< တမန်တော်ဝတ္ထု 12 >

1 ထို​အ​ချိန်​ကာ​လ​၌​ဟေ​ရုဒ်​ဘု​ရင်​သည် အ​သင်း တော်​ဝင်​အ​ချို့​တို့​ကို​နှိပ်​စက်​ညှဉ်း​ပန်း​ရန်​ကြံ​စည် အား​ထုတ်​လေ​၏။-
Κατ᾿ ἐκεῖνον δὲ τὸν καιρὸν ἐπέβαλεν Ἡρῴδης ὁ βασιλεὺς τὰς χεῖρας κακῶσαί τινας τῶν ἀπὸ τῆς ἐκκλησίας.
2 သူ​သည်​ယော​ဟန်​၏​ညီ​အစ်​ကို​ယာ​ကုပ်​ကို​ဋ္ဌား ဖြင့်​ကွပ်​မျက်​စေ​၏။-
Ἀνεῖλε δὲ Ἰάκωβον τὸν ἀδελφὸν Ἰωάννου μαχαίρᾳ.
3 ထို​အ​မှု​ကို​ယု​ဒ​အ​မျိုး​သား​တို့​နှစ်​သက်​ကြ သ​ဖြင့် သူ​သည်​ပေ​တ​ရု​ကို​လည်း​ဖမ်း​ဆီး​၏။ (ထို​အ​ချိန်​ကား​တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​အ​ခါ ဖြစ်​၏။)-
Καὶ ἰδὼν ὅτι ἀρεστόν ἐστι τοῖς Ἰουδαίοις, προσέθετο συλλαβεῖν καὶ Πέτρον — ἦσαν δὲ ἡμέραι τῶν ἀζύμων —
4 ဟေ​ရုဒ်​သည်​ပေ​တ​ရု​ကို​ဖမ်း​ဆီး​ပြီး​နောက် စစ် သား​လေး​ယောက်​စီ​ပါ​သော​တပ်​စု​ငယ်​လေး​စု လက်​သို့​အပ်​ကာ​အ​ကျဉ်း​ချ​ထား​၏။ ပ​သ​ခါ ပွဲ​လွန်​သော​အ​ခါ သူ့​ကို​ယု​ဒ​အ​မျိုး​သား တို့​ရှေ့​တွင်​စစ်​ဆေး​၍​ဒဏ်​စီ​ရင်​ရန်​အ​ကြံ ရှိ​၏။-
ὃν καὶ πιάσας ἔθετο εἰς φυλακήν, παραδοὺς τέσσαρσι τετραδίοις στρατιωτῶν φυλάσσειν αὐτόν, βουλόμενος μετὰ τὸ Πάσχα ἀναγαγεῖν αὐτὸν τῷ λαῷ.
5 သို့​ဖြစ်​၍​ပေ​တ​ရု​သည်​ထောင်​ထဲ​မှာ​အ​ကျဉ်း ချ​ထား​ခြင်း​ကို​ခံ​ရ​၏။ သို့​သော်​အ​သင်း​တော် ဝင်​အ​ပေါင်း​တို့​သည်​ပေ​တ​ရု​၏​အ​တွက် စိတ် အား​ထက်​သန်​စွာ​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။
Ὁ μὲν οὖν Πέτρος ἐτηρεῖτο ἐν τῇ φυλακῇ· προσευχὴ δὲ ἦν ἐκτενὴς γινομένη ὑπὸ τῆς ἐκκλησίας πρὸς τὸν Θεὸν ὑπὲρ αὐτοῦ.
6 ဟေ​ရုဒ်​မင်း​သည်​ပေ​တ​ရု​ကို​လူ​တို့​ရှေ့​သို့ ခေါ်​ထုတ်​စစ်​ဆေး​မည့်​နေ့​မ​ရောက်​မီ​ည​၌ ပေ​တ​ရု​သည်​စစ်​သား​နှစ်​ယောက်​၏​ကြား​တွင် အိပ်​ပျော်​လျက်​နေ​၏။ သူ့​ကို​သံ​ကြိုး​နှစ်​ချောင်း ဖြင့်​ချည်​နှောင်​ထား​၏။ ထောင်​တံ​ခါး​ရှေ့​တွင်​လည်း အ​စောင့်​တပ်​သား​များ​သည်​စောင့်​ကြပ်​လျက် ရှိ​ကြ​၏။-
Ὅτε δὲ ἔμελλεν αὐτὸν προάγειν ὁ Ἡρῴδης, τῇ νυκτὶ ἐκείνῃ ἦν ὁ Πέτρος κοιμώμενος μεταξὺ δύο στρατιωτῶν, δεδεμένος ἁλύσεσι δυσί· φύλακές τε πρὸ τῆς θύρας ἐτήρουν τὴν φυλακήν.
