< တမန်တော်ဝတ္ထု 17 >
1 ၁ သူတို့သည်ခရီးဆက်ခဲ့ရာအံဖိပေါလိမြို့ နှင့်အာပေါလောနိမြို့ကိုဖြတ်၍ သက်သာ လောနိတ်မြို့သို့ရောက်ကြ၏။ ထိုမြို့တွင်ယုဒ တရားဇရပ်ရှိ၏။-
2 ၂ ပေါလုသည်မိမိ၏အလေ့အထရှိသည် အတိုင်း ထိုတရားဇရပ်သို့သွား၍ ဥပုသ်နေ့ သုံးနေ့တိုင်တိုင်ကျမ်းစာတော်ကိုကိုးကား ကာလူတို့နှင့်အခြေအတင်ဆွေးနွေး၏။-
3 ၃ မေရှိယသည်ဒုက္ခဝေဒနာခံတော်မူရမည့် အကြောင်းတို့ကို ကျမ်းချက်အထောက်အထား များနှင့်တကွရှင်းလင်းစွာဖွင့်ပြ၏။ ပေါလု က ``ငါသင်တို့အားပြောပြနေသောသခင် ယေရှုကားမေရှိယပင်ဖြစ်၏'' ဟုဆို၏။-
4 ၄ အချို့သောသူတို့သည်ပေါလုပြောသောစကား ကိုယုံကြည်သဖြင့် ပေါလုနှင့်သိလတို့၏အဖွဲ့ သို့ဝင်ကြ၏။ ဘုရားသခင်ကိုကိုးကွယ်သူဂရိ အမျိုးသားအမြောက်အမြားနှင့်ထင်ပေါ်သော ဂရိအမျိုးသမီးများလည်း သူတို့၏အဖွဲ့ သို့ဝင်ကြလေသည်။
5 ၅ သို့ရာတွင်ယုဒအမျိုးသားတို့သည် မနာလို စိတ်ရှိသဖြင့်လမ်းပေါ်မှဂျပိုးတေလေများ ကိုခေါ်ယူကာ လူထုကြီးတစ်ရပ်ဖြစ်အောင် စုရုံး၍တစ်မြို့လုံးကိုအုတ်အုတ်သဲသဲဖြစ် စေကြ၏။ သူတို့သည်ယာသုန်၏အိမ်သို့ဝင်၍ ပေါလုနှင့်သိလတို့ကိုလူပရိသတ်ရှေ့သို့ ဆွဲထုတ်ရန်ရှာဖွေကြ၏။-
6 ၆ ရှာ၍မတွေ့ကြသောအခါသူတို့သည် ယာသုန် နှင့်တပည့်တော်အချို့တို့ကိုမြို့အာဏာပိုင် များ၏ရှေ့သို့ခေါ်ဆောင်ခဲ့ပြီးလျှင် ``ဤလူစု သည်အရပ်တကာတွင်ဒုက္ခပေးခဲ့ကြပါ၏။ သူတို့သည်ယခုကျွန်ုပ်တို့မြို့သို့လည်းရောက် ရှိလာကြပါပြီ။ ယာသုန်သည်ထိုသူတို့ကို မိမိ၏အိမ်တွင်လက်ခံထားပါ၏။-
7 ၇ ထိုသူတို့သည်ယေရှုဟူသောအခြား ဧကရာဇ်ဘုရင်တစ်ပါးရှိသည်ဟုဆိုကာ ဧကရာဇ်၏အမိန့်တော်ကိုဆန့်ကျင်ဘက် ပြုကြပါ၏'' ဟုဟစ်အော်ကြသော်၊-
8 ၈ လူပရိသတ်နှင့်မြို့အာဏာပိုင်များသည် ဆူညံ၍သွားကြ၏။-
9 ၉ အာဏာပိုင်တို့သည်ယာသုန်နှင့်အပေါင်းအပါ တို့အား အာမခံငွေများကိုပေးဆောင်စေပြီး နောက်ထွက်သွားခွင့်ပြုကြ၏။
10 ၁၀ ညဥ့်အချိန်ရောက်လျှင်ရောက်ချင်းယုံကြည် သူတို့သည် ပေါလုနှင့်သိလတို့ကိုဗေရိမြို့ သို့ထွက်ခွာသွားစေကြ၏။ ထိုမြို့သို့ရောက်လျှင် သူတို့သည်ယုဒတရားဇရပ်သို့သွားကြ၏။-
