< တမန်တော်ဝတ္ထု 19 >

1 ကော​ရိန္သု​မြို့​တွင်​အာ​ပေါ​လု​ရှိ​နေ​စဉ်​ပေါ​လု သည် အ​ထက်​ပါ​ဒေ​သ​တစ်​လျှောက်​သို့​လှည့်​လည် ပြီး​နောက် ဧ​ဖက်​မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​မြို့​တွင် တ​ပည့်​တော်​အ​ချို့​တို့​ကို​တွေ့​၍၊-
Kwathi u-Apholo eseKhorinte uPhawuli wathatha indlela ehamba phakathi kwelizwe waze wayafika e-Efesu. Khonapho wafumana abafundi abathile,
2 ``သင်​တို့​သည်​ယုံ​ကြည်​သူ​များ​ဖြစ်​လာ​ကြ သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ ယူ​ရ​ကြ​ပါ​၏​လော'' ဟု​မေး​၏။ ထို​သူ​တို့​က ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ရှိ တော်​မူ​ကြောင်း​ကို​ပင် ကျွန်ုပ်​တို့​မ​ကြား​ဘူး ပါ'' ဟု​ဆို​ကြ​၏။
wababuza wathi, “Lamamukela na uMoya oNgcwele ngesikhathi liqalisa ukukholwa?” Baphendula bathi, “Hatshi, kasizwanga lokuzwa ukuthi kuloMoya oNgcwele.”
3 ပေါ​လု​က ``ဤ​သို့​ဖြစ်​ပါ​မူ​သင်​တို့​သည် အ​ဘယ်​မည်​သော​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ခဲ့ ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ သူ​တို့​က ``ယော​ဟန်​၏​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို ခံ​ခဲ့​ပါ​သည်'' ဟု​ဆို​ကြ​၏။
Ngakho uPhawuli wasebuza wathi, “Pho lathola luphi ubhaphathizo?” Baphendula bathi, “Ubhaphathizo lukaJohane.”
4 ပေါ​လု​က ``ယော​ဟန်​၏​ဗတ္တိ​ဇံ​မင်္ဂ​လာ​သည် နောင်​တ​ရ​သူ​တို့​အ​ဖို့​ဖြစ်​၏။ ယော​ဟန်​သည် မိ​မိ​၏​နောက်​တွင်​ကြွ​လာ​တော်​မူ​မည့်​အ​ရှင် ကို​ယုံ​ကြည်​ရ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ဟော​ပြော​ခဲ့​၏။ ထို​အ​ရှင်​ကား​သ​ခင် ယေ​ရှု​ပေ​တည်း'' ဟု​ဆို​၏။
UPhawuli wathi, “Ubhaphathizo lukaJohane lwalulubhaphathizo lokuphenduka. Watshela abantu ukuthi bakholwe kulowo owayezakuza ngemva kwakhe, esitsho ukuthi kuJesu.”
5 ထို​စ​ကား​ကို​ကြား​လျှင်​သူ​တို့​သည် သ​ခင် ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ကြ​၏။-
Sebekuzwile lokhu babhaphathizelwa ebizweni leNkosi uJesu.
6 ပေါ​လု​သည်​သူ​တို့​၏​ဦး​ခေါင်း​အ​ပေါ်​မှာ လက်​ကို​တင်​လိုက်​သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​သည်​သူ​တို့​၏​အ​ပေါ်​သို့​သက်​ရောက်​တော် မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​ထူး​ဆန်း​သော​ဘာ သာ​စ​ကား​များ​ကို​ပြော​ကြ​၏။ ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​လည်း​ဟော​ပြော​ကြေ​ညာ ကြ​၏။-
UPhawuli esebeke izandla zakhe phezu kwabo uMoya oNgcwele wehlela kubo, bakhuluma ngendimi njalo baphrofitha.
7 သူ​တို့​အ​ရေ​အ​တွက်​မှာ​တစ်​ဆယ့်​နှစ်​ယောက် မျှ​ရှိ​သ​တည်း။-
Babengamadoda ayengaba litshumi lambili bebonke.