7 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ပေ​တ​ရု​အ​နီး​တွင်​ရုတ်​တ​ရက်​ပေါ်​လာ​၍ အ​ချုပ်​ခန်း​သည်​ထွန်း​လင်း​လျက်​နေ​၏။ ကောင်း ကင်​တ​မန်​သည်​ပေ​တ​ရု​၏​ပ​ခုံး​ကို​ပုတ်​၍ ``မြန်​မြန်​ထ​လော့'' ဟု​ဆို​ကာ​နှိုး​၏။ ထို​အ​ခါ သံ​ကြိုး​တို့​သည်​ပေ​တ​ရု​၏​လက်​မှ​ကျွတ် ကျ​၏။-
Καὶ ἰδού, ἄγγελος Κυρίου ἐπέστη, καὶ φῶς ἔλαμψεν ἐν τῷ οἰκήματι· πατάξας δὲ τὴν πλευρὰν τοῦ Πέτρου, ἤγειρεν αὐτὸν λέγων, Ἀνάστα ἐν τάχει. Καὶ ἐξέπεσον αὐτοῦ αἱ ἁλύσεις ἐκ τῶν χειρῶν.
8 ကောင်း​ကင်​တ​မန်​က ``သင်​၏​ခါး​ပန်း​ကို​စည်း​၍ ဖိ​နပ်​ကို​စီး​လော့'' ဟု​ဆို​၏။ ပေ​တ​ရု​သည်​ထို သို့​ဆို​သည့်​အ​တိုင်း​ပြု​၏။ ထို​နောက်​ကောင်း​ကင် တ​မန်​က ``ဝတ်​လုံ​ကို​ခြုံ​၍​ငါ့​နောက်​သို့​လိုက် လော့'' ဟု​ဆို​၏။-
Εἶπέ τε ὁ ἄγγελος πρὸς αὐτόν, Περίζωσαι καὶ ὑπόδησαι τὰ σανδάλιά σου. Ἐποίησε δὲ οὕτω. Καὶ λέγει αὐτῷ, Περιβαλοῦ τὸ ἱμάτιόν σου, καὶ ἀκολούθει μοι.
9 ပေ​တ​ရု​သည်​အ​ချုပ်​ခန်း​မှ​ထွက်​၍ ကောင်း​ကင် တ​မန်​၏​နောက်​သို့​လိုက်​လေ​၏။ သူ​သည်​ကောင်း​ကင် တ​မန်​ပြု​သော​အ​မှု​ကို​တ​ကယ်​အ​ဖြစ်​အ​ပျက် ဟူ​၍​မ​သိ။ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​လျက်​နေ​သည် ဟူ​၍​သာ​ထင်​မှတ်​၏။-
Καὶ ἐξελθὼν ἠκολούθει αὐτῷ· καὶ οὐκ ᾔδει ὅτι ἀληθές ἐστι τὸ γινόμενον διὰ τοῦ ἀγγέλου, ἐδόκει δὲ ὅραμα βλέπειν.
10 ၁၀ သူ​တို့​သည်​ကင်း​နှစ်​တန်​ကို​ကျော်​လွန်​သွား​ပြီး လျှင် ထောင်​အ​ထွက်​သံ​တံ​ခါး​သို့​ရောက်​ကြ​၏။ ထို​တံ​ခါး​သည်​အ​လို​အ​လျောက်​ပွင့်​သ​ဖြင့် သူ​တို့​သည်​ထွက်​၍​လမ်း​အ​တိုင်း​လိုက်​သွား ကြ​၏။ ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ရုတ် တ​ရက်​ပေ​တ​ရု​ထံ​မှ​ထွက်​ခွာ​သွား​လေ​၏။
Διελθόντες δὲ πρώτην φυλακὴν καὶ δευτέραν, ἦλθον ἐπὶ τὴν πύλην τὴν σιδηρᾶν, τὴν φέρουσαν εἰς τὴν πόλιν, ἥτις αὐτομάτη ἠνοίχθη αὐτοῖς· καὶ ἐξελθόντες προῆλθον ῥύμην μίαν, καὶ εὐθέως ἀπέστη ὁ ἄγγελος ἀπ᾿ αὐτοῦ.