11 ၁၁ ဗေရိမြို့သားတို့ကားသက်သာလောနိတ်မြို့သား တို့လောက် တစ်ယူသန်စိတ်ရှိသူများမဟုတ်ချေ။ သို့ဖြစ်၍ပေါလုဟောပြောသည့်တရားတော်ကို အလွန်ကြည်ညိုသောစိတ်ဖြင့်နာခံကြ၏။ သူတို့ သည်ပေါလုနှင့်သိလတို့ပြောကြားသည့်အတိုင်း မှန်မမှန်ကိုသိရှိနိုင်ရန်နေ့စဉ်နေ့တိုင်းကျမ်း စာတော်ကိုလေ့လာကြ၏။-
12 ၁၂ ထို့ကြောင့်သူတို့အများပင်ယုံကြည်လာကြ၏။ ယင်းသို့ယုံကြည်သူတို့တွင်ဂုဏ်အသရေရှိ ဂရိအမျိုးသမီး၊ အမျိုးသားအမြောက် အမြားပါဝင်၏။-
13 ၁၃ ဗေရိမြို့တွင်ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကိုပေါလုဟောပြောလျက်ရှိကြောင်းကို သက်သာလောနိတ်မြို့မှယုဒအမျိုးသားတို့ သည်ကြားသိကြသောအခါ ဗေရိမြို့သို့လာ ၍လူတို့အားဆူပူအောင်လှုံ့ဆော်ပေးကြ၏။-
14 ၁၄ ထိုအခါယုံကြည်သူတို့သည်ချက်ချင်းပင် ပေါလုကိုပင်လယ်ကမ်းခြေသို့ထွက်ခွာသွား စေကြ၏။ သိလနှင့်တိမောသေတို့မူကား ဗေရိ မြို့တွင်ပင်နေရစ်ခဲ့ကြ၏။-
15 ၁၅ ပေါလုကိုလိုက်ပို့ကြသောသူတို့သည် သူနှင့် အာသင်မြို့အထိလိုက်သွားကြ၏။ ထို့နောက် သိလနှင့်တိမောသေတို့အမြန်ဆုံးလိုက် လာစေရန်ညွှန်ကြားချက်ရလျက် ဗေရိမြို့ သို့ပြန်သွားကြ၏။
16 ၁၆ ပေါလုသည်အာသင်မြို့တွင် သိလနှင့်တိမောသေ တို့ကိုစောင့်ဆိုင်းလျက်နေစဉ် ထိုမြို့တွင်ရုပ်တု များနှင့်ပြည့်နှက်လျက်ရှိသည်ကိုမြင်သဖြင့် စိတ်မချမ်းမသာဖြစ်၏။-
17 ၁၇ ထို့ကြောင့်တရားဇရပ်တွင်ယုဒအမျိုးသား များ၊ ဘုရားသခင်ကိုကိုးကွယ်သူများနှင့် လည်းကောင်း၊ နေ့စဉ်နေ့တိုင်းမြို့တွင်းမြေကွက် လပ်သို့လာရောက်ကြသူများနှင့်လည်းကောင်း တရားဆွေးနွေး၏။-
18 ၁၈ ဧပိကုရုနှင့်သတောအိပ်ဟုခေါ်သော အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်အချေအတင်ဆွေးနွေးကြ၏။ ထို သူအချို့တို့က ``ဤစကားအိုးသည်အဘယ် အရာကိုပြောဆိုနေပါသနည်း'' ဟုဆိုကြ၏။ အခြားသူများက ``သူသည်လူမျိုးခြားတို့၏ နတ်ဘုရားများအကြောင်းကို ပြောဆိုနေဟန် တူ၏'' ဟုဆိုကြ၏။ ထိုသူတို့ဤသို့ပြောကြ ခြင်းမှာပေါလုသည်သခင်ယေရှုအကြောင်း နှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအကြောင်း တို့ကိုဟောပြောနေသောကြောင့်ဖြစ်၏။-
