< တမန်တော်ဝတ္ထု 17 >

1 သူ​တို့​သည်​ခ​ရီး​ဆက်​ခဲ့​ရာ​အံ​ဖိ​ပေါ​လိ​မြို့ နှင့်​အာ​ပေါ​လော​နိ​မြို့​ကို​ဖြတ်​၍ သက်​သာ လော​နိတ်​မြို့​သို့​ရောက်​ကြ​၏။ ထို​မြို့​တွင်​ယု​ဒ တ​ရား​ဇ​ရပ်​ရှိ​၏။-
διοδευσαντες δε την αμφιπολιν και απολλωνιαν ηλθον εις θεσσαλονικην οπου ην η συναγωγη των ιουδαιων
2 ပေါ​လု​သည်​မိ​မိ​၏​အ​လေ့​အ​ထ​ရှိ​သည် အ​တိုင်း ထို​တ​ရား​ဇ​ရပ်​သို့​သွား​၍ ဥ​ပုသ်​နေ့ သုံး​နေ့​တိုင်​တိုင်​ကျမ်း​စာ​တော်​ကို​ကိုး​ကား ကာ​လူ​တို့​နှင့်​အ​ခြေ​အ​တင်​ဆွေး​နွေး​၏။-
κατα δε το ειωθος τω παυλω εισηλθεν προς αυτους και επι σαββατα τρια διελεγετο αυτοις απο των γραφων
3 မေ​ရှိ​ယ​သည်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​တော်​မူ​ရ​မည့် အ​ကြောင်း​တို့​ကို ကျမ်း​ချက်​အ​ထောက်​အ​ထား များ​နှင့်​တ​ကွ​ရှင်း​လင်း​စွာ​ဖွင့်​ပြ​၏။ ပေါ​လု က ``ငါ​သင်​တို့​အား​ပြော​ပြ​နေ​သော​သ​ခင် ယေ​ရှု​ကား​မေ​ရှိ​ယ​ပင်​ဖြစ်​၏'' ဟု​ဆို​၏။-
διανοιγων και παρατιθεμενος οτι τον χριστον εδει παθειν και αναστηναι εκ νεκρων και οτι ουτος εστιν ο χριστος ιησους ον εγω καταγγελλω υμιν
4 အ​ချို့​သော​သူ​တို့​သည်​ပေါ​လု​ပြော​သော​စ​ကား ကို​ယုံ​ကြည်​သ​ဖြင့် ပေါ​လု​နှင့်​သိ​လ​တို့​၏​အ​ဖွဲ့ သို့​ဝင်​ကြ​၏။ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ​ဂ​ရိ အ​မျိုး​သား​အ​မြောက်​အ​မြား​နှင့်​ထင်​ပေါ်​သော ဂ​ရိ​အ​မျိုး​သ​မီး​များ​လည်း သူ​တို့​၏​အ​ဖွဲ့ သို့​ဝင်​ကြ​လေ​သည်။
και τινες εξ αυτων επεισθησαν και προσεκληρωθησαν τω παυλω και τω σιλα των τε σεβομενων ελληνων πολυ πληθος γυναικων τε των πρωτων ουκ ολιγαι
5 သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​တို့​သည် မ​နာ​လို စိတ်​ရှိ​သ​ဖြင့်​လမ်း​ပေါ်​မှ​ဂျ​ပိုး​တေ​လေ​များ ကို​ခေါ်​ယူ​ကာ လူ​ထု​ကြီး​တစ်​ရပ်​ဖြစ်​အောင် စု​ရုံး​၍​တစ်​မြို့​လုံး​ကို​အုတ်​အုတ်​သဲ​သဲ​ဖြစ် စေ​ကြ​၏။ သူ​တို့​သည်​ယာ​သုန်​၏​အိမ်​သို့​ဝင်​၍ ပေါ​လု​နှင့်​သိ​လ​တို့​ကို​လူ​ပ​ရိ​သတ်​ရှေ့​သို့ ဆွဲ​ထုတ်​ရန်​ရှာ​ဖွေ​ကြ​၏။-
