< ၃ ယောဟန် 1 >
1 ၁ အသက်ကြီးသူထံမှအမှန်ပင်သမ္မာတရား တော်အားဖြင့် ငါချစ်မြတ်နိုးသူဂါယုထံ သို့စာရေးလိုက်သည်။
От Презвитера до любезния Гай, когото любя:
2 ၂ ချစ်ဆွေ၊ သင်သည်အစစအရာရာတွင် ကြီးပွားတိုးတက်၍ကျန်းမာရွှင်လန်းစေ ရန်ငါဆုတောင်း၏။ သင်၏ဝိညာဉ်ပါရမီ တိုးတက်လျက်ရှိကြောင်းငါသိ၏။-
Възлюбений, молитствувам да благоуспееш и да си здрав във всичко, както благоуспява душата ти.
3 ၃ သင်သည်သမ္မာတရားကိုအမြဲလိုက်နာခဲ့ သည့်အတိုင်း ယခုလည်းသစ္စာနှင့်လိုက်နာကျင့် သုံးလျက်ရှိကြောင်းကို ညီအစ်ကိုအချို့တို့ လာရောက်ပြောပြ၍ကြားရသဖြင့်ငါ သည်အလွန်ဝမ်းမြောက်၏။-
Защото много се зарадвах, когато дойдоха някои братя и засвидетелствуваха за твоята вярност, според както ти ходиш в истината.
4 ၄ ငါ့အားဝမ်းအမြောက်ဆုံးဖြစ်စေသည့်အရာ မှာ သမ္မာတရားကိုငါ့သားသမီးများလိုက် နာကျင့်သုံးကြကြောင်းသတင်းကိုကြားရ ခြင်းပင်ဖြစ်သည်။
По-голяма радост няма за мене от това, да слушам, че моите чада ходят в истината.
5 ၅ ချစ်ဆွေ၊ သင်သည်မိမိမသိမကျွမ်းသူညီ အစ်ကိုများကိုပင်လျှင် သင်ပြုရမည့်ဝတ်ကို သစ္စာနှင့်ဆောင်ရွက်ပေသည်။-
Възлюбений, ти вършиш вярна работа в каквото правиш за братята, и то за чужденци;
6 ၆ ထိုသူတို့သည်သင်၏မေတ္တာအကြောင်းကို ဤ အသင်းတော်ရှေ့၌သက်သေခံကြလေပြီ။ သူ တို့သည်ရှေ့သို့ခရီးဆက်နိုင်ကြစေရန်သူ တို့အားဘုရားသခင်နှစ်သက်တော်မူသည့် အတိုင်းကူညီမစပါလော့။-
които свидетелствуваха пред църквата за твоята любов. Добре ще сториш да ги изпратиш както подобава пред Бога;
7 ၇ သူတို့သည်ယုံကြည်သူမဟုတ်သူများထံမှ အကူအညီကိုမယူဘဲ နာမတော်အကြောင်း ဟောပြောရန်ခရီးထွက်ကြသူများဖြစ်ပေ သည်။-
защото за Христовото име излязоха, без да вземат нищо от езичниците.
8 ၈ သို့ဖြစ်၍ငါတို့များသည်သမ္မာတရားပြန့် ပွားရေးလုပ်ငန်းတွင် ထိုသူတို့၏လုပ်ဖော် ဆောင်ဘက်များဖြစ်နိုင်ရန်သူတို့အားကူညီ မစရမည်။
Ние, прочее, сме длъжни да посрещаме такива радостно, за да бъдем съработници с истината.
9 ၉ ငါသည်အသင်းတော်သို့စာရေးခဲ့သော် လည်း အသင်းတော်၏ခေါင်းဆောင်ဖြစ်လို သူဒယောတရပ်ကငါ့စကားကိုမနာ ခံ။-
Писах няколко думи до църквата; но Диотреф, който обича да първенствува между тях, не ни приема.
10 ၁၀ သို့ဖြစ်၍ငါလာသောအခါမှသူပြုသမျှ သောအမှုတို့ကိုထုတ်ဖော်ပြောဆိုမည်။ သူ သည်ငါတို့အားမလိုမုန်းထားစွပ်စွဲပြော ဆို၏။ ဤမျှနှင့်မကျေနပ်သေးဘဲသူကိုယ် တိုင်ပင်လျှင် ညီအစ်ကိုများကိုလက်မခံ၊ လက်ခံလိုသူများအားလည်းတားမြစ် လျက်အသင်းတော်မှနှင်ထုတ်ရန်ကြိုး စား၏။
Затова, ако дойда, ще му напомня за делата, които върши, като бръщолеви против нас лоши думи. И като не се задоволява с това, той не просто че сам не приема братята, но възпира и тия, които искат да ги приемат, и ги пъди от църквата.
11 ၁၁ ချစ်ဆွေ၊ စံနမူနာကောင်းကိုအတုယူပါ။ စံနမူနာဆိုးကိုအတုမယူနှင့်။ အကျင့် ကောင်းကိုပြုကျင့်သူသည်ဘုရားသခင်၏ ဘက်တော်သားဖြစ်၏။ အကျင့်ဆိုးကိုပြု ကျင့်သူကားဘုရားသခင်ကိုမသိမြင် သေးသူဖြစ်၏။
Възлюбений, не подражавай злото, но доброто. Който върши добро, от Бога е; който върши зло, не е видял Бога.
12 ၁၂ ဒေမေတရိကို လူတိုင်းချီးမွမ်းပြောဆို ကြပေသည်။ သမ္မာတရားသည်သူ့ဘက်၌ သက်သေခံ၏။ ငါတို့သည်ထပ်လောင်း၍ ထောက်ခံ၏။ ငါတို့ထောက်ခံချက်သည် ခိုင်လုံကြောင်းသင်သိ၏။
За Димитрия се свидетелствува добро от всички, и от самата истина; а още и ние свидетелствуваме и ти знаеш, че нашето свидетелство е истинско.
13 ၁၃ သင်တို့အားပြောစရာအကြောင်းအရာ များစွာရှိသော်လည်းငါသည်စာအားဖြင့် မရေးဘဲ၊-
Имах много да ти пиша, но не ми се ще да ти пиша с мастило и перо;
14 ၁၄ ငါသည်သင့်ထံသို့မကြာမီရောက်၍သင်နှင့် မျက်နှာစုံညီတွေ့ဆုံပြောဆိုနိုင်လိမ့်မည်ဟု မျှော်လင့်၏။ သင်၌ငြိမ်သက်ခြင်းရှိပါစေသော။ ဤအရပ်ရှိမိတ်ဆွေများကသင့်အားနှုတ် ဆက်ကြ၏။ ငါတို့၏မိတ်ဆွေတစ်ဦးစီအား နှုတ်ဆက်ပါလော့။ ရှင်ယောဟန်သြဝါဒစာတတိယစောင်ပြီး၏။
а надявам се скоро да те видя, и ще разговорим уста с уста. Мир на тебе. Поздравяват те приятелите. Поздрави приятелите по име.