< ၂ တိမောသေ 4 >
1 ၁ ဘုရားသခင်၏ရှေ့တော်မှောက်၌လည်းကောင်း သေသူရှင်သူတို့ကိုတရားစီရင်တော်မူမည့် ခရစ်တော်ယေရှု၏ရှေ့တော်မှောက်၌လည်း ကောင်း ကိုယ်တော်သည်အုပ်စိုးရန်ဘုရင်အဖြစ် ကြွလာမည်ဖြစ်၍သင့်အားငါသစ္စာပေး၏။-
I charge you, in the presence of God, and of Jesus Christ, who will judge the living and the dead, at his appearing in his kingdom:
2 ၂ (အချိန်အခါသင့်သည်ဖြစ်စေ၊ မသင့်သည် ဖြစ်စေ) တရားတော်ကိုဟောပြောကြေညာ လော့။ ကြားနာသူတို့အားနားလည်သဘော ပေါက်စေလော့။ ဆုံးမလော့။ အားပေးတိုက်တွန်း လော့။ စိတ်ရှည်စွာသွန်သင်လော့။-
proclaim the word, be instant in season, out of season, reprove, rebuke, exhort, with all long-suffering and teaching.
3 ၃ လူတို့သည်မှန်ကန်သည့်သြဝါဒကိုနားမ ထောင်ဘဲကိုယ့်အလိုဆန္ဒများကိုလိုက်၍ မိမိ တို့ကြားနာလိုသည့်စကားများပြောဆိုမည့် ဆရာသမားများကိုရှာဖွေကြမည့်အချိန် ကာလရောက်လိမ့်မည်။-
For there will be a time when they will not endure wholesome doctrine; but, having itching ears, they will, according to their own lusts, heap up to themselves teachers:
4 ၄ သူတို့သည်သမ္မာတရားကိုနားမထောင်ဘဲဒဏ္ဍာ ရီစကားများကိုသာနားထောင်ကြလိမ့်မည်။-
and they will, indeed, turn away their ears from the truth, and be turned aside to fables.
5 ၅ သင်မူကားအဘယ်အမှုမျိုးနှင့်ကြုံတွေ့ရ သည်မဆိုသမ္မာသတိရှိစေလော့။ ဆင်းရဲဒုက္ခခံ လော့။ သတင်းကောင်းကိုကြေညာသည့်အလုပ် ကိုဆောင်ရွက်လော့။ ဘုရားသခင်၏အစေခံ အနေဖြင့်သင်၏တာဝန်ရှိသမျှကိုထမ်း ဆောင်လော့။
But do you watch at all times; bear evil treatment; do the work of an evangelist; fully perform your ministry.
6 ၆ ငါသည်မိမိအသက်ကိုပူဇော်ရမည့်အချိန် ကျရောက်လာပြီ။ ဤလောကမှထွက်ခွာရမည့် အချိန်နီးကပ်လာပြီ။-
For I am shortly to be sacrificed, and the time of my departure is at hand.
7 ၇ ငါသည်ပြေးပွဲတွင်အစွမ်းကုန်ကြိုးစားခဲ့ပြီ။ တာအဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်း တရားကိုစောင့်ထိန်းခဲ့ပြီ။-
I have combated the good combat, I have finished the race, I have continued faithful:
8 ၈ ယခုအခါ၌ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံသူအားပေးအပ်သည့်အောင်ဆုသည် ငါ့အတွက်အသင့်ရှိနေပြီ။ ဖြောင့်မတ်စွာ တရားစီရင်တော်မူသောတရားသူကြီး တည်းဟူသောသခင်ဘုရားသည် ထိုဆုကို တရားစီရင်တော်မူရာနေ့၌ငါ့အားပေး အပ်တော်မူလိမ့်မည်။ ငါ့ကိုသာမကဤ လောကသို့နောက်တစ်ဖန်ကိုယ်တော်ပေါ် ထွန်းတော်မူမည်ကိုတောင့်တစောင့်မျှော်သူ အပေါင်းတို့အားလည်းပေးတော်မူလိမ့်မည်။
henceforth there is laid up for me a crown of righteousness, which the Lord, the righteous Judge, will deliver to me at that day; and not to me only, but also to all them who love his appearing.
