< တမန်တော်ဝတ္ထု 16 >
1 ၁ ပေါလုသည်ဒေရဗေမြို့နှင့်လုတ္တရမြို့သို့ရောက် ရှိလာ၏။ လုတ္တရမြို့တွင်တိမောသေနာမည်ရှိ သောတပည့်တော်တစ်ဦးရှိ၏။ သူ၏မိခင်သည် ယုံကြည်သူယုဒအမျိုးသမီးဖြစ်သော်လည်း သူ၏ဖခင်မှာဂရိအမျိုးသားဖြစ်၏။-
ⲁ̅ⲁⲩⲱ ⲁϥⲕⲁⲧⲁⲛⲧⲁ ⲉⲇⲉⲣⲃⲏ ⲙⲛ̅ⲗⲩⲥⲧⲣⲁ. ⲛⲉⲩⲛ̅ⲟⲩⲙⲁⲑⲏⲧⲏⲥ ⲇⲉ ⲙ̅ⲙⲁⲩ ⲉⲡⲉϥⲣⲁⲛ ⲡⲉ ⲧⲓⲙⲟⲑⲉⲟⲥ ⲉⲡϣⲏⲣⲉ ⲡⲉ ⲛ̅ⲟⲩⲥϩⲓⲙⲉ ⲛ̅ⲓ̈ⲟⲩⲇⲁⲓ̈ ⲙ̅ⲡⲓⲥⲧⲏ. ⲡⲉϥⲉⲓⲱⲧ ⲇⲉ ⲟⲩⲉⲓ̈ⲉⲛⲓⲛ ⲡⲉ.
2 ၂ သူသည်လုတ္တရမြို့နှင့်ဣကောနိမြို့ရှိ ညီအစ် ကိုတို့၏ချီးမွမ်းခြင်းကိုခံရ၏။-
ⲃ̅ⲡⲁⲓ̈ ⲛⲉⲩⲣ̅ⲙⲛ̅ⲧⲣⲉ ϩⲁⲣⲟϥ ⲉⲃⲟⲗ ϩⲓⲧⲛ̅ⲛⲉⲥⲛⲏⲩ ⲉⲧϩⲛ̅ⲗⲩⲥⲇⲣⲟⲥ ⲙⲛ̅ϩⲓⲕⲟⲛⲓⲟⲥ.
3 ၃ ပေါလုသည်သူ့ကိုမိမိနှင့်အတူလိုက်စေလို သဖြင့် သူ့အားအရေဖျားလှီးမင်္ဂလာပေး၏။ ဤသို့ပြုရခြင်းအကြောင်းမှာတိမောသေ၏ ဖခင်သည်ဂရိအမျိုးသားဖြစ်ကြောင်း ထို အရပ်ရှိယုဒအမျိုးသားတို့သိကြသော ကြောင့်ဖြစ်၏။-
ⲅ̅ⲡⲁⲓ̈ ⲁⲡⲁⲩⲗⲟⲥ ⲟⲩⲱϣ ⲉⲧⲣⲉϥⲉⲓ ⲉⲃⲟⲗ ⲛⲙ̅ⲙⲁϥ. ⲁⲩⲱ ⲁϥϫⲓⲧϥ̅ ⲁϥⲥⲃ̅ⲃⲏⲧϥ̅ ⲉⲧⲃⲉⲛⲓ̈ⲟⲩⲇⲁⲓ̈ ⲉⲧϣⲟⲟⲡ ϩⲙ̅ⲡⲙⲁ ⲉⲧⲙ̅ⲙⲁⲩ. ⲛⲉⲩⲥⲟⲟⲩⲛ ⲅⲁⲣ ⲧⲏⲣⲟⲩ ϫⲉ ⲟⲩⲉⲉⲓⲉⲛⲓⲛ ⲡⲉ ⲡⲉϥⲉⲓⲱⲧ.
4 ၄ သူတို့သည်မြို့များကိုဖြတ်၍သွားကြသော အခါ ယေရုရှလင်မြို့၌နေသောတမန်တော် များနှင့်အသင်းတော်လူကြီးများပြဋ္ဌာန်း သောပညတ်များကိုရှင်းလင်းပြောပြကာ ယုံကြည်သူတို့လိုက်နာကျင့်သုံးရန်ညွှန် ကြားကြ၏။-
ⲇ̅ⲛⲉⲩⲛⲏⲩ ⲇⲉ ⲉⲃⲟⲗ ⲡⲉ ϩⲓⲧⲛ̅ⲙ̅ⲡⲟⲗⲓⲥ ⲉⲩϯ ⲉⲧⲟⲟⲧⲟⲩ ⲉⲧⲣⲉⲩϩⲁⲣⲉϩ ⲉⲛⲇⲟⲅⲙⲁ ⲛ̅ⲧⲁⲩⲕⲣⲓⲛⲉ ⲙ̅ⲙⲟⲟⲩ ⲉⲃⲟⲗ ϩⲓⲧⲛ̅ⲛ̅ⲁⲡⲟⲥⲧⲟⲗⲟⲥ ⲙⲛ̅ⲛⲉⲡⲣⲉⲥⲃⲩⲧⲉⲣⲟⲥ ⲉⲧϩⲛ̅ⲑⲓⲗⲏ̅ⲙ̅.
5 ၅ သို့ဖြစ်၍အသင်းတော်တို့၏ယုံကြည်ခြင်း ပိုမိုခိုင်မြဲလာလျက် နေ့စဉ်နေ့တိုင်းအရေ အတွက်အားဖြင့်တိုးတက်များပြားလား ၏။
ⲉ̅ⲛⲉⲕⲕⲗⲏⲥⲓⲁ ϭⲉ ⲛⲉⲩⲧⲁϫⲣⲟ ⲡⲉ ϩⲛ̅ⲧⲡⲓⲥⲧⲓⲥ ⲁⲩⲱ ⲛⲉⲩⲣ̅ϩⲟⲩⲟ ϩⲛ̅ⲧⲏⲡⲉ ⲙ̅ⲙⲏⲛⲉ.
