< တမန်တော်ဝတ္ထု 18 >
1 ၁ ထိုနောက်ပေါလုသည်အာသင်မြို့မှထွက် ခွာ၍ ကောရိန္သုမြို့သို့ရောက်၏။-
Pagamaliki ago, Pauli akawuka ku Atene na kuhamba Kolinto.
2 ၂ ထိုမြို့တွင်ပုန္တုပြည်သားအာကုလနာမည်ရှိ သော ယုဒအမျိုးသားတစ်ယောက်နှင့်သူ၏ဇနီး ပြစ်ကိလကိုတွေ့၏။ ယုဒအမျိုးသားအပေါင်း တို့ရောမမြို့မှထွက်ခွာသွားရန် ကလောဒိဘုရင် အမိန့်ထုတ်ဆင့်သဖြင့် သူတို့သည်မကြာမီက ပင်ဣတလိပြည်မှထွက်ခွာလာခဲ့ကြသူများ ဖြစ်၏။-
Kolinto kula amkolili Myawudi mmonga liina laki Akula, mkolonjinji wa Ponto. Akula pamonga na mdala waki Plisika, vawuyili magono gagago kuhuma ku Italia ndava chilongosi Kaisali Kilaudio ahamwili Vayawudi voha vawuka ku Loma. Ndi Pauli akahamba kuvalola,
3 ၃ ထိုသူတို့သည်ပေါလုကဲ့သို့သားရေအလုပ် သမားများဖြစ်ကြ၏။ သို့ဖြစ်၍ပေါလုသည် သူတို့ထံသို့သွားပြီးလျှင် သူတို့နှင့်အတူ နေ၍အလုပ်လုပ်၏။-
na ndava vene vavi vevitengeneza mandanda lihengu ngati laki, ndi Pauli akatama nawu kuhenga.
4 ၄ ယုဒအမျိုးသားနှင့်ဂရိအမျိုးသားများ နားလည်သဘောပေါက်လာကြစေရန် သူသည် ဥပုသ်နေ့တိုင်းတရားဇရပ်တွင်တရားဆွေး နွေး၏။
Kila Ligono la Kupumulila akotanayi nawu munyumba ya kukonganekela Vayawudi alingayi kuvakulukisa Vayawudi na Vagiliki.
5 ၅ သိလနှင့်တိမောသေတို့မာကေဒေါနိပြည် မှရောက်လာကြသောအခါ ပေါလုသည်တရား ဟောခြင်းအမှုကိုသာဆောင်ရွက်လျက် မေရှိယ သည်သခင်ယေရှုပင်ဖြစ်ကြောင်းယုဒအမျိုး သားတို့အားသေချာစွာရှင်းပြ၏။-
Sila na Timoti pavahikili kuhuma Makedonia, hinu lukumbi lwaki lwoha Pauli atumili ndava ya kuvakokosela Vayawudi, kuvya chakaka Yesu ndi Kilisitu Msangula.
6 ၆ ယုဒအမျိုးသားတို့သည်သူ့ကိုအတိုက်အခံ ပြု၍ ပုတ်ခတ်ပြောဆိုသောအခါပေါလုသည် မိမိအဝတ်မှဖုံများကိုခါချ၍ ``သင်တို့ သေကြေပျက်စီးကြလျှင်သင်တို့၏တာဝန် ပင်ဖြစ်၏။ ငါ့မှာတာဝန်မရှိတော့ပြီ။ ယခု မှအစပြု၍ငါသည်လူမျိုးခြားတို့အား တရားဟောတော့အံ့'' ဟုဆို၏။-
Nambu Vayawudi pavampingayi na kutumbula kumliga, mwene akakung'unda lububu lwa munyula zaki akavajovela, “Mwakayaga kwali mwavene, nene nihokili lepi. Na kutumbula hinu nikuvahambalila vandu vangali Vayawudi.”
7 ၇ ထိုနောက်ထိုသူတို့ထံမှထွက်ခွာ၍ ဘုရား သခင်ကိုကိုးကွယ်သူတိတုယုတ္တုနာမည် ရှိသော ယုဒအမျိုးသားမဟုတ်သူ၏အိမ် သို့သွားရောက်တည်းခိုလေသည်။ ထိုအိမ်သည် တရားဇရပ်နှင့်ကပ်လျက်ရှိ၏။-
Kangi Pauli akawuka penapo na kuhamba kutama kunyumba ya mundu mmonga Mgiliki mweakumsadika Chapanga liina laki Tito Yusto nyumba yaki yavili papipi na nyumba ya kukonganekela Vayawudi.
