< တမန်တော်ဝတ္ထု 20 >

1 ဆူ​ပူ​လှုပ်​ရှား​မှု​ရပ်​စဲ​သွား​သော​အ​ခါ ပေါ​လု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်​၍​အား ပေး​စ​ကား​ပြော​ကြား​၏။ ထို​နောက်​သူ​တို့ ကို​နှုတ်​ဆက်​ပြီး​လျှင်​မာ​ကေ​ဒေါ​နိ​ပြည် သို့​ထွက်​ခွာ​သွား​လေ​သည်။-
And after the noise had come to an end, Paul, having sent for the disciples and given them comfort, went away from them to Macedonia.
2 သူ​သည်​ထို​ဒေ​သ​များ​ကို​လှည့်​လည်​ကာ တ​ပည့်​တော်​တို့​အား အား​ပေး​စ​ကား​များ ပြော​ကြား​ပြီး​နောက်​အ​ခါ​ယ​ပြည်​သို့ သွား​၏။-
And when he had gone through those parts and given them much teaching, he came into Greece.
3 သူ​သည်​ထို​ပြည်​တွင်​သုံး​လ​မျှ​နေ​၏။ ထို နောက်​ရှု​ရိ​ပြည်​သို့​သင်္ဘော​လွှင့်​မည်​အ​ပြု တွင်​သူ​၏​အ​သက်​ကို​ရန်​ရှာ​ရန် ယု​ဒ​အ​မျိုး သား​တို့​လျှို့​ဝှက်​ကြံ​စည်​နေ​ကြ​ကြောင်း​ကို ကြား​သိ​ရ​၏။ သို့​ဖြစ်​၍​သူ​သည်​မာ​ကေ ဒေါ​နိ​ပြည်​ကို​ဖြတ်​၍​ပြန်​ရန်​စိတ်​ပိုင်း​ဖြတ် လိုက်​လေ​သည်။-
And when he had been there three months, because the Jews had made a secret design against him when he was about to take ship for Syria, he made a decision to go back through Macedonia.
4 ဗေ​ရိ​မြို့​သား​ပု​ရု​၏​သား​ဖြစ်​သူ​သော​ပ​တ​ရု၊ သက်​သာ​လော​နိတ်​မြို့​သား​များ​ဖြစ်​ကြ​သော အာ​ရိတ္တာ​ခု​နှင့်​သေ​ကန္ဒု၊ ဒေ​ရ​ဗေ​မြို့​သား​ဖြစ် သူ​ဂါ​ယု၊ အာ​ရှ​နယ်​သား​များ​ဖြစ်​ကြ​သော တု​ခိတ်​နှင့်​တ​ရော​ဖိမ်​တို့​သည်​လည်း​ကောင်း၊ တိ​မော​သေ​သည်​လည်း​ကောင်း​သူ​နှင့်​အ​တူ လိုက်​သွား​ကြ​၏။-
And Sopater of Beroea, the son of Pyrrhus, and Aristarchus and Secundus of Thessalonica, and Gaius of Derbe, and Timothy, and Tychicus and Trophimus of Asia, went with him as far as Asia.
5 ထို​သူ​တို့​သည်​ကြို​တင်​သွား​နှင့်​ကြ​ပြီး နောက်​ကျွန်ုပ်​တို့​အား တ​ရော​မြို့​တွင်​စောင့် နေ​ကြ​၏။-
But these had gone before, and were waiting for us at Troas.
6 ကျွန်ုပ်​တို့​မူ​ကား​တ​ဆေး​မဲ့​မုန့်​ပွဲ​လွန်​သော အ​ခါ ဖိ​လိပ္ပု​မြို့​မှ​သင်္ဘော​လွှင့်​၍​လာ​ရာ​ငါး ရက်​ကြာ​သော် သူ​တို့​ရှိ​ရာ​တ​ရော​မြို့​သို့ ရောက်​၍​ထို​မြို့​တွင်​ခု​နစ်​ရက်​မျှ​နေ​ကြ​၏။
And we went away from Philippi by ship after the days of unleavened bread, and came to them at Troas in five days; and we were there for seven days.