8 ပေါ​လု​သည်​သုံး​လ​တိုင်​တိုင်​တ​ရား​ဇ​ရပ်​တွင် အ​ချေ​အ​တင်​ဆွေး​နွေး​ကာ​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​ကြောင်း လူ​တို့​နား​လည်​သ​ဘော ပေါက်​လာ​စေ​ရန်​မ​ကြောက်​မ​ရွံ့​ဘဲ​ဟော ပြော​၏။-
UPhawuli wangena esinagogweni wakhuluma ngesibindi khona okwezinyanga ezintathu, echaza okusuthisayo ngombuso kaNkulunkulu.
9 သို့​ရာ​တွင်​လူ​အ​ချို့​တို့​သည်​ခေါင်း​မာ​၍​မ​ယုံ ကြည်​သ​ဖြင့် လူ​အ​ပေါင်း​တို့​ရှေ့​တွင်​သ​ခင်​ဘု​ရား ၏​လမ်း​စဉ်​တော်​ကို​ရှုတ်​ချ​ပြော​ဆို​ကြ​၏။ သို့ ဖြစ်​၍​ပေါ​လု​သည်​တ​ပည့်​တော်​တို့​ကို​ခေါ် ၍ ထို​သူ​တို့​ထံ​မှ​ထွက်​ခွာ​ပြီး​လျှင် တု​ရန္နု ၏​စာ​သင်​ခန်း​မ​ဆောင်​တွင်​နေ့​စဉ်​နေ့​တိုင်း ဆွေး​နွေး​ပွဲ​များ​ကို​ကျင်း​ပ​၏။-
Kodwa abanye babo baba yiziqholo; bala ukukholwa, bakhuluma kubi obala ngeNdlela. Ngakho uPhawuli wabatshiya. Wathatha abafundi wasuka wayahlangana labo baxoxisana nsuku zonke esikolweni sikaThiranu.
10 ၁၀ ဤ​သို့​နှစ်​နှစ်​တိုင်​တိုင်​ကျင်း​ပ​ရာ​အာ​ရှ​ပြည် တွင် နေ​ထိုင်​သူ​ယု​ဒ​အ​မျိုး​သား​များ​နှင့်​ဂ​ရိ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား ၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား​နာ​ရ ကြ​၏။
Lokhu kwaqhubeka okweminyaka emibili, kwaze kwathi wonke amaJuda lamaGrikhi ayehlala kulesosifunda sase-Ezhiya alizwa ilizwi leNkosi.
11 ၁၁ ဘု​ရား​သ​ခင်​သည်​ပေါ​လု​အား​ဖြင့် အ​လွန် ထူး​ကဲ​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​လျက် နေ​တော်​မူ​၏။-
UNkulunkulu wenza imimangaliso engajayelekanga ngoPhawuli,
12 ၁၂ လူ​တို့​သည်​ပေါ​လု​ကိုင်​တွယ်​အ​သုံး​ပြု​သည့် ပ​ဝါ၊ အ​ဝတ်​အ​ထည်​စ​သည်​တို့​ကို​ပင်​သူ​နာ များ​နှင့်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​များ​ထံ​ဆောင်​ယူ သွား​သ​ဖြင့် သူ​နာ​တို့​သည်​ရော​ဂါ​များ​ပျောက် ကင်း​၍​နတ်​မိစ္ဆာ​တို့​သည် မိ​မိ​တို့​ပူး​ဝင်​သူ​ထံ မှ​ထွက်​ခွာ​သွား​ကြ​၏။-
izifinyo lamathawulo okwakuthintiswe kuye kwakusiwa kwabagulayo bahle basile emikhuhlaneni yabo lemimoya emibi iphume kubo.
13 ၁၃ ယု​ဒ​အ​မျိုး​သား​နယ်​လှည့်​ပ​ယော​ဂ​ဆ​ရာ အ​ချို့​တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အား ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ရန်​ကြိုး​စား​ကြ ၏။ သူ​တို့​က ``ပေါ​လု​ဟော​ပြော​သော​ယေ​ရှု​၏ နာ​မ​ကို​တိုင်​တည်​၍​သင့်​ကို​ငါ​နှင်​ထုတ်​၏'' ဟု​လူ​ကို​ပူး​ဝင်​နေ​သော​နတ်​မိစ္ဆာ​အား​ဆို ကြ​၏။-
Amanye amaJuda ayebhoda exotsha imimoya emibi azama ukubiza ibizo leNkosi uJesu kulabo ababelamadimoni. Ayesithi, “Ngebizo likaJesu uPhawuli atshumayela ngaye, ngikulaya ukuthi uphume.”
