< တမန်တော်ဝတ္ထု 14 >
1 ၁ ဣကောနိမြို့တွင်လည်းပေါလုနှင့်ဗာနဗ သည် ယုဒအမျိုးသားတို့၏တရားဇရပ်သို့ ဝင်၍ဟောပြောသွန်သင်ကြရာ ယုဒအမျိုး သားနှင့်လူမျိုးခြားအမြောက်အမြားသည် ယုံကြည်ကြ၏။-
In Iconium, they entered together into the synagogue of the Jews, and so spoke that a great multitude both of Jews and of Greeks believed.
2 ၂ သို့သော်မယုံကြည်သည့်ယုဒအမျိုးသား များသည် လူမျိုးခြားတို့အားညီအစ်ကိုတို့ ကိုမနာလိုစိတ်ရှိစေရန်ဆွပေးကြ၏။-
But the disbelieving Jews stirred up and embittered the souls of the Gentiles against the brothers.
3 ၃ တမန်တော်တို့သည်ထိုအရပ်တွင်ကြာမြင့်စွာ နေထိုင်လျက် သခင်ဘုရား၏အကြောင်းကို ရဲရင့်စွာဟောပြောကြ၏။ ကိုယ်တော်သည်ထို သူတို့ဟောပြောသည့်ကျေးဇူးတော်ဆိုင်ရာ တရားမှန်ကန်ကြောင်းသက်သေပြရန် သူတို့ အားအံ့သြဖွယ်ရာများနှင့်နိမိတ်လက္ခဏာ များပြနိုင်သောတန်ခိုးကိုပေးတော်မူ၏။-
Therefore they stayed there a long time, speaking boldly in the Lord, who testified to the word of his grace, granting signs and wonders to be done by their hands.
4 ၄ မြို့သူမြို့သားတို့သည်နှစ်စုကွဲကြ၏။ တစ်စု ကယုဒအမျိုးသားတို့ဘက်သို့ပါ၍ အခြား တစ်စုကတမန်တော်တို့ဘက်သို့ပါကြ၏။
But the multitude of the city was divided. Part sided with the Jews and part with the apostles.
5 ၅ ယုဒအမျိုးသားနှင့်လူမျိုးခြားအချို့တို့ သည် တမန်တော်တို့ကိုညှဉ်းဆဲရန်နှင့်ခဲဖြင့် ပေါက်ရန် မိမိတို့ခေါင်းဆောင်များနှင့်ကြံစည် အားထုတ်ကြ၏။-
When some of both the Gentiles and the Jews, with their rulers, made a violent attempt to mistreat and stone them,
6 ၆ ထိုအကြောင်းကိုတမန်တော်တို့ကြားသိ ကြသောအခါ လုကောနိပြည်ရှိလုတ္တရမြို့၊ ဒေရဗေမြို့နှင့်အနီးရှိဒေသသို့ထွက်ပြေး ၍၊-
they became aware of it and fled to the cities of Lycaonia, Lystra, Derbe, and the surrounding region.
7 ၇ သတင်းကောင်းကိုဟောပြောကြ၏။
There they preached the Good News.
8 ၈ လုတ္တရမြို့တွင်အဘယ်အခါကမျှလမ်းမ လျှောက်နိုင်ခဲ့သူ၊ မွေးစကပင်ခြေမစွမ်းမသန် ခဲ့သူလူတစ်ယောက်ရှိ၏။-
At Lystra a certain man sat, impotent in his feet, a cripple from his mother’s womb, who never had walked.
9 ၉ သူသည်ပေါလုဟောပြောသည်ကိုနားထောင် လျက်နေ၏။ ပေါလုသည်သူ့အားစိုက်ကြည့် လိုက်သောအခါ ရောဂါပျောက်ကင်းစေနိုင် လောက်အောင်သူ့မှာယုံကြည်မှုရှိကြောင်း ကိုသိမြင်လျှင်၊-
He was listening to Paul speaking, who, fastening eyes on him and seeing that he had faith to be made whole,
10 ၁၀ ``ထ၍မတ်မတ်ရပ်လော့'' ဟုထိုသူအား အသံကျယ်စွာဆို၏။ ထိုအခါသူသည် ခုန်၍ထပြီးလျှင်လမ်းလျှောက်လေ၏။-
said with a loud voice, “Stand upright on your feet!” He leaped up and walked.
11 ၁၁ လူပရိသတ်တို့သည်ပေါလုပြုသောအမှု အရာကိုမြင်လျှင် ``နတ်ဘုရားတို့သည်လူ့ အသွင်ကိုဆောင်၍ ငါတို့ထံသို့သက်ဆင်း လာလေပြီ'' ဟုမိမိတို့လုကောနိဘာသာ စကားဖြင့်ကြွေးကြော်ကြ၏။-
When the multitude saw what Paul had done, they lifted up their voice, saying in the language of Lycaonia, “The gods have come down to us in the likeness of men!”