7 ကျွန်ုပ်​တို့​သည်​စ​နေ​နေ့​ည​နေ​၌​မိတ်​သ​ဟာ ယ​စား​ပွဲ​ဝင်​ရန်​အ​တွက်​စု​ဝေး​ကြ​၏။ ပေါ​လု သည်​နောက်​တစ်​နေ့​တွင်​ထို​မြို့​မှ​ထွက်​ခွာ​သွား ရန်​အ​ကြံ​ရှိ​သ​ဖြင့် သန်း​ခေါင်​အ​ချိန်​တိုင် အောင်​လူ​တို့​အား​ဟော​ပြော​လျက်​နေ​၏။-
And on the first day of the week, when we had come together for the holy meal, Paul gave them a talk, for it was his purpose to go away on the day after; and he went on talking till after the middle of the night.
8 ကျွန်ုပ်​တို့​စု​ဝေး​ရာ​အ​ထက်​ခန်း​တွင်​ထွန်း​ညှိ ထား​သော​မီး​ခွက်​အ​မြောက်​အ​မြား​ရှိ​၏။-
And there were a number of lights in the room where we had come together.
9 ဥ​တု​ခု​ဆို​သူ​လူ​ငယ်​လူ​ရွယ်​တစ်​ယောက်​သည် ပြူ​တင်း​ပေါက်​ဘောင်​ပေါ်​တွင်​ထိုင်​လျက်​နေ​၏။ ပေါ​လု​ဆက်​၍​ဟော​ပြော​နေ​စဉ်​သူ​သည်​ငိုက် မြည်း​လာ​ပြီး​လျှင် နောက်​ဆုံး​၌​အိပ်​ပျော်​သွား ကာ​အိမ်​၏​တ​တိ​ယ​အ​ထပ်​မှ​မြေ​သို့​လိမ့် ကျ​လေ​သည်။ လူ​တို့​သည်​သူ့​ကို​ပွေ့​ချီ​လိုက် ရာ​သေ​နေ​သည်​ကို​တွေ့​ကြ​၏။-
And a certain young man named Eutychus, who was seated in the window, went into a deep sleep; and while Paul went on talking, being overcome by sleep, he had a fall from the third floor, and was taken up dead.
10 ၁၀ သို့​ရာ​တွင်​ပေါ​လု​သည်​အောက်​သို့​ဆင်း​လာ ကာ ထို​သူ​၏​အ​ပေါ်​၌​မှောက်​လှဲ​ဖက်​ယမ်း ပြီး​နောက်​လူ​တို့​အား ``မ​စိုး​ရိမ်​ကြ​နှင့်၊ သူ သည်​အ​သက်​ရှင်​လျက်​ပင်​ရှိ​သေး​သည်'' ဟု ဆို​၏။-
And Paul went down and, falling on him, took him in his arms and said, Do not be troubled, for his life is in him.
11 ၁၁ ပေါ​လု​သည်​အိမ်​ပေါ်​သို့​ပြန်​တက်​ပြီး​လျှင် တ​ပည့်​တော်​တို့​နှင့်​အ​တူ​မိတ်​သ​ဟာ​ယ စား​ပွဲ​ဝင်​၏။ အ​စား​အ​စာ​သုံး​ဆောင်​ပြီး သော်​သူ​သည်​အ​ရုဏ်​တက်​သည်​တိုင်​အောင် ထို သူ​တို့​နှင့်​ကြာ​မြင့်​စွာ​စ​ကား​ပြော​လျက် နေ​လေ​သည်။ ထို​နောက်​ထို​မြို့​မှ​ထွက်​ခွာ သွား​၏။-
And when he had gone up, and had taken the broken bread, he went on talking to them for a long time, even till dawn, and then he went away.
12 ၁၂ တ​ပည့်​တော်​တို့​သည်​အ​သက်​ရှင်​လျက်​ရှိ​သည့် လူ​ငယ်​ကို သူ​၏​အိမ်​သို့​ခေါ်​ဆောင်​သွား​ပြီး မှ​များ​စွာ​စိတ်​သက်​သာ​ရာ​ရ​ကြ​၏။
And they took the boy in, living, and were greatly comforted.
