< ၃ ယောဟန် 1 >

1 အ​သက်​ကြီး​သူ​ထံ​မှ​အ​မှန်​ပင်​သမ္မာ​တ​ရား တော်​အား​ဖြင့် ငါ​ချစ်​မြတ်​နိုး​သူ​ဂါ​ယု​ထံ သို့​စာ​ရေး​လိုက်​သည်။
The elder to the beloved Gaius, whom I truly love with divine love.
2 ချစ်​ဆွေ၊ သင်​သည်​အ​စ​စ​အ​ရာ​ရာ​တွင် ကြီး​ပွား​တိုး​တက်​၍​ကျန်း​မာ​ရွှင်​လန်း​စေ ရန်​ငါ​ဆု​တောင်း​၏။ သင်​၏​ဝိ​ညာဉ်​ပါ​ရ​မီ တိုး​တက်​လျက်​ရှိ​ကြောင်း​ငါ​သိ​၏။-
Beloved, I pray that you may prosper concerning all things and be well, as your soul prospers.
3 သင်​သည်​သမ္မာ​တ​ရား​ကို​အ​မြဲ​လိုက်​နာ​ခဲ့ သည့်​အ​တိုင်း ယ​ခု​လည်း​သစ္စာ​နှင့်​လိုက်​နာ​ကျင့် သုံး​လျက်​ရှိ​ကြောင်း​ကို ညီ​အစ်​ကို​အ​ချို့​တို့ လာ​ရောက်​ပြော​ပြ​၍​ကြား​ရ​သ​ဖြင့်​ငါ သည်​အ​လွန်​ဝမ်း​မြောက်​၏။-
I rejoice exceedingly, the brethren coming and witnessing to thy truth, as thou art walking about in truth.
4 ငါ့​အား​ဝမ်း​အ​မြောက်​ဆုံး​ဖြစ်​စေ​သည့်​အ​ရာ မှာ သမ္မာ​တ​ရား​ကို​ငါ့​သား​သ​မီး​များ​လိုက် နာ​ကျင့်​သုံး​ကြ​ကြောင်း​သ​တင်း​ကို​ကြား​ရ ခြင်း​ပင်​ဖြစ်​သည်။
I have no greater joy than this, that I may hear of my children walking about in truth.
5 ချစ်​ဆွေ၊ သင်​သည်​မိ​မိ​မ​သိ​မ​ကျွမ်း​သူ​ညီ အစ်​ကို​များ​ကို​ပင်​လျှင် သင်​ပြု​ရ​မည့်​ဝတ်​ကို သစ္စာ​နှင့်​ဆောင်​ရွက်​ပေ​သည်။-
Beloved, whatsoever faithful deed thou mayest do to the brethren, thou art also dispensing to the strangers,
6 ထို​သူ​တို့​သည်​သင်​၏​မေတ္တာ​အ​ကြောင်း​ကို ဤ အ​သင်း​တော်​ရှေ့​၌​သက်​သေ​ခံ​ကြ​လေ​ပြီ။ သူ တို့​သည်​ရှေ့​သို့​ခ​ရီး​ဆက်​နိုင်​ကြ​စေ​ရန်​သူ တို့​အား​ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သည့် အ​တိုင်း​ကူ​ညီ​မ​စ​ပါ​လော့။-
who have witnessed to thy divine love before the church: whom you will do well, having sent forth worthily of God.
7 သူ​တို့​သည်​ယုံ​ကြည်​သူ​မ​ဟုတ်​သူ​များ​ထံ​မှ အ​ကူ​အ​ညီ​ကို​မ​ယူ​ဘဲ နာ​မ​တော်​အ​ကြောင်း ဟော​ပြော​ရန်​ခ​ရီး​ထွက်​ကြ​သူ​များ​ဖြစ်​ပေ သည်။-
For the sake of his name they went out, receiving nothing from the Gentiles.
8 သို့​ဖြစ်​၍​ငါ​တို့​များ​သည်​သမ္မာ​တ​ရား​ပြန့် ပွား​ရေး​လုပ်​ငန်း​တွင် ထို​သူ​တို့​၏​လုပ်​ဖော် ဆောင်​ဘက်​များ​ဖြစ်​နိုင်​ရန်​သူ​တို့​အား​ကူ​ညီ မ​စ​ရ​မည်။
Therefore we ought to receive such, in order that we may be fellow-workers with the truth.
