< တမန်တော်ဝတ္ထု 1 >
1 ၁ အို သော်ဖိလု၊ သခင်ယေရှုသည်အမှုတော်ကိုစတင်ဆောင်ရွက် သည့်နေ့မှအစပြု၍ ကောင်းကင်ဘုံသို့ဆောင် ယူခြင်းကိုခံတော်မူသည့်နေ့တိုင်အောင် ပြုမူ သွန်သင်တော်မူသမျှတို့ကိုကျွန်ုပ်၏ပထမ စာစောင်တွင်ရေးသားဖော်ပြခဲ့ပါပြီ။ ကိုယ် တော်သည်ကောင်းကင်ဘုံသို့ဆောင်ယူခြင်း ကိုခံတော်မမူမီ ရွေးကောက်ထားတော် မူသောတမန်တော်တို့အား သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့်ညွှန်ကြား တော်မူ၏။-
The former book I wrote, Theophilus, told all that Jesus began to do and to teach,
until the day that he was taken up, after he had given commands through the Holy Spirit to the apostles he had chosen.
3 ၃ ကိုယ်တော်သည်အသေခံတော်မူပြီးနောက် အရက်လေးဆယ်အတွင်းတမန်တော်တို့ အားအကြိမ်ပေါင်းများစွာကိုယ်ထင်ပြ၍ မိမိအသက်ရှင်လျက်ရှိတော်မူကြောင်း ခိုင်လုံသောအထောက်အထားများကိုပေး တော်မူ၏။ တမန်တော်တို့သည်ကိုယ်တော် ကိုတွေ့မြင်ရကြ၏။ ကိုယ်တော်သည်လည်း သူတို့အားဘုရားသခင်၏နိုင်ငံတော် အကြောင်းကိုဟောပြောသွန်သင်တော်မူ၏။-
After his suffering, he presented himself alive to them with many convincing proofs. For forty days he appeared to them, and he spoke about the kingdom of God.
4 ၄ သူတို့သည်စုရုံးလာကြသောအခါကိုယ်တော် က``ယေရုရှလင်မြို့မှထွက်ခွာ၍မသွားကြ နှင့်။ ခမည်းတော်ကတိထားတော်မူသည့်ဆု ကျေးဇူးကိုစောင့်မျှော်လျက်နေကြလော့။ ထို ဆုကျေးဇူးအကြောင်းကိုယခင်ကသင်တို့ အားငါဖော်ပြခဲ့၏။-
When he was meeting together with them, he commanded them not to leave Jerusalem, but to wait for the promise of the Father, about which, he said, “You heard from me
5 ၅ ယောဟန်သည်ရေဖြင့်ဗတ္တိဇံကိုပေး၏။ သို့ရာ တွင်သင်တို့မူကားရက်အနည်းငယ်အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ဗတ္တိဇံကိုခံယူကြ ရလတ္တံ့'' ဟုမိန့်တော်မူ၏။
that John indeed baptized with water, but you shall be baptized in the Holy Spirit in a few days.”
6 ၆ တမန်တော်တို့သည်စုဝေးမိကြသောအခါ ကိုယ်တော်အား``သခင်ဘုရား၊ ဤအချိန်ကား ဣသရေလအမျိုးသားတို့အား မိမိတို့၏ နိုင်ငံကိုကိုယ်တော်ရှင်ပြန်လည်ပေးအပ်မည့် အချိန်ဖြစ်ပါသလော'' ဟုမေးလျှောက်ကြ၏။
When they were assembled together they asked him, “Lord, is this the time you will restore the kingdom to Israel?”
7 ၇ ကိုယ်တော်က``ခမည်းတော်၏တန်ခိုးအာဏာ အားဖြင့် စီရင်ပြဋ္ဌာန်းထားသည့်အချိန်အခါ ကိုသင်တို့သိပိုင်ခွင့်မရှိ။-
He said to them, “It is not for you to know the times or the seasons which the Father has determined by his own authority.
8 ၈ သို့ရာတွင်သင်တို့အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သောအခါ၌ သင်တို့ သည်တန်ခိုးကိုခံယူရရှိကြလိမ့်မည်။ ထို အခါသင်တို့သည်ယေရုရှလင်မြို့၊ ယုဒ ပြည်တစ်ပြည်လုံးနှင့်ရှမာရိပြည်မှစ၍ ကမ္ဘာမြေကြီးအစွန်အဖျားတိုင်အောင် ငါ ၏အကြောင်းကိုသက်သေခံသူများဖြစ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
But you will receive power, when the Holy Spirit comes upon you, and you will be my witnesses both in Jerusalem and in all Judea and Samaria, and to the ends of the earth.”
