< တမန်တော်ဝတ္ထု 12 >
1 ၁ ထိုအချိန်ကာလ၌ဟေရုဒ်ဘုရင်သည် အသင်း တော်ဝင်အချို့တို့ကိုနှိပ်စက်ညှဉ်းပန်းရန်ကြံစည် အားထုတ်လေ၏။-
その頃ヘロデ王、教會のうちの或 人どもを苦しめんとて手を下し、
2 ၂ သူသည်ယောဟန်၏ညီအစ်ကိုယာကုပ်ကိုဋ္ဌား ဖြင့်ကွပ်မျက်စေ၏။-
劍をもてヨハネの兄弟ヤコブを殺せり。
3 ၃ ထိုအမှုကိုယုဒအမျိုးသားတို့နှစ်သက်ကြ သဖြင့် သူသည်ပေတရုကိုလည်းဖမ်းဆီး၏။ (ထိုအချိန်ကားတဆေးမဲ့မုန့်ပွဲတော်အခါ ဖြစ်၏။)-
この事ユダヤ人の心に適ひたるを見て、またペテロをも捕ふ、頃は除酵祭の時なりき。
4 ၄ ဟေရုဒ်သည်ပေတရုကိုဖမ်းဆီးပြီးနောက် စစ် သားလေးယောက်စီပါသောတပ်စုငယ်လေးစု လက်သို့အပ်ကာအကျဉ်းချထား၏။ ပသခါ ပွဲလွန်သောအခါ သူ့ကိုယုဒအမျိုးသား တို့ရှေ့တွင်စစ်ဆေး၍ဒဏ်စီရင်ရန်အကြံ ရှိ၏။-
すでに執りて獄に入れ、過越の後に民のまへに曳き出さんとの心構にて、四人 一組なる四組の兵卒に付して之を守らせたり。
5 ၅ သို့ဖြစ်၍ပေတရုသည်ထောင်ထဲမှာအကျဉ်း ချထားခြင်းကိုခံရ၏။ သို့သော်အသင်းတော် ဝင်အပေါင်းတို့သည်ပေတရု၏အတွက် စိတ် အားထက်သန်စွာဘုရားသခင်ထံဆုတောင်း ပတ္ထနာပြုလျက်နေကြ၏။
かくてペテロは獄のなかに因はれ、教會は熱心に彼のために神に祈をなせり。
6 ၆ ဟေရုဒ်မင်းသည်ပေတရုကိုလူတို့ရှေ့သို့ ခေါ်ထုတ်စစ်ဆေးမည့်နေ့မရောက်မီည၌ ပေတရုသည်စစ်သားနှစ်ယောက်၏ကြားတွင် အိပ်ပျော်လျက်နေ၏။ သူ့ကိုသံကြိုးနှစ်ချောင်း ဖြင့်ချည်နှောင်ထား၏။ ထောင်တံခါးရှေ့တွင်လည်း အစောင့်တပ်သားများသည်စောင့်ကြပ်လျက် ရှိကြ၏။-
ヘロデこれを曳き出さんとする其の前の夜、ペテロは二つの鏈にて繋がれ、二人の兵卒のあひだに睡り、番兵らは門口にゐて獄を守りたるに、
7 ၇ ထာဝရဘုရား၏ကောင်းကင်တမန်သည် ပေတရုအနီးတွင်ရုတ်တရက်ပေါ်လာ၍ အချုပ်ခန်းသည်ထွန်းလင်းလျက်နေ၏။ ကောင်း ကင်တမန်သည်ပေတရု၏ပခုံးကိုပုတ်၍ ``မြန်မြန်ထလော့'' ဟုဆိုကာနှိုး၏။ ထိုအခါ သံကြိုးတို့သည်ပေတရု၏လက်မှကျွတ် ကျ၏။-
視よ、主の使ペテロの傍らに立ちて、光明 室内にかがやく。御使かれの脇をたたき、覺していふ『疾く起きよ』かくて鏈その手より落ちたり。
8 ၈ ကောင်းကင်တမန်က ``သင်၏ခါးပန်းကိုစည်း၍ ဖိနပ်ကိုစီးလော့'' ဟုဆို၏။ ပေတရုသည်ထို သို့ဆိုသည့်အတိုင်းပြု၏။ ထိုနောက်ကောင်းကင် တမန်က ``ဝတ်လုံကိုခြုံ၍ငါ့နောက်သို့လိုက် လော့'' ဟုဆို၏။-
御使いふ『帶をしめ、鞋をはけ』彼その如く爲たれば、又いふ『上衣をまとひて我に從へ』
9 ၉ ပေတရုသည်အချုပ်ခန်းမှထွက်၍ ကောင်းကင် တမန်၏နောက်သို့လိုက်လေ၏။ သူသည်ကောင်းကင် တမန်ပြုသောအမှုကိုတကယ်အဖြစ်အပျက် ဟူ၍မသိ။ ဗျာဒိတ်ရူပါရုံကိုမြင်လျက်နေသည် ဟူ၍သာထင်မှတ်၏။-