8 ၈ တရားဇရပ်အုပ်ချုပ်မှူးကရိပ္ပုနှင့်အိမ်သူ အိမ်သားအပေါင်းတို့သည် သခင်ဘုရားကို ယုံကြည်သူများဖြစ်လာကြ၏။ အခြား ကောရိန္သုမြို့သားအမြောက်အမြားသည် လည်း နှုတ်ကပတ်တရားတော်ကိုကြားရ၍ ယုံကြည်ကာဗတ္တိဇံမင်္ဂလာကိုခံယူကြ၏။
Kilisipo chilongosi wa nyumba ya kukonganekela Vayawudi yula, mwene pamonga vandu va nyumba yaki vamsadiki Bambu, Vakolinto vamahele pevayuwini ujumbi wula vakasadika na kubatiziwa.
9 ၉ တစ်ညသ၌ပေါလုသည် ဗျာဒိတ်ရူပါရုံကို မြင်၏။ ဗျာဒိတ်ရူပါရုံတွင်သခင်ဘုရားက ``ငါသည်သင်နှင့်အတူရှိသည်ဖြစ်၍မ ကြောက်နှင့်။ ဆက်လက်ဟောပြောလော့။ လက် မလျှော့နှင့်။-
Ligono limonga kilu, Bambu akamjovela Pauli mumaono, “Ukoto kuyogopa, yendelela kukokosa changali kudenyeka mtima,
10 ၁၀ အဘယ်သူမျှသင့်ကိုဘေးအန္တရာယ်မပြုနိုင်။ ဤမြို့ရှိလူအမြောက်အမြားတို့သည် ငါ့ လူစုတော်ဝင်များဖြစ်ကြ၏'' ဟုမိန့်တော် မူ၏။-
Muni nene nivii pamonga na veve na kawaka mundu wa kulinga kukulemasa muni pamuji wenuwo vandu vamahele vavi upandi wangu.”
11 ၁၁ သို့ဖြစ်၍ပေါလုသည်ထိုမြို့တွင်တစ်နှစ်နှင့် ခြောက်လမျှနေထိုင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုဟောပြောသွန် သင်လျက်နေ၏။
Hinu Pauli atamili kwenuko mulukumbi lwa mwaka umonga na upinga kuni iwula vandu Lilovi la Chapanga.
12 ၁၂ ဂါလျုန်သည်အခါယပြည်ဘုရင်ခံဖြစ်စဉ် အခါ ယုဒအမျိုးသားအပေါင်းတို့သည် စုရုံးလျက် ပေါလုကိုဖမ်းဆီးပြီးလျှင် တရားခွင်ရှေ့သို့ခေါ်ဆောင်ခဲ့ကြ၏။-
Nambu lukumbi Galio peavi chilongosi wa Akaya, ndi Vayawudi vakamzangila Pauli kwa pamonga na kumpeleka kulibanji la mihalu.
13 ၁၃ သူတို့က ``ဤသူသည်ပညတ်တရားတော် နှင့်ဆန့်ကျင်၍ ဘုရားသခင်ကိုကိုးကွယ် ကြစေရန်လူတို့အားသွေးဆောင်လျက် နေပါသည်'' ဟုလျှောက်ထားကြ၏။-
Vakajova “Timtakila mundu uyu ndava akuvakulukisa vandu vamuyupa Chapanga munjila yeyiyidakilana lepi na malagizu.”
14 ၁၄ ပေါလုသည်ချေပပြောဆိုမည်အပြုတွင် ဂါလျုန်က ``ယုဒအမျိုးသားတို့၊ ဤအမှု သည်ဆိုးယုတ်သောပြစ်မှုသို့မဟုတ်လိမ်လည် မှုဖြစ်ပါမူ ငါသည်သင်တို့၏စွပ်စွဲချက်ကို စိတ်ရှည်လက်ရှည်နားထောင်နိုင်ပေမည်။-
Pauli akona kuyangula, Galio akavajovela Vayawudi, “Myuwanila Vayawudi nyenye! Ngati kuvya chakaka lijambu lenili ngalavi la unyagaji amala uhakau nga nivayuwanili.