13 ၁၃ ကျွန်ုပ်​တို့​သည်​သင်္ဘော​သို့​အ​လျင်​သွား​၍​အ​ဿု မြို့​သို့​လွှင့်​ကြ​၏။ အ​ဿု​မြို့​သို့​ရောက်​မှ​ပေါ​လု အား​သင်္ဘော​စီး​စေ​ရန်​ဖြစ်​၏။ ပေါ​လု​သည်​ထို မြို့​သို့​ကုန်း​ကြောင်း​ဖြင့်​သွား​ရန်​စီ​စဉ်​ထား ခြင်း​ဖြစ်​ပေ​သည်။-
But we, going before him by ship, went to Assos with the purpose of taking Paul in there: for so he had given orders, because he himself was coming by land.
14 ၁၄ ကျွန်ုပ်​တို့​သည်​သူ့​ကို​အ​ဿု​မြို့​တွင်​တွေ့​ဆုံ​၍ သူ့​အား သင်္ဘော​ပေါ်​သို့​ခေါ်​တင်​ပြီး​လျှင်​မိ​တု လင်​မြို့​သို့​လွှင့်​ကြ​၏။-
And when he came up with us at Assos, we took him in the ship and went on to Mitylene.
15 ၁၅ နောက်​တစ်​နေ့​၌​ခိ​အု​ကျွန်း​အ​နီး​သို့​ရောက် ကြ​၏။ နောက်​တစ်​ရက်​ကြာ​သော်​သာ​မု​ကျွန်း သို့​ရောက်​၍ နောက်​တစ်​ရက်​အ​ကြာ​တွင်​မိ​လက် မြို့​သို့​ရောက်​ကြ​၏။-
And going from there by sea, we came on the day after opposite Chios, and touching at Samos on the day after that, we came on the third day to Miletus.
16 ၁၆ ပေါ​လု​သည်​အာ​ရှ​နယ်​တွင်​အ​ချိန်​မ​ကုန်​စေ လို​သ​ဖြင့် ဧ​ဖက်​မြို့​အ​နီး​မှ​ဖြတ်​၍​သင်္ဘော လွှင့်​ရန်​စိတ်​ပိုင်း​ဖြတ်​ထား​၏။ ဖြစ်​နိုင်​ပါ​က ပင်​တေ​ကုတ္တေ​ပွဲ​တော်​အ​မီ​ယေ​ရု​ရှ​လင်​မြို့ သို့​ရောက်​ရှိ​ရန် သူ​သည်​အ​လျင်​အ​မြန်​ခ​ရီး ပြု​လျက်​နေ​၏။
For Paul's purpose was to go past Ephesus, so that he might not be kept in Asia; for he was going quickly, in order, if possible, to be at Jerusalem on the day of Pentecost.
17 ၁၇ သို့​ရာ​တွင်​ပေါ​လု​သည်​ဧ​ဖက်​မြို့​အ​သင်း​တော် လူ​ကြီး​တို့​အား မိ​မိ​နှင့်​လာ​ရောက်​တွေ့​ဆုံ​ရန် မိ​လက်​မြို့​မှ​လူ​လွှတ်​အ​ကြောင်း​ကြား​လိုက်​၏။-
And from Miletus he sent to Ephesus for the rulers of the church.