ペテロ出でて隨ひしが、御使のする事の眞なるを知らず、幻影を見るならんと思ふ。
10 ၁၀ သူတို့သည်ကင်းနှစ်တန်ကိုကျော်လွန်သွားပြီး လျှင် ထောင်အထွက်သံတံခါးသို့ရောက်ကြ၏။ ထိုတံခါးသည်အလိုအလျောက်ပွင့်သဖြင့် သူတို့သည်ထွက်၍လမ်းအတိုင်းလိုက်သွား ကြ၏။ ထိုနောက်ကောင်းကင်တမန်သည်ရုတ် တရက်ပေတရုထံမှထွက်ခွာသွားလေ၏။
かくて第一・第二の警固を過ぎて町に入るところの鐵の門に到れば、門おのづから彼 等のために開け、相 共にいでて一つの街を過ぎしとき、直ちに御使はなれたり。
11 ၁၁ ပေတရုသည်ပြန်၍သတိရလာသောအခါ ``သခင်ဘုရားသည်မိမိ၏ကောင်းကင်တမန် ကိုစေလွှတ်၍ ငါ့ကိုဟေရုဒ်၏လက်မှလည်း ကောင်း၊ ယုဒအမျိုးသားတို့ငါ့အားသက်ရောက် စေရန် မျှော်လင့်သမျှသောဘေးမှလည်းကောင်း ကယ်ဆယ်တော်မူသည်ကိုယခုငါသိပြီ'' ဟု ဆို၏။
ペテロ我に反りて言ふ『われ今まことに知る、主その使を遣して、ヘロデの手およびユダヤの民の凡て思ひ設けし事より、我を救ひ出し給ひしを』
12 ၁၂ ဤသို့သိရှိလာသောအခါ သူသည်ယောဟန် မာကု၏အမိမာရိ၏အိမ်သို့သွား၏။ ထို အိမ်တွင်လူအမြောက်အမြားစုဝေး၍ဆု တောင်းပတ္ထနာပြုလျက်နေကြ၏။-
斯く悟りてマルコと稱ふるヨハネの母マリヤの家に往きしが、其處には數多のもの集りて祈りゐたり。
13 ၁၃ ပေတရုသည်အိမ်တံခါးကြီးရှိတံခါးငယ် ကိုခေါက်လျှင် ရောဒေနာမည်ရှိသူအစေခံမ ကလေးသည်တံခါးဖွင့်ရန်လာ၏။-
ペテロ門の戸を叩きたれば、ロダといふ婢女ききに出できたり、
14 ၁၄ သူသည်ပေတရု၏အသံကိုမှတ်မိသဖြင့် လွန်စွာဝမ်းမြောက်ရကား တံခါးကိုမဖွင့်ဘဲ အိမ်ထဲသို့ပြေးဝင်ကာတံခါးဝသို့ပေတရု ရောက်နေကြောင်းကိုလူတို့အားပြော၏။-
ペテロの聲なるを知りて、勸喜のあまりに門を開けずして走り入り、ペテロの門の前に立てることを告げたれば、
15 ၁၅ ထိုသူတို့က ``သင်ရူးလေပြီ'' ဟုဆို၏။ သို့ သော်အစေခံမကလေးကမိမိပြောသည့် အတိုင်း အမှန်ပင်ဖြစ်ကြောင်းပြောနေသဖြင့် သူတို့က ``ထိုသူသည်ပေတရု၏ကိုယ်စောင့် ကောင်းကင်တမန်ဖြစ်တန်ရာ၏'' ဟုဆိုကြ၏။
彼ら『なんぢは氣 狂へり』と言ふ。然れどロダは夫なりと言張る。かれら言ふ『それはペテロの御使ならん』
16 ၁၆ ပေတရုသည်တံခါးကိုခေါက်မြဲခေါက်လျက် နေသော် သူတို့သည်တံခါးဖွင့်လိုက်သောအခါ ပေတရုကိုမြင်သဖြင့်အံ့သြကြ၏။-
然るにペテロなほ叩きて止まざれば、かれら門をひらき之を見て驚けり。
17 ၁၇ ပေတရုကဆိတ်ဆိတ်နေကြရန်လက်ရိပ်ပြ ပြီးလျှင် မိမိအားသခင်ဘုရားသည်အဘယ် သို့ထောင်ထဲမှထုတ်ဆောင်လာကြောင်းကိုပြော ပြလေ၏။ ထိုနောက် ``ဤအကြောင်းကိုယာကုပ် နှင့်အခြားညီအစ်ကိုတို့အားပြောပြကြပါ'' ဟုမှာကြားပြီးလျှင်အခြားအရပ်သို့ထွက် ခွာသွား၏။