ζηλωσαντες δε οι απειθουντες ιουδαιοι και προσλαβομενοι των αγοραιων τινας ανδρας πονηρους και οχλοποιησαντες εθορυβουν την πολιν επισταντες τε τη οικια ιασονος εζητουν αυτους αγαγειν εις τον δημον
6 ရှာ​၍​မ​တွေ့​ကြ​သော​အ​ခါ​သူ​တို့​သည် ယာ​သုန် နှင့်​တ​ပည့်​တော်​အ​ချို့​တို့​ကို​မြို့​အာ​ဏာ​ပိုင် များ​၏​ရှေ့​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​လျှင် ``ဤ​လူ​စု သည်​အ​ရပ်​တ​ကာ​တွင်​ဒုက္ခ​ပေး​ခဲ့​ကြ​ပါ​၏။ သူ​တို့​သည်​ယ​ခု​ကျွန်ုပ်​တို့​မြို့​သို့​လည်း​ရောက် ရှိ​လာ​ကြ​ပါ​ပြီ။ ယာ​သုန်​သည်​ထို​သူ​တို့​ကို မိ​မိ​၏​အိမ်​တွင်​လက်​ခံ​ထား​ပါ​၏။-
μη ευροντες δε αυτους εσυρον τον ιασονα και τινας αδελφους επι τους πολιταρχας βοωντες οτι οι την οικουμενην αναστατωσαντες ουτοι και ενθαδε παρεισιν
7 ထို​သူ​တို့​သည်​ယေ​ရှု​ဟူ​သော​အ​ခြား ဧ​က​ရာဇ်​ဘု​ရင်​တစ်​ပါး​ရှိ​သည်​ဟု​ဆို​ကာ ဧ​က​ရာဇ်​၏​အ​မိန့်​တော်​ကို​ဆန့်​ကျင်​ဘက် ပြု​ကြ​ပါ​၏'' ဟု​ဟစ်​အော်​ကြ​သော်၊-
ους υποδεδεκται ιασων και ουτοι παντες απεναντι των δογματων καισαρος πραττουσιν βασιλεα λεγοντες ετερον ειναι ιησουν
8 လူ​ပ​ရိ​သတ်​နှင့်​မြို့​အာ​ဏာ​ပိုင်​များ​သည် ဆူ​ညံ​၍​သွား​ကြ​၏။-
εταραξαν δε τον οχλον και τους πολιταρχας ακουοντας ταυτα
9 အာ​ဏာ​ပိုင်​တို့​သည်​ယာ​သုန်​နှင့်​အ​ပေါင်း​အ​ပါ တို့​အား အာ​မ​ခံ​ငွေ​များ​ကို​ပေး​ဆောင်​စေ​ပြီး နောက်​ထွက်​သွား​ခွင့်​ပြု​ကြ​၏။
και λαβοντες το ικανον παρα του ιασονος και των λοιπων απελυσαν αυτους
10 ၁၀ ညဥ့်​အ​ချိန်​ရောက်​လျှင်​ရောက်​ချင်း​ယုံ​ကြည် သူ​တို့​သည် ပေါ​လု​နှင့်​သိ​လ​တို့​ကို​ဗေ​ရိ​မြို့ သို့​ထွက်​ခွာ​သွား​စေ​ကြ​၏။ ထို​မြို့​သို့​ရောက်​လျှင် သူ​တို့​သည်​ယု​ဒ​တ​ရား​ဇ​ရပ်​သို့​သွား​ကြ​၏။-
οι δε αδελφοι ευθεως δια της νυκτος εξεπεμψαν τον τε παυλον και τον σιλαν εις βεροιαν οιτινες παραγενομενοι εις την συναγωγην των ιουδαιων απηεσαν