9 ၉ ဤသို့မိန့်တော်မူပြီးနောက်တမန်တော်တို့ ကြည့်လျက်နေကြစဉ် ကိုယ်တော်သည်ကောင်းကင် ဘုံသို့ဆောင်ယူခြင်းကိုခံတော်မူ၏။ ထိုနောက် မိုးတိမ်သည်ကိုယ်တော်ကိုဖုံးကွယ်လေ၏။
When the Lord Jesus had said these things, as they were looking up, he was raised up, and a cloud hid him from their eyes.
10 ၁၀ ဤသို့ကိုယ်တော်တက်ကြွတော်မူစဉ်တမန်တော် တို့သည် မိုးကောင်းကင်သို့အာရုံစိုက်၍ကြည့်နေ ကြ၏။ ထိုအခါဝတ်ဖြူစင်ကြယ်နှင့်လူနှစ်ယောက် သည်ရုတ်တရက်သူတို့အနီးတွင်ပေါ်လာလေ၏။-
While they were looking intensely to heaven as he went, suddenly, two men stood by them in white clothing.
11 ၁၁ ထိုသူတို့က ``ဂါလိလဲပြည်သားတို့၊ သင်တို့ သည်အဘယ်ကြောင့်ရပ်၍မိုးကောင်းကင်သို့ မျှော်ကြည့်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်ဘုံသို့ယူဆောင်ခြင်းကိုခံတော် မူသောသခင်ယေရှုသည် အဘယ်သို့ ကောင်းကင်ဘုံသို့တက်ကြွတော်မူသည်ကို သင်တို့မြင်ရကြ၏။ ဤနည်းအတိုင်းပင်ထို အရှင်သည်ပြန်လည်ကြွလာတော်မူလတ္တံ့'' ဟုဆိုကြ၏။
They said, “You men of Galilee, why do you stand here looking into heaven? This Jesus who has been taken up from you into heaven, will return in the same manner as you saw him going into heaven.”
12 ၁၂ ထိုနောက်တမန်တော်တို့သည်သံလွင်နာမည် တွင်သောတောင်မှ ယေရုရှလင်မြို့သို့ပြန်ကြ၏။ သံလွင်တောင်သည်ယေရုရှလင်မြို့နှင့်ခရီး မိုင်ဝက်ခန့်ဝေး၏။-
Then they returned to Jerusalem from the Mount of Olives, which is near to Jerusalem, a Sabbath day's journey.
13 ၁၃ သူတို့သည်မြို့ထဲသို့ဝင်၍ မိမိတို့တည်းခိုရာ အိမ်အထက်ခန်းသို့သွားကြ၏။ ထိုသူတို့ကား ပေတရု၊ ယောဟန်၊ ယာကုပ်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်နှင့်ယာကုပ်၏ သားယုဒတို့ဖြစ်၏။-
When they arrived, they went up into the upper chamber, where they were staying. They were Peter, John, James, Andrew, Philip, Thomas, Bartholomew, Matthew, James son of Alphaeus, Simon the Zealot, and Judas son of James.
14 ၁၄ သူတို့သည်သခင်ယေရှုနှင့်မယ်တော်ဖြစ်သူ မာရိအပါအဝင်အမျိုးသမီးအချို့တို့ နှင့်လည်းကောင်း၊ ကိုယ်တော်၏ညီတော်များနှင့် လည်းကောင်း မကြာခဏတွေ့ဆုံ၍ဆုတောင်း ပတ္ထနာပြုလျက်နေကြ၏။
They were all united as one, as they diligently continued in prayer. Included were the women, Mary the mother of Jesus, and his brothers.
15 ၁၅ ရက်အနည်းငယ်ကြာသောအခါတစ်ရာ့နှစ်ဆယ် ခန့်သောတပည့်တော်ညီအစ်ကိုတို့သည်စုဝေး လျက်ရှိကြ၏။ ထိုအချိန်၌ပေတရုသည်ထ၍၊-
In those days Peter stood up in the midst of the brothers, about 120 people, and said,
16 ၁၆ ``ညီအစ်ကိုတို့၊ သခင်ယေရှုကိုဖမ်းဆီးသူတို့ ၏လမ်းပြဖြစ်သူ ယုဒရှကာရုတ်ကိုရည်မှတ်၍ ကျမ်းစာတော်တွင်ဖော်ပြပါရှိသည်အတိုင်းဖြစ် ပျက်ရမည်သာတည်း။ ဤကျမ်းချက်ကိုသန့်ရှင်း သောဝိညာဉ်တော်သည်ဒါဝိဒ်မင်းနှုတ်အားဖြင့် ဟောကြားခဲ့၏။-
“Brothers, it was necessary that the scripture should be fulfilled, that the Holy Spirit spoke before by the mouth of David concerning Judas, who guided the ones who arrested Jesus.