6 ၆ သူတို့သည်ဖြုဂိပြည်နှင့်ဂလာတိပြည်တို့ ကိုဖြတ်သွားကြ၏။ သန့်ရှင်းသောဝိညာဉ်တော် သည် သူတို့အားအာရှပြည်၌နှုတ်ကပတ်တရား တော်ကိုဟောပြောခွင့်ပေးတော်မမူ။-
ⲋ̅ⲁⲩⲉⲓ ⲇⲉ ⲉⲃⲟⲗ ϩⲓⲧⲛ̅ⲧⲉⲫⲣⲩⲅⲓⲁ ⲙⲛ̅ⲧⲉⲭⲱⲣⲁ ⲛ̅ⲧⲅⲁⲗⲁⲧⲓⲁ. ⲉⲁⲩⲕⲱⲗⲩ ⲙ̅ⲙⲟⲟⲩ ⲉⲃⲟⲗ ϩⲓⲧⲙ̅ⲡⲉⲡ̅ⲛ̅ⲁ̅ ⲉⲧⲟⲩⲁⲁⲃ ⲉⲧⲙ̅ϫⲉⲡϣⲁϫⲉ ϩⲛ̅ⲧⲁⲥⲓⲁ.
7 ၇ သူတို့သည်မုသိပြည်နယ်စပ်သို့ရောက်ကြသော အခါ ဗိသုန်ပြည်သို့သွားရန်ကြိုးစားကြ၏။ သို့ရာတွင်သခင်ယေရှု၏ဝိညာဉ်တော်ကခွင့် ပြုတော်မမူသဖြင့်၊-
ⲍ̅ⲛ̅ⲧⲉⲣⲟⲩⲉⲓ ⲇⲉ ⲉⲧⲙⲩⲥⲓⲁ ⲁⲩⲡⲓⲣⲁⲍⲉ ⲉⲃⲱⲕ ⲉϩⲟⲩⲛ ⲉⲧⲃⲩⲑⲩⲛⲓⲁ. ⲁⲩⲱ ⲙ̅ⲡϥ̅ⲕⲁⲁⲩ ⲛ̅ϭⲓⲡⲉⲡ̅ⲛ̅ⲁ̅.
8 ၈ မုသိပြည်ကိုဖြတ်၍တရောမြို့သို့ရောက်ကြ၏။-
ⲏ̅ⲁⲩⲱ ⲛ̅ⲧⲉⲣⲟⲩⲥⲁⲁⲧⲧⲙⲩⲥⲓⲁ ⲁⲩⲉⲓ ⲉϩⲣⲁⲓ̈ ⲉⲧⲉⲧⲣⲱⲁⲥ.
9 ၉ ပေါလုသည်ညဥ့်အခါဗျာဒိတ်ရူပါရုံတွင် ``မာကေဒေါနိပြည်သို့ဖြတ်ကူး၍အကျွန်ုပ် တို့အားကူညီမစပါ'' ဟုမာကေဒေါနိ ပြည်သားတစ်ယောက်သည်ရပ်လျက်တောင်းပန် နေသည်ကိုမြင်ရ၏။-
ⲑ̅ⲁⲩϩⲟⲣⲟⲙⲁ ϭⲱⲗⲡ̅ ⲉⲃⲟⲗ ⲙ̅ⲡⲁⲩⲗⲟⲥ ⲛ̅ⲧⲉⲩϣⲏ. ⲉϣϫⲉⲉⲣⲉⲟⲩⲣⲱⲙⲉ ⲙ̅ⲙⲁⲕⲉⲇⲱⲛ ⲁϩⲉⲣⲁⲧϥ̅ ⲙ̅ⲡⲉϥⲙ̅ⲧⲟ ⲉⲃⲟⲗ ⲉϥⲥⲟⲡⲥ̅ ⲙ̅ⲙⲟϥ ⲉϥϫⲱ ⲙ̅ⲙⲟⲥ ϫⲉ ⲁⲙⲟⲩ ⲉⲧⲙⲁⲕⲉⲇⲟⲛⲓⲁ ⲛⲅ̅ⲃⲟⲏⲑⲓ ⲉⲣⲟⲛ.
10 ၁၀ ဤသို့ဗျာဒိတ်ရူပါရုံကိုပေါလုမြင်ပြီးနောက် ချက်ချင်းပင်ကျွန်ုပ်တို့သည်မာကေဒေါနိပြည် သို့သွားရန်ပြင်ဆင်ကြ၏။ အဘယ်ကြောင့်ဆို သော်မာကေဒေါနိပြည်သားတို့အားသတင်း ကောင်းကိုဟောပြောရန် ကျွန်ုပ်တို့အားဘုရား သခင်စေခိုင်းတော်မူသည်ဟုဆုံးဖြတ်ချက် ချကြခြင်းကြောင့်ဖြစ်၏။
ⲓ̅ⲛ̅ⲧⲉⲣⲉϥⲧⲱⲟⲩⲛ ⲇⲉ ⲁϥϫⲱ ⲉⲣⲟⲛ ⲙ̅ⲡϩⲟⲣⲟⲙⲁ. ⲛ̅ⲧⲉⲩⲛⲟⲩ ⲇⲉ ⲁⲛϣⲓⲛⲉ ⲛ̅ⲥⲁⲉⲓ ⲉⲃⲟⲗ ⲉⲧⲙⲁⲕⲉⲇⲟⲛⲓⲁ. ⲉⲛⲧⲁⲙⲟ ⲙ̅ⲙⲟⲟⲩ. ϫⲉ ⲁⲡϫⲟⲉⲓⲥ ⲧⲁϩⲙⲛ̅ ⲉⲧⲁϣⲉⲟⲉⲓϣ ⲛⲁⲩ.
11 ၁၁ ကျွန်ုပ်တို့သည်တရောမြို့မှသာမောသရက် ကျွန်းသို့ တည့်တည့်သင်္ဘောလွှင့်ကြရာနောက် တစ်နေ့၌နာပေါလိမြို့သို့ရောက်ကြ၏။-
ⲓ̅ⲁ̅ⲛ̅ⲧⲉⲣⲉⲛⲕⲱ ⲇⲉ ⲉⲃⲟⲗ ϩⲛ̅ⲧⲣⲱⲁⲥ ⲁⲛⲥϭⲏⲣ ⲉⲥⲁⲙⲟⲑⲣⲁⲕⲏ. ⲙ̅ⲡⲉϥⲣⲁⲥⲧⲉ ⲇⲉ ⲉⲛⲉⲁⲡⲟⲗⲓⲥ.
