< ၂ တိမောသေ 1 >
1 ၁ ဘုရားသခင်၏အလိုတော်အရခရစ်တော် ယေရှု၏တမန်တော်ဖြစ်သူ၊ ခရစ်တော်ယေရှု နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်းအားဖြင့် ငါတို့ရရှိမည်ဟုကတိထားတော်မူသော အသက်အကြောင်းကိုကြေညာသူငါပေါလု ထံမှ၊-
Paulus apostolus Christi Iesu per voluntatem Dei secundum promissionem vitae quae est in Christo Iesu
2 ၂ ငါ၏ချစ်သောတိမောသေထံသို့စာရေး လိုက်ပါသည်။ သင်သည်ခမည်းတော်ဘုရားနှင့်ငါတို့အရှင် ခရစ်တော်ယေရှုထံတော်မှကျေးဇူးတော်၊ ကရုဏာတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ရပါစေသတည်း။
Timotheo carissimo filio gratia misericordia pax a Deo Patre et Christo Iesu Domino nostro
3 ၃ ငါသည်နေ့ညဥ့်မပြတ်ဆုတောင်းပတ္ထနာပြု ရာတွင် သင့်အားအစဉ်ပင်အောက်မေ့သတိရ လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်း၏။ ငါသည်ဘိုးဘေးများနည်းတူကိုယ် တော်၏အမှုတော်ကိုကြည်လင်သောသြတ္တပ္ပ စိတ်နှင့်ဆောင်ရွက်သူဖြစ်၏။-
gratias ago Deo cui servio a progenitoribus in conscientia pura quam sine intermissione habeam tui memoriam in orationibus meis nocte ac die
4 ၄ သင်အဘယ်သို့မျက်ရည်ကျသည်ကိုသတိ ရလျက် ငါသည်သင့်အားအလွန်တွေ့မြင်လို ၏။ သင့်ကိုတွေ့မြင်ရခြင်းသည်ငါ့အားဝမ်း မြောက်စေလိမ့်မည်။-
desiderans te videre memor lacrimarum tuarum ut gaudio implear
5 ၅ သင်သည်သင်၏အဖွားလောဣနှင့်အမိဥနိတ် တို့ကဲ့သို့ဟန်ဆောင်မှုမရှိဘဲ ယုံကြည်ကြောင်း ကိုငါသတိရ၏။ သူတို့၏ယုံကြည်ခြင်း မျိုးသည်သင်၌လည်းရှိသည်ဟုငါစိတ်ချ၏။-
recordationem accipiens eius fidei quae est in te non ficta quae et habitavit primum in avia tua Loide et matre tua Eunice certus sum autem quod et in te
6 ၆ သို့ဖြစ်၍သင့်အပေါ်ငါသိက္ခာတင်မင်္ဂလာပေး စဉ်အခါက သခင်ဘုရားထံတော်မှသင်ရ ရှိသည့်ဆုကျေးဇူးကိုရှင်သန်လျက်ရှိနေ စေရန်သင့်အားငါသတိပေးနှိုးဆော်၏။-
propter quam causam admoneo te ut resuscites gratiam Dei quae est in te per inpositionem manuum mearum
7 ၇ ဘုရားသခင်၏ဝိညာဉ်တော်သည်ငါတို့အား ကြောက်စိတ်ကိုပေးတော်မမူဘဲတန်ခိုးကို လည်းကောင်း၊ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ ကိုယ်ကိုချုပ်တည်းနိုင်မှုကိုလည်းကောင်းပေး တော်မူ၏။
non enim dedit nobis Deus spiritum timoris sed virtutis et dilectionis et sobrietatis
8 ၈ သို့ဖြစ်၍ငါတို့သခင်ဘုရား၏အကြောင်း တော်ကိုသက်သေခံရန်မရှက်နှင့်။ ခရစ်တော် အတွက်အကျဉ်းသားဖြစ်သူငါ၏အတွက် လည်းမရှက်နှင့်။ ဘုရားသခင်ထံမှခွန်အား ကိုရရှိသည်အတိုင်းသတင်းကောင်းအတွက် ငါနှင့်အတူဒုက္ခခံလော့။-
noli itaque erubescere testimonium Domini nostri neque me vinctum eius sed conlabora evangelio secundum virtutem Dei
9 ၉ ဘုရားသခင်သည်ငါတို့အားကယ်တင်တော်မူ ၍ မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေးကောက်တော် မူသည်မှာ ငါတို့ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်ဘဲ ကိုယ်တော်တိုင်၏အကြံ အစည်တော်နှင့်ကျေးဇူးတော်ကြောင့်ဖြစ်ပေ သည်။ ကိုယ်တော်သည်ကမ္ဘာမတည်ရှိမီကာလ ကပင်ခရစ်တော်ယေရှုအားဖြင့်ငါတို့အား ထိုကျေးဇူးတော်ကိုချပေးတော်မူ၏။- (aiōnios )
