< တမန်တော်ဝတ္ထု 21 >
1 ၁ ကျွန်ုပ်တို့သည်ထိုသူတို့ထံမှခွဲခွာပြီးလျှင် တည့်တည့်သင်္ဘောလွှင့်၍ကောသကျွန်းသို့ရောက် ကြ၏။ နောက်တစ်နေ့၌ရောဒုကျွန်းသို့လည်း ကောင်း၊ ထိုကျွန်းမှတစ်ဖန်ပါတရမြို့သို့ လည်းကောင်းရောက်ကြ၏။-
ⲁ̅ⲀⲤϢⲰⲠⲒ ⲆⲈ ⲈⲦⲀⲚϪⲰⲞⲨⲚ ⲈⲂⲞⲖ ⲀⲚⲪⲰⲢϪ ⲈⲂⲞⲖ ⲘⲘⲰⲞⲨ ⲀⲚⲈⲢϨⲰⲦ ⲈⲚⲤⲰⲞⲨⲦⲈⲚ ⲀⲚⲒ ⲈϨⲢⲎⲒ ⲈⲔⲰ ⲠⲈϤⲢⲀⲤϮ ⲆⲈ ⲀⲚⲒ ⲈⲢⲞⲆⲞⲤ ⲞⲨⲞϨ ⲈⲂⲞⲖ ⲘⲘⲀⲨ ⲀⲚⲒ ⲈⲠⲀⲦⲀⲢⲀ.
2 ၂ ဖိနိတ်ပြည်သို့သွားမည့်သင်္ဘောတစ်စင်းကို တွေ့သဖြင့် ထိုသင်္ဘောပေါ်သို့တက်၍ခရီး ပြုကြပြီးနောက်၊-
ⲃ̅ⲞⲨⲞϨ ⲈⲦⲀⲚϪⲒⲘⲒ ⲚⲞⲨϪⲞⲒ ⲈϤⲚⲀⲈⲢϪⲒⲚⲒⲞⲢ ⲈϮⲪⲞⲒⲚⲒⲔⲎ ⲀⲚⲀⲖⲎⲒ ⲀⲚϪⲰⲞⲨⲚ ⲈⲂⲞⲖ.
3 ၃ ကျွန်ုပ်တို့သည်ကုပရုကျွန်းကိုမြင်ရသောအခါ ထိုကျွန်း၏တောင်ဘက်မှဖြတ်၍ရှုရိပြည်သို့ သင်္ဘောလွှင့်ကြလေသည်။ တုရုမြို့တွင်ကုန်ပစ္စည်း များကိုချရမည်ဖြစ်၍ ထိုမြို့တွင်သင်္ဘောကို ဆိုက်ကပ်ကြ၏။-
ⲅ̅ⲈⲦⲀⲚⲚⲀⲨ ⲆⲈ ⲈⲔⲨⲠⲢⲞⲤ ⲀⲚⲤⲞϪⲠⲤ ⲤⲀϪⲀϬⲎ ⲘⲘⲞⲚ ⲀⲚⲈⲢϨⲰⲦ ⲈⲦⲤⲨⲢⲒⲀ ⲞⲨⲞϨ ⲀⲚⲒ ⲈⲦⲨⲢⲞⲤ ⲚⲀⲢⲈ ⲠⲒϪⲞⲒ ⲄⲀⲢ ⲚⲀϨⲒⲞⲨⲒ ⲘⲠⲈϤⲀⲞⲨⲒⲚ ⲘⲘⲀⲨ.
4 ၄ ထိုအရပ်တွင်ယုံကြည်သူအချို့တို့ကိုတွေ့ သဖြင့် ကျွန်ုပ်တို့သည်သူတို့နှင့်အတူခုနစ် ရက်မျှနေကြ၏။ ထိုတပည့်တော်တို့သည် ဝိညာဉ်တော်၏တန်ခိုးအားဖြင့် ပေါလုအား ယေရုရှလင်မြို့သို့ဆက်၍မသွားရန်ပြော ကြားကြ၏။-
ⲇ̅ⲈⲦⲀⲚϪⲒⲘⲒ ⲆⲈ ⲚⲚⲒⲘⲀⲐⲎⲦⲎⲤ ⲀⲚϢⲰⲠⲒ ⲘⲘⲀⲨ ϦⲀⲦⲞⲦⲞⲨ ⲚⲌ ⲚⲈϨⲞⲞⲨ ⲚⲀⲒ ⲈⲦⲈⲚⲀⲨϪⲰ ⲘⲘⲞⲤ ⲘⲠⲀⲨⲖⲞⲤ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲠⲒⲠⲚⲈⲨⲘⲀⲈϢⲦⲈⲘⲐⲢⲈϤϢⲈ ⲈϨⲢⲎⲒ ⲈⲒⲈⲢⲞⲤⲀⲖⲎⲘ.
5 ၅ သို့ရာတွင်ခုနစ်ရက်စေ့သောအခါ ကျွန်ုပ်တို့ သည်ဆက်၍ခရီးပြုကြလေသည်။ တပည့် တော်အပေါင်းတို့သည်မိမိတို့၏ဇနီးများ၊ ကလေးများနှင့်အတူမြို့ပြင်ပင်လယ်ကမ်း သို့ရောက်အောင်လိုက်ပို့ကြ၏။ ကျွန်ုပ်တို့သည် ပင်လယ်ကမ်းပေါ်တွင်ဒူးထောက်၍ဆုတောင်း ကြ၏။-
ⲉ̅ⲀⲤϢⲰⲠⲒ ⲆⲈ ⲈⲦⲀⲚϪⲰⲔ ⲚⲚⲒⲈϨⲞⲞⲨ ⲈⲂⲞⲖ ⲀⲚⲒ ⲈⲂⲞⲖ ⲀⲚⲘⲞϢⲒ ⲈⲨⲦⲪⲞ ⲘⲘⲞⲚ ⲈⲂⲞⲖ ⲦⲎⲢⲞⲨ ⲚⲈⲘ ϨⲀⲚⲔⲈϨⲒⲞⲘⲒ ⲚⲈⲘ ⲚⲞⲨϢⲎ ⲢⲒ ϢⲀ ⲤⲀⲂⲞⲖ ⲚϮⲠⲞⲖⲒⲤ ⲞⲨⲞϨ ⲀⲚϨⲒⲦⲈⲚ ϨⲒϪⲈⲚ ⲚⲈⲚⲔⲈⲖⲒ ϨⲒϪⲈⲚ ⲠⲒⲬⲢⲞ ⲀⲚⲈⲢⲠⲢⲞⲤⲈⲨⲬ ⲈⲤⲐⲈ
6 ၆ ထိုနောက်တစ်ဦးနှင့်တစ်ဦးနှုတ်ဆက်ပြီးလျှင် ကျွန်ုပ်တို့သည်သင်္ဘောပေါ်သို့တက်၍သူတို့ သည်မိမိတို့အိမ်သို့ပြန်ကြ၏။
ⲋ̅ⲞⲨⲞϨ ⲀⲚⲈⲢⲀⲠⲞⲦⲀⲌⲈⲤⲐⲈ ⲈⲂⲞⲖ ϨⲀ ⲚⲈⲚⲈⲢⲎⲞⲨ ⲀⲚⲀⲖⲎⲒ ⲈⲠⲒϪⲞⲒ ⲚⲎ ⲆⲈ ⲀⲨⲔⲞⲦⲞⲨ ⲈⲚⲎ ⲈⲦⲈⲚⲞⲨⲞⲨ.