12 ၁၂ ထိုမြို့မှဖိလိပ္ပိမြို့သို့သွားကြ၏။ ဖိလိပ္ပိမြို့ ကားမာကေဒေါနိပြည်ပထမနယ်၏မြို့တစ် မြို့ဖြစ်၏။ ရောမအမျိုးသားတို့အခြေစိုက် ရာမြို့လည်းဖြစ်၏။ ထိုမြို့တွင်ကျွန်ုပ်တို့သည် ရက်ပေါင်းများစွာနေထိုင်ကြပြီးသည့်နောက်၊-
ⲓ̅ⲃ̅ⲉⲃⲟⲗ ⲇⲉ ϩⲙ̅ⲡⲙⲁ ⲉⲧⲙ̅ⲙⲁⲩ ⲉⲛⲉⲫⲓⲗⲓⲡⲡⲟⲥ ⲟⲩⲡⲟⲗⲓⲥ ϫⲉ ⲕⲁⲗⲟⲛⲓⲁ. ⲉⲧⲉⲧⲁⲓ̈ ⲧⲉ ⲧϣⲟⲣⲡ̅ ⲛ̅ⲧⲙⲉⲣⲓⲥ ⲛ̅ⲧⲙⲁⲕⲉⲇⲟⲛⲓⲁ. ⲛⲉⲛϣⲟⲟⲡ ⲇⲉ ϩⲛ̅ⲧⲉⲓ̈ⲡⲟⲗⲓⲥ ⲛ̅ϩⲉⲛϩⲟⲟⲩ.
13 ၁၃ ဥပုသ်နေ့၌မြို့တံခါးအပြင်သို့ထွက်ကြ၏။ ထိုနောက်ဆုတောင်းပတ္ထနာပြုရန်နေရာရှိမည် အထင်နှင့်မြစ်ကမ်းနားသို့သွားရောက်၍ ထို အရပ်တွင်စုဝေးလျက်နေသည့်အမျိုးသမီး တို့အားဟောပြောကြ၏။-
ⲓ̅ⲅ̅ⲙ̅ⲡⲉϩⲟⲟⲩ ⲇⲉ ⲛ̅ⲛ̅ⲥⲁⲃⲃⲁⲧⲟⲛ ⲁⲛⲉⲓ ⲉⲃⲟⲗ ⲡⲃⲟⲗ ⲛ̅ⲧⲡⲩⲗⲏ ⲉϫⲙ̅ⲡⲓⲉⲣⲟ ⲉⲩⲙⲁ ⲉϣⲁⲛϣⲗⲏⲗ ⲛ̅ϩⲏⲧϥ̅. ⲁⲩⲱ ⲁⲛϩⲙⲟⲟⲥ ⲁⲛϣⲁϫⲉ ⲙⲛ̅ⲛⲉϩⲓⲟⲙⲉ ⲛ̅ⲧⲁⲩⲉⲓ ⲉⲃⲟⲗ ϣⲁⲣⲟⲛ.
14 ၁၄ ထိုသူတို့အထဲတွင်သွာတိရဲမြို့သူ၊ ကမ္ဗလာ နီအထည်ကုန်သည်လုဒိနာမည်ရှိအမျိုး သမီးတစ်ယောက်ပါ၏။ သူသည်ဘုရားသခင် အားကိုးကွယ်သူတစ်ဦးဖြစ်၏။ သခင်ဘုရား သည်ပေါလုဟောပြောလျက်နေသောတရား စကားများကိုအာရုံစိုက်စေရန် ထိုအမျိုး သမီး၏စိတ်နှလုံးကိုပြုပြင်တော်မူ၏။-
ⲓ̅ⲇ̅ⲉⲩⲛ̅ⲟⲩⲥϩⲓⲙⲉ ⲇⲉ ⲥⲱⲧⲙ̅ ⲉⲡⲉⲥⲣⲁⲛ ⲡⲉ ⲗⲩⲇⲓⲁ. ⲟⲩⲥⲁⲛϫⲏϭⲉ ⲛ̅ⲧⲉⲧⲡⲟⲗⲓⲥ ⲛ̅ⲑⲩⲁⲧⲓⲣⲁ. ⲉⲥϣⲙ̅ϣⲉ ⲙ̅ⲡⲛⲟⲩⲧⲉ. ⲧⲁⲓ̈ ⲉⲛⲧⲁⲡϫⲟⲉⲓⲥ ⲟⲩⲱⲛ ⲙ̅ⲡⲉⲥϩⲏⲧ. ⲉⲧⲣⲉⲥϯϩⲧⲏⲥ ⲉⲛⲉⲧⲉⲣⲉⲡⲁⲩⲗⲟⲥ ϫⲱ ⲙ̅ⲙⲟⲟⲩ.
15 ၁၅ သူနှင့်တကွအိမ်သူအိမ်သားတို့သည်ဗတ္တိဇံ မင်္ဂလာခံယူကြ၏။ ထိုနောက်လုဒိက ``ကျွန်မ သည်သခင်ဘုရားကိုအကယ်ပင်ယုံကြည်သူ ဖြစ်သည်ဟု သင်တို့လက်ခံပါလျှင်ကျွန်မ၏ အိမ်သို့လာရောက်တည်းခိုကြပါ'' ဟုကျွန်ုပ် တို့အားဖျောင်းဖျလေသည်။
ⲓ̅ⲉ̅ⲛ̅ⲧⲉⲣⲉⲥϫⲓⲃⲁⲡⲧⲓⲥⲙⲁ ⲇⲉ ⲛ̅ⲧⲟⲥ ⲁⲩⲱ ⲡⲉⲥⲏⲓ̈. ⲁⲥⲥⲉⲡⲥⲱⲡⲛ̅ ⲉⲥϫⲱ ⲙ̅ⲙⲟⲥ ϫⲉ ⲉϣϫⲉⲁⲧⲉⲧⲛ̅ⲕⲣⲓⲛⲉ ⲉⲁⲁⲧ ⲙ̅ⲡⲓⲥⲧⲏ ⲙ̅ⲡϫⲟⲉⲓⲥ. ⲁⲙⲏⲓ̈ⲧⲛ̅ ⲉϩⲟⲩⲛ ⲛ̅ⲧⲉⲧⲛ̅ϣⲱⲡⲉ ϩⲙ̅ⲡⲁⲏⲓ̈. ⲁⲩⲱ ⲁⲥⲥⲱⲕ ⲙ̅ⲙⲟⲛ ⲛ̅ϫⲛⲁϩ.