11 ၁၁ ဗေ​ရိ​မြို့​သား​တို့​ကား​သက်​သာ​လော​နိတ်​မြို့​သား တို့​လောက် တစ်​ယူ​သန်​စိတ်​ရှိ​သူ​များ​မ​ဟုတ်​ချေ။ သို့​ဖြစ်​၍​ပေါ​လု​ဟော​ပြော​သည့်​တ​ရား​တော်​ကို အ​လွန်​ကြည်​ညို​သော​စိတ်​ဖြင့်​နာ​ခံ​ကြ​၏။ သူ​တို့ သည်​ပေါ​လု​နှင့်​သိ​လ​တို့​ပြော​ကြား​သည့်​အ​တိုင်း မှန်​မ​မှန်​ကို​သိ​ရှိ​နိုင်​ရန်​နေ့​စဉ်​နေ့​တိုင်း​ကျမ်း စာ​တော်​ကို​လေ့​လာ​ကြ​၏။-
ουτοι δε ησαν ευγενεστεροι των εν θεσσαλονικη οιτινες εδεξαντο τον λογον μετα πασης προθυμιας το καθ ημεραν ανακρινοντες τας γραφας ει εχοι ταυτα ουτως
12 ၁၂ ထို့​ကြောင့်​သူ​တို့​အ​များ​ပင်​ယုံ​ကြည်​လာ​ကြ​၏။ ယင်း​သို့​ယုံ​ကြည်​သူ​တို့​တွင်​ဂုဏ်​အ​သ​ရေ​ရှိ ဂ​ရိ​အ​မျိုး​သ​မီး၊ အ​မျိုး​သား​အ​မြောက် အ​မြား​ပါ​ဝင်​၏။-
πολλοι μεν ουν εξ αυτων επιστευσαν και των ελληνιδων γυναικων των ευσχημονων και ανδρων ουκ ολιγοι
13 ၁၃ ဗေ​ရိ​မြို့​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ကို​ပေါ​လု​ဟော​ပြော​လျက်​ရှိ​ကြောင်း​ကို သက်​သာ​လော​နိတ်​မြို့​မှ​ယု​ဒ​အ​မျိုး​သား​တို့ သည်​ကြား​သိ​ကြ​သော​အ​ခါ ဗေ​ရိ​မြို့​သို့​လာ ၍​လူ​တို့​အား​ဆူ​ပူ​အောင်​လှုံ့​ဆော်​ပေး​ကြ​၏။-
ως δε εγνωσαν οι απο της θεσσαλονικης ιουδαιοι οτι και εν τη βεροια κατηγγελη υπο του παυλου ο λογος του θεου ηλθον κακει σαλευοντες τους οχλους
14 ၁၄ ထို​အ​ခါ​ယုံ​ကြည်​သူ​တို့​သည်​ချက်​ချင်း​ပင် ပေါ​လု​ကို​ပင်​လယ်​ကမ်း​ခြေ​သို့​ထွက်​ခွာ​သွား စေ​ကြ​၏။ သိ​လ​နှင့်​တိ​မော​သေ​တို့​မူ​ကား ဗေ​ရိ မြို့​တွင်​ပင်​နေ​ရစ်​ခဲ့​ကြ​၏။-
ευθεως δε τοτε τον παυλον εξαπεστειλαν οι αδελφοι πορευεσθαι ως επι την θαλασσαν υπεμενον δε ο τε σιλας και ο τιμοθεος εκει
15 ၁၅ ပေါ​လု​ကို​လိုက်​ပို့​ကြ​သော​သူ​တို့​သည် သူ​နှင့် အာ​သင်​မြို့​အ​ထိ​လိုက်​သွား​ကြ​၏။ ထို့​နောက် သိ​လ​နှင့်​တိ​မော​သေ​တို့​အ​မြန်​ဆုံး​လိုက် လာ​စေ​ရန်​ညွှန်​ကြား​ချက်​ရ​လျက် ဗေ​ရိ​မြို့ သို့​ပြန်​သွား​ကြ​၏။
οι δε καθιστωντες τον παυλον ηγαγον αυτον εως αθηνων και λαβοντες εντολην προς τον σιλαν και τιμοθεον ινα ως ταχιστα ελθωσιν προς αυτον εξηεσαν
16 ၁၆ ပေါ​လု​သည်​အာ​သင်​မြို့​တွင် သိ​လ​နှင့်​တိ​မော​သေ တို့​ကို​စောင့်​ဆိုင်း​လျက်​နေ​စဉ် ထို​မြို့​တွင်​ရုပ်​တု များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​သည်​ကို​မြင်​သ​ဖြင့် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။-