7 ၇ တုရုမြို့မှဆက်၍ခရီးပြုကြရာ ကျွန်ုပ်တို့ သည်ပတောလင်မြို့သို့ရောက်ကြ၏။ ထိုမြို့ တွင်ညီအစ်ကိုများကိုနှုတ်ဆက်ပြီးနောက် သူတို့ထံတွင်တစ်ရက်မျှတည်းခိုကြ၏။-
ⲍ̅ⲀⲚⲞⲚ ⲆⲈ ⲀⲚⲈⲢϨⲰⲦ ⲈⲂⲞⲖ ϦⲈⲚⲦⲨⲢⲞⲤ ⲀⲚⲒ ⲈϨⲢⲎⲒ ⲈⲠⲦⲞⲖⲈⲘⲀⲒⲤ ⲞⲨⲞϨ ⲈⲦⲀⲚⲈⲢⲀⲤⲠⲀⲌⲈⲤⲐⲈ ⲚⲚⲒⲤⲚⲎⲞⲨ ⲀⲚϢⲰⲠⲒ ϦⲀⲦⲞⲦⲞⲨ ⲚⲞⲨⲈϨⲞⲞⲨ.
8 ၈ နောက်တစ်နေ့၌ထွက်ခွာပြန်ရာကဲသရိမြို့ သို့ရောက်ကြ၏။ ကျွန်ုပ်တို့သည်ဧဝံဂေလိ တရားဟောဆရာဖိလိပ္ပု၏အိမ်တွင်တည်း ခိုကြ၏။ ဖိလိပ္ပုကားတပည့်တော်များကို ကူညီရန် ယေရုရှလင်မြို့အသင်းတော်က ရွေးချယ်သောလူခုနစ်ဦးတို့တွင်တစ်ဦး ဖြစ်၏။-
ⲏ̅ⲠⲈϤⲢⲀⲤϮ ⲆⲈ ⲈⲦⲀⲚⲒ ⲈⲂⲞⲖ ⲀⲚⲒ ⲈⲔⲈⲤⲀⲢⲒⲀ ⲞⲨⲞϨ ⲈⲦⲀⲚϢⲈ ⲈϦⲞⲨⲚ ⲈⲠⲎⲒ ⲘⲪⲒⲖⲒⲠⲠⲞⲤ ⲠⲒⲢⲈϤϨⲒϢⲈⲚⲚⲞⲨϤⲒ ⲈⲞⲨⲀⲒ ⲠⲈ ⲈⲂⲞⲖ ϦⲈⲚⲠⲒⲌ ⲀⲚϢⲰⲠⲒ ϦⲀⲦⲞⲦϤ.
9 ၉ သူ့မှာအိမ်ထောင်မကျသေးသောသမီးလေး ယောက်ရှိ၏။ ထိုသမီးတို့သည်ဘုရားသခင် ၏တရားတော်ကိုဟောပြောကြေညာသူ များဖြစ်ကြ၏။-
ⲑ̅ⲪⲀⲒ ⲆⲈ ⲚⲈⲞⲨⲞⲚ ⲚⲦⲀϤ ⲘⲘⲀⲨ ⲚⲆ ⲚϢⲈⲢⲒ ⲘⲠⲀⲢⲐⲈⲚⲞⲤ ⲈⲨⲈⲢⲠⲢⲞⲪⲎⲦⲈⲨⲒⲚ.
10 ၁၀ ထိုအိမ်တွင်ကျွန်ုပ်တို့တည်းခို၍ရက်အတော် အတန်ကြာသောအခါ အာဂဗုနာမည်ရှိ သောပရောဖက်သည်ယုဒပြည်မှရောက်ရှိ လာ၏။-
ⲓ̅ⲈⲦⲀⲚϢⲰⲠⲒ ⲆⲈ ⲘⲘⲀⲨ ⲚⲞⲨⲘⲎϢ ⲚⲈϨⲞⲞⲨ ⲀϤⲒ ⲚϪⲈⲞⲨⲀⲒ ⲈⲂⲞⲖ ϦⲈⲚϮⲒⲞⲨⲆⲈⲀ ⲈⲞⲨⲠⲢⲞⲪⲎⲦⲎⲤ ⲠⲈ ⲈⲠⲈϤⲢⲀⲚ ⲠⲈ ⲀⲄⲀⲂⲞⲤ.