9 ၉ ငါ့ထံသို့အမြန်လာရန်အစွမ်းကုန်ကြိုးစားလော့။-
Make haste to come to me soon:
10 ၁၀ ဒေမသည်ဤလောကကိုစွဲလမ်းသဖြင့်ငါ့ကို စွန့်ခွာ၍သက်သာလောနိတ်မြို့သို့ထွက်ခွာသွား လေသည်။ ကရက္ကေသည်ဂလာတိပြည်သို့လည်း ကောင်း၊ တိတုသည်ဒါလမာတိပြည်သို့လည်း ကောင်းသွားပြီ။- (aiōn )
for Demas, having loved the present world, has forsaken me, and has gone to Thessalonica; Crescens into Galatia, and Titus into Dalmatia. (aiōn )
11 ၁၁ လုကာတစ်ဦးတည်းသာလျှင်ငါနှင့်အတူရှိ တော့၏။ မာကုကိုရှာ၍သင်နှင့်အတူခေါ်ခဲ့ လော့။ သူသည်ငါ၏လုပ်ငန်းတွင်ကူညီနိုင်သူ ဖြစ်ပေသည်။-
Only Luke is with me. Take Mark, and bring him with you, for he is very useful to me in the ministry.
12 ၁၂ ငါသည်တုခိတ်ကိုဧဖက်မြို့သို့စေလွှတ်လိုက်၏။-
But Tychicus I have sent to Ephesus.
13 ၁၃ သင်လာသောအခါတရောမြို့တွင်ကာပုလက်၌ ငါအပ်ထားခဲ့သည့်ဝတ်လုံနှင့်စာစောင်များ၊ အထူးသဖြင့်သားရေစာစောင်များကိုယူခဲ့ လော့။
The cloak which I left at Troas with Carpus, bring when you come, and the books, especially the parchments.
14 ၁၄ ကြေးပန်းထိမ်ဆရာအာလေဇန္ဒြုသည်ငါ့အား များစွာမကောင်းကျိုးပေးခဲ့၏။ သူပြုသည့်အမှု အတွက်သခင်ဘုရားသည်သူ့အားအပြစ်ဒဏ် စီရင်တော်မူလိမ့်မည်။-
Alexander, the coppersmith, has done me many evil things; the Lord will reward him according to his works:
15 ၁၅ သင်ကိုယ်တိုင်သူ့ကိုသတိပြုလော့။ သူသည်ငါတို့ ဟောပြောသောတရားတော်ကိုပြင်းပြင်းထန်ထန် ဆန့်ကျင်ပြောဆိုသူဖြစ်သည်။
of whom beware, for he has greatly opposed our words.
16 ၁၆ ငါ၏အမှုကိုပထမအကြိမ်စစ်ဆေးရာတွင် ငါ့ ကိုထောက်ခံရန်အဘယ်သူမျှမလာကြ။ လူတိုင်း ပင်ငါ့ကိုစွန့်ပစ်သွားကြ၏။ ထိုသူတို့ဤသို့ပြု ကြသည်ကိုသခင်ဘုရားသည်သူတို့၏အပြစ် ကိုမှတ်တော်မမူပါစေနှင့်။-
At my first answer, no one appeared with me, but all forsook me. May it not be laid to their charge!
17 ၁၇ သခင်ဘုရားသည်ငါနှင့်အတူရှိတော်မူ၍ငါ့ကို ခွန်အားပေးတော်မူသဖြင့် ငါသည်လူမျိုးခြား အပေါင်းတို့အားတရားတော်ကိုအကုန်အစင် ဟောပြောနိုင်၏။ ကိုယ်တော်ကယ်တော်မူသဖြင့် ငါသည်သေဒဏ်ခံရခြင်းမှကင်းလွတ်ခွင့်ကို လည်းရရှိ၏။-
However, the Lord stood by me, and strengthened me, that through me, the proclamation might be fully declared, and all the Gentiles might hear; and I was delivered out of the mouth of the lion.
18 ၁၈ သခင်ဘုရားသည်ငါ့အားဘေးအန္တရာယ် အပေါင်