15 ၁၅ သို့ရာတွင်ဤအမှု၏စကားများ၊ နာမည် များသည်သင်တို့၏ပညတ်တရားနှင့်သက် ဆိုင်သည့်အမှုဖြစ်သဖြင့် သင်တို့ကိုယ်တိုင် ပင်စီရင်ဆုံးဖြတ်ကြလော့။ ထိုအမှုမျိုး ကိုငါမစီရင်ပြီ'' ဟုဆို၍၊-
Nambu ngati ndava ya muhutanu wa malovi na mahina na mhilu winu, muhamula nyenye mwavene. Nene niganili lepi kuvya mhamula wa lijambu ili!”
16 ၁၆ ယုဒအမျိုးသားတို့အားတရားခွင်မှ နှင်ထုတ်လိုက်၏။-
Ndi akavavinga kuhuma mu libanji la mihalu.
17 ၁၇ ထိုသူတို့သည်တရားဇရပ်အုပ်ချုပ်ရေးမှူး သုဿင်ကိုဖမ်းဆီး၍တရားခွင်ရှေ့တွင်ရိုက် နှက်ကြ၏။ သို့ရာတွင်ဂါလျုန်သည်ထိုအပြု အမူကိုလုံးဝဂရုမစိုက်ဘဲနေ၏။
Hinu vene vakamkamula Sostene chilongosi wa nyumba ya kukonganekela Vayawudi, vakamtova balapala palongolo ya libanji la mihalu. Nambu Galio nakutangatila nawu hati padebe.
18 ၁၈ ပေါလုသည်ကောရိန္သုမြို့တွင်ရက်ပေါင်းများ စွာနေ၏။ ထိုနောက်ညီအစ်ကိုတို့ကိုနှုတ်ဆက်၍ ပြစ်ကိလ၊ အာကုလတို့နှင့်အတူရှုရိပြည် သို့သင်္ဘောလွှင့်လေ၏။ ကင်ခြေမြို့မှသင်္ဘော မထွက်မီ သူသည်ဘုရားသခင်အားသစ္စာ ကတိပြုခဲ့သဖြင့်မိမိ၏ဦးခေါင်းကို ရိတ်၏။-
Pauli akayendelela kutama na valongo va ku Kolinto kwa magono gamahele. Kangi akavalaga akayingila muwatu kuhamba ku Silia pamonga na Plisika na Akula. Kenkelea kwenuko aketili mayunju gaki ndava amali kutimilisa chilapu chaki kwa Chapanga.
19 ၁၉ ဧဖက်မြို့သို့ရောက်သောအခါပေါလုသည် ပြစ်ကိလနှင့်အာကုလတို့ကိုမြို့တွင်ထား ခဲ့၏။ သူသည်တရားဇရပ်သို့ဝင်ပြီးလျှင် ယုဒအမျိုးသားတို့နှင့်တရားစကား ဆွေးနွေး၏။-
Pavahikili ku Efeso ndi Pauli akavaleka Plisika na Akula, akahamba munyumba ya kukonganekela Vayawudi, akakotana na Vayawudi.
20 ၂၀ လူတို့သည်မိမိတို့ထံတွင်ကြာမြင့်စွာနေ ထိုင်ရန် တောင်းပန်ကြသော်လည်းပေါလုသည် ငြင်းဆန်လျက်၊-
Vamuyipili atama nawu palukumbi lutali, nambu nakuvayidakila.
21 ၂၁ ``ဘုရားသခင်အလိုတော်ရှိလျှင်သင်တို့ ထံသို့ငါပြန်လာခဲ့မည်'' ဟုဆိုပြီးလျှင် သင်္ဘောလွှင့်လေ၏။-
Nambu akalagana nawu peawukayi, akavajovela, “Ngati Chapanga aganili yati nibwela kavili.” Akawuka ku Efeso muwatu.
22 ၂၂ သူသည်ကဲသရိမြို့သို့ရောက်လျှင်သင်္ဘောမှ ဆင်းပြီးနောက် ယေရုရှလင်မြို့သို့သွား၍ အသင်းတော်ကိုနှုတ်ဆက်၏။ ထိုနောက်အန္တိ အုတ်မြို့သို့သွား၏။-
Peahulwiki Kaisalia, Pauli akahamba pa Yelusalemu na kuvajambusa msambi wa vandu vevakumsadika Kilisitu. Kangi akahamba ku Antiokia.