18 ၁၈ ထို​သူ​တို့​ရောက်​ရှိ​ကြ​သော​အ​ခါ​ပေါ​လု​က ``ငါ သည်​အာ​ရှ​နယ်​သို့​ရောက်​သည့်​နေ့​မှ​စ​၍ သင်​တို့ နှင့်​အ​တူ​ရှိ​နေ​သည့်​အ​ချိန်​ကာ​လ​တစ်​လျှောက် လုံး​တွင် မည်​သို့​ပြု​မူ​ကျင့်​ကြံ​ခဲ့​သည်​ကို​သင် တို့​အ​သိ​ပင်​ဖြစ်​၏။-
And when they had come, he said to them, You yourselves have seen what my life has been like all the time from the day when I first came into Asia,
19 ၁၉ ယု​ဒ​အ​မျိုး​သား​တို့​၏​မ​သ​မာ​သော​အ​ကြံ အ​စည်​များ​ကြောင့်​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက် ရှိ​ချိန်​တွင် ငါ​သည်​မျက်​ရည်​ကျ​လျက်​စိတ် နှ​လုံး​နှိမ့်​ချ​ကာ သ​ခင်​ဘု​ရား​၏​အ​စေ​ခံ အ​ဖြစ်​ဖြင့်​အ​မှု​တော်​ကို​ထမ်း​ဆောင်​ခဲ့​၏။-
Doing the Lord's work without pride, through all the sorrow and troubles which came on me because of the evil designs of the Jews:
20 ၂၀ လူ​ပ​ရိ​သတ်​ရှေ့​တွင်​လည်း​ကောင်း၊ သင်​တို့ အိမ်​များ​တွင်​လည်း​ကောင်း ငါ​ဟော​ပြော​သွန် သင်​သော​အ​ခါ​သင်​တို့​အား​အ​ကျိုး​ရှိ​စေ မည့်​စ​ကား​များ​ကို​အ​ဘယ်​အ​ခါ​၌​မျှ ချန်​လှပ်​၍​မ​ထား​ခဲ့။-
And how I kept back nothing which might be of profit to you, teaching you publicly and privately,
21 ၂၁ နောင်​တ​ရ​၍​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း ကပ်​ကြ​စေ​ရန်​နှင့် ငါ​တို့​၏​သ​ခင်​ယေ​ရှု​ကို ယုံ​ကြည်​ကြ​စေ​ရန် ငါ​သည်​ယု​ဒ​အ​မျိုး​သား များ​အား​လည်း​ကောင်း၊ ဂ​ရိ​အ​မျိုး​သား​အား လည်း​ကောင်း​လေး​နက်​စွာ​သ​တိ​ပေး​ခဲ့​၏။-
Preaching to Jews and to Greeks the need for a turning of the heart to God, and faith in the Lord Jesus Christ.
22 ၂၂ ယ​ခု​မှာ​ငါ​သည်​ဝိ​ညာဉ်​တော်​၏​အ​မိန့်​ကို နာ​ခံ​၍ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ​မည်။ ထို မြို့​တွင်​အ​ဘယ်​သို့​ဖြစ်​မည်​ကို​ငါ​မ​သိ။-
And now, as you see, I am going to Jerusalem, a prisoner in spirit, having no knowledge of what will come to me there:
23 ၂၃ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က `သင်​သည်​ချည် နှောင်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ​လိမ့်​မည်' ဟူ ၍​မြို့​တိုင်း​တွင် ငါ့​အား​ကြို​တင်​သ​တိ​ပေး သည်​ကို​သာ​လျှင်​ငါ​သိ​၏။-
Only that the Holy Spirit makes clear to me in every town that prison and pains are waiting for me.
24 ၂၄ သို့​သော်​ငါ့​အ​တွက်​သတ်​မှတ်​ထား​သည့်​အ​လုပ် တာ​ဝန်​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​ပေး​အပ် တော်​မူ​သည့်​အ​မှု​တော်​ကို​လည်း​ကောင်း၊ ပြီး​ဆုံး အောင်​ဆောင်​ရွက်​နိုင်​မှု​သာ​လျှင်​ပ​ဋ္ဌာ​န​ဖြစ် သ​ဖြင့် ငါ​သည်​မိ​မိ​၏​အ​သက်​ကို​နှ​မြော ခြင်း​မ​ရှိ။ ကိုယ်​တော်​ပေး​အပ်​တော်​မူ​သည့် အ​မှု​တော်​ကား ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ကြေ​ညာ ရန်​ပင်​ဖြစ်​သ​တည်း။''
But I put no value on my life, if only at the end of it I may see the work complete which was given to me by the Lord Jesus, to be a witness of the good news of the grace of God.