11 ၁၁ သူသည်ကျွန်ုပ်တို့ထံသို့လာ၍ပေါလု၏ခါးပန်း ကိုယူပြီးလျှင် မိမိ၏ခြေနှင့်လက်တို့ကိုချည် နှောင်လေ၏။ ထိုနောက် ``ဤခါးပန်းပိုင်ရှင်အား ယုဒအမျိုးသားတို့ကယေရုရှလင်မြို့တွင် ဤသို့ချည်နှောင်၍ လူမျိုးခြားတို့၏လက်သို့ အပ်နှံကြလိမ့်မည်ဟုသန့်ရှင်းသောဝိညာဉ် တော်မိန့်တော်မူသည်'' ဟုဆိုလေ၏။
ⲓ̅ⲁ̅ⲞⲨⲞϨ ⲈⲦⲀϤⲒ ϢⲀⲢⲞⲚ ⲀϤⲰⲖⲒ ⲚϮⲌⲰⲚⲎ ⲚⲦⲈⲠⲀⲨⲖⲞⲤ ⲀϤⲘⲞⲨⲢ ⲚⲚⲈϤϪⲒϪ ⲚⲈⲘ ⲚⲈϤϬⲀⲖⲀⲨϪ ⲠⲈϪⲀϤ ⲚⲀⲒ ⲚⲈⲚⲎ ⲈⲦⲈϤϪⲰ ⲘⲘⲰⲞⲨ ⲚϪⲈⲠⲒⲠⲚⲈⲨⲘⲀⲈⲐⲞⲨⲀⲂ ϪⲈ ⲠⲒⲢⲰⲘⲒ ⲈⲦⲈⲪⲰϤ ⲠⲈ ⲠⲀⲒⲘⲞϪϦ ⲤⲈⲚⲀⲤⲞⲚϨϤ ⲘⲠⲀⲒⲢⲎϮ ϦⲈⲚⲒⲈⲢⲞⲤⲀⲖⲎⲘ ⲚϪⲈⲚⲒⲒⲞⲨⲆⲀⲒ ⲞⲨⲞϨ ⲤⲈⲚⲀⲦⲎ ⲒϤ ⲈϦⲢⲎⲒ ⲈⲚⲈⲚϪⲒϪ ⲚϨⲀⲚⲈⲐⲚⲞⲤ.
12 ၁၂ ထိုစကားကိုကြားလျှင်ကျွန်ုပ်တို့နှင့်ထိုအရပ် ရှိလူတို့က ``ယေရုရှလင်မြို့သို့ရောက်အောင် ဆက်၍မသွားပါနှင့်'' ဟုပေါလုအားတောင်း ပန်ကြ၏။-
ⲓ̅ⲃ̅ⲈⲦⲀⲚⲤⲰⲦⲈⲘ ⲆⲈ ⲈⲚⲀⲒ ⲚⲀⲚϮϨⲞ ⲠⲈ ⲀⲚⲞⲚ ⲚⲈⲘ ⲚⲒⲤⲚⲎⲞⲨ ⲚⲦⲈⲠⲒⲘⲀ ⲈⲦⲈⲘⲘⲀⲨ ⲈϢⲦⲈⲘⲐⲢⲈϤϢⲈ ⲈϨⲢⲎⲒ ⲈⲒⲈⲢⲞⲤⲀⲖⲎⲘ.
13 ၁၃ ထိုအခါပေါလုက ``သင်တို့သည်အဘယ်ကြောင့် ဤသို့ငိုယိုကာ ငါ၏စိတ်နှလုံးကိုကြေကွဲစေ ကြပါသနည်း။ ငါသည်သခင်ယေရှု၏နာမ တော်အတွက် ယေရုရှလင်မြို့တွင်အချည်နှောင် ခံရန်သာမကအသေခံရန်ပင်အသင့်ရှိပါ သည်'' ဟုပြန်ပြော၏။
ⲓ̅ⲅ̅ⲦⲞⲦⲈ ⲀϤⲈⲢⲞⲨⲰ ⲚϪⲈⲠⲀⲨⲖⲞⲤ ϪⲈ ⲞⲨ ⲠⲈⲦⲈⲦⲈⲚⲢⲀ ⲘⲘⲞϤ ⲈⲢⲈⲦⲈⲚⲢⲒⲘⲒ ⲞⲨⲞϨ ⲈⲢⲈⲦⲈⲚϮⲘⲔⲀϨ ⲘⲠⲀϨⲎⲦ ⲀⲚⲞⲔ ⲄⲀⲢ ⲞⲨ ⲘⲞⲚⲞⲚ ⲈⲤⲞⲚϨⲦ ⲀⲖⲖⲀ ϮⲤⲈⲂⲦⲰⲦ ⲈⲘⲞⲨ ϦⲈⲚⲒⲈⲢⲞⲤⲀⲖⲎⲘ ⲈϨⲢⲎⲒ ⲈϪⲈⲚ ⲪⲢⲀⲚ ⲘⲠϬⲞⲒⲤ ⲒⲎⲤⲞⲨⲤ.
14 ၁၄ ပေါလုအားတောင်းပန်၍မရသောအခါ ကျွန်ုပ် တို့သည် ``သခင်ဘုရား၏အလိုတော်အတိုင်း ပင်ဖြစ်ပါစေသော'' ဟုဆိုကာလက်လျှော့လိုက် ကြ၏။
ⲓ̅ⲇ̅ⲈⲦⲈ ⲘⲠⲈ ⲠⲈϤϨⲎⲦ ⲆⲈ ⲐⲰⲦ ⲀⲚⲬⲀⲢⲰⲚ ⲈⲚϪⲰ ⲘⲘⲞⲤ ϪⲈ ⲠⲈⲦⲈϨⲚⲀϤ ⲘⲠϬⲞⲒⲤ ⲘⲀⲢⲈϤϢⲰⲠⲒ.
15 ၁၅ ရက်အနည်းငယ်ကြာသော်ကျွန်ုပ်တို့သည်ပစ္စည်း များကိုထုပ်ပိုး၍ ယေရုရှလင်မြို့သို့ခရီး ဆက်ကြ၏။-
ⲓ̅ⲉ̅ⲘⲈⲚⲈⲚⲤⲀ ⲚⲀⲒⲈϨⲞⲞⲨ ⲆⲈ ⲈⲦⲀⲚⲤⲈⲂⲦⲰⲦⲈⲚ ⲚⲀⲚⲚⲀ ⲈϨⲢⲎⲒ ⲈⲒⲈⲢⲞⲤⲀⲖⲎⲘ.
16 ၁၆ ကဲသရိမြို့မှတပည့်တော်အချို့တို့သည် ကျွန်ုပ်တို့နှင့်အတူလိုက်ခဲ့ပြီးလျှင် ကျွန်ုပ်တို့ အားကုပရုကျွန်းသားတပည့်တော်ဟောင်း တစ်ဦးဖြစ်သူမနာသုန်၏အိမ်သို့တည်းခို ရန်ခေါ်သွားကြ၏။
ⲓ̅ⲋ̅ⲀⲨⲒ ⲆⲈ ⲚⲈⲘⲀⲚ ⲈⲂⲞⲖ ϦⲈⲚⲔⲈⲤⲀⲢⲒⲀ ⲚϪⲈϨⲀⲚⲞⲨⲞⲚ ⲈⲂⲞⲖ ϦⲈⲚⲚⲒⲘⲀⲐⲎⲦⲎⲤ ⲈⲀⲨⲒⲚⲒ ⲘⲪⲎ ⲈⲦⲈⲚⲚⲀϪⲰⲒⲖⲒ ⲈⲢⲞϤ ⲞⲨⲀⲒ ϪⲈ ⲚⲀⲤⲤⲰⲚ ⲞⲨⲔⲨⲠⲢⲒⲞⲤ ⲞⲨⲀⲢⲬⲈⲞⲤ ⲘⲘⲀⲐⲎⲦⲎⲤ.