εν δε ταις αθηναις εκδεχομενου αυτους του παυλου παρωξυνετο το πνευμα αυτου εν αυτω θεωρουντι κατειδωλον ουσαν την πολιν
17 ၁၇ ထို့​ကြောင့်​တ​ရား​ဇ​ရပ်​တွင်​ယု​ဒ​အ​မျိုး​သား များ၊ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ​များ​နှင့် လည်း​ကောင်း၊ နေ့​စဉ်​နေ့​တိုင်း​မြို့​တွင်း​မြေ​ကွက် လပ်​သို့​လာ​ရောက်​ကြ​သူ​များ​နှင့်​လည်း​ကောင်း တ​ရား​ဆွေး​နွေး​၏။-
διελεγετο μεν ουν εν τη συναγωγη τοις ιουδαιοις και τοις σεβομενοις και εν τη αγορα κατα πασαν ημεραν προς τους παρατυγχανοντας
18 ၁၈ ဧ​ပိ​ကု​ရု​နှင့်​သ​တော​အိပ်​ဟု​ခေါ်​သော အ​တွေး​အ​ခေါ်​ပ​ညာ​ရှင်​အ​ချို့​တို့​သည်​လည်း ပေါ​လု​နှင့်​အ​ချေ​အ​တင်​ဆွေး​နွေး​ကြ​၏။ ထို သူ​အ​ချို့​တို့​က ``ဤ​စ​ကား​အိုး​သည်​အ​ဘယ် အ​ရာ​ကို​ပြော​ဆို​နေ​ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။ အ​ခြား​သူ​များ​က ``သူ​သည်​လူ​မျိုး​ခြား​တို့​၏ နတ်​ဘု​ရား​များ​အ​ကြောင်း​ကို ပြော​ဆို​နေ​ဟန် တူ​၏'' ဟု​ဆို​ကြ​၏။ ထို​သူ​တို့​ဤ​သို့​ပြော​ကြ ခြင်း​မှာ​ပေါ​လု​သည်​သ​ခင်​ယေ​ရှု​အ​ကြောင်း နှင့် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း တို့​ကို​ဟော​ပြော​နေ​သော​ကြောင့်​ဖြစ်​၏။-
τινες δε των επικουρειων και των στωικων φιλοσοφων συνεβαλλον αυτω και τινες ελεγον τι αν θελοι ο σπερμολογος ουτος λεγειν οι δε ξενων δαιμονιων δοκει καταγγελευς ειναι οτι τον ιησουν και την αναστασιν αυτοις ευηγγελιζετο
19 ၁၉ သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ပေါ​လု​ကို အာ​ရေ​တောင် တ​ရား​ရုံး​တော်​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ``သင် ဟော​ပြော​နေ​သည့်​အ​ယူ​ဝါ​ဒ​သစ်​အ​ကြောင်း ကို​ငါ​တို့​သိ​ပါ​ရ​စေ။-
επιλαβομενοι τε αυτου επι τον αρειον παγον ηγαγον λεγοντες δυναμεθα γνωναι τις η καινη αυτη η υπο σου λαλουμενη διδαχη