25 ၂၅ ``ငါ​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း ကို သင်​တို့​ထံ​သို့​လှည့်​လည်​ဟော​ပြော​ကြေ​ညာ ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့​အ​နက်​အ​ဘယ်​သူ​မျှ ငါ့​မျက်​နှာ​ကို​နောက်​တစ်​ဖန်​မြင်​ရ​ကြ​လိမ့် မည်​မ​ဟုတ်​ကြောင်း​ကို​ငါ​သိ​၏။-
And now I am conscious that you, among whom I have gone about preaching the kingdom, will not see my face again.
26 ၂၆ သို့​ဖြစ်​၍​သင်​တို့​အ​နက်​တစ်​ဦး​တစ်​ယောက် သည် အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​ပါ​မူ​ငါ​၏​တာ​ဝန် မ​ဟုတ်​ကြောင်း ယ​နေ့​သင်​တို့​ကို​အ​လေး​အ​နက် ငါ​ပြော​၏။-
And so I say to you this day that I am clean from the blood of all men.
27 ၂၇ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ဘု​ရား​သ​ခင် ၏​အ​ကြံ​အ​စည်​တော်​ကို သင်​တို့​အား​အ​ကုန် အ​စင်​ဖော်​ပြ​ပြီး​သော​ကြောင့်​ဖြစ်​၏။-
For I have not kept back from you anything of the purpose of God.
28 ၂၈ သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​ကို​ကိုယ်​လည်း ကောင်း၊ သင်​တို့​လက်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ပေး​အပ်​ထား​သည့်​သိုး​စု​ကို​လည်း​ကောင်း​စောင့် ရှောက်​ကြည့်​ရှု​ကြ​လော့။ ဘု​ရား​သ​ခင်​၏​အ​သင်း တော်​ကို​သိုး​ထိန်း​သ​ဖွယ်​စောင့်​ထိန်း​ကြည့်​ရှု​ကြ လော့။ ကိုယ်​တော်​သည်​မိ​မိ​သား​တော်​အ​သေ​ခံ သော​အား​ဖြင့် ထို​အ​သင်း​တော်​ကို​မိ​မိ​ပိုင်​ဆိုင် ရာ​ဖြစ်​စေ​တော်​မူ​သည်။-
Give attention to yourselves, and to all the flock which the Holy Spirit has given into your care, to give food to the church of God, for which he gave his blood.
29 ၂၉ ငါ​မ​ရှိ​သည့်​နောက်​လူ​အ​ချို့​တို့​သည်​သင်​တို့ ထံ​သို့​ဝင်​ရောက်​၍ ရက်​စက်​ကြမ်း​ကြုတ်​သော ဝံ​ပု​လွေ​များ​ကဲ့​သို့​သိုး​များ​ကို​မ​ညှာ​ဘဲ ပြု​မူ​ကြ​မည်​ဖြစ်​ကြောင်း​ကို​ငါ​သိ​၏။-
I am conscious that after I am gone, evil wolves will come in among you, doing damage to the flock;
30 ၃၀ သင်​တို့​အ​ထဲ​မှ​အ​ချို့​သော​သူ​တို့​သည်​လိမ် လည်​ပြော​ဆို​ကာ​ယုံ​ကြည်​သူ​များ​ကို သူ​တို့ နောက်​သို့​ဆွဲ​ဆောင်​သွား​သည့်​အ​ချိန်​ကာ​လ ရောက်​ရှိ​လာ​လိမ့်​မည်။-
And from among yourselves will come men who will give wrong teaching, turning away the disciples after them.
31 ၃၁ သို့​ဖြစ်​၍​သ​တိ​နှင့်​နေ​ကြ​လော့။ ငါ​သည်​သင် တို့​အ​ပေါင်း​အား​သုံး​နှစ်​ပတ်​လုံး​နေ့​ည​မ​ပြတ် မျက်​ရည်​ကျ​လျက်​ဆုံး​မ​သွန်​သင်​ခဲ့​သည်​ကို သ​တိ​ရ​ကြ​လော့။''
So keep watch, having in mind that for three years without resting I was teaching every one of you, day and night, with weeping.