14 ၁၄ ဤ​ပ​ယော​ဂ​ဆ​ရာ​တို့​ကား​ယဇ်​ပု​ရော​ဟိတ် ကြီး​သ​ကေ​ဝ​၏​သား​ခု​နစ်​ယောက်​ဖြစ်​သ​တည်း။
Ababesenza lokhu ngamadodana ayisikhombisa kaSkeva umphristi omkhulu wamaJuda.
15 ၁၅ သို့​ရာ​တွင်​နတ်​မိစ္ဆာ​က ``ယေ​ရှု​ကို​ငါ​သိ​၏။ ပေါ​လု​ကို​လည်း​ငါ​သိ​၏။ သို့​သော်​သင်​တို့​ကား မည်​သူ​များ​နည်း'' ဟု​သူ​တို့​အား​မေး​လေ​၏။
Kwelinye ilanga umoya omubi waphendula wathi, “UJesu ngiyamazi, loPhawuli ngiyamazi, kodwa lina lingobani na?”
16 ၁၆ ထို​နောက်​နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​သည် သူ​တို့ အား​အ​ပြင်း​အ​ထန်​သတ်​ပုတ်​တိုက်​ခိုက်​ရာ သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့်​လျက်​အ​နာ​တ​ရ ဖြစ်​ပြီး​လျှင်​အ​ဝတ်​များ​စုတ်​ပြဲ​၍ ထို​အိမ် မှ​ထွက်​ပြေး​ရ​ကြ​လေ​သည်။-
Kwasekusithi indoda eyayilomoya omubi yabeqela, yabehlula bonke. Yabatshaya okuzwayo baze baphuma endlini bebaleka benqunu njalo besopha igazi.
17 ၁၇ ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ဧ​ဖက်​မြို့ တွင်​နေ​ထိုင်​သူ ယု​ဒ​အ​မျိုး​သား​များ​နှင့် ဂ​ရိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​သိ​ကြ ၏။ သူ​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​လျက် သ​ခင် ယေ​ရှု​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။-
Kwathi lokhu sekuzwakele kumaJuda lamaGrikhi ayehlala e-Efesu, onke ethuka ngokwesaba, ibizo leNkosi uJesu laselihlonitshwa kakhulu.
18 ၁၈ ယုံ​ကြည်​သူ​အ​များ​ပင်​လာ​ရောက်​၍ မိ​မိ တို့​သည်​မှော်​အ​တတ်​ကို​အ​သုံး​ပြု​မိ​ခဲ့ ကြောင်း ပွင့်​လင်း​စွာ​ဖော်​ပြ​ဝန်​ခံ​ကြ​၏။-
Abanengi balabo abasebekholwa beza baphumela egcekeni, bevuma iziphambeko zabo.
19 ၁၉ မှော်​အ​တတ်​ကို​အ​သုံး​ပြု​ခဲ့​သူ​အ​များ​ပင် မိ​မိ​တို့​၏​ကျမ်း​စောင်​များ​ကို​စု​သိမ်း​ယူ​ဆောင် လာ​၍ လူ​ပုံ​အ​လယ်​တွင်​မီး​ရှို့​ကြ​၏။ ထို​စာ​အုပ် များ​၏​တန်​ဖိုး​ကို​တွက်​ချက်​ကြည့်​သော​အ​ခါ ငွေ​အ​သ​ပြာ​ငါး​သောင်း​မျှ​ရှိ​ကြောင်း​တွေ့ ရှိ​ကြ​၏။-
Abanengi ababehlahlula baletha ndawonye imiqulu yabo bayitshisa obala. Bathi sebehlolile izindleko zaleyomiqulu kwabonakala kungaba ngamadrakhima azinkulungwane ezingamatshumi amahlanu.