qui nos liberavit et vocavit vocatione sancta non secundum opera nostra sed secundum propositum suum et gratiam quae data est nobis in Christo Iesu ante tempora saecularia (aiōnios )
10 ၁၀ သို့ရာတွင်ယခုအခါငါတို့၏ကယ်တင် ရှင်ခရစ်တော်ယေရှုကြွလာတော်မူခြင်း အားဖြင့် ထိုကျေးဇူးတော်သည်ပေါ်လွင် ထင်ရှားလာလေပြီ။ ကိုယ်တော်သည်သေ ခြင်းတရားကိုပယ်ရှားတော်မူပြီးလျှင် သတင်းကောင်းအားဖြင့် သင်္ခါရကင်းခြင်း တရားကိုပေါ်လွင်ထင်ရှားစေတော် မူသတည်း။
manifestata est autem nunc per inluminationem salvatoris nostri Iesu Christi qui destruxit quidem mortem inluminavit autem vitam et incorruptionem per evangelium
11 ၁၁ ဘုရားသခင်သည်ထိုသတင်းကောင်းကို ကြေညာရန် ငါ့ကိုတမန်တော်နှင့်ဆရာ အဖြစ်ခန့်ထားတော်မူ၏။-
in quo positus sum ego praedicator et apostolus et magister gentium
12 ၁၂ ထိုအကြောင်းကြောင့်ငါသည်ဤဆင်းရဲဒုက္ခများ ကိုခံရခြင်းဖြစ်ပေသည်။ သို့ရာတွင်ငါ၌ယုံ ကြည်စိတ်ချမှုရှိသေး၏။ အဘယ်ကြောင့်ဆို သော်ငါသည်အဘယ်သူကိုကိုးစားသည်ကို လည်းကောင်း၊ ထိုအရှင်၏လက်ဝယ်ငါပေးအပ် ထားသောအရာကိုကိုယ်တော်ရှင်သည် တရား စီရင်တော်မူရာနေ့ရောက်သည်တိုင်အောင် စောင့်ထိန်းနိုင်တော်မူကြောင်းကိုလည်းကောင်း ငါအသေအချာသိသောကြောင့်ဖြစ်၏။-
ob quam causam etiam haec patior sed non confundor scio enim cui credidi et certus sum quia potens est depositum meum servare in illum diem
13 ၁၃ ငါသွန်သင်သည့်မှန်ကန်သောသြဝါဒကို သင်လိုက်နာရန်စံနမူနာအဖြစ်စွဲမြဲစွာ ခံယူ၍ ခရစ်တော်ယေရှုနှင့်ငါတို့တစ်လုံး တစ်ဝတည်းဖြစ်ခြင်းအားဖြင့်ရရှိသည့် ယုံကြည်ခြင်းတရားနှင့်မေတ္တာတရားကို စွဲလမ်းလော့။-
formam habe sanorum verborum quae a me audisti in fide et dilectione in Christo Iesu
14 ၁၄ သင့်အားပေးအပ်ထားသောကောင်းမြတ်သည့် အရာများကိုငါတို့တွင်ကိန်းအောင်းတော်မူ သောသန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုး တော်အားဖြင့်ထိန်းသိမ်းစောင့်ရှောက်လော့။
bonum depositum custodi per Spiritum Sanctum qui habitat in nobis
15 ၁၅ သင်သိရှိသည်အတိုင်းဖုဂေလုနှင့်ဟေရ မောဂင်တို့အပါအဝင်အာရှနယ်ပယ်၌ နေသူအပေါင်းတို့သည်ငါတို့ကိုစွန့်သွား ကြလေပြီ။-
scis hoc quod aversi sunt a me omnes qui in Asia sunt ex quibus est Phygelus et Hermogenes
16 ၁၆ သခင်ဘုရားသည်သြနေသိဖော်၏အိမ် ထောင်အားကရုဏာထားတော်မူပါစေ သော။ ထိုသူသည်အကြိမ်ကြိမ်အဖန်ဖန် ငါ့အားစိတ်သက်သာစေ၏။ ငါသည်အကျဉ်း သားဖြစ်လျက်နေသော်လည်းသူသည်ငါ့ အတွက်မရှက်ဘဲ၊-
det misericordiam Dominus Onesifori domui quia saepe me refrigeravit et catenam meam non erubuit
17 ၁၇ ရောမမြို့သို့ရောက်လျှင်ရောက်ခြင်းငါ့ကို မတွေ့တွေ့အောင်ရှာ၏။-
sed cum Romam venisset sollicite me quaesivit et invenit
18 ၁၈ ဧဖက်မြို့တွင်သူသည်ငါ့အားအဘယ်မျှ ပြုစုသည်ကိုသင်ကောင်းစွာသိ၏။ တရား စီရင်တော်မူရာနေ့ရက်ကာလ၌သခင် ဘုရားသည်သူ့အားကရုဏာတော်ကို ခံစားခွင့်ပေးသနားတော်မူပါစေသော။
det illi Dominus invenire misericordiam a Domino in illa die et quanta Ephesi ministravit melius tu nosti