17 ၁၇ ယေရုရှလင်မြို့သို့ကျွန်ုပ်တို့ရောက်ကြသော အခါ ညီအစ်ကိုများကလှိုက်လှဲစွာကြိုဆို ကြ၏။-
ⲓ̅ⲍ̅ⲈⲦⲀⲚⲒ ⲆⲈ ⲈϨⲢⲎⲒ ⲈⲒⲈⲢⲞⲤⲀⲖⲎⲘ ⲀⲨϢⲞⲠⲦⲈⲚ ⲈⲢⲰⲞⲨ ϦⲈⲚⲞⲨⲢⲀϢⲒ ⲚϪⲈⲚⲒⲤⲚⲎⲞⲨ.
18 ၁၈ နောက်တစ်နေ့၌ပေါလုသည်ကျွန်ုပ်တို့နှင့်အတူ ယာကုပ်ထံသို့သွားရောက်တွေ့ဆုံ၏။ အသင်း တော်လူကြီးအပေါင်းတို့လည်းသူ့ထံတွင် ရောက်ရှိနေကြ၏။-
ⲓ̅ⲏ̅ⲠⲈϤⲢⲀⲤϮ ⲆⲈ ⲀϤⲒ ⲚϪⲈⲠⲀⲨⲖⲞⲤ ⲚⲈⲘⲀⲚ ϢⲀ ⲒⲀⲔⲰⲂⲞⲤ ⲀⲨⲒ ⲆⲈ ϨⲀⲢⲞϤ ⲚϪⲈⲚⲒⲠⲢⲈⲤⲂⲨⲦⲈⲢⲞⲤ ⲦⲎⲢⲞⲨ.
19 ၁၉ ပေါလုသည်ထိုသူတို့အားနှုတ်ဆက်ပြီးနောက် မိမိမှတစ်ဆင့် လူမျိုးခြားတို့အားဘုရား သခင်ပြုတော်မူသောအမှုအရာအလုံးစုံ တို့ကိုတင်ပြ၏။-
ⲓ̅ⲑ̅ⲞⲨⲞϨ ⲈⲦⲀϤⲈⲢⲀⲤⲠⲀⲌⲈⲤⲐⲈ ⲘⲘⲰⲞⲨ ⲚⲀϤⲤⲀϪⲒ ϦⲀⲦⲞⲦⲞⲨ ⲔⲀⲦⲀ ⲞⲨⲀⲒ ⲞⲨⲀⲒ ⲚⲚⲎ ⲈⲦⲀ ⲪⲚⲞⲨϮ ⲀⲒⲦⲞⲨ ϦⲈⲚⲚⲒⲈⲐⲚⲞⲤ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲦⲈϤⲆⲒⲀⲔⲞⲚⲒⲀ.
20 ၂၀ ထိုသို့တင်ပြသည်ကိုကြားသောအခါ ထိုသူ တို့သည်ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြ၏။ ထိုနောက်ပေါလုအား ``ငါတို့ညီ၊ ယုံကြည် သူယုဒအမျိုးသားတို့ထောင်ပေါင်းများစွာ ရှိကြောင်း၊ သူတို့အားလုံးပင်ပညတ်တရား ကိုစွဲလန်းသူများဖြစ်ကြောင်းသင်အသိ ပင်ဖြစ်သည်။-
ⲕ̅ⲚⲐⲰⲞⲨ ⲆⲈ ⲈⲦⲀⲨⲤⲰⲦⲈⲘ ⲀⲨϮⲰⲞⲨ ⲘⲪⲚⲞⲨϮ ⲠⲈϪⲰⲞⲨ ⲆⲈ ⲚⲀϤ ϪⲈ ⲬⲚⲀⲨ ⲠⲈⲚⲤⲞⲚ ϪⲈ ⲞⲨⲞⲚ ⲞⲨⲎⲢ ⲚⲐⲂⲀ ⲈⲂⲞⲖ ϦⲈⲚⲚⲒⲒⲞⲨⲆⲀⲒ ⲈⲀⲨⲚⲀϨϮ ⲞⲨⲞϨ ϨⲀⲚⲢⲈϤⲬⲞϨ ⲦⲎⲢⲞⲨ ⲚⲈⲚⲦⲈⲠⲒⲚⲞⲘⲞⲤ.
21 ၂၁ `သင်သည်လူမျိုးခြားတို့အထဲတွင်နေထိုင် ကြသောယုဒအမျိုးသားများအား သင်တို့ ၏ကလေးများကိုအရေဖျားလှီးမင်္ဂလာ မပေးကြနှင့်။ သင်တို့သည်ယုဒထုံးတမ်း စဉ်လာများကိုမလိုက်နာကြနှင့်' ဟုဆိုကာ မောရှေ၏တရားကိုစွန့်ပယ်စေရန်သွန်သင် လျက်ရှိကြောင်းထိုသူတို့ကြားသိကြ၏။-
ⲕ̅ⲁ̅ⲀⲨⲦⲀⲘⲰⲞⲨ ⲆⲈ ⲈⲐⲂⲎⲦⲔ ϪⲈ ⲔϮⲤⲂⲰ ⲚⲚⲒⲒⲞⲨⲆⲀⲒ ⲈⲦ ϦⲈⲚⲚⲒⲈⲐⲚⲞⲤ ⲈⲐⲢⲞⲨϨⲈⲚⲞⲨ ⲤⲀⲂⲞⲖ ⲘⲘⲰⲨⲤⲎⲤ ⲈⲔϪⲰ ⲘⲘⲞⲤ ϪⲈ ⲘⲠⲈⲢⲤⲞⲨⲂⲈ ⲚⲈⲦⲈⲚϢⲎⲢⲒ ⲞⲨⲆⲈ ⲘⲠⲈⲢⲘⲞϢⲒ ⲔⲀⲦⲀ ⲚⲒⲤⲨⲚⲎⲐⲒⲀ.