20 ၂၀ သို့​ဖြစ်​၍​သ​ခင်​ဘု​ရား​၏​တန်​ခိုး​တော်​အား ဖြင့် သာ​သ​နာ​တော်​သည်​ကြီး​ပွား​တိုး​တက် လျက်​နေ​၏။
Ngaleyondlela ilizwi leNkosi landa kabanzi njalo lakhula laba lamandla.
21 ၂၁ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ပြီး​နောက် ပေါ​လု သည်​မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​မှ တစ်​ဆင့် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရန်​စိတ်​ပိုင်း ဖြတ်​၏။ သူ​က ``ထို​မြို့​သို့​ငါ​သွား​ပြီး​နောက် ရော​မ​မြို့​သို့​လည်း​သွား​ရ​မည်'' ဟု​ဆို​၏။-
Ngemva kwakho konke lokhu sekwenzakele, uPhawuli wazimisela ukuya eJerusalema, ezadlula eMasedoniya lase-Akhayiya. Wathi, “Nxa sengike ngaya khona, kuzamele ngethekelele laseRoma.”
22 ၂၂ သူ​သည်​မိ​မိ​၏​လက်​ထောက်​နှစ်​ယောက်​ဖြစ် သည့်​တိ​မော​သေ​နှင့်​ဧ​ရတ္တု​တို့​ကို​မာ​ကေ ဒေါ​နိ​ပြည်​သို့​စေ​လွှတ်​လိုက်​၏။ မိ​မိ​မူ​ကား အာရှ​ပြည်​တွင်​ကာ​လ​အ​နည်း​ငယ်​နေ​၏။
Wathuma ababili abasizi bakhe eMasedoniya, uThimothi lo-Erastu, yena esasele okwesikhatshana esifundeni sase-Ezhiya.
23 ၂၃ ထို​အ​ချိန်​၌​သ​ခင်​ဘု​ရား​လမ်း​စဉ်​တော်​၏ အ​တွက်​ကြောင့် ဧ​ဖက်​မြို့​တွင်​ဆူ​ပူ​လှုပ်​ရှား မှု​ကြီး​တစ်​ရပ်​ဖြစ်​ပေါ်​လာ​၏။-
Ngalesosikhathi kwaba lokudungeka okukhulu ngeNdlela.
24 ၂၄ ဒေ​မေ​တ​ရိ​နာ​မည်​ရှိ​သော​ငွေ​ပန်း​ထိမ်​ဆ​ရာ သည် အာ​တေ​မိ​နတ်​သ​မီး​၏​ငွေ​နတ်​ကွန်း​ပုံ​တူ က​လေး​များ​ကို​ပြု​လုပ်​ခြင်း​အား​ဖြင့် လက်​မှု ပ​ညာ​သည်​များ​အား​များ​စွာ​ငွေ​ဝင်​လမ်း​ဖြောင့် စေ​ခဲ့​၏။-
Umkhandi wesiliva owayethiwa nguDemetriyasi owayesenza izikhonzelo zokukhonzela u-Athemisi ngesiliva, wayengenisa imali ezwayo kubakhandi.
25 ၂၅ သူ​သည်​ထို​လုပ်​ငန်း​ဆိုင်​ရာ​အ​လုပ်​သ​မား​များ နှင့်​အ​လား​တူ လုပ်​ငန်း​ဆိုင်​ရာ​အ​ခြား​အ​လုပ် သ​မား​များ​ကို​စု​ရုံး​စေ​ပြီး​လျှင် ``အ​ချင်း​လူ တို့၊ ဤ​လုပ်​ငန်း​ဖြင့် ငါ​တို့​စီး​ပွား​လမ်း​ဖြောင့်​ခဲ့ ကြောင်း​ကို​သင်​တို့​သိ​ကြ​၏။-
Wababizela ndawonye kanye lezinye izisebenzi zemisebenzi efananayo wathi kubo, “Madoda, liyakwazi ukuthi sizuza imali enengi ngomsebenzi lo.