かれ手を搖かして人々を鎭め、主の己を獄より導きいだし給ひしことを具に語り『これをヤコブと兄弟たちとに告げよ』と言ひて他の處に出で往けり。
18 ၁၈ မိုးလင်းသောအခါ ``ပေတရုအဘယ်မှာ နည်း'' ဟုဆို၍ အစောင့်စစ်သားတို့သည်လွန် စွာကြောက်လန့်တုန်လှုပ်ကြ၏။-
夜明になりて、ペテロは如何にせしとて兵卒の中の騷 一方ならず。
19 ၁၉ ဟေရုဒ်မင်းသည်ပေတရုကိုရှာစေရာမတွေ့ သဖြင့် အစောင့်စစ်သားတို့အားစစ်ဆေးမေး မြန်း၍ သေဒဏ်ပေးရန်အမိန့်ချမှတ်လိုက်လေ သည်။ ထိုနောက်ဟေရုဒ်မင်းသည် ယုဒပြည်မှထွက်ခွာ ၍ ကဲသရိမြို့တွင်ကာလအနည်းငယ်စံနေ တော်မူ၏။
ヘロデ之を索むれど見出さず、遂に守卒を訊して死罪を命じ、而してユダヤよりカイザリヤに下りて留れり。
20 ၂၀ ဟေရုဒ်မင်းသည်တုရုမြို့သားများနှင့် ဇိဒုန် မြို့သားတို့အပေါ်တွင်များစွာအမျက်ထွက် သဖြင့် ထိုမြို့သားတို့သည်စုရုံးလျက်မင်း ကြီးထံသို့လာရောက်ကြ၏။ ဦးစွာပထမ နန်းတော်အုပ် ဗလတ္တု၏အကူအညီကိုရယူ ကြ၏။ ထို့နောက်ဟေရုဒ်မင်းထံသို့ဝင်၍ငြိမ်း ချမ်းရေးအတွက် စကားကမ်းလှမ်းကြ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏ပြည်သည် ဟေရုဒ်မင်း၏ပြည်ကိုမှီခိုစားသောက်ရ သောကြောင့်ဖြစ်၏။
偖ヘロデ、ツロとシドンとの人々を甚く怒りたれば、其の民ども心を一つにして彼の許にいたり、王の内侍の臣ブラストに取 入りて和諧を求む。かれらの地方は王の國より食品を得るに因りてなり。
21 ၂၁ ဟေရုဒ်မင်းသည်ချိန်းချက်ထားသည့်နေ့၌ မင်း မြောက်တန်ဆာများကိုဝတ်ဆင်ပြီးလျှင် ရာဇ ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူလျက် လူတို့ အားမိန့်ခွန်းမြွက်ကြားတော်မူ၏။-
ヘロデ定めたる日に及びて王の服を著け高座に坐して言を宣べたれば、
22 ၂၂ ထိုသူတို့က ``ဤအသံသည်လူ၏အသံ မဟုတ်။ ဘုရားသခင်၏အသံဖြစ်၏'' ဟု ကြွေးကြော်ကြ၏။-
集民よばはりて『これ神の聲なり、人の聲にあらず』と言ふ。
23 ၂၃ ထိုအခါမင်းကြီးသည်ဘုရားသခင်၏ ဂုဏ်တော်ကိုမထောက်သည့်အတွက် ချက်ချင်း ပင်ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကိုဒဏ်ခတ်သဖြင့် သန်ထိုး၍ကွယ်လွန် တော်မူလေသည်။
ヘロデ神に榮光を歸せぬに因りて、主の使たちどころに彼を撃ちたれば、蟲に噛まれて息 絶えたり。
24 ၂၄ ဘုရားသခင်၏နှုတ်ကပတ်တရားတော်မူ ကားပျံ့နှံ့၍ ယုံကြည်သူအရေအတွက် တိုးပွားလျက်နေ၏။
かくて主の御言いよいよ増々ひろまる。
25 ၂၅ ဗာနဗနှင့်ရှောလုတို့သည် မိမိတို့ဆောင်ရွက် ရန်ရှိသည့်အမှုကိစ္စများကိုဆောင်ရွက်ကြ ပြီးနောက် ယောဟန်မာကုကိုခေါ်၍ယေရု ရှလင်မြို့မှပြန်ခဲ့ကြ၏။
バルナバ、サウロはその職務を果し、マルコと稱ふるヨハネを伴ひてエルサレムより歸れり。