11 ၁၁ ပေ​တ​ရု​သည်​ပြန်​၍​သ​တိ​ရ​လာ​သော​အ​ခါ ``သ​ခင်​ဘု​ရား​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် ကို​စေ​လွှတ်​၍ ငါ့​ကို​ဟေ​ရုဒ်​၏​လက်​မှ​လည်း ကောင်း၊ ယု​ဒ​အ​မျိုး​သား​တို့​ငါ့​အား​သက်​ရောက် စေ​ရန် မျှော်​လင့်​သ​မျှ​သော​ဘေး​မှ​လည်း​ကောင်း ကယ်​ဆယ်​တော်​မူ​သည်​ကို​ယ​ခု​ငါ​သိ​ပြီ'' ဟု ဆို​၏။
Καὶ ὁ Πέτρος, γενόμενος ἐν ἑαυτῷ, εἶπε, Νῦν οἶδα ἀληθῶς ὅτι ἐξαπέστειλε Κύριος τὸν ἄγγελον αὐτοῦ, καὶ ἐξείλετό με ἐκ χειρὸς Ἡρῴδου καὶ πάσης τῆς προσδοκίας τοῦ λαοῦ τῶν Ἰουδαίων.
12 ၁၂ ဤ​သို့​သိ​ရှိ​လာ​သော​အ​ခါ သူ​သည်​ယော​ဟန် မာ​ကု​၏​အ​မိ​မာ​ရိ​၏​အိမ်​သို့​သွား​၏။ ထို အိမ်​တွင်​လူ​အ​မြောက်​အ​မြား​စု​ဝေး​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။-
Συνιδών τε ἦλθεν ἐπὶ τὴν οἰκίαν Μαρίας τῆς μητρὸς Ἰωάννου τοῦ ἐπικαλουμένου Μάρκου, οὗ ἦσαν ἱκανοὶ συνηθροισμένοι καὶ προσευχόμενοι.
13 ၁၃ ပေ​တ​ရု​သည်​အိမ်​တံ​ခါး​ကြီး​ရှိ​တံ​ခါး​ငယ် ကို​ခေါက်​လျှင် ရော​ဒေ​နာ​မည်​ရှိ​သူ​အ​စေ​ခံ​မ က​လေး​သည်​တံ​ခါး​ဖွင့်​ရန်​လာ​၏။-
Κρούσαντος δὲ τοῦ Πέτρου τὴν θύραν τοῦ πυλῶνος, προσῆλθε παιδίσκη ὑπακοῦσαι, ὀνόματι Ῥόδη.
14 ၁၄ သူ​သည်​ပေ​တ​ရု​၏​အ​သံ​ကို​မှတ်​မိ​သ​ဖြင့် လွန်​စွာ​ဝမ်း​မြောက်​ရ​ကား တံ​ခါး​ကို​မ​ဖွင့်​ဘဲ အိမ်​ထဲ​သို့​ပြေး​ဝင်​ကာ​တံ​ခါး​ဝ​သို့​ပေ​တ​ရု ရောက်​နေ​ကြောင်း​ကို​လူ​တို့​အား​ပြော​၏။-
Καὶ ἐπιγνοῦσα τὴν φωνὴν τοῦ Πέτρου, ἀπὸ τῆς χαρᾶς οὐκ ἤνοιξε τὸν πυλῶνα, εἰσδραμοῦσα δὲ ἀπήγγειλεν ἑστάναι τὸν Πέτρον πρὸ τοῦ πυλῶνος.
15 ၁၅ ထို​သူ​တို့​က ``သင်​ရူး​လေ​ပြီ'' ဟု​ဆို​၏။ သို့ သော်​အ​စေ​ခံ​မ​က​လေး​က​မိ​မိ​ပြော​သည့် အ​တိုင်း အ​မှန်​ပင်​ဖြစ်​ကြောင်း​ပြော​နေ​သ​ဖြင့် သူ​တို့​က ``ထို​သူ​သည်​ပေ​တ​ရု​၏​ကိုယ်​စောင့် ကောင်း​ကင်​တ​မန်​ဖြစ်​တန်​ရာ​၏'' ဟု​ဆို​ကြ​၏။
Οἱ δὲ πρὸς αὐτὴν εἶπον, Μαίνῃ. Ἡ δὲ διϊσχυρίζετο οὕτως ἔχειν. Οἱ δ᾿ ἔλεγον, Ὁ ἄγγελος αὐτοῦ ἐστιν.