26 ၂၆ ဤ​ပေါ​လု​ဆို​သူ​သည်​ဧ​ဖက်​မြို့​တွင်​သာ​မ​က အာ​ရှ​ပြည်​တစ်​ခု​လုံး​လို​လို​၌​ပင် `လူ့​လက်​ဖြင့် ပြု​လုပ်​သည့်​ဘု​ရား​များ​သည်​ဘု​ရား​လုံး​ဝ မ​ဟုတ်' ဟု​ဆို​၍​လူ​အ​မြောက်​အ​မြား​ကို ဖြား​ယောင်း​သွေး​ဆောင်​ကာ မှောက်​မှား​လမ်း​လွဲ စေ​သည်​ကို​သင်​တို့​ကိုယ်​တိုင်​ကြား​နိုင်​မြင် နိုင်​ကြ​၏။-
Liyabona njalo liyezwa ukuthi uPhawuli lo usenze abantu abanengi bakholwa njalo uzadukisa abantu abanengi lapha e-Efesu lakuso sonke isifunda sase-Ezhiya. Uthi yena onkulunkulu ababunjwe ngumuntu kabasibo onkulunkulu lakancinyane.
27 ၂၇ လူ​တို့​သည်​ငါ​တို့​၏​အ​တတ်​ကို​ကဲ့​ရဲ့​ပြော​ဆို မည်​သာ​မ​က​အာ​ရှ​ပြည်​နှင့်​တ​ကွ ကမ္ဘာ​တစ်​ဝန်း လုံး​ကိုး​ကွယ်​သည့်​အာ​တေ​မိ​နတ်​သ​မီး​ကြီး​၏ ဂုဏ်​အ​သ​ရေ​ညှိုး​နွမ်း​လျက် သူ​၏​နတ်​ကွန်း​သည် လည်း​မ​ရေ​မ​ရာ​ဖြစ်​ရ​တော့​မည့်​ဘေး​နှင့်​ရင် ဆိုင်​နေ​ရ​၏'' ဟု​ပြော​၏။
Kulengozi-ke yokuthi kakuyikuba ngumsebenzi wethu kuphela ozalahlekelwa libizo lawo elihle, kodwa lethempeli likankulunkulukazi omkhulu u-Athemisi lizadunyazwa, laye unkulunkulukazi ngokwakhe, yena okhonzwa kusosonke isifunda sase-Ezhiya lasemhlabeni wonke, uzakwemukwa ubukhosi bakhe.”
28 ၂၈ ထို​စ​ကား​ကို​ကြား​လျှင်​လက်​မှု​ပ​ညာ​သည် တို့​သည် ဒေါ​သ​အ​မျက်​ထွက်​ကာ ``ဧ​ဖက်​မြို့​၏ အာ​တေ​မိ​နတ်​သ​မီး​သည်​ကြီး​မြတ်​ပေ​၏'' ဟု​ကြွေး​ကြော်​ကြ​၏။-
Bathi bekuzwa lokhu bafuthelana ngokuzonda, bahle bamemeza besithi, “Mkhulu u-Athemisi wama-Efesu!”
29 ၂၉ တစ်​မြို့​လုံး​ဆူ​ဆူ​ညံ​ညံ​ဖြစ်​လျက်​လူ​တို့ သည် ပေါ​လု​၏​ခ​ရီး​သွား​ဖော်​များ​ဖြစ်​သည့် မာ​ကေ​ဒေါ​နိ​ပြည်​သား​ဂါ​ယု​နှင့်​အာ​ရိတ္တာ​ခု တို့​ကို​ဖမ်း​ဆီး​၍ မြို့​တော်​ခန်း​မ​ကြီး​သို့ အ​လျင်​အ​မြန်​ခေါ်​ဆောင်​သွား​ကြ​၏။-
Masinyane nje idolobho lonke laphithizela. Abantu badumela uGayiyasi lo-Aristakhasi ababe ngabaphelekezeli bakaPhawuli, bengabeMasedoniya, babahudulela enkundleni yemidlalo bonke bayakuthi cwi khona.
30 ၃၀ ပေါ​လု​သည်​မိ​မိ​ကိုယ်​တိုင်​ထို​လူ​ပ​ရိ​သတ် နှင့်​ရင်​ဆိုင်​လို​၏။ သို့​သော်​တ​ပည့်​တော်​တို့​က ထို​သို့​မ​ပြု​ရန်​ဆီး​တား​ကြ​၏။-
UPhawuli wayefuna ukuzithela emphakathini, kodwa abafundi bamalela.
