့၌ ပေါလုအားချည်နှောင်ထားသည့်သံကြိုးကို ဖယ်ရှားစေပြီးလျှင် ယဇ်ပုရောဟိတ်ကြီး များနှင့်ယုဒတရားလွှတ်တော်အဖွဲ့ဝင် အပေါင်းတို့ကိုစုဝေးကြရန်အမိန့်ပေး လေသည်။ ထိုနောက်ပေါလုကိုခေါ်ဆောင်ကာ ထိုသူတို့ရှေ့တွင်ရပ်စေ၏။
第二天,千夫长想要了解为什么犹太人要控告保罗,于是就解开他身上的锁链,随后召集祭司长和公议会全体成员,将保罗带到众人面前。