20 ၂၀ သင်​တို့​ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​အ​ချို့ တို့​မှာ ငါ​တို့​အ​တွက်​အ​သစ်​အ​ဆန်း​ဖြစ်​၍ နေ​ပါ​၏။ ထို​အ​ရာ​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​ငါ​တို့​သိ​ချင်​ပါ​သည်'' ဟု​ဆို​ကြ​၏။-
ξενιζοντα γαρ τινα εισφερεις εις τας ακοας ημων βουλομεθα ουν γνωναι τι αν θελοι ταυτα ειναι
21 ၂၁ (အာ​သင်​မြို့​သား​အ​ပေါင်း​တို့​နှင့်​ထို​မြို့​တွင် နေ​ထိုင်​သူ​ဧည့်​သည်​များ​သည် သ​တင်း​အ​သစ် အ​ဆန်း​ကို​ပြော​ဆို​ကြား​နာ​ခြင်း​အား​ဖြင့် အ​ချိန်​ကို​ကုန်​လွန်​စေ​တတ်​ကြ​၏။)
αθηναιοι δε παντες και οι επιδημουντες ξενοι εις ουδεν ετερον ευκαιρουν η λεγειν τι και ακουειν καινοτερον
22 ၂၂ ပေါ​လု​သည် အာ​ရေ​တောင်​တ​ရား​ရုံး​တော်​ရှေ့ တွင်​ရပ်​လျက် ``အာ​သင်​မြို့​သား​တို့၊ သင်​တို့​သည် လွန်​စွာ​ဘု​ရား​တ​ရား​ကြည်​ညို​သူ​များ​ဖြစ် ကြောင်း အ​စ​စ​အ​ရာ​ရာ​ကို​ထောက်​၍​ငါ​သိ ရ​၏။-
σταθεις δε ο παυλος εν μεσω του αρειου παγου εφη ανδρες αθηναιοι κατα παντα ως δεισιδαιμονεστερους υμας θεωρω
23 ၂၃ ငါ​သည်​သင်​တို့​မြို့​ကို​လှည့်​လည်​၍ ဘု​ရား ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ကြည့်​ရှု​ခဲ့​စဉ် `ငါ တို့​မ​သိ​သော​ဘု​ရား​အ​တွက်' ဟူ​၍​ကမ္ပည်း လိပ်​စာ​ရေး​ထိုး​ထား​သည့်​ယဇ်​ပလ္လင်​တစ်​ခု ကို​တွေ့​ရှိ​ခဲ့​ပါ​၏။ ဤ​သို့​သင်​တို့​မ​သိ​ဘဲ ဝတ်​ပြု​ကိုး​ကွယ်​နေ​သော​ဘု​ရား​၏​အ​ကြောင်း ကို​သင်​တို့​အား​ယ​ခု​ငါ​ဟော​ပြော​ပါ​၏။-
διερχομενος γαρ και αναθεωρων τα σεβασματα υμων ευρον και βωμον εν ω επεγεγραπτο αγνωστω θεω ον ουν αγνοουντες ευσεβειτε τουτον εγω καταγγελλω υμιν
24 ၂၄ ကမ္ဘာ​လော​က​ကြီး​နှင့်​တ​ကွ​ကမ္ဘာ​ပေါ်​တွင်​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သည် မိုး​မြေ​ကို​စိုး​ပိုင်​တော်​မူ​သော အ​ရှင်​ဖြစ်​၍​လူ့​လက်​ဖြင့်​ဆောက်​လုပ်​သည့် ဘုံ​ဗိ​မာန်​တွင်​ကျိန်း​ဝပ်​တော်​မ​မူ။-
ο θεος ο ποιησας τον κοσμον και παντα τα εν αυτω ουτος ουρανου και γης κυριος υπαρχων ουκ εν χειροποιητοις ναοις κατοικει
25 ၂၅ ထို​အ​ရှင်​ကိုယ်​တိုင်​ပင်​လူ​ခပ်​သိမ်း​တို့​အား အ​သက်​နှင့်​တ​ကွ​အ​ခြား​လို​အပ်​သည့်​အ​ရာ ရှိ​သ​မျှ​ကို​ပေး​သ​နား​တော်​မူ​၏။ သို့​ဖြစ် ၍​တစ်​စုံ​တစ်​ခု​ကို​လို​လား​၍​လူ့​လက်​မှ အ​ထောက်​အ​ပံ့​ကို​ခံ​ယူ​ရန်​မ​လို​ပေ။-