31 ၃၁ ပေါ​လု​၏​အ​ဆွေ​ဖြစ်​သော​နယ်​အာ​ဏာ​ပိုင် အ​ချို့​တို့​က​လည်း မြို့​တော်​ခန်း​မ​ကြီး​ထဲ သို့​မ​ဝင်​ရန်​လူ​လွှတ်​၍​တောင်း​ပန်​ကြ​၏။-
Labanye abaphathi besifunda, ababengabangane bakaPhawuli, labo bamthumela ilizwi bathi angaqali ukuyavela enkundleni yemidlalo.
32 ၃၂ ဤ​အ​တော​အ​တွင်း​၌​လူ​တို့​သည် အ​မျိုး​မျိုး ဟစ်​အော်​ကြ​လျက်​အုတ်​အုတ်​သဲ​သဲ​ဖြစ်​၍ နေ​၏။-
Kwakungasaqondakali enkundleni: Abanye babeklabalala besitsho lokhu, abanye labo besitsho okunye. Abantu abanengi babevele bengazi lokuthi babelandeni lapho.
33 ၃၃ လူ​များ​စု​သည်​မိ​မိ​တို့​အ​ဘယ်​ကြောင့်​စု​ဝေး လျက်​နေ​ကြ​သည်​ကို​မ​သိ​ကြ။ ယု​ဒ​အ​မျိုး သား​တို့​သည်​အာ​လေ​ဇန္ဒြု​ကို​လူ​ပ​ရိ​သတ်​ရှေ့ သို့​သွား​စေ​သ​ဖြင့် လူ​ထု​အ​ထဲ​မှ​လူ​အ​ချို့ တို့​က​ထို​သူ​သည်​ဖြစ်​ပေါ်​လျက်​ရှိ​သည့်​အ​ရေး အ​ခင်း​နှင့်​ပတ်​သက်​သူ​ဖြစ်​မည်​ဟု​ယူ​ဆ ကြ​၏။ အာ​လေ​ဇန္ဒြု​သည်​ပ​ရိ​သတ်​အား ဆိတ်​ငြိမ်​ရန်​လက်​ရိပ်​ပြ​၏။ ချေ​ပ​ပြော​ဆို ရန်​ကြိုး​စား​၏။-
AmaJuda afuqela u-Alekizanda phambili esithi kawakhulumele. Waphakamisa isandla ukuwathulisa ukuze achasise kuhle indaba ebantwini.
34 ၃၄ သို့​ရာ​တွင်​သူ​သည်​ယု​ဒ​အ​မျိုး​သား​ဖြစ်​သည် ကို လူ​တို့​သိ​ကြ​သော​အ​ခါ ``ဧ​ဖက်​မြို့​၏ အာ​တေ​မိ​နတ်​သ​မီး​သည်​ကြီး​မြတ်​ပေ​၏'' ဟု နှစ်​နာ​ရီ​ကြာ​မျှ​သံ​ပြိုင်​ကြွေး​ကြော်​ကြ​၏။
Kodwa athi ngokunanzelela ukuthi wayengumJuda, onke ahlaba umkhosi kanyekanye okwaphose kwathatha amahola amabili, besithi, “Mkhulu u-Athemisi wama-Efesu!”
35 ၃၅ နောက်​ဆုံး​၌​မြို့​စာ​ရေး​သည်​လူ​ပ​ရိ​သတ်​တို့ အား ဆိတ်​ဆိတ်​နေ​စေ​ပြီး​လျှင် ``ဧဖက်​မြို့​သား တို့၊ ဧ​ဖက်​မြို့​တော်​သည်​ကြီး​မြတ်​သည့်​အာ တေ​မိ​နတ်​သ​မီး​၏​နတ်​ကွန်း​နှင့် ကောင်း​ကင် ဘုံ​မှ​ကျ​လာ​သည့်​ရုပ်​တု​တော်​တည်​ရှိ​ရာ ဌာ​န​တော်​ဖြစ်​ကြောင်း​ကို​လူ​တိုင်း​သိ​၏။-
Unobhala wedolobho walithulisa ixuku wathi, “Madoda ase-Efesu, akusikho yini ukuthi umhlaba wonke uyakwazi ukuthi idolobho lase-Efesu yilo elingumlondolozi wethempeli lika-Athemisi omkhulu, kanye lomfanekiso wakhe owehla uvela ezulwini?
36 ၃၆ ဤ​အ​ချက်​ကို​အ​ဘယ်​သူ​မျှ​မ​ငြင်း​ဆို​နိုင်။ သို့​ဖြစ်​၍​သင်​တို့​သည်​ဆိတ်​ဆိတ်​နေ​သင့်​ကြ​၏။ မ​ဆင်​ခြင်​ဘဲ​အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​သင့်။-
Pho-ke njengoba lokhu kuyinto engaphikiswayo, thulani lingenzi izinto zamawala.
37 ၃၇ သင်​တို့​သည်​ထို​သူ​တို့​ကို ဤ​နေ​ရာ​သို့​ခေါ်​ဆောင် ခဲ့​ကြ​၏။ သူ​တို့​သည်​ငါ​တို့​၏​ဗိ​မာန်​တော်​ထဲ​ဝင် ၍​လု​ယက်​ခြင်း​မ​ပြု။ ငါ​တို့​၏​နတ်​သ​မီး​ကို စော်​ကား​သော​စ​ကား​ကို​လည်း​မ​ပြော။-
Selilethe amadoda la lapha, kodwa wona engagqekezanga emathempelini kumbe athuka unkulunkulukazi wethu.
38 ၃၈ သို့​ဖြစ်​၍​ဒေ​မေ​တ​ရိ​နှင့်​အ​ပေါင်း​ပါ​လက်​မှု ပ​ညာ​သည်​များ​သည် လူ​တစ်​စုံ​တစ်​ယောက်​အား တ​ရား​စွဲ​ဆို​လို​လျှင် တ​ရား​ရုံး​ဖွင့်​ရက်​များ နှင့်​အာ​ဏာ​ပိုင်​များ​ရှိ​သ​ဖြင့် ရုံး​တော်​တွင် တ​ရား​စွဲ​ဆို​နိုင်​ပါ​၏။-
Ngakho nxa uDemetriyasi lalabo akhanda labo belensolo loba ngobani, imithethwandaba ivuliwe, njalo labahluleli bakhona. Bangamangala.
39 ၃၉ သို့​ရာ​တွင်​သင်​တို့​မှာ​အ​ခြား​အ​မှု​ကိစ္စ​ရှိ ပါ​က တ​ရား​ဝင်​အ​စည်း​အ​ဝေး​၌​စီ​ရင် ဆုံး​ဖြတ်​ရ​မည်။-
Nxa kukhona njalo okunye elifuna ukukutsho, kakuyethoniswa ngomthetho enkundleni.
40 ၄၀ ယ​နေ့​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​သည် ငါ​တို့ ကြောင့်​ဖြစ်​ရ​သည်​ဟု​အ​စွပ်​အ​စွဲ​ခံ​ရ​စ​ရာ ရှိ​၏။ ဤ​သို့​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​စ​ရာ​အ​ကြောင်း မ​ရှိ။ ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​ရ​သည်​ကို ငါ​တို့​ခိုင် လုံ​သည့်​အ​ကြောင်း​ပြ​ချက်​ပေး​နိုင်​ကြ​မည် မ​ဟုတ်'' ဟု​ဆို​၏။-
Njengoba kunje nje sisengozini yokubekwa icala lokuvusa isiyaluyalu ngenxa yezehlakalo zalamuhla. Kungenzeka lokho sizakwehluleka ukuchaza imbangela yalesisiphithiphithi, ngoba ngempela kungekho sizatho.”
41 ၄၁ ဤ​သို့​ဆို​ပြီး​လျှင်​မြို့​စာ​ရေး​သည်​လူ​ပ​ရိ သတ်​တို့​အား ထို​နေ​ရာ​မှ​ထွက်​ခွာ​သွား​စေ လေ​သည်။
Eqeda kukhuluma lokhu, wawuchitha umhlangano.

< တမန်တော်ဝတ္ထု 19 >