19 ၁၉ သို့ဖြစ်၍ထိုသူတို့သည်ပေါလုကို အာရေတောင် တရားရုံးတော်သို့ခေါ်ဆောင်သွားပြီးလျှင် ``သင် ဟောပြောနေသည့်အယူဝါဒသစ်အကြောင်း ကိုငါတို့သိပါရစေ။-
20 ၂၀ သင်တို့ဟောပြောသောအကြောင်းအရာအချို့ တို့မှာ ငါတို့အတွက်အသစ်အဆန်းဖြစ်၍ နေပါ၏။ ထိုအရာများ၏အနက်အဋ္ဌိပ္ပါယ် ကိုငါတို့သိချင်ပါသည်'' ဟုဆိုကြ၏။-
21 ၂၁ (အာသင်မြို့သားအပေါင်းတို့နှင့်ထိုမြို့တွင် နေထိုင်သူဧည့်သည်များသည် သတင်းအသစ် အဆန်းကိုပြောဆိုကြားနာခြင်းအားဖြင့် အချိန်ကိုကုန်လွန်စေတတ်ကြ၏။)
22 ၂၂ ပေါလုသည် အာရေတောင်တရားရုံးတော်ရှေ့ တွင်ရပ်လျက် ``အာသင်မြို့သားတို့၊ သင်တို့သည် လွန်စွာဘုရားတရားကြည်ညိုသူများဖြစ် ကြောင်း အစစအရာရာကိုထောက်၍ငါသိ ရ၏။-
23 ၂၃ ငါသည်သင်တို့မြို့ကိုလှည့်လည်၍ ဘုရား ဝတ်ပြုရာဌာနများကိုကြည့်ရှုခဲ့စဉ် `ငါ တို့မသိသောဘုရားအတွက်' ဟူ၍ကမ္ပည်း လိပ်စာရေးထိုးထားသည့်ယဇ်ပလ္လင်တစ်ခု ကိုတွေ့ရှိခဲ့ပါ၏။ ဤသို့သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသောဘုရား၏အကြောင်း ကိုသင်တို့အားယခုငါဟောပြောပါ၏။-
24 ၂၄ ကမ္ဘာလောကကြီးနှင့်တကွကမ္ဘာပေါ်တွင်ရှိ သမျှသောအရာတို့ကိုဖန်ဆင်းတော်မူသော ဘုရားသည် မိုးမြေကိုစိုးပိုင်တော်မူသော အရှင်ဖြစ်၍လူ့လက်ဖြင့်ဆောက်လုပ်သည့် ဘုံဗိမာန်တွင်ကျိန်းဝပ်တော်မမူ။-
25 ၂၅ ထိုအရှင်ကိုယ်တိုင်ပင်လူခပ်သိမ်းတို့အား အသက်နှင့်တကွအခြားလိုအပ်သည့်အရာ ရှိသမျှကိုပေးသနားတော်မူ၏။ သို့ဖြစ် ၍တစ်စုံတစ်ခုကိုလိုလား၍လူ့လက်မှ အထောက်အပံ့ကိုခံယူရန်မလိုပေ။-
26 ၂၆ ကိုယ်တော်သည်ဦးစွာပထမလူတစ်ယောက် ကိုဖန်ဆင်းတော်မူ၍ ထိုလူမှလူမျိုးတကာ တို့အားဆင်းသက်လာစေပြီးလျှင်ကမ္ဘာအရပ် ရပ်တွင်နေထိုင်စေတော်မူ၏။ ထိုလူမျိုးအသီး သီးတို့သက်ရှင်နေထိုင်ရာအချိန်ကာလနှင့် ဒေသများကိုကြိုတင်ပိုင်းခြားသတ်မှတ်ပေး တော်မူ၏။-