22 ၂၂ သို့ဖြစ်၍ငါတို့အဘယ်သို့ပြုကြရပါမည် နည်း။ သင်ရောက်ရှိသည့်သတင်းကိုသူတို့ ကြားကြမည်မှာသေချာပါ၏။-
ⲕ̅ⲃ̅ⲞⲨ ϪⲈ ⲠⲀⲚⲦⲞⲤ ⲤⲈⲚⲀⲤⲰⲦⲈⲘ ϪⲈ ⲀⲔⲒ.
23 ၂၃ ထို့ကြောင့်ငါတို့ဆိုသည့်အတိုင်းပြုပါလော့။ ငါတို့တွင်သစ္စာကတိပြုထားသောလူလေး ယောက်ရှိ၏။-
ⲕ̅ⲅ̅ⲪⲀⲒ ⲞⲨⲚ ⲀⲢⲒⲦϤ ⲈⲦⲈⲚⲚⲀϪⲞϤ ⲚⲀⲔ ⲞⲨⲞⲚⲦⲀⲚ ⲚⲆ ⲚⲢⲰⲘⲒ ⲈⲞⲨⲞⲚ ⲚⲦⲰⲞⲨ ⲚⲞⲨⲈⲨⲬⲎ ⲈⲂⲞⲖ ϨⲒⲦⲞⲦⲞⲨ.
24 ၂၄ ထိုသူတို့ကိုခေါ်သွားပြီးလျှင်သန့်စင်ခြင်း မင်္ဂလာကိုသူတို့နှင့်အတူပြုပါလော့။ သူတို့ အတွက်ဦးခေါင်းရိတ်ခငွေကိုသင်ကျခံပါ။ ဤသို့ပြုပါမူသင့်အကြောင်းလူတို့ကြားခဲ့ ကြသည့်သတင်းစကားများမှာ အခြေအမြစ် မရှိကြောင်းကိုလည်းကောင်း၊ သင်ကိုယ်တိုင်ပင် လျှင်ပညတ်တရားကိုတိကျစွာစောင့်ထိန်း ကြောင်းကိုလည်းကောင်းလူတိုင်းသိရှိပါ လိမ့်မည်။-
ⲕ̅ⲇ̅ϬⲒ ⲚⲚⲀⲒ ⲘⲀⲦⲞⲨⲂⲞⲔ ⲚⲈⲘⲰⲞⲨ ⲞⲨⲞϨ ϬⲈ ⲆⲀⲠⲀⲚⲎ ⲈⲂⲞⲖ ⲈⲢⲰⲞⲨ ϨⲒⲚⲀ ⲚⲤⲈϦⲈⲔ ϪⲰⲞⲨ ⲞⲨⲞϨ ⲈⲨⲈⲈⲘⲒ ⲦⲎⲢⲞⲨ ϪⲈ ⲚⲎ ⲈⲦⲀⲨϪⲞⲦⲞⲨ ⲈⲐⲂⲎⲦⲔ ϨⲀⲚϨⲖⲒ ⲚⲈⲀⲖⲖⲀ ϪⲈ ⲔϮⲘⲀϮ ϨⲰⲔ ⲈⲀⲢⲈϨ ⲈⲠⲒⲚⲞⲘⲞⲤ.
25 ၂၅ ယုံကြည်သူလူမျိုးခြားတို့အတွက်မူကား ရုပ်တုများကိုပူဇော်သည့်အစားအစာ၊ သွေး၊ လည်ညှစ်သားတို့ကိုမစားရန်နှင့်ကာမဂုဏ် လိုက်စားမှုကိုရှောင်ကြဉ်ရန် ငါတို့စီရင်ဆုံး ဖြတ်၍သူတို့ထံသို့စာရေးအကြောင်း ကြားပြီးပါပြီ'' ဟုဆိုကြ၏။
ⲕ̅ⲉ̅ⲈⲐⲂⲈ ⲚⲒⲈⲐⲚⲞⲤ ⲆⲈ ⲈⲦⲀⲨⲚⲀϨϮ ⲀⲚⲞⲚ ⲀⲚⲞⲨⲰⲢⲠ ⲈⲀⲚϮϨⲀⲠ ⲈⲐⲢⲞⲨⲀⲢⲈϨ ⲈⲢⲰⲞⲨ ⲈⲂⲞⲖ ϨⲀ ⲚⲒϢⲰⲦ ⲚⲒⲆⲰⲖⲞⲚ ⲚⲈⲘ ⲚⲒⲤⲚⲞϤ ⲚⲈⲘ ⲚⲒⲰϪϨ ⲚⲈⲘ ϮⲠⲞⲢⲚⲒⲀ.
26 ၂၆ သို့ဖြစ်၍ပေါလုသည်နောက်တစ်နေ့၌ထိုလူ လေးယောက်တို့ကိုခေါ်ပြီးလျှင် သူတို့နှင့်အတူ သန့်စင်ခြင်းမင်္ဂလာကိုပြုလေ၏။ ထိုနောက်သူ သည်ဗိမာန်တော်သို့သွား၍သန့်စင်ခြင်းမင်္ဂလာ ပြုရာကာလပြီးဆုံးမည့်အချိန်နှင့် မိမိတို့ တစ်ဦးစီအတွက်ပူဇော်သကာဆက်သရမည့် အချိန်တို့ကိုကြိုတင်အကြောင်းကြားထား လေသည်။
ⲕ̅ⲋ̅ⲦⲞⲦⲈ ⲠⲀⲨⲖⲞⲤ ⲀϤϬⲒ ⲚⲚⲒⲢⲰⲘⲒ ϦⲈⲚⲠⲒⲈϨⲞⲞⲨ ⲈⲐⲚⲎⲞⲨ ⲀϤⲦⲞⲨⲂⲞϤ ⲚⲈⲘⲰⲞⲨ ⲀϤϢⲈ ⲈϦⲞⲨⲚ ⲈⲠⲒⲈⲢⲪⲈⲒ ⲈϤⲞⲨⲞⲚϨ ⲈⲂⲞⲖ ⲘⲠⲒϪⲰⲔ ⲈⲂⲞⲖ ⲚⲦⲈⲚⲒⲈϨⲞⲞⲨ ⲚⲦⲈⲠⲒⲦⲞⲨⲂⲞ ϢⲀⲦⲞⲨⲒⲚⲒ ⲚϮⲠⲢⲞⲤⲪⲰⲢⲀ ⲚⲦⲈⲠⲒⲞⲨⲀⲒ ⲠⲒⲞⲨⲀⲒ ⲘⲘⲰⲞⲨ ⲈϨⲢⲎⲒ ⲈϪⲰϤ.