12 ၁၂ သူတို့သည်ဗာနဗအားဇုသဟုခေါ်ကြ၏။ ခေါင်းဆောင်၍ဟောပြောသူဖြစ်သောကြောင့် ပေါလု အားဟေရမေဟုခေါ်ကြ၏။-
They called Barnabas “Jupiter”, and Paul “Mercury”, because he was the chief speaker.
13 ၁၃ ဇုသနတ်ဘုရား၏ဗိမာန်သည်မြို့အပြင်တွင် ရှိရာ ထိုနတ်ဘုရား၏ယဇ်ပုရောဟိတ်သည် နွား လားများနှင့်ပန်းကုံးများကိုမြို့တံခါးဝသို့ ယူဆောင်လာ၏။ သူနှင့်တကွလူပရိသတ်တို့ သည် တမန်တော်တို့အားယဇ်ပူဇော်ပသလို ကြ၏။
The priest of Jupiter, whose temple was in front of their city, brought oxen and garlands to the gates, and would have made a sacrifice along with the multitudes.
14 ၁၄ ထိုသို့ပူဇော်ပသမည့်အကြောင်းကိုဗာနဗ နှင့်ပေါလုတို့ကြားကြသောအခါ မိမိတို့၏ အဝတ်များကိုဆုတ်ဖြဲ၍လူတို့ထံသို့ပြေး သွားပြီးလျှင်၊-
But when the apostles, Barnabas and Paul, heard of it, they tore their clothes and sprang into the multitude, crying out,
15 ၁၅ အချင်းလူတို့၊ သင်တို့သည်အဘယ်ကြောင့်ဤ သို့ပြုကြသနည်း။ ငါတို့သည်လည်းသင်တို့ကဲ့ သို့ပင်လူသာမန်များသာဖြစ်ကြ၏။ သင်တို့ သည်ဤသို့အကျိုးမရှိသည့်အမှုအရာများ ကိုစွန့်ပစ်၍ အသက်ရှင်တော်မူသောဘုရား သခင်အားဆည်းကပ်ကြစေရန် ငါတို့သည် သင်တို့အားသတင်းကောင်းကိုကြေညာရန် ရောက်ရှိလာကြ၏။ အသက်ရှင်တော်မူသော ဘုရားသခင်သည်မိုးမြေကိုလည်းကောင်း ပင်လယ်နှင့်အရပ်ခပ်သိမ်းတွင်ရှိလေသမျှ သောအရာတို့ကိုလည်းကောင်းဖန်ဆင်းတော် မူ၏။-
“Men, why are you doing these things? We also are men of the same nature as you, and bring you good news, that you should turn from these vain things to the living God, who made the sky, the earth, the sea, and all that is in them;
16 ၁၆ လွန်ခဲ့သောခေတ်ကာလများကကိုယ်တော် သည်လူမျိုးတကာတို့အား မိမိတို့အလို ဆန္ဒရှိသည်အတိုင်းပြုကျင့်ခွင့်ကိုပေးတော် မူခဲ့၏။-
who in the generations gone by allowed all the nations to walk in their own ways.
17 ၁၇ သို့ရာတွင်ကိုယ်တော်ရှိတော်မူကြောင်းသက် သေခံအထောက်အထားများဖြင့် လူတို့အား အစဉ်ပင်ပြသတော်မူ၏။ ကိုယ်တော်သည် ကောင်းကင်မှမိုးကိုရွာစေလျက်အချိန်တန် လျှင် သီးနှံများကိုဖြစ်ပွားစေတော်မူ၏။ သင် တို့အားအစာအာဟာရကျွေးမွေး၍စိတ် ရွှင်လန်းဝမ်းမြောက်စေတော်မူ၏'' ဟုကြွေး ကြော်လေသည်။-
Yet he did not leave himself without witness, in that he did good and gave you rains from the sky and fruitful seasons, filling our hearts with food and gladness.”
18 ၁၈ ဤသို့တမန်တော်တို့ကြွေးကြော်ကြသော် လည်း လူတို့ယဇ်ပူဇော်ရန်ကြိုးစားမှုကိုမူ ဆီးတား၍မရချေ။
Even saying these things, they hardly stopped the multitudes from making a sacrifice to them.