17 ၁၇ ယုဒသည်အမှုတော်ဆောင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရသူဖြစ်၍ ငါတို့လူစုတွင် အပါအဝင်ဖြစ်ခဲ့၏။''
For he was one of us and received his share of the benefits of this ministry.”
18 ၁၈ (သူသည်မိမိဆိုးညစ်ယုတ်မာမှုကြောင့်ရရှိ သည့်ငွေဖြင့်လယ်တစ်ကွက်ကိုဝယ်ပြီးနောက် ထိုလယ်မြေပေါ်တွင်လဲကျသေဆုံးလေသည်။ သူ၏ဝမ်းဗိုက်သည်ပေါက်၍အူများထွက်လာ၏။-
(Now this man bought a field with the earnings he received for his wickedness, and there he fell headfirst, and his body burst open, and all his intestines poured out.
19 ၁၉ ယေရုရှလင်မြို့နေလူအပေါင်းတို့သည် ဤ အဖြစ်အပျက်အကြောင်းကိုကြားသိကြ၏။ သို့ဖြစ်၍ထိုလယ်ကိုမိမိတို့ဘာသာစကား ဖြင့် ``အကေလဒမ'' ဟုခေါ်ဆိုကြ၏။ အကေလ ဒမ၏အနက်ကား``သွေးလယ်'' ဟူ၏။)
All those living in Jerusalem heard about this, so they called that field in their language “Akeldama,” that is, “Field of Blood.”)
20 ၂၀ ဆာလံကျမ်းတွင်၊ `သူ၏နေအိမ်သည်လူသူဆိတ်ညံရာဖြစ်ပါစေ၊ ထိုအိမ်တွင်အဘယ်သူမျှမနေပါစေနှင့်။ ထိုသူ၏ရာထူးကိုလည်းအခြားသူတစ်ဦးယူပါစေ' ဟူ၍ရေးသားပါရှိ၏။
“For it is written in the Book of Psalms, 'Let his field be made desolate, and do not let even one person live there'; 'Let someone else take his position of leadership.'
21 ၂၁ ``ထို့ကြောင့်သခင်ယေရှုအား ဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူကြောင်းကို ငါတို့ နှင့်အတူသက်သေခံရန်လူတစ်ယောက်ကို ရွေးချယ်ရကြမည်။ ထိုသူသည်ယောဟန်၏ ဗတ္တိဇံကိုသခင်ဘုရားခံတော်မူချိန်မှစ ၍ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူချိန်အထိ ငါတို့နှင့်အတူသွားလာနေထိုင် ခဲ့သူတစ်ဦးဖြစ်ရမည်'' ဟုဆို၏။
It is necessary, therefore, that one of the men who accompanied us all the time the Lord Jesus went in and out among us,
beginning from the baptism of John to the day that he was taken up from us, must be a witness with us of his resurrection.”
23 ၂၃ သို့ဖြစ်၍တပည့်တော်တို့သည် လူနှစ်ယောက်မှ တစ်ယောက်ကိုရွေးကောက်ရန်အဆိုပြုကြ၏။ ထိုသူနှစ်ယောက်ကားဗာရှဗ (ခေါ်) ယုတ္တုနာမည် သစ်ကိုရသူယောသပ်နှင့်မဿိတို့ဖြစ်၏။-
They put forward two men, Joseph called Barsabbas, who was also named Justus, and Matthias.
24 ၂၄ ထိုနောက်တပည့်တော်တို့သည်``အို သခင်ဘုရား၊ ကိုယ်တော်ရှင်သည်လူအပေါင်းတို့၏စိတ်နှလုံး ကိုသိတော်မူပါ၏။ ယုဒသည်မိမိနှင့်ထိုက်ရာ အရပ်သို့လားရအံ့သောငှာ တမန်တော်ရာထူး ကိုစွန့်လွှတ်၍သွားပါပြီ။ ထိုရာထူးတွင်ဤသူ နှစ်ယောက်အနက် အဘယ်သူကိုကိုယ်တော်ရှင် ရွေးကောက်ခန့်ထားတော်မူသည်ကို အကျွန်ုပ်တို့ အားဖော်ပြတော်မူပါ'' ဟုဆုတောင်းပတ္ထနာ ပြုကြ၏။-
They prayed and said, “You, Lord, know the hearts of all people, so reveal which of these two is the one whom you have chosen
to take the place in this ministry and apostleship from which Judas turned away to go to his own place.”
26 ၂၆ ထိုနောက်မဲချကြရာမဿိရရှိသဖြင့် သူ့အားတမန်တော်တစ်ကျိပ်တစ်ပါးတို့ နှင့်အတူ တမန်တော်ဖြစ်စေရန်ရွေးကောက် ခန့်ထားကြ၏။
They cast lots for them, and the lot fell to Matthias, and he was numbered with the eleven apostles.