27 ၂၇ ခုနစ်ရက်ကာလကုန်ဆုံးချိန်နီးသောအခါ အာရှနယ်မှယုဒအမျိုးသားအချို့တို့သည် ပေါလုကိုဗိမာန်တော်တွင်တွေ့မြင်ကြ၏။ သူ တို့သည်လူပရိသတ်တို့အားဆွပေးပြီးလျှင် ပေါလုကိုဖမ်းဆီးကြ၏။-
ⲕ̅ⲍ̅ⲈⲨⲚⲀϪⲰⲔ ⲆⲈ ⲈⲂⲞⲖ ⲚϪⲈⲠⲒⲌ ⲚⲈϨⲞⲞⲨ ⲈⲦⲀⲨⲚⲀⲨ ⲈⲢⲞϤ ⲚϪⲈⲚⲒⲒⲞⲨⲆⲀⲒ ⲚⲦⲈϮⲀⲤⲒⲀ ⲈϤϦⲈⲚ ⲠⲒⲈⲢⲪⲈⲒ ⲀⲨϢⲐⲞⲢⲦⲈⲢ ⲘⲠⲒⲘⲎ ϢⲦⲎⲢϤ ⲞⲨⲞϨ ⲀⲨⲒⲚⲒ ⲚⲚⲞⲨϪⲒϪ ⲈϨⲢⲎⲒ ⲈϪⲰϤ
28 ၂၈ သူတို့က ``ဣသရေလအမျိုးသားတို့၊ ကူညီ ကြပါ။ ဤသူသည်အရပ်တကာသို့သွား၍ ငါ တို့အမျိုးသားတို့ကိုလည်းကောင်း၊ ဤဗိမာန် တော်ကိုလည်းကောင်းပြစ်တင်ရှုတ်ချကာ လူ အပေါင်းတို့အားဟောပြောသွန်သင်သူဖြစ်၏။ ထိုမျှမကယခုသူသည်ဂရိအမျိုးသား တို့ကို ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာပြီး လျှင် ဤမြင့်မြတ်သန့်ရှင်းသည့်ဌာနတော် ကိုညစ်ညမ်းစေပါ၏'' ဟုဟစ်အော်ကြ၏။-
ⲕ̅ⲏ̅ⲈⲨϪⲰ ⲘⲘⲞⲤ ϪⲈ ⲚⲒⲢⲰⲘⲒ ⲚⲒⲒⲤⲢⲀⲎⲖⲒⲦⲎⲤ ⲀⲢⲒⲂⲞⲎⲐⲒⲚ ⲪⲀⲒ ⲠⲈ ⲠⲒⲢⲰⲘⲒ ⲈⲦϮ ⲈϦⲞⲨⲚ ⲈϨⲢⲈⲚ ⲠⲒⲖⲀⲞⲤ ⲚⲈⲘ ⲠⲒⲚⲞⲘⲞⲤ ⲚⲈⲘ ⲠⲀⲒⲘⲀ ⲈϤϮⲤⲂⲰ ⲚⲞⲨⲞⲚ ⲚⲒⲂⲈⲚ ϦⲈⲚⲘⲀⲒ ⲚⲒⲂⲈⲚ ⲈⲦⲒ ⲆⲈ ⲚⲈⲘ ϨⲀⲚⲔⲈⲞⲨⲈⲒⲚⲒⲚ ⲈⲀϤⲈⲚⲞⲨ ⲈϦⲞⲨⲚ ⲈⲠⲒⲈⲢⲪⲈⲒ ⲞⲨⲞϨ ⲀϤⲤⲰϤ ⲘⲠⲒⲘⲀ ⲈⲐⲞⲨⲀⲂ.
29 ၂၉ (အဘယ်ကြောင့်ဆိုသော်သူတို့သည်ပေါလုကို ဧဖက်မြို့သားတရောဖိမ်ဆိုသူနှင့်အတူ မြို့ ထဲတွင်တွေ့မြင်ခဲ့သဖြင့် ထိုသူအားဗိမာန် တော်ထဲသို့ပေါလုခေါ်ဆောင်ခဲ့သည်ဟုထင် မှတ်သောကြောင့်ဖြစ်၏။)
ⲕ̅ⲑ̅ⲚⲈ ⲀⲨⲈⲢϢⲞⲢⲠ ⲄⲀⲢ ⲠⲈ ⲚⲚⲀⲨ ⲈⲦⲢⲞⲪⲎ ⲘⲞⲤ ⲚⲈⲘⲀϤ ϦⲈⲚϮⲠⲞⲖⲒⲤ ⲠⲒⲢⲈⲘⲈⲪⲈⲤⲞⲤ ⲪⲀⲒ ⲚⲀⲨⲘⲈⲨⲒ ϪⲈ ⲀⲠⲀⲨⲖⲞⲤ ⲞⲖϤ ⲈϦⲞⲨⲚ ⲈⲠⲒⲈⲢⲪⲈⲒ.