16 ၁၆ ပေ​တ​ရု​သည်​တံ​ခါး​ကို​ခေါက်​မြဲ​ခေါက်​လျက် နေ​သော် သူ​တို့​သည်​တံ​ခါး​ဖွင့်​လိုက်​သော​အ​ခါ ပေ​တ​ရု​ကို​မြင်​သ​ဖြင့်​အံ့​သြ​ကြ​၏။-
Ὁ δὲ Πέτρος ἐπέμενε κρούων· ἀνοίξαντες δὲ εἶδον αὐτόν, καὶ ἐξέστησαν.
17 ၁၇ ပေ​တ​ရု​က​ဆိတ်​ဆိတ်​နေ​ကြ​ရန်​လက်​ရိပ်​ပြ ပြီး​လျှင် မိ​မိ​အား​သ​ခင်​ဘု​ရား​သည်​အ​ဘယ် သို့​ထောင်​ထဲ​မှ​ထုတ်​ဆောင်​လာ​ကြောင်း​ကို​ပြော ပြ​လေ​၏။ ထို​နောက် ``ဤ​အ​ကြောင်း​ကို​ယာ​ကုပ် နှင့်​အ​ခြား​ညီ​အစ်​ကို​တို့​အား​ပြော​ပြ​ကြ​ပါ'' ဟု​မှာ​ကြား​ပြီး​လျှင်​အ​ခြား​အ​ရပ်​သို့​ထွက် ခွာ​သွား​၏။
Κατασείσας δὲ αὐτοῖς τῇ χειρὶ σιγᾷν, διηγήσατο αὐτοῖς πῶς ὁ Κύριος αὐτὸν ἐξήγαγεν ἐκ τῆς φυλακῆς. Εἶπε δέ, Ἀπαγγείλατε Ἰακώβῳ καὶ τοῖς ἀδελφοῖς ταῦτα. Καὶ ἐξελθὼν ἐπορεύθη εἰς ἕτερον τόπον.
18 ၁၈ မိုး​လင်း​သော​အ​ခါ ``ပေ​တ​ရု​အ​ဘယ်​မှာ နည်း'' ဟု​ဆို​၍ အ​စောင့်​စစ်​သား​တို့​သည်​လွန် စွာ​ကြောက်​လန့်​တုန်​လှုပ်​ကြ​၏။-
Γενομένης δὲ ἡμέρας, ἦν τάραχος οὐκ ὀλίγος ἐν τοῖς στρατιώταις, τί ἄρα ὁ Πέτρος ἐγένετο.
19 ၁၉ ဟေ​ရုဒ်​မင်း​သည်​ပေ​တ​ရု​ကို​ရှာ​စေ​ရာ​မ​တွေ့ သ​ဖြင့် အ​စောင့်​စစ်​သား​တို့​အား​စစ်​ဆေး​မေး မြန်း​၍ သေ​ဒဏ်​ပေး​ရန်​အ​မိန့်​ချ​မှတ်​လိုက်​လေ သည်။ ထို​နောက်​ဟေ​ရုဒ်​မင်း​သည် ယု​ဒ​ပြည်​မှ​ထွက်​ခွာ ၍ ကဲ​သ​ရိ​မြို့​တွင်​ကာ​လ​အ​နည်း​ငယ်​စံ​နေ တော်​မူ​၏။
Ἡρῴδης δὲ ἐπιζητήσας αὐτὸν καὶ μὴ εὑρών, ἀνακρίνας τοὺς φύλακας, ἐκέλευσεν ἀπαχθῆναι. Καὶ κατελθὼν ἀπὸ τῆς Ἰουδαίας εἰς τὴν Καισάρειαν διέτριβεν.