27 ၂၇ ဤသို့ပြုတော်မူခြင်းမှာကိုယ်တော်ကိုတွေ့လို တွေ့ငြား လူတို့စမ်းသပ်ရှာဖွေကြစေရန်ပင် ဖြစ်၏။ သို့ရာတွင်၊ `ငါတို့သည်ကိုယ်တော်အားဖြင့် သက်ရှင်လှုပ်ရှားရပ်တည်လျက်ရှိကြ၏' ဟူ၍ပ္ဂိုလ်တစ်ဦးကဆိုသည့်အတိုင်းဘုရား သခင်သည်အမှန်အားဖြင့် ငါတို့တစ်ဦးတစ် ယောက်နှင့်မျှဝေးတော်မူသည်မဟုတ်။ သင်တို့ ၏လင်္ကာဆရာအချို့တို့က၊ `ငါတို့သည်လည်းကိုယ်တော်၏ သားသမီးများဖြစ်ကြ၏' ဟုစပ်ဆိုသတည်း။-
28 ၂၈
29 ၂၉ ငါတို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်ကြသည့်အားလျော်စွာ ဘုရားသခင်သည် လူတို့၏စိတ်ကူးနှင့်အနုပညာစွမ်းရည်ဖြင့် ထုလုပ်ထားသောရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက် ရုပ်တုတို့နှင့်တူတော်မူသည်ဟုမထင်မမှတ် အပ်။-
30 ၃၀ ဘုရားသခင်သည်မိမိကိုလူတို့မသိသည့် အချိန်ကာလများကိုရှုမှတ်တော်မမူခဲ့ သော်လည်း ယခုအခါ၌အရပ်ခပ်သိမ်းမှ လူအပေါင်းတို့အားနောင်တရစေခြင်း ငှာအမိန့်ပေးတော်မူပြီ။-
31 ၃၁ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရွေးချယ်ခန့် ထားတော်မူသောအရှင်အားဖြင့် လောကသား တို့ကိုဖြောင့်မှန်စွာတရားစီရင်တော်မူသည့် နေ့ရက်ကိုသတ်မှတ်တော်မူပြီးသောကြောင့် တည်း။ ထိုသို့ဖြစ်မည်အကြောင်းကိုထိုအရှင် အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ သောအားဖြင့် လူအပေါင်းတို့အားခိုင်လုံ သောသက်သေပြတော်မူပြီ'' ဟုဟောပြော လေ၏။
32 ၃၂ သူသေတို့ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကိုကြားသောအခါ လူအချို့တို့သည်ပြောင် လှောင်ကြ၏။ သို့ရာတွင်အချို့သောသူတို့က မူ ``သင်ပြောဆိုနေသည့်အကြောင်းအရာကို ငါတို့တစ်ဖန်ကြားလိုပါသည်'' ဟုဆိုကြ၏။-
33 ၃၃ သို့ဖြစ်၍ပေါလုသည်တရားရုံးတော်မှ ထွက်သွားလေသည်။-
34 ၃၄ အချို့သောသူတို့သည်ပေါလုနှင့်ပေါင်းဖော် ပြီးလျှင် ယုံကြည်သူများဖြစ်လာကြ၏။ ထို သူတို့တွင်ဒယောနုသိနာမည်ရှိသောအာရေ တောင်တရားရုံးတော်အဖွဲ့ဝင်တစ်ဦး၊ ဒမာရိ နာမည်ရှိသောအမျိုးသမီးတစ်ဦးနှင့်အခြား သူအချို့တို့ပါဝင်ကြ၏။