30 ၃၀ တစ်မြို့လုံးသည်ရှုပ်ယှက်ခတ်ဖြစ်လျက် လူတို့ သည်ပြေး၍လာပြီးလျှင်ပေါလုကိုဖမ်းဆီး ကာ ဗိမာန်တော်အပြင်သို့ဆွဲထုတ်သွားကြ၏။ ထိုနောက်ချက်ချင်းဗိမာန်တော်တံခါးများ ကိုပိတ်လိုက်ကြ၏။-
ⲗ̅ⲀⲤⲔⲒⲘ ⲆⲈ ⲚϪⲈϮⲠⲞⲖⲒⲤ ⲦⲎⲢⲤ ⲞⲨⲞϨ ⲀϤϢⲰⲠⲒ ⲚϪⲈⲞⲨϬⲞϪⲒ ⲚⲦⲈⲠⲒⲖⲀⲞⲤ ⲦⲎⲢϤ ⲈⲨⲤⲞⲠ ⲞⲨⲞϨ ⲈⲦⲀⲨⲀⲘⲀϨⲒ ⲘⲠⲀⲨⲖⲞⲤ ⲀⲨⲤⲞⲔϤ ⲈⲂⲞⲖ ϦⲈⲚⲠⲒⲈⲢⲪⲈⲒ ⲞⲨⲞϨ ⲤⲀⲦⲞⲦⲞⲨ ⲀⲨⲘⲀϢⲐⲀⲘ ⲚⲚⲒⲢⲰⲞⲨ
31 ၃၁ သူတို့သည်ပေါလုကိုသတ်ရန်ကြိုးစားနေ စဉ်ရောမတပ်မှူးသည် ယေရုရှလင်မြို့တစ် မြို့လုံးရုံးရင်းဆန်ခတ်ဖြစ်လျက်နေသည် ဟုသတင်းရသဖြင့်၊-
ⲗ̅ⲁ̅ⲈⲨⲔⲰϮ ⲆⲈ ⲚⲤⲀϦⲞⲐⲂⲈϤ ⲀⲠⲒϢⲒⲚⲒ ⲆⲈ ϢⲈ ⲈϨⲢⲎⲒ ⲘⲠⲒⲬⲒⲖⲒⲀⲢⲬⲞⲤ ⲚⲦⲈϮⲤⲠⲒⲢⲀ ϪⲈ ⲀⲤϢⲐⲞⲢⲦⲈⲢ ⲦⲎⲢⲤ ⲚϪⲈⲒⲈⲢⲞⲤⲀⲖⲎⲘ.
32 ၃၂ ချက်ချင်းပင်စစ်သားများနှင့်တပ်ခွဲမှူးများ ကိုခေါ်၍ လူပရိသတ်ရှိရာသို့အပြေးလာ ခဲ့၏။ လူတို့သည်တပ်မှူးနှင့်စစ်သားများကို မြင်သောအခါပေါလုကိုမရိုက်ဘဲနေကြ၏။-
ⲗ̅ⲃ̅ⲤⲀⲦⲞⲦϤ ⲆⲈ ⲀϤϬⲒ ⲚϨⲀⲚⲘⲀⲦⲞⲒ ⲚⲈⲘ ϨⲀⲚⲈⲔⲀⲦⲞⲚⲦⲀⲢⲬⲞⲤ ⲀϤϬⲞϪⲒ ⲈϪⲰⲞⲨ ⲚⲐⲰⲞⲨ ⲆⲈ ⲈⲦⲀⲨⲚⲀⲨ ⲈⲚⲒⲘⲀⲦⲞⲒ ⲚⲈⲘ ⲠⲒⲬⲒⲖⲒⲀⲢⲬ ⲞⲤ ⲀⲨⲖⲞϪⲞⲨ ⲈⲨϨⲒⲞⲨⲒ ⲈⲠⲀⲨⲖⲞⲤ.
33 ၃၃ ထိုအခါတပ်မှူးသည်ပေါလုထံသို့ရောက်၍ ဖမ်းဆီးပြီးလျှင် သံကြိုးနှစ်ချောင်းဖြင့်ချည် နှောင်ထားရန်အမိန့်ပေး၏။ ပေါလုကားမည် သူဖြစ်ကြောင်း၊ မည်သည့်ပြစ်မှုကိုကူးလွန် ကြောင်းကိုမေးမြန်း၏။-
ⲗ̅ⲅ̅ⲦⲞⲦⲈ ⲈⲦⲀϤϦⲰⲚⲦ ⲈϦⲞⲨⲚ ⲚϪⲈⲠⲒⲬⲒⲖⲒⲀⲢⲬⲞⲤ ⲀϤⲀⲘⲞⲚⲒ ⲘⲘⲞϤ ⲞⲨⲞϨ ⲀϤⲞⲨⲀϨⲤⲀϨⲚⲒ ⲈⲐⲢⲞⲨⲤⲞⲚϨϤ ⲚϨⲀⲖⲨⲤⲒⲤ ⲂϮ ⲞⲨⲞϨ ⲚⲀϤϢⲒⲚⲒ ϪⲈ ⲚⲒⲘ ⲠⲈ ⲞⲨⲞϨ ϪⲈ ⲞⲨ ⲠⲈⲦⲀϤⲀⲒϤ.
34 ၃၄ လူပရိသတ်တို့ကသူတစ်မျိုးငါတစ်ဖုံဟစ် အော်ပြောဆိုကြ၏။ ထိုဆူညံသံများကြောင့် တပ်မှူးသည်အဖြစ်မှန်ကိုမသိနိုင်ရကား ပေါလုကိုတပ်စခန်းရဲတိုက်ထဲသို့ခေါ် ဆောင်သွားရန်အမိန့်ပေးလေ၏။-
ⲗ̅ⲇ̅ϨⲀⲚⲔⲈⲬⲰⲞⲨⲚⲒ ⲆⲈ ⲚⲀⲨⲰϢ ⲈⲂⲞⲖ ⲈⲨϪⲰ ⲚⲔⲈϨⲰⲂ ⲈⲦⲈ ⲘⲠⲈϤϢϪⲈⲘϪⲞⲘ ⲆⲈ ⲚⲈⲘⲒ ⲈⲠⲒⲦⲀϪⲢⲞ ⲈⲐⲂⲈ ⲠⲒϢⲐⲞⲢⲦⲈⲢ ⲀϤⲞⲨⲀϨⲤⲀϨⲚⲒ ⲈⲐⲢⲞⲨⲞⲖϤ ⲈϨⲢⲎⲒ ⲈϮⲠⲀⲢⲈⲘⲂⲞⲖⲎ.
35 ၃၅ ရဲတိုက်လှေခါးသို့ရောက်သောအခါလူထု အကြမ်းဖက်မှုပြင်းထန်လာသဖြင့် စစ်သား များသည်ပေါလုကိုချီမြှောက်ထမ်းသွားရ ကြ၏။-
ⲗ̅ⲉ̅ϨⲞⲦⲈ ⲆⲈ ⲈⲦⲀϤⲀⲖⲎⲒ ⲈϨⲢⲎⲒ ⲈϪⲈⲚ ⲚⲒⲦⲰⲦⲈⲢ ⲀⲤϢⲰⲠⲒ ⲈⲐⲢⲞⲨⲦⲰⲞⲨⲚ ⲘⲘⲞϤ ⲚϪⲈⲚⲒⲘⲀⲦⲞⲒ ⲈⲐⲂⲈ ⲠϬⲒⲚϪⲞⲚⲤ ⲚⲦⲈⲠⲒⲘⲎϢ.