32 ၃၂ ``ယ​ခု​သင်​တို့​အား​ဘု​ရား​သ​ခင်​၏​လက် တော်​သို့​လည်း​ကောင်း၊ ကျေး​ဇူး​တော်​တ​ရား သို့​လည်း​ကောင်း​ငါ​အပ်​နှံ​ပါ​၏။ ထို​ကျေး​ဇူး တော်​တ​ရား​သည်​သင်​တို့​ကို​တည်​ဆောက်​၍ ကိုယ်​တော်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​အ​တွက် လျာ​ထား​သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​သင် တို့​အား​ခံ​စား​စေ​လိမ့်​မည်။-
And now, I give you into the care of God and the word of his grace, which is able to make you strong and to give you your heritage among all the saints.
33 ၃၃ ငါ​သည်​သူ​တစ်​ပါး​၏​ရွှေ​ငွေ​အ​ဝတ်​အ​စား ကို​လို​ချင်​တပ်​မက်​ခြင်း​မ​ရှိ​ခဲ့။-
I have had no desire for any man's silver or gold or clothing.
34 ၃၄ ငါ​သည်​ဤ​လက်​များ​ဖြင့်​အ​လုပ်​လုပ်​၍ ငါ နှင့်​အ​ပေါင်း​ဖော်​များ​၏​လို​အပ်​သည်​များ ကို​ဖြည့်​တင်း​ခဲ့​ကြောင်း​သင်​တို့​ကိုယ်​တိုင် သိ​ကြ​၏။-
You yourselves have seen that with these hands I got what was necessary for me and those who were with me.
35 ၃၅ ငါ​၏​နည်း​တူ​သင်​တို့​သည်​လည်း​ခပ်​သိမ်း​သော အ​ခြေ​အ​နေ​တွင် အ​လုပ်​ကို​ကြိုး​စား​၍​လုပ် ပြီး​လျှင် နွမ်း​ပါး​သူ​တို့​ကို​ကူ​ညီ​မ​စ​ကြ​ရန် ငါ​ပြ​သ​ခဲ့​ပြီ။ သ​ခင်​ယေ​ရှု​က `စွန့်​ကြဲ​ခြင်း သည်​အ​စွန့်​ကြဲ​ခံ​ခြင်း​ထက်​ပို​၍​မင်္ဂ​လာ​ရှိ​၏' ဟု​မိန့်​တော်​မူ​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​လော့'' ဟု​ဆို​၏။
In all things I was an example to you of how, in your lives, you are to give help to the feeble, and keep in memory the words of the Lord Jesus, how he himself said, There is a greater blessing in giving than in getting.
36 ၃၆ ထို​နောက်​ပေါ​လု​သည်​ဒူး​ထောက်​၍​ထို​သူ​တို့ နှင့်​အ​တူ​ဆု​တောင်း​လေ​သည်။-
And having said these words, he went down on his knees in prayer with them all.
37 ၃၇ သူ​တို့​သည်​ပေါ​လု​ကို​ဖက်​ယမ်း​လျက် ငို​ယို ကာ​နမ်း​ရှုပ်​၍​နှုတ်​ဆက်​ကြ​၏။-
And they were all weeping, falling on Paul's neck and kissing him,
38 ၃၈ ပေါ​လု​သည်​မိ​မိ​အား​နောက်​တစ်​ဖန်​တွေ့​မြင် ရ​တော့​မည်​မ​ဟုတ်​ဟု​ဆို​သ​ဖြင့် ထို​သူ​တို့​သည် အ​ထူး​ဝမ်း​နည်း​ကြ​၏။ ထို့​နောက်​ပေါ​လု​အား သင်္ဘော​သို့​လိုက်​ပို့​ကြ​၏။
Being sad most of all because he had said that they would not see his face again. And so they went with him to the ship.

< တမန်တော်ဝတ္ထု 20 >