< တမန်တော်ဝတ္ထု 20 >
1 ၁ ဆူပူလှုပ်ရှားမှုရပ်စဲသွားသောအခါ ပေါလုသည် တပည့်တော်တို့ကိုခေါ်၍အား ပေးစကားပြောကြား၏။ ထိုနောက်သူတို့ ကိုနှုတ်ဆက်ပြီးလျှင်မာကေဒေါနိပြည် သို့ထွက်ခွာသွားလေသည်။-
2 ၂ သူသည်ထိုဒေသများကိုလှည့်လည်ကာ တပည့်တော်တို့အား အားပေးစကားများ ပြောကြားပြီးနောက်အခါယပြည်သို့ သွား၏။-
3 ၃ သူသည်ထိုပြည်တွင်သုံးလမျှနေ၏။ ထို နောက်ရှုရိပြည်သို့သင်္ဘောလွှင့်မည်အပြု တွင်သူ၏အသက်ကိုရန်ရှာရန် ယုဒအမျိုး သားတို့လျှို့ဝှက်ကြံစည်နေကြကြောင်းကို ကြားသိရ၏။ သို့ဖြစ်၍သူသည်မာကေ ဒေါနိပြည်ကိုဖြတ်၍ပြန်ရန်စိတ်ပိုင်းဖြတ် လိုက်လေသည်။-
4 ၄ ဗေရိမြို့သားပုရု၏သားဖြစ်သူသောပတရု၊ သက်သာလောနိတ်မြို့သားများဖြစ်ကြသော အာရိတ္တာခုနှင့်သေကန္ဒု၊ ဒေရဗေမြို့သားဖြစ် သူဂါယု၊ အာရှနယ်သားများဖြစ်ကြသော တုခိတ်နှင့်တရောဖိမ်တို့သည်လည်းကောင်း၊ တိမောသေသည်လည်းကောင်းသူနှင့်အတူ လိုက်သွားကြ၏။-
5 ၅ ထိုသူတို့သည်ကြိုတင်သွားနှင့်ကြပြီး နောက်ကျွန်ုပ်တို့အား တရောမြို့တွင်စောင့် နေကြ၏။-
6 ၆ ကျွန်ုပ်တို့မူကားတဆေးမဲ့မုန့်ပွဲလွန်သော အခါ ဖိလိပ္ပုမြို့မှသင်္ဘောလွှင့်၍လာရာငါး ရက်ကြာသော် သူတို့ရှိရာတရောမြို့သို့ ရောက်၍ထိုမြို့တွင်ခုနစ်ရက်မျှနေကြ၏။
7 ၇ ကျွန်ုပ်တို့သည်စနေနေ့ညနေ၌မိတ်သဟာ ယစားပွဲဝင်ရန်အတွက်စုဝေးကြ၏။ ပေါလု သည်နောက်တစ်နေ့တွင်ထိုမြို့မှထွက်ခွာသွား ရန်အကြံရှိသဖြင့် သန်းခေါင်အချိန်တိုင် အောင်လူတို့အားဟောပြောလျက်နေ၏။-
8 ၈ ကျွန်ုပ်တို့စုဝေးရာအထက်ခန်းတွင်ထွန်းညှိ ထားသောမီးခွက်အမြောက်အမြားရှိ၏။-
9 ၉ ဥတုခုဆိုသူလူငယ်လူရွယ်တစ်ယောက်သည် ပြူတင်းပေါက်ဘောင်ပေါ်တွင်ထိုင်လျက်နေ၏။ ပေါလုဆက်၍ဟောပြောနေစဉ်သူသည်ငိုက် မြည်းလာပြီးလျှင် နောက်ဆုံး၌အိပ်ပျော်သွား ကာအိမ်၏တတိယအထပ်မှမြေသို့လိမ့် ကျလေသည်။ လူတို့သည်သူ့ကိုပွေ့ချီလိုက် ရာသေနေသည်ကိုတွေ့ကြ၏။-
10 ၁၀ သို့ရာတွင်ပေါလုသည်အောက်သို့ဆင်းလာ ကာ ထိုသူ၏အပေါ်၌မှောက်လှဲဖက်ယမ်း ပြီးနောက်လူတို့အား ``မစိုးရိမ်ကြနှင့်၊ သူ သည်အသက်ရှင်လျက်ပင်ရှိသေးသည်'' ဟု ဆို၏။-
11 ၁၁ ပေါလုသည်အိမ်ပေါ်သို့ပြန်တက်ပြီးလျှင် တပည့်တော်တို့နှင့်အတူမိတ်သဟာယ စားပွဲဝင်၏။ အစားအစာသုံးဆောင်ပြီး သော်သူသည်အရုဏ်တက်သည်တိုင်အောင် ထို သူတို့နှင့်ကြာမြင့်စွာစကားပြောလျက် နေလေသည်။ ထိုနောက်ထိုမြို့မှထွက်ခွာ သွား၏။-
12 ၁၂ တပည့်တော်တို့သည်အသက်ရှင်လျက်ရှိသည့် လူငယ်ကို သူ၏အိမ်သို့ခေါ်ဆောင်သွားပြီး မှများစွာစိတ်သက်သာရာရကြ၏။