9 ငါ​သည်​အ​သင်း​တော်​သို့​စာ​ရေး​ခဲ့​သော် လည်း အ​သင်း​တော်​၏​ခေါင်း​ဆောင်​ဖြစ်​လို သူ​ဒ​ယော​တ​ရပ်​က​ငါ့​စ​ကား​ကို​မ​နာ ခံ။-
I wrote something to the church, but Diotrephes, loving the preeminence over them, does not receive us.
10 ၁၀ သို့​ဖြစ်​၍​ငါ​လာ​သော​အ​ခါ​မှ​သူ​ပြု​သ​မျှ သော​အ​မှု​တို့​ကို​ထုတ်​ဖော်​ပြော​ဆို​မည်။ သူ သည်​ငါ​တို့​အား​မ​လို​မုန်း​ထား​စွပ်​စွဲ​ပြော ဆို​၏။ ဤ​မျှ​နှင့်​မ​ကျေ​နပ်​သေး​ဘဲ​သူ​ကိုယ် တိုင်​ပင်​လျှင် ညီ​အစ်​ကို​များ​ကို​လက်​မ​ခံ၊ လက်​ခံ​လို​သူ​များ​အား​လည်း​တား​မြစ် လျက်​အ​သင်း​တော်​မှ​နှင်​ထုတ်​ရန်​ကြိုး စား​၏။
On account of this, if I may come, I will remember his works which he is doing, berating us with wicked speeches: and not content with these, he does not receive the brethren, and he prohibits them wishing to receive them, and casts them out of the church.
11 ၁၁ ချစ်​ဆွေ၊ စံ​န​မူ​နာ​ကောင်း​ကို​အ​တု​ယူ​ပါ။ စံ​န​မူ​နာ​ဆိုး​ကို​အ​တု​မ​ယူ​နှင့်။ အ​ကျင့် ကောင်း​ကို​ပြု​ကျင့်​သူ​သည်​ဘု​ရား​သ​ခင်​၏ ဘက်​တော်​သား​ဖြစ်​၏။ အ​ကျင့်​ဆိုး​ကို​ပြု ကျင့်​သူ​ကား​ဘု​ရား​သ​ခင်​ကို​မ​သိ​မြင် သေး​သူ​ဖြစ်​၏။
Beloved, imitate not the evil, but the good. The one doing good is of God: the one doing evil has not seen God.
12 ၁၂ ဒေ​မေ​တ​ရိ​ကို လူ​တိုင်း​ချီး​မွမ်း​ပြော​ဆို ကြ​ပေ​သည်။ သမ္မာ​တ​ရား​သည်​သူ့​ဘက်​၌ သက်​သေ​ခံ​၏။ ငါ​တို့​သည်​ထပ်​လောင်း​၍ ထောက်​ခံ​၏။ ငါ​တို့​ထောက်​ခံ​ချက်​သည် ခိုင်​လုံ​ကြောင်း​သင်​သိ​၏။
To Demetrius it has been testified by all, and by the truth itself: and we also testify: and you know that our testimony is true.
13 ၁၃ သင်​တို့​အား​ပြော​စ​ရာ​အ​ကြောင်း​အ​ရာ များ​စွာ​ရှိ​သော်​လည်း​ငါ​သည်​စာ​အား​ဖြင့် မ​ရေး​ဘဲ၊-
Having many things to write to you, but I do not wish to write them to you with ink and paper:
14 ၁၄ ငါ​သည်​သင့်​ထံ​သို့​မ​ကြာ​မီ​ရောက်​၍​သင်​နှင့် မျက်​နှာ​စုံ​ညီ​တွေ့​ဆုံ​ပြော​ဆို​နိုင်​လိမ့်​မည်​ဟု မျှော်​လင့်​၏။ သင်​၌​ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ​သော။ ဤ​အ​ရပ်​ရှိ​မိတ်​ဆွေ​များ​က​သင့်​အား​နှုတ် ဆက်​ကြ​၏။ ငါ​တို့​၏​မိတ်​ဆွေ​တစ်​ဦး​စီ​အား နှုတ်​ဆက်​ပါ​လော့။ ရှင်​ယော​ဟန်​သြ​ဝါ​ဒ​စာ​တ​တိ​ယ​စောင်​ပြီး​၏။
but I hope to see you immediately, and mouth to mouth we will speak. Peace be unto you. The friends salute you; salute the friends by name.

< ၃ ယောဟန် 1 >