16 ၁၆ တစ်နေ့သ၌ကျွန်ုပ်တို့သည်ဆုတောင်းပတ္ထနာ ပြုရာအရပ်သို့သွားကြစဉ် ဗေဒင်ဟောနိုင် သောနတ်မိစ္ဆာပူးဝင်နေသူ၊ ငွေဝယ်ကျွန်မိန်းမ ငယ်တစ်ယောက်နှင့်တွေ့ဆုံ၏။ သူသည်ဤသို့ ဗေဒင်ဟောပြောခြင်းဖြင့် မိမိ၏သခင်ဖြစ် သူတို့အားကြေးငွေအမြောက်အမြား ရရှိစေ၏။-
ⲓ̅ⲋ̅ⲁⲥϣⲱⲡⲉ ⲇⲉ ⲉⲛⲁⲃⲱⲕ ⲉϣⲗⲏⲗ. ⲟⲩϣⲉⲉⲣⲉ ϣⲏⲙ ⲉⲣⲉⲟⲩⲡ̅ⲛ̅ⲁ̅ ⲛ̅ⲣⲉϥϣⲓⲛⲉ ϩⲓⲱⲱⲥ ⲁⲥⲧⲱⲙⲛ̅ⲧ ⲉⲣⲟⲛ. ⲧⲁⲓ̈ ⲉⲛⲉⲥϯ ⲛ̅ϩⲉⲛⲛⲟϭ ⲛ̅ϩⲟⲙⲛ̅ⲧ ⲛ̅ⲛⲉⲥϫⲓⲥⲟⲟⲩⲉ ⲉⲥϣⲓⲛⲉ.
17 ၁၇ ထိုကျွန်မသည်ပေါလုနှင့်ကျွန်ုပ်တို့နောက် သို့လိုက်လျက် ``ဤသူတို့ကားအမြင့်ဆုံး သောဘုရား၏အစေခံများဖြစ်၍ သင်တို့ အားကယ်တင်ခြင်းတရားကိုဟောပြော သူများတည်း'' ဟုဟစ်အော်လေ၏။-
ⲓ̅ⲍ̅ⲧⲁⲓ̈ ⲇⲉ ⲛⲉⲁⲥⲟⲩⲁϩⲥ̅ ⲛ̅ⲥⲁⲡⲁⲩⲗⲟⲥ ⲛⲙ̅ⲙⲁⲛ. ⲁⲥⲁϣⲕⲁⲕ ⲉⲃⲟⲗ ⲉⲥϫⲱ ⲙ̅ⲙⲟⲥ. ϫⲉ ⲛⲉⲓ̈ⲣⲱⲙⲉ ⲛ̅ϩⲙ̅ϩⲁⲗ ⲛⲉ ⲙ̅ⲡⲛⲟⲩⲧⲉ ⲉⲧϫⲟⲥⲉ. ⲉⲩⲧⲁϣⲉⲟⲉⲓϣ ⲛⲁⲛ ⲛ̅ⲧⲉϩⲓⲏ ⲙ̅ⲡⲟⲩϫⲁⲓ̈.
18 ၁၈ ထိုသူငယ်မသည်ဤသို့ရက်ပေါင်းများစွာ ဟစ်အော်လျက်နေသဖြင့် ပေါလုသည်လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်ရကား နောက်သို့လှည့် ၍ ``သင်သည်သူငယ်မအထဲမှထွက်သွားလော့။ ယေရှုခရစ်၏နာမတော်ကိုအမှီပြု၍ သင့် အားငါအမိန့်ပေး၏'' ဟုနတ်မိစ္ဆာအားဆို၏။ ထိုခဏ၌ပင်လျှင်နတ်မိစ္ဆာသည်ထွက်သွား ၏။-
ⲓ̅ⲏ̅ⲡⲁⲓ̈ ⲇⲉ ⲉⲛⲉⲥⲉⲓⲣⲉ ⲙ̅ⲙⲟϥ ⲡⲉ ⲛ̅ϩⲁϩ ⲛ̅ϩⲟⲟⲩ. ⲛ̅ⲧⲉⲣⲉϥϩⲟϫϩϫ̅ ⲇⲉ ⲛ̅ϭⲓⲡⲁⲩⲗⲟⲥ ⲁϥⲕⲧⲟϥ ⲡⲉϫⲁϥ ⲙ̅ⲡⲉⲡ̅ⲛ̅ⲁ̅. ϫⲉ ϯⲡⲁⲣⲁⲅⲅⲓⲗⲉ ⲛⲁⲕ ϩⲙ̅ⲡⲣⲁⲛ ⲛ̅ⲓ̅ⲥ̅ ⲡⲉⲭ̅ⲥ̅ ⲉⲧⲣⲉⲕⲉⲓ ⲉⲃⲟⲗ ⲛ̅ϩⲏⲧⲥ̅. ⲁⲩⲱ ⲛ̅ⲧⲉⲩⲛⲟⲩ ⲉⲧⲙ̅ⲙⲁⲩ ⲁϥⲉⲓ ⲉⲃⲟⲗ ⲛ̅ϩⲏⲧⲥ̅.