13 ၁၃ ကျွန်ုပ်တို့သည်သင်္ဘောသို့အလျင်သွား၍အဿု မြို့သို့လွှင့်ကြ၏။ အဿုမြို့သို့ရောက်မှပေါလု အားသင်္ဘောစီးစေရန်ဖြစ်၏။ ပေါလုသည်ထို မြို့သို့ကုန်းကြောင်းဖြင့်သွားရန်စီစဉ်ထား ခြင်းဖြစ်ပေသည်။-
14 ၁၄ ကျွန်ုပ်တို့သည်သူ့ကိုအဿုမြို့တွင်တွေ့ဆုံ၍ သူ့အား သင်္ဘောပေါ်သို့ခေါ်တင်ပြီးလျှင်မိတု လင်မြို့သို့လွှင့်ကြ၏။-
15 ၁၅ နောက်တစ်နေ့၌ခိအုကျွန်းအနီးသို့ရောက် ကြ၏။ နောက်တစ်ရက်ကြာသော်သာမုကျွန်း သို့ရောက်၍ နောက်တစ်ရက်အကြာတွင်မိလက် မြို့သို့ရောက်ကြ၏။-
16 ၁၆ ပေါလုသည်အာရှနယ်တွင်အချိန်မကုန်စေ လိုသဖြင့် ဧဖက်မြို့အနီးမှဖြတ်၍သင်္ဘော လွှင့်ရန်စိတ်ပိုင်းဖြတ်ထား၏။ ဖြစ်နိုင်ပါက ပင်တေကုတ္တေပွဲတော်အမီယေရုရှလင်မြို့ သို့ရောက်ရှိရန် သူသည်အလျင်အမြန်ခရီး ပြုလျက်နေ၏။
17 ၁၇ သို့ရာတွင်ပေါလုသည်ဧဖက်မြို့အသင်းတော် လူကြီးတို့အား မိမိနှင့်လာရောက်တွေ့ဆုံရန် မိလက်မြို့မှလူလွှတ်အကြောင်းကြားလိုက်၏။-
18 ၁၈ ထိုသူတို့ရောက်ရှိကြသောအခါပေါလုက ``ငါ သည်အာရှနယ်သို့ရောက်သည့်နေ့မှစ၍ သင်တို့ နှင့်အတူရှိနေသည့်အချိန်ကာလတစ်လျှောက် လုံးတွင် မည်သို့ပြုမူကျင့်ကြံခဲ့သည်ကိုသင် တို့အသိပင်ဖြစ်၏။-
19 ၁၉ ယုဒအမျိုးသားတို့၏မသမာသောအကြံ အစည်များကြောင့်ဆင်းရဲဒုက္ခရောက်လျက် ရှိချိန်တွင် ငါသည်မျက်ရည်ကျလျက်စိတ် နှလုံးနှိမ့်ချကာ သခင်ဘုရား၏အစေခံ အဖြစ်ဖြင့်အမှုတော်ကိုထမ်းဆောင်ခဲ့၏။-
20 ၂၀ လူပရိသတ်ရှေ့တွင်လည်းကောင်း၊ သင်တို့ အိမ်များတွင်လည်းကောင်း ငါဟောပြောသွန် သင်သောအခါသင်တို့အားအကျိုးရှိစေ မည့်စကားများကိုအဘယ်အခါ၌မျှ ချန်လှပ်၍မထားခဲ့။-
21 ၂၁ နောင်တရ၍ဘုရားသခင်ထံတော်သို့ချဉ်း ကပ်ကြစေရန်နှင့် ငါတို့၏သခင်ယေရှုကို ယုံကြည်ကြစေရန် ငါသည်ယုဒအမျိုးသား များအားလည်းကောင်း၊ ဂရိအမျိုးသားအား လည်းကောင်းလေးနက်စွာသတိပေးခဲ့၏။-
22 ၂၂ ယခုမှာငါသည်ဝိညာဉ်တော်၏အမိန့်ကို နာခံ၍ ယေရုရှလင်မြို့သို့သွားရမည်။ ထို မြို့တွင်အဘယ်သို့ဖြစ်မည်ကိုငါမသိ။-
23 ၂၃ သန့်ရှင်းသောဝိညာဉ်တော်က `သင်သည်ချည် နှောင်ခြင်းနှင့်ဆင်းရဲဒုက္ခကိုခံရလိမ့်မည်' ဟူ ၍မြို့တိုင်းတွင် ငါ့အားကြိုတင်သတိပေး သည်ကိုသာလျှင်ငါသိ၏။-
24 ၂၄ သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''
25 ၂၅ ``ငါသည်ဘုရားသခင်၏နိုင်ငံတော်အကြောင်း ကို သင်တို့ထံသို့လှည့်လည်ဟောပြောကြေညာ ခဲ့၏။ သို့ရာတွင်သင်တို့အနက်အဘယ်သူမျှ ငါ့မျက်နှာကိုနောက်တစ်ဖန်မြင်ရကြလိမ့် မည်မဟုတ်ကြောင်းကိုငါသိ၏။-