ουδε υπο χειρων ανθρωπων θεραπευεται προσδεομενος τινος αυτος διδους πασιν ζωην και πνοην και τα παντα
26 ၂၆ ကိုယ်​တော်​သည်​ဦး​စွာ​ပ​ထ​မ​လူ​တစ်​ယောက် ကို​ဖန်​ဆင်း​တော်​မူ​၍ ထို​လူ​မှ​လူ​မျိုး​တ​ကာ တို့​အား​ဆင်း​သက်​လာ​စေ​ပြီး​လျှင်​ကမ္ဘာ​အ​ရပ် ရပ်​တွင်​နေ​ထိုင်​စေ​တော်​မူ​၏။ ထို​လူ​မျိုး​အ​သီး သီး​တို့​သက်​ရှင်​နေ​ထိုင်​ရာ​အ​ချိန်​ကာ​လ​နှင့် ဒေ​သ​များ​ကို​ကြို​တင်​ပိုင်း​ခြား​သတ်​မှတ်​ပေး တော်​မူ​၏။-
εποιησεν τε εξ ενος αιματος παν εθνος ανθρωπων κατοικειν επι παν το προσωπον της γης ορισας προτεταγμενους καιρους και τας οροθεσιας της κατοικιας αυτων
27 ၂၇ ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ကိုယ်​တော်​ကို​တွေ့​လို တွေ့​ငြား လူ​တို့​စမ်း​သပ်​ရှာ​ဖွေ​ကြ​စေ​ရန်​ပင် ဖြစ်​၏။ သို့​ရာ​တွင်၊ `ငါ​တို့​သည်​ကိုယ်​တော်​အား​ဖြင့် သက်​ရှင်​လှုပ်​ရှား​ရပ်​တည်​လျက်​ရှိ​ကြ​၏' ဟူ​၍​ပ္ဂိုလ်​တစ်​ဦး​က​ဆို​သည့်​အ​တိုင်း​ဘု​ရား သ​ခင်​သည်​အ​မှန်​အား​ဖြင့် ငါ​တို့​တစ်​ဦး​တစ် ယောက်​နှင့်​မျှ​ဝေး​တော်​မူ​သည်​မ​ဟုတ်။ သင်​တို့ ၏​လင်္ကာ​ဆ​ရာ​အ​ချို့​တို့​က၊ `ငါ​တို့​သည်​လည်း​ကိုယ်​တော်​၏ သား​သ​မီး​များ​ဖြစ်​ကြ​၏' ဟု​စပ်​ဆို​သ​တည်း။-
ζητειν τον κυριον ει αρα γε ψηλαφησειαν αυτον και ευροιεν καιτοιγε ου μακραν απο ενος εκαστου ημων υπαρχοντα
28 ၂၈
εν αυτω γαρ ζωμεν και κινουμεθα και εσμεν ως και τινες των καθ υμας ποιητων ειρηκασιν του γαρ και γενος εσμεν
29 ၂၉ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ ဖြစ်​ကြ​သည့်​အား​လျော်​စွာ ဘု​ရား​သ​ခင်​သည် လူ​တို့​၏​စိတ်​ကူး​နှင့်​အ​နု​ပ​ညာ​စွမ်း​ရည်​ဖြင့် ထု​လုပ်​ထား​သော​ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ကျောက် ရုပ်​တု​တို့​နှင့်​တူ​တော်​မူ​သည်​ဟု​မ​ထင်​မ​မှတ် အပ်။-
γενος ουν υπαρχοντες του θεου ουκ οφειλομεν νομιζειν χρυσω η αργυρω η λιθω χαραγματι τεχνης και ενθυμησεως ανθρωπου το θειον ειναι ομοιον