36 ၃၆ လူပရိသတ်တို့သည် ``သူ့ကိုသတ်ပါ'' ဟု ဟစ်အော်လျက်လိုက်ကြ၏။
ⲗ̅ⲋ̅ⲚⲀⲨⲘⲞϢⲒ ⲄⲀⲢ ⲚⲤⲰϤ ⲚϪⲈⲠⲒⲘⲎϢ ⲚⲦⲈⲠⲒⲖⲀⲞⲤ ⲈⲨⲰϢ ⲈⲂⲞⲖ ϪⲈ ⲀⲖⲒⲦϤ ⲘⲘⲀⲨ.
37 ၃၇ ပေါလုသည်မိမိအားရဲတိုက်ထဲသို့ခေါ်ဆောင် သွားမည်ပြုသောအခါ တပ်မှူးအား``သင်နှင့် အကျွန်ုပ်စကားအနည်းငယ်ပြောပါရစေ'' ဟုဆို၏။ ``သင်သည်ဂရိဘာသာစကားကိုပြောတတ် ပါသလော။-
ⲗ̅ⲍ̅ⲈⲨⲚⲀⲈⲚϤ ⲆⲈ ⲈϦⲞⲨⲚ ⲈϮⲠⲀⲢⲈⲘⲂⲞⲖⲎ ⲠⲈϪⲈ ⲠⲀⲨⲖⲞⲤ ⲘⲠⲒⲬⲒⲖⲒⲀⲢⲬⲞⲤ ϪⲈ ⲀⲚ ⲤϢⲈ ⲚⲎⲒ ⲚⲦⲀϪⲈ ϨⲖⲒ ⲚⲀⲔ ⲚⲐⲞϤ ⲆⲈ ⲠⲈϪⲀϤ ⲚⲀϤ ϪⲈ ⲔⲤⲰⲞⲨⲚ ⲢⲰ ⲘⲘⲈⲦⲞⲨⲈⲒⲚⲒⲚ.
38 ၃၈ မကြာသေးမီအခါကပုန်ကန်ထကြွလျက် သူ ပုန်လေးထောင်ကိုခေါင်းဆောင်၍ တောကန္တာရသို့ ခေါ်ဆောင်သွားသူအီဂျစ်အမျိုးသားပင် မဟုတ်လော'' ဟုမေး၏။
ⲗ̅ⲏ̅ϨⲀⲢⲀ ⲚⲐⲞⲔ ⲀⲚ ⲠⲈ ⲠⲒⲢⲈⲘⲚⲬⲎⲘⲒ ⲈⲦϦⲀϪⲰⲞⲨ ⲚⲚⲀⲒ ⲈϨⲞⲞⲨ ⲀⲔⲒⲢⲒ ⲚϨⲀⲚϢⲐⲞⲢⲦⲈⲢ ⲞⲨⲞϨ ⲀⲔϬⲒ ⲘⲠⲒⲆ ⲚϢⲞ ⲚⲢⲰⲘⲒ ⲚⲦⲈⲚⲒⲤⲒⲔⲀⲢⲒⲞⲤ ⲈⲂⲞⲖ ⲈⲠϢⲀϤⲈ.
39 ၃၉ ပေါလုက ``အကျွန်ုပ်သည်ယုဒအမျိုးသားဖြစ် ပါသည်။ ကိလိကိပြည်၊ တာရှုမြို့တွင်ဖွားမြင်ခဲ့ ၍ထင်ရှားသောမြို့ကြီးသားဖြစ်ပါ၏။ အကျွန်ုပ် ကိုကျေးဇူးပြု၍လူတို့အားစကားပြောခွင့် ပြုပါ'' ဟုဆို၏။
ⲗ̅ⲑ̅ⲠⲀⲨⲖⲞⲤ ⲆⲈ ⲠⲈϪⲀϤ ⲚⲀϤ ϪⲈ ⲀⲚⲞⲔ ⲘⲈⲚ ⲀⲚⲞⲔ ⲞⲨⲢⲰⲘⲒ ⲚⲒⲞⲨⲆⲀⲒ ⲞⲨⲢⲈⲘⲦⲀⲢⲤⲞⲤ ⲚⲦⲈϮⲔⲨⲖⲒⲔⲒⲀ ⲞⲨⲢⲈⲘⲘⲂⲀⲔⲒ ⲚⲦⲈⲞⲨⲂⲀⲔⲒ ⲈⲤⲞⲒ ⲚⲀⲦⲞⲨⲞⲚϨ ⲈⲂⲞⲖ ⲀⲚ ϮⲦⲰⲂϨ ⲞⲨⲚ ⲘⲘⲞⲔ ⲈⲐⲢⲈⲔⲞⲨⲀϨⲤⲀϨⲚⲒ ⲚⲎⲒ ⲚⲦⲀⲤⲀϪⲒ ⲚⲈⲘ ⲠⲀⲒⲖⲀⲞⲤ.
40 ၄၀ တပ်မှူးကခွင့်ပြုသဖြင့်ပေါလုသည်လှေခါး ထစ်ပေါ်တွင်ရပ်လျက် လူတို့အားလက်ရိပ်ပြ၏။ ထိုသူတို့တိတ်ဆိတ်နေကြသောအခါ သူသည် ဟေဗြဲဘာသာစကားဖြင့်မြွက်ဆိုလျက်၊
ⲙ̅ⲈⲦⲀϤⲞⲨⲀϨⲤⲀϨⲚⲒ ⲆⲈ ⲚⲀϤ ⲈⲢⲈ ⲠⲀⲨⲖⲞⲤ ⲞϨⲒ ⲈⲢⲀⲦϤ ϨⲒϪⲈⲚ ⲚⲒⲦⲰⲦⲈⲢ ⲀϤⲔⲒⲘ ⲚⲦⲈϤϪⲒϪ ⲞⲨⲂⲈ ⲠⲒⲖⲀⲞⲤ ⲈⲦⲀ ⲞⲨⲚⲒϢϮ ⲆⲈ ⲚⲬⲀⲢⲰϤ ϢⲰⲠⲒ ⲀϤⲰϢ ⲈⲂⲞⲖ ϦⲈⲚϮⲀⲤⲠⲒ ⲘⲘⲈⲦϨⲈⲂⲢⲈⲞⲤ ⲈϤϪⲰ ⲘⲘⲞⲤ.