26 ၂၆ သို့ဖြစ်၍သင်တို့အနက်တစ်ဦးတစ်ယောက် သည် အသက်ဝိညာဉ်ဆုံးရှုံးပါမူငါ၏တာဝန် မဟုတ်ကြောင်း ယနေ့သင်တို့ကိုအလေးအနက် ငါပြော၏။-
27 ၂၇ အဘယ်ကြောင့်ဆိုသော်ငါသည်ဘုရားသခင် ၏အကြံအစည်တော်ကို သင်တို့အားအကုန် အစင်ဖော်ပြပြီးသောကြောင့်ဖြစ်၏။-
28 ၂၈ သို့ဖြစ်၍သင်တို့သည်မိမိတို့ကိုကိုယ်လည်း ကောင်း၊ သင်တို့လက်သို့ သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်ထားသည့်သိုးစုကိုလည်းကောင်းစောင့် ရှောက်ကြည့်ရှုကြလော့။ ဘုရားသခင်၏အသင်း တော်ကိုသိုးထိန်းသဖွယ်စောင့်ထိန်းကြည့်ရှုကြ လော့။ ကိုယ်တော်သည်မိမိသားတော်အသေခံ သောအားဖြင့် ထိုအသင်းတော်ကိုမိမိပိုင်ဆိုင် ရာဖြစ်စေတော်မူသည်။-
29 ၂၉ ငါမရှိသည့်နောက်လူအချို့တို့သည်သင်တို့ ထံသို့ဝင်ရောက်၍ ရက်စက်ကြမ်းကြုတ်သော ဝံပုလွေများကဲ့သို့သိုးများကိုမညှာဘဲ ပြုမူကြမည်ဖြစ်ကြောင်းကိုငါသိ၏။-
30 ၃၀ သင်တို့အထဲမှအချို့သောသူတို့သည်လိမ် လည်ပြောဆိုကာယုံကြည်သူများကို သူတို့ နောက်သို့ဆွဲဆောင်သွားသည့်အချိန်ကာလ ရောက်ရှိလာလိမ့်မည်။-
31 ၃၁ သို့ဖြစ်၍သတိနှင့်နေကြလော့။ ငါသည်သင် တို့အပေါင်းအားသုံးနှစ်ပတ်လုံးနေ့ညမပြတ် မျက်ရည်ကျလျက်ဆုံးမသွန်သင်ခဲ့သည်ကို သတိရကြလော့။''
32 ၃၂ ``ယခုသင်တို့အားဘုရားသခင်၏လက် တော်သို့လည်းကောင်း၊ ကျေးဇူးတော်တရား သို့လည်းကောင်းငါအပ်နှံပါ၏။ ထိုကျေးဇူး တော်တရားသည်သင်တို့ကိုတည်ဆောက်၍ ကိုယ်တော်၏လူစုတော်ဝင်အပေါင်းတို့အတွက် လျာထားသည့်ကောင်းချီးမင်္ဂလာများကိုသင် တို့အားခံစားစေလိမ့်မည်။-
33 ၃၃ ငါသည်သူတစ်ပါး၏ရွှေငွေအဝတ်အစား ကိုလိုချင်တပ်မက်ခြင်းမရှိခဲ့။-
34 ၃၄ ငါသည်ဤလက်များဖြင့်အလုပ်လုပ်၍ ငါ နှင့်အပေါင်းဖော်များ၏လိုအပ်သည်များ ကိုဖြည့်တင်းခဲ့ကြောင်းသင်တို့ကိုယ်တိုင် သိကြ၏။-
35 ၃၅ ငါ၏နည်းတူသင်တို့သည်လည်းခပ်သိမ်းသော အခြေအနေတွင် အလုပ်ကိုကြိုးစား၍လုပ် ပြီးလျှင် နွမ်းပါးသူတို့ကိုကူညီမစကြရန် ငါပြသခဲ့ပြီ။ သခင်ယေရှုက `စွန့်ကြဲခြင်း သည်အစွန့်ကြဲခံခြင်းထက်ပို၍မင်္ဂလာရှိ၏' ဟုမိန့်တော်မူခဲ့သည်ကိုသတိရကြလော့'' ဟုဆို၏။
36 ၃၆ ထိုနောက်ပေါလုသည်ဒူးထောက်၍ထိုသူတို့ နှင့်အတူဆုတောင်းလေသည်။-
37 ၃၇ သူတို့သည်ပေါလုကိုဖက်ယမ်းလျက် ငိုယို ကာနမ်းရှုပ်၍နှုတ်ဆက်ကြ၏။-
38 ၃၈ ပေါလုသည်မိမိအားနောက်တစ်ဖန်တွေ့မြင် ရတော့မည်မဟုတ်ဟုဆိုသဖြင့် ထိုသူတို့သည် အထူးဝမ်းနည်းကြ၏။ ထို့နောက်ပေါလုအား သင်္ဘောသို့လိုက်ပို့ကြ၏။