20 ၂၀ ဟေ​ရုဒ်​မင်း​သည်​တု​ရု​မြို့​သား​များ​နှင့် ဇိ​ဒုန် မြို့​သား​တို့​အ​ပေါ်​တွင်​များ​စွာ​အ​မျက်​ထွက် သ​ဖြင့် ထို​မြို့​သား​တို့​သည်​စု​ရုံး​လျက်​မင်း ကြီး​ထံ​သို့​လာ​ရောက်​ကြ​၏။ ဦး​စွာ​ပ​ထ​မ နန်း​တော်​အုပ် ဗ​လတ္တု​၏​အ​ကူ​အ​ညီ​ကို​ရ​ယူ ကြ​၏။ ထို့​နောက်​ဟေ​ရုဒ်​မင်း​ထံ​သို့​ဝင်​၍​ငြိမ်း ချမ်း​ရေး​အ​တွက် စ​ကား​ကမ်း​လှမ်း​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​ပြည်​သည် ဟေ​ရုဒ်​မင်း​၏​ပြည်​ကို​မှီ​ခို​စား​သောက်​ရ သော​ကြောင့်​ဖြစ်​၏။
Ἦν δὲ ὁ Ἡρῴδης θυμομαχῶν Τυρίοις καὶ Σιδωνίοις· ὁμοθυμαδὸν δὲ παρῆσαν πρὸς αὐτόν, καὶ πείσαντες Βλάστον τὸν ἐπὶ τοῦ κοιτῶνος τοῦ βασιλέως, ᾐτοῦντο εἰρήνην, διὰ τὸ τρέφεσθαι αὐτῶν τὴν χώραν ἀπὸ τῆς βασιλικῆς.
21 ၂၁ ဟေ​ရုဒ်​မင်း​သည်​ချိန်း​ချက်​ထား​သည့်​နေ့​၌ မင်း မြောက်​တန်​ဆာ​များ​ကို​ဝတ်​ဆင်​ပြီး​လျှင် ရာ​ဇ ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​လျက် လူ​တို့ အား​မိန့်​ခွန်း​မြွက်​ကြား​တော်​မူ​၏။-
Τακτῇ δὲ ἡμέρᾳ ὁ Ἡρῴδης ἐνδυσάμενος ἐσθῆτα βασιλικήν, καὶ καθίσας ἐπὶ τοῦ βήματος, ἐδημηγόρει πρὸς αὐτούς.
22 ၂၂ ထို​သူ​တို့​က ``ဤ​အ​သံ​သည်​လူ​၏​အ​သံ မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​အ​သံ​ဖြစ်​၏'' ဟု ကြွေး​ကြော်​ကြ​၏။-
Ὁ δὲ δῆμος ἐπεφώνει, Θεοῦ φωνὴ καὶ οὐκ ἀνθρώπου.
23 ၂၃ ထို​အ​ခါ​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​မ​ထောက်​သည့်​အ​တွက် ချက်​ချင်း ပင်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ့​ကို​ဒဏ်​ခတ်​သ​ဖြင့် သန်​ထိုး​၍​ကွယ်​လွန် တော်​မူ​လေ​သည်။
Παραχρῆμα δὲ ἐπάταξεν αὐτὸν ἄγγελος Κυρίου, ἀνθ᾿ ὧν οὐκ ἔδωκε τὴν δόξαν τῷ Θεῷ· καὶ γενόμενος σκωληκόβρωτος, ἐξέψυξεν.
24 ၂၄ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​မူ ကား​ပျံ့​နှံ့​၍ ယုံ​ကြည်​သူ​အ​ရေ​အ​တွက် တိုး​ပွား​လျက်​နေ​၏။
Ὁ δὲ λόγος τοῦ Θεοῦ ηὔξανε καὶ ἐπληθύνετο.
25 ၂၅ ဗာ​န​ဗ​နှင့်​ရှော​လု​တို့​သည် မိ​မိ​တို့​ဆောင်​ရွက် ရန်​ရှိ​သည့်​အ​မှု​ကိစ္စ​များ​ကို​ဆောင်​ရွက်​ကြ ပြီး​နောက် ယော​ဟန်​မာ​ကု​ကို​ခေါ်​၍​ယေ​ရု ရှ​လင်​မြို့​မှ​ပြန်​ခဲ့​ကြ​၏။
Βαρνάβας δὲ καὶ Σαῦλος ὑπέστρεψαν ἐξ Ἱερουσαλήμ, πληρώσαντες τὴν διακονίαν, συμπαραλαβόντες καὶ Ἰωάννην τὸν ἐπικληθέντα Μάρκον.

< တမန်တော်ဝတ္ထု 12 >