19 ၁၉ သူငယ်မ၏သခင်ဖြစ်သူတို့သည် မိမိတို့ ငွေဝင်ပေါက်ပိတ်သွားကြောင်းသိရှိကြသော အခါ ပေါလုနှင့်သိလတို့ကိုဖမ်းဆီး၍ အာဏာပိုင်များရှိရာမြို့တွင်းမြေကွက် လပ်သို့ဆွဲခေါ်သွားကြ၏။-
ⲓ̅ⲑ̅ⲛ̅ⲧⲉⲣⲟⲩⲛⲁⲩ ⲇⲉ ⲛ̅ϭⲓⲛⲉⲥϫⲓⲥⲟⲟⲩⲉ ϫⲉ ⲁⲥⲃⲱⲕ ⲛ̅ⲧⲟⲟⲧⲟⲩ ⲛ̅ϭⲓⲑⲉⲗⲡⲓⲥ ⲙ̅ⲡⲉⲩϩⲱⲃ. ⲁⲩⲁⲙⲁϩⲧⲉ ⲙ̅ⲡⲁⲩⲗⲟⲥ ⲙⲛ̅ⲥⲓⲗⲁⲥ ⲁⲩⲥⲱⲕ ⲙ̅ⲙⲟⲟⲩ ⲉⲧⲁⲅⲟⲣⲁ ⲛ̅ⲛⲁϩⲣⲛ̅ⲛⲁⲣⲭⲱⲛ
20 ၂၀ ရောမအရာရှိတို့၏ရှေ့သို့ရောက်သောအခါ ``ဤသူတို့သည်ယုဒအမျိုးသားများဖြစ် ပါသည်။ ကျွန်တော်တို့မြို့တွင်ဆူပူမှုဖြစ် အောင်ပြုလျက်နေကြပါသည်။-
ⲕ̅ⲁⲩⲱ ⲁⲩϫⲓⲧⲟⲩ ⲉⲣⲁⲧⲟⲩ ⲛ̅ⲛⲉⲥⲧⲣⲁⲧⲏⲅⲟⲥ ⲉⲩϫⲱ ⲙ̅ⲙⲟⲥ ϫⲉ ⲛⲉⲓ̈ⲣⲱⲙⲉ ϩⲉⲛⲓ̈ⲟⲩⲇⲁⲓ̈ ⲛⲉ. ⲥⲉϣⲧⲟⲣⲧⲣ̅ ⲛ̅ⲧⲉⲓ̈ⲡⲟⲗⲓⲥ.
21 ၂၁ ကျွန်တော်တို့တရားဥပဒေများနှင့် ဆန့်ကျင် သောထုံးတမ်းစဉ်လာများကိုသွန်သင်နေကြ ပါသည်။ ရောမအမျိုးသားများအနေဖြင့် ကျွန်ုပ်တို့သည် ထိုထုံးတမ်းစဉ်လာများကို လက်မခံနိုင်၊ မကျင့်သုံးနိုင်ပါ'' ဟုလျှောက် ထားကြ၏။-
ⲕ̅ⲁ̅ⲁⲩⲱ ⲥⲉⲧⲁϣⲉⲟⲓ̈ϣ ⲛ̅ϩⲉⲛⲥⲱⲛⲧ̅ ⲛ̅ⲥⲧⲟ ⲛⲁⲛ ⲁⲛ ⲉϫⲓⲧⲟⲩ ⲏ̅ ⲉⲁⲁⲩ ⲉⲁⲛⲟⲛ ϩⲉⲛϩⲣⲱⲙⲁⲓⲟⲥ.
22 ၂၂ လူပရိသတ်ကလည်း ပေါလုနှင့်သိလတို့ ကိုဝိုင်း၍စွပ်စွဲကြ၏။ အရာရှိတို့သည်ထိုသူနှစ်ဦး၏အဝတ်များကို ဆွဲဖြဲ၍ ကြိမ်ဒဏ်ပေးစေရန်အမိန့်ချမှတ်ကြ၏။-
ⲕ̅ⲃ̅ⲁⲡⲙⲏⲏϣⲉ ⲇⲉ ⲡⲱⲧ ⲉϩⲣⲁⲓ̈ ⲉϫⲱⲟⲩ. ⲁⲩⲱ ⲛⲉⲥⲧⲣⲁⲧⲏⲅⲟⲥ ⲁⲩⲡⲉϩⲛⲉⲩϩⲟⲓ̈ⲧⲉ. ⲁⲩⲱ ⲁⲩⲟⲩⲉϩⲥⲁϩⲛⲉ ⲉϩⲓⲟⲩⲉ ⲉⲣⲟⲟⲩ ⲛ̅ϩⲉⲛϭⲉⲣⲟⲟⲃ.
23 ၂၃ စစ်သားများသည်လည်းပေါလုနှင့်သိလတို့ကို ပြင်းထန်စွာကြိမ်ဒဏ်ပေးပြီးလျှင်ထောင်ချထား ကြ၏။ သူတို့အားလုံခြုံစွာချုပ်နှောင်ထားရန် အမိန့်အရ၊-
ⲕ̅ⲅ̅ⲁⲩⲱ ⲛ̅ⲧⲉⲣⲟⲩϫⲛⲁⲩϩⲁϩ ⲛ̅ⲥⲏϣⲉ ⲁⲩⲛⲟϫⲟⲩ ⲉⲡⲉϣⲧⲉⲕⲟ. ⲉⲁⲩⲡⲁⲣⲁⲅⲅⲓⲗⲉ ⲙ̅ⲡⲉⲧϩⲓϫⲙ̅ⲡⲉϣⲧⲉⲕⲟ ⲉϩⲁⲣⲉϩ ⲉⲣⲟⲟⲩ ϩⲛ̅ⲟⲩⲱⲣϫ̅.
24 ၂၄ ထောင်မှူးသည်သူတို့အားအလုံထောင်သို့သွင်း ပြီးလျှင် ခြေများကိုထိတ်ခတ်၍ထားလေ၏။
ⲕ̅ⲇ̅ⲛ̅ⲧⲟϥ ⲇⲉ ⲁϥϫⲓ ⲛ̅ⲟⲩⲡⲁⲣⲁⲅⲅⲉⲗⲓⲁ ⲛ̅ⲧⲉⲓ̈ⲙⲓⲛⲉ ⲁϥⲛⲟϫⲟⲩ ⲉⲡⲉϣⲧⲉⲕⲟ ⲉⲧϩⲓϩⲟⲩⲛ. ⲁⲩⲱ ⲛⲉⲩⲟⲩ(ⲉ)ⲣⲏⲧⲉ ⲁϥⲧⲁϫⲣⲟⲟⲩ ϩⲛ̅ⲟⲩϣⲉ.
25 ၂၅ သန်းခေါင်အချိန်ခန့်၌ပေါလုနှင့်သိလတို့သည် ပတ္ထနာပြုကာဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်းသီဆိုလျက်နေကြ၏။-
ⲕ̅ⲉ̅ϩⲛ̅ⲧⲡⲁϣⲉ ⲇⲉ ⲛ̅ⲧⲉⲩϣⲏ ⲡⲁⲩⲗⲟⲥ ⲙⲛ̅ⲥⲓⲗⲁⲥ ⲛⲉⲩϣⲗⲏⲗ ⲡⲉ. ⲁⲩⲱ ⲛⲉⲩⲥⲙⲟⲩ ⲉⲡⲛⲟⲩⲧⲉ. ⲛⲉⲩⲥⲱⲧⲙ̅ ⲇⲉ ⲉⲣⲟⲟⲩ ⲛ̅ϭⲓⲛⲉⲧⲙⲏⲣ.
26 ၂၆ ထိုအခါရုတ်တရက်မြေငလျင်ပြင်းစွာလှုပ် သဖြင့် အကျဉ်းထောင်၏အုတ်မြစ်သည်လှုပ်ရှား သွား၏။ ထောင်တံခါးရှိသမျှသည်ချက်ချင်း ပင်ပွင့်ထွက်သွားကုန်၏။ အကျဉ်းသားအပေါင်း တို့သည် သံကြိုးအနှောင်အဖွဲ့မှလွတ်မြောက် ကြကုန်၏။-
ⲕ̅ⲋ̅ⲁⲩⲱ ϩⲛ̅ⲟⲩϣⲥⲛⲉ ⲁⲩⲛⲟϭ ⲛ̅ⲕⲙ̅ⲧⲟ ϣⲱⲡⲉ. ϩⲱⲥⲧⲉ ⲛ̅ⲥⲉⲛⲟⲉⲓⲛ ⲛ̅ϭⲓⲛ̅ⲥⲛ̅ⲧⲉ ⲙ̅ⲡⲉϣⲧⲉⲕⲟ. ⲁⲛ̅ⲣⲟ ⲇⲉ ⲧⲏⲣⲟⲩ ⲟⲩⲱⲛ ⲛ̅ⲧⲉⲩⲛⲟⲩ. ⲁⲩⲱ ⲙ̅ⲙⲣ̅ⲣⲉ ⲛ̅ⲟⲩⲟⲛ ⲛⲓⲙ ⲁⲩⲃⲱⲗ ⲉⲃⲟⲗ.
27 ၂၇ ထောင်မှူးသည်အိပ်ရာမှနိုး၍ထောင်တံခါး များပွင့်လျက်နေသည်ကိုမြင်လျှင် အကျဉ်း သားများထွက်ပြေးကြပြီဟုထင်မှတ်သဖြင့် ဋ္ဌားကိုဆွဲထုတ်ပြီးလျှင်မိမိကိုယ်ကိုသတ် မည်ပြု၏။-
ⲕ̅ⲍ̅ⲁϥⲧⲱⲟⲩⲛ ⲇⲉ ⲛ̅ϭⲓⲡⲉⲧϩⲓϫⲙ̅ⲡⲉϣⲧⲉⲕⲟ. ⲁⲩⲱ ⲛ̅ⲧⲉⲣⲉϥⲛⲁⲩ ⲉⲛⲣⲟ ⲙ̅ⲡⲉϣⲧⲉⲕⲟ ⲉⲩⲟⲩⲏⲛ. ⲁϥⲧⲉⲕⲙⲧⲉϥⲥⲏϥⲉ ⲁϥⲉⲓ ⲉϥⲛⲁϩⲟⲧⲃⲉϥ ⲉϥⲙⲉⲉⲩⲉ ϫⲉ ⲁⲛⲉⲧⲙⲏⲣ ⲡⲱⲧ ⲉⲃⲟⲗ.
28 ၂၈ သို့ရာတွင်ပေါလုက ``သင်၏ကိုယ်ကိုအန္တရာယ် မပြုနှင့်။ ငါတို့အားလုံးဤနေရာတွင်ရှိနေ ကြသည်'' ဟုကျယ်စွာဟစ်အော်၍ပြော၏။
ⲕ̅ⲏ̅ⲡⲁⲩⲗⲟⲥ ⲇⲉ ⲁϥⲙⲟⲩⲧⲉ ⲉⲣⲟϥ ϩⲛ̅ⲟⲩⲛⲟϭ ⲛ̅ⲥⲙⲏ ⲉϥϫⲱ ⲙ̅ⲙⲟⲥ ϫⲉ ⲙ̅ⲡⲣ̅ⲣ̅ⲗⲁⲁⲩ ⲛⲁⲕ ⲙ̅ⲡⲉⲑⲟⲟⲩ. ⲧⲛ̅ⲙ̅ⲡⲉⲓ̈ⲙⲁ ⲅⲁⲣ ⲧⲏⲣⲛ̅.
29 ၂၉ ထောင်မှူးသည်မီးတိုင်ကိုတောင်းယူပြီးလျှင် ပြေးဝင်၍လာ၏။ သူသည်တုန်လှုပ်လျက် ပေါလုနှင့်သိလတို့၏ခြေရင်းတွင်ပျပ်ဝပ်၏။-
ⲕ̅ⲑ̅ⲁϥϫⲓ ⲇⲉ ⲛ̅ⲟⲩⲕⲱϩⲧ̅ ⲁϥⲡⲱⲧ ⲉϩⲟⲩⲛ ⲁⲩⲱ ⲁϥⲡⲁϩⲧϥ̅ ϩⲁⲣⲁⲧϥ̅ ⲙ̅ⲡⲁⲩⲗⲟⲥ ⲙⲛ̅ⲥⲓⲗⲁⲥ ⲉϥⲥⲧⲱⲧ.
30 ၃၀ ထိုနောက်သူတို့ကိုအပြင်သို့ခေါ်ဆောင်လာပြီး လျှင် ``အရှင်တို့၊ ကျွန်တော်သည်ကယ်တင်ခြင်း ခံရစေရန် အဘယ်သို့ပြုရပါမည်နည်း'' ဟု မေး၏။
ⲗ̅ⲁⲩⲱ ⲁϥⲛ̅ⲧⲟⲩ ⲉⲃⲟⲗ ⲡⲉϫⲁϥ ⲛⲁⲩ ϫⲉ ⲛⲁϫⲓⲥⲟⲟⲩⲉ. ⲟⲩ ⲡⲉⲧⲉϣϣⲉ ⲉⲣⲟⲓ̈ ⲉⲁⲁϥ ϫⲉ ⲉⲓ̈ⲉⲟⲩϫⲁⲓ̈.
31 ၃၁ သူတို့ကလည်း ``သခင်ယေရှုကိုယုံကြည် လော့။ သို့ယုံကြည်လျှင်သင်နှင့်တကွသင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းကို ခံရကြလိမ့်မည်'' ဟုဆိုပြီးနောက်၊-
ⲗ̅ⲁ̅ⲛ̅ⲧⲟⲟⲩ ϭⲉ ⲡⲉϫⲁⲩ ϫⲉ ⲡⲓⲥⲧⲉⲩⲉ ⲉⲡϫⲟⲉⲓⲥ ⲓ̅ⲥ̅ ⲡⲉⲭ̅ⲥ̅. ⲁⲩⲱ ⲕⲛⲁⲟⲩϫⲁⲓ̈ ⲛ̅ⲧⲟⲕ ⲁⲩⲱ ⲡⲉⲕⲏⲓ̈.
32 ၃၂ ထိုသူနှင့်တကွသူ၏အိမ်တွင်ရှိသောသူ အပေါင်းတို့အား သခင်ဘုရား၏နှုတ် ကပတ်တရားတော်ကိုဟောပြောကြ၏။-
ⲗ̅ⲃ̅ⲁⲩⲱ ⲁⲩϫⲱ ⲉⲣⲟϥ ⲙ̅ⲡϣⲁϫⲉ ⲙ̅ⲡϫⲟⲉⲓⲥ ⲙⲛ̅ⲟⲩⲟⲛ ⲛⲓⲙ ⲉⲧϩⲙ̅ⲡⲉϥⲏⲓ̈.
33 ၃၃ ထိုညအချိန်၌ပင်လျှင်ထောင်မှူးသည် ပေါလု နှင့်သိလတို့ကိုခေါ်၍ဒဏ်ချက်ရာများကို ဆေးကြောပေး၏။ ထိုနောက်ချက်ချင်းပင်သူနှင့် တကွအိမ်သူအိမ်သားအပေါင်းတို့သည် ဗတ္တိဇံ မင်္ဂလာခံယူကြ၏။-
ⲗ̅ⲅ̅ⲁϥϫⲓⲧⲟⲩ ⲇⲉ ⲙ̅ⲡⲛⲁⲩ ⲉⲧⲙ̅ⲙⲁⲩ ⲛ̅ⲧⲉⲩϣⲏ. ⲁϥϫⲟⲕⲙⲟⲩ ⲉⲃⲟⲗ ϩⲛ̅ⲛⲉⲩⲥⲏϣⲉ. ⲁⲩⲱ ⲛ̅ⲧⲉⲩⲛⲟⲩ ⲁϥϫⲓⲃⲁⲡⲧⲓⲥⲙⲁ ⲛ̅ⲧⲟϥ ⲙⲛ̅ⲛⲉⲧⲉⲛⲟⲩϥ ⲧⲏⲣⲟⲩ ⲛⲉ.
34 ၃၄ သူသည်ပေါလုနှင့်သိလတို့အားမိမိ၏အိမ် သို့ဖိတ်ခေါ်၍ စားဖွယ်သောက်ဖွယ်များကိုတည် ခင်းကျွေးမွေး၏။ သူနှင့်သူ၏အိမ်သားတို့သည် ဘုရားသခင်ကိုယုံကြည်လာကြသဖြင့်လွန် စွာရွှင်လန်းဝမ်းမြောက်ကြလေသည်။
ⲗ̅ⲇ̅ⲁϥϫⲓⲧⲟⲩ ⲇⲉ ⲉϩⲣⲁⲓ̈ ⲉⲡⲉϥⲏⲓ̈. ⲁϥⲕⲱ ϩⲁⲣⲱⲟⲩ ⲛ̅ⲟⲩⲧⲣⲁⲡⲉⲍⲁ ⲁⲩⲱ ⲛⲉϥⲧⲉⲗⲏⲗ ⲡⲉ ⲉⲁϥⲡⲓⲥⲧⲉⲩⲉ ⲉⲡϫⲟⲉⲓⲥ ⲙⲛ̅ⲡⲉϥⲏⲓ̈ ⲧⲏⲣϥ̅.
35 ၃၅ နောက်တစ်နေ့မိုးလင်းသောအခါအရာရှိ တို့သည် ထိုသူတို့ကိုထောင်မှလွှတ်လိုက်ရန် ရဲအရာရှိများကိုစေလွှတ်၍အမိန့်ဆင့် ဆိုစေကြ၏။-
ⲗ̅ⲉ̅ⲛ̅ⲧⲉⲣⲉϩⲧⲟⲟⲩⲉ ⲇⲉ ϣⲱⲡⲉ ⲁⲛⲉⲥⲧⲣⲁⲧⲏⲅⲟⲥ ϫⲟⲟⲩ ⲛ̅ϩⲉⲛϥⲁⲓ̈ϣⲃⲱⲧ ⲉⲩϫⲱ ⲙ̅ⲙⲟⲥ. ϫⲉ ⲕⲁⲛⲉⲓ̈ⲣⲱⲙⲉ ⲉⲃⲟⲗ.
36 ၃၆ သို့ဖြစ်၍ထောင်မှူးသည်ပေါလုအား ``အရာရှိ တို့ကအရှင်တို့အားထောင်မှလွှတ်လိုက်ရန် အမိန့်ပေးပါ၏။ ထိုကြောင့်စိတ်အေးချမ်းစွာ အရှင်တို့သွားကြပါ'' ဟုဆို၏။
ⲗ̅ⲋ̅ⲁⲩⲱ ⲁⲡⲉⲧϩⲓϫⲙ̅ⲡⲉϣⲧⲉⲕⲟ ⲧⲁⲙⲉⲡⲁⲩⲗⲟⲥ ⲉⲛⲉⲓ̈ϣⲁϫⲉ. ϫⲉ ⲁⲛⲉⲥⲧⲣⲁⲧⲏⲅⲟⲥ ⲧⲁⲩⲟⲟⲩ ⲉⲕⲁⲧⲏⲩⲧⲛ̅ ⲉⲃⲟⲗ. ⲧⲉ(ⲛⲟⲩ) ϭⲉ ⲁⲙⲏⲓ̈ⲧⲛ̅ ⲃⲱⲕ ϩⲛ̅ⲟⲩⲉⲓⲣⲏⲛⲏ.
37 ၃၇ သို့ရာတွင်ပေါလုက ``ရောမနိုင်ငံသားများ ဖြစ်သောငါတို့အားစစ်ကြောစီရင်ခြင်းမ ပြုဘဲ ငါတို့ကိုလူပရိသတ်ရှေ့တွင်ရိုက်နှက် ၍အကျဉ်းချထားခဲ့ကြ၏။ ယခုငါတို့ကို တိတ်တဆိတ်လွှတ်လိုကြပါသလော။ ထိုသို့ မပြုသင့်။ သူတို့ကိုယ်တိုင်လာ၍ငါတို့ကို ထောင်မှထုတ်ကြပါစေ'' ဟုရဲအရာရှိ တို့အားပြော၏။
ⲗ̅ⲍ̅ⲡⲁⲩⲗⲟⲥ ⲇⲉ ⲡⲉϫⲁϥ ⲛⲁⲩ ϫⲉ ⲁⲩϩⲓⲟⲩⲉ ⲉⲣⲟⲛ ⲇⲏⲙⲟⲥⲓⲁ. ⲉⲁⲛⲟⲛ ϩⲉⲛⲣⲱⲙⲉ ⲛ̅ϩⲣⲱⲙⲁⲓⲟⲥ ⲉⲙⲛ̅ⲛⲟⲃⲉ ⲉⲣⲟⲛ ⲁⲩⲛⲟϫⲛ̅ ⲉⲡⲉϣⲧⲉⲕⲟ. ⲧⲉⲛⲟⲩ ϭⲉ ⲥⲉⲛⲟⲩϫⲉ ⲙ̅ⲙⲟⲛ ⲉⲃⲟⲗ ⲛ̅ϫⲓⲟⲩⲉ ⲙ̅ⲙⲟⲛ. ⲁⲗⲗⲁ ⲙⲁⲣⲟⲩⲉⲓ ⲛ̅ⲧⲟⲟⲩ ⲛ̅ⲥⲉⲛ̅ⲧⲛ̅ ⲉⲃⲟⲗ.
38 ၃၈ ရဲအရာရှိတို့သည်လည်းဤအကြောင်းကို အရာရှိတို့အားပြန်လည်လျှောက်ထားကြ ၏။ ပေါလုနှင့်သိလတို့သည်ရောမနိုင်ငံသား များဖြစ်ကြောင်းကို အရာရှိတို့ကြားသော အခါကြောက်လန့်ကြ၏။-
ⲗ̅ⲏ̅ⲁⲛⲁⲛⲟⲩⲣ̅ϣⲉ ⲇⲉ ⲧⲁⲙⲉⲛⲉⲥⲧⲣⲁⲧⲏⲅⲟⲥ ⲉⲛⲉⲓ̈ϣⲁϫⲉ. ⲁⲩⲱ ⲁⲩⲣ̅ϩⲟⲧⲉ ⲛ̅ⲧⲉⲣⲟⲩⲥⲱⲧⲙ̅ ϫⲉ ϩⲉⲛϩⲣⲱⲙⲁⲓⲟⲥ ⲛⲉ.
39 ၃၉ သို့ဖြစ်၍သူတို့သည်လာ၍ပေါလုနှင့်သိလ တို့အားဖျောင်းဖျပြောဆိုကြ၏။ ထိုနောက်သူ တို့ကိုထောင်မှထုတ်ပြီးလျှင် ထိုမြို့မှထွက်ခွာ သွားရန်တောင်းပန်ကြ၏။-
ⲗ̅ⲑ̅ⲁⲩⲉⲓ ⲇⲉ ⲁⲩⲡⲁⲣⲁⲕⲁⲗⲉⲓ ⲙ̅ⲙⲟⲟⲩ. ⲁⲩⲱ ⲛ̅ⲧⲉⲣⲟⲩⲛ̅ⲧⲟⲩ ⲉⲃⲟⲗ. ⲁⲩⲥⲉⲡⲥⲱⲡⲟⲩ ⲉⲃⲱⲕ ⲉⲃⲟⲗ ϩⲛ̅ⲧⲡⲟⲗⲓⲥ.
40 ၄၀ သို့ဖြစ်၍သူတို့သည်အကျဉ်းထောင်မှထွက်ခွာ ၍ လုဒိ၏အိမ်သို့သွားကြ၏။ ထိုနောက်ယုံကြည် သူတို့နှင့်တွေ့ဆုံကာအားပေးစကားပြော ကြားပြီးလျှင် ထိုမြို့မှထွက်ခွာသွားကြလေ သည်။
ⲙ̅ⲛ̅ⲧⲉⲣⲟⲩⲉⲓ ⲇⲉ ⲉⲃⲟⲗ ϩⲙ̅ⲡⲉϣⲧⲉⲕⲟ ⲁⲩⲃⲱⲕ ⲉϩⲟⲩⲛ ϣⲁⲗⲩⲇⲓⲁ. ⲁⲩⲱ ⲛ̅ⲧⲉⲣⲟⲩⲛⲁⲩ ⲉⲛⲉⲥⲛⲏⲩ ⲁⲩⲥⲉⲡⲥⲱⲡⲟⲩ ⲁⲩⲉⲓ ⲉⲃⲟⲗ.