30 ၃၀ ဘု​ရား​သ​ခင်​သည်​မိ​မိ​ကို​လူ​တို့​မ​သိ​သည့် အ​ချိန်​ကာ​လ​များ​ကို​ရှု​မှတ်​တော်​မ​မူ​ခဲ့ သော်​လည်း ယ​ခု​အ​ခါ​၌​အ​ရပ်​ခပ်​သိမ်း​မှ လူ​အ​ပေါင်း​တို့​အား​နောင်​တ​ရ​စေ​ခြင်း ငှာ​အ​မိန့်​ပေး​တော်​မူ​ပြီ။-
τους μεν ουν χρονους της αγνοιας υπεριδων ο θεος τα νυν παραγγελλει τοις ανθρωποις πασιν πανταχου μετανοειν
31 ၃၁ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရွေး​ချယ်​ခန့် ထား​တော်​မူ​သော​အ​ရှင်​အား​ဖြင့် လော​က​သား တို့​ကို​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သည့် နေ့​ရက်​ကို​သတ်​မှတ်​တော်​မူ​ပြီး​သော​ကြောင့် တည်း။ ထို​သို့​ဖြစ်​မည်​အ​ကြောင်း​ကို​ထို​အ​ရှင် အား သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ သော​အား​ဖြင့် လူ​အ​ပေါင်း​တို့​အား​ခိုင်​လုံ သော​သက်​သေ​ပြ​တော်​မူ​ပြီ'' ဟု​ဟော​ပြော လေ​၏။
διοτι εστησεν ημεραν εν η μελλει κρινειν την οικουμενην εν δικαιοσυνη εν ανδρι ω ωρισεν πιστιν παρασχων πασιν αναστησας αυτον εκ νεκρων
32 ၃၂ သူ​သေ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း ကို​ကြား​သော​အ​ခါ လူ​အ​ချို့​တို့​သည်​ပြောင် လှောင်​ကြ​၏။ သို့​ရာ​တွင်​အ​ချို့​သော​သူ​တို့​က မူ ``သင်​ပြော​ဆို​နေ​သည့်​အ​ကြောင်း​အ​ရာ​ကို ငါ​တို့​တစ်​ဖန်​ကြား​လို​ပါ​သည်'' ဟု​ဆို​ကြ​၏။-
ακουσαντες δε αναστασιν νεκρων οι μεν εχλευαζον οι δε ειπον ακουσομεθα σου παλιν περι τουτου
33 ၃၃ သို့​ဖြစ်​၍​ပေါ​လု​သည်​တ​ရား​ရုံး​တော်​မှ ထွက်​သွား​လေ​သည်။-
και ουτως ο παυλος εξηλθεν εκ μεσου αυτων
34 ၃၄ အ​ချို့​သော​သူ​တို့​သည်​ပေါ​လု​နှင့်​ပေါင်း​ဖော် ပြီး​လျှင် ယုံ​ကြည်​သူ​များ​ဖြစ်​လာ​ကြ​၏။ ထို သူ​တို့​တွင်​ဒ​ယော​နု​သိ​နာ​မည်​ရှိ​သော​အာ​ရေ တောင်​တ​ရား​ရုံး​တော်​အ​ဖွဲ့​ဝင်​တစ်​ဦး၊ ဒ​မာ​ရိ နာ​မည်​ရှိ​သော​အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​အ​ခြား သူ​အ​ချို့​တို့​ပါ​ဝင်​ကြ​၏။
τινες δε ανδρες κολληθεντες αυτω επιστευσαν εν οις και διονυσιος ο αρεοπαγιτης και γυνη ονοματι δαμαρις και ετεροι συν αυτοις

< တမန်တော်ဝတ္ထု 17 >