23 ၂၃ ထိုမြို့တွင်ကာလအတန်ကြာနေပြီးနောက် ခရီးထွက်ခဲ့ရာဂလာတိပြည်နှင့်ဖြုဂိ ပြည်တို့သို့ရောက်ရှိလျက် ယုံကြည်သူ အပေါင်းတို့ကိုကြံ့ခိုင်စေလေသည်။
Ndi akatama kwenuko mu magono gadebe akayendelela na lugendu kupitila miji ya Galatia na Flugia avakangamalisa vamsadika voha.
24 ၂၄ အာလေဇန္ဒြိမြို့သားအာပေါလုနာမည်ရှိသော ယုဒအမျိုးသားတစ်ယောက်သည်ဧဖက်မြို့သို့ ရောက်လာ၏။ သူသည်အဟောအပြောကောင်း၍ ကျမ်းစာတော်ကိုအထူးပင်တတ်ကျွမ်းသူ ဖြစ်၏။-
Magono gagago Myawudi mmonga liina laki Apolo mkolonjinji wa Alekisanda, ndi abwelili ku Efeso. Avi na luhala lwa kulongela na mweimanya bwina Mayandiku Gamsopi.
25 ၂၅ သခင်ဘုရား၏လမ်းစဉ်တော်အကြောင်းကို စုံလင်စွာလေ့လာသင်ယူထားသူလည်းဖြစ် ၏။ သူသည်သခင်ယေရှုနှင့်သက်ဆိုင်သော တိကျမှန်ကန်သည့်အကြောင်းပြချက်များ ကို စိတ်အားထက်သန်စွာဟောပြောသွန်သင်၏။ သို့သော်သူသည်ယောဟန်၏ဗတ္တိဇံကိုသာ သိ၏။-
Mundu mwenuyo awuliwi njila ya Bambu, kuni mtima waki uvi heyuheyu akatumbula kudandaula na kuwula uchakaka malovi ga Yesu, nambu mwene amanyili nga ubatizu wa Yohani.
26 ၂၆ သူသည်တရားဇရပ်တွင်ရဲရင့်စွာဟောပြော လေ၏။ သူ၏ဟောပြောချက်ကိုကြားရသော ပြစ်ကိလနှင့်အာကုလတို့သည် သူ့ကိုအိမ် သို့ခေါ်ဖိတ်၍ ဘုရားသခင်၏လမ်းစဉ်တော် အကြောင်းကိုပိုမိုတိကျစွာရှင်းလင်းပေး ကြ၏။-
Mwene akatumbula kulongela kwa ukekesi munyumba ya kukonganekela Vayawudi, hinu Plisika na Akula pavamuyuwini vakamtola kuhamba nayu kunyumba yavi na kumuwula Njila ya Chapanga kwa uchakaka neju.
27 ၂၇ သူသည်အခါယပြည်သို့သွားလိုသဖြင့် ဧဖက် မြို့ရှိညီအစ်ကိုများသည်သူ၏အတွက် အခါ ယပြည်ရှိတပည့်တော်တို့ထံသို့မိတ်ဆက် စာရေးခြင်းအားဖြင့်ကူညီကြ၏။ သူသည် အခါယပြည်သို့ရောက်သောအခါ ဘုရား သခင်၏ကျေးဇူးတော်အားဖြင့်ယုံကြည် လာသူများအားများစွာအကူအညီ ပေး၏။-
Apolo peaganili kuhamba ku Akaya, vamsadika va ku Efeso vakamkangamalisa mtima na kuvayandikila vamsadika vala vampokelayi. Peahikili kwenuko avatangatili neju vandu vevasadika vala kwa makakala ga ubwina wa Bambu.
28 ၂၈ အဘယ်ကြောင့်ဆိုသော်သူသည်လူထုရှေ့ ဆွေးနွေးပွဲများတွင် ကျမ်းစာတော်မှအထောက် အထားများဖြင့် သခင်ယေရှုသည်မေရှိယ ပင်ဖြစ်ကြောင်းကို ယုဒအမျိုးသားတို့အား ပိုင်နိုင်စွာချေပပြောဆိုသောကြောင့်ဖြစ်၏။
Ndi ayendalili kwa ukekesi kujovesana na kuvashinda Vayawudi pavandu ijova hotohoto mu Mayandiku Gamsopi kuvya Yesu ndi Kilisitu Msangula.