19 ၁၉ သို့ရာတွင်ယုဒအမျိုးသားအချို့သည်အန္တိ အုတ်မြို့နှင့်ဣကောနိမြို့တို့မှရောက်လာကြ ပြီးလျှင် လူပရိသတ်တို့ကိုမိမိတို့ဘက်သို့ ပါအောင်ဆွဲဆောင်ကြ၏။ ထိုနောက်ပေါလုကို ခဲဖြင့်ပေါက်၍ သေလုပြီဟုထင်သဖြင့်မြို့ ပြင်သို့ဆွဲထုတ်သွားကြ၏။-
But some Jews from Antioch and Iconium came there, and having persuaded the multitudes, they stoned Paul and dragged him out of the city, supposing that he was dead.
20 ၂၀ သို့သော်မိမိ၏ပတ်လည်တွင်တပည့်တော်တို့ ရောက်လာကြသောအခါ ပေါလုသည်ထ၍မြို့ ထဲသို့ဝင်လေ၏။ နောက်တစ်နေ့၌ပေါလုနှင့် ဗာနဗသည်ဒေရဗေမြို့သို့ထွက်ခွာသွား ကြ၏။
But as the disciples stood around him, he rose up, and entered into the city. On the next day he went out with Barnabas to Derbe.
21 ၂၁ ပေါလုနှင့်ဗာနဗတို့သည်ဒေရဗေမြို့တွင် သတင်းကောင်းကိုဟောပြောကြေညာသဖြင့် လူအမြောက်အမြားတပည့်တော်များဖြစ် လာကြ၏။ ထိုနောက်လုတ္တရမြို့၊ ဣကောနိ မြို့နှင့်ပိသိဒိပြည်အန္တိအုတ်မြို့သို့ပြန် ကြ၏။-
When they had preached the Good News to that city and had made many disciples, they returned to Lystra, Iconium, and Antioch,
22 ၂၂ ``ငါတို့သည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရန် ဒုက္ခဆင်းရဲများစွာခံရကြလိမ့်မည်'' ဟုဟောပြောသွန်သင်ကာတပည့်တော်တို့ အားကြံ့ခိုင်စေကြ၏။ သူတို့၏ယုံကြည်ခြင်း ခိုင်မြဲစေရန်အားပေးနှိုးဆော်ကြ၏။-
strengthening the souls of the disciples, exhorting them to continue in the faith, and that through many afflictions we must enter into God’s Kingdom.
23 ၂၃ ပေါလုနှင့်ဗာနဗတို့သည်အသင်းတော်တိုင်း ၌ အသင်းတော်လူကြီးများကိုခန့်ထားကြ၏။ ထိုနောက်ဆုတောင်းပတ္ထနာပြု၍အစာရှောင် ပြီးလျှင် အသင်းတော်ဝင်တို့ယုံကြည်ကြ သည့်သခင်ဘုရား၏လက်တော်သို့ထိုသူ တို့ကိုအပ်ကြ၏။-
When they had appointed elders for them in every assembly, and had prayed with fasting, they commended them to the Lord on whom they had believed.
24 ၂၄ ပေါလုနှင့်ဗာနဗသည်ဝိသိဒိပြည်ကိုဖြတ် သွားပြီးနောက် ပံဖုလိပြည်သို့ရောက်ကြ၏။-
They passed through Pisidia and came to Pamphylia.
25 ၂၅ သူတို့သည်ပေရဂေမြို့တွင်တရားတော်ကို ဟောပြောကြ၏။ ထိုနောက်အတ္တလိမြို့သို့ သွားပြီးလျှင်၊-
When they had spoken the word in Perga, they went down to Attalia.
26 ၂၆ အန္တိအုတ်မြို့သို့သင်္ဘောလွှင့်ကြ၏။ ထိုမြို့ကား ယခုမိမိတို့ဆောင်ရွက်ပြီးစီးသွားသည့် အမှုတော်အတွက် ဘုရားသခင်၏ကျေးဇူး တော်သို့အပ်နှံ၍စေလွှတ်သောမြို့ပင်ဖြစ် သတည်း။
From there they sailed to Antioch, from where they had been committed to the grace of God for the work which they had fulfilled.
27 ၂၇ အန္တိအုတ်မြို့သို့ရောက်သောအခါ သူတို့သည် အသင်းတော်ဝင်တို့ကိုစုရုံးစေလျက် မိမိ တို့အားဖြင့်ဘုရားသခင်ပြုတော်မူခဲ့သမျှ သောအမှုအရာတို့ကိုလည်းကောင်း၊ လူမျိုး ခြားတို့ယုံကြည်လာစေရန်ကိုယ်တော်လမ်း ဖွင့်ပေးတော်မူကြောင်းကိုလည်းကောင်းပြန် ကြားကြ၏။-
When they had arrived and had gathered the assembly together, they reported all the things that God had done with them, and that he had opened a door of faith to the nations.
28 ၂၈ ထိုနောက်သူတို့သည်တပည့်တော်တို့နှင့် အတူကြာမြင့်စွာနေထိုင်ကြ၏။
They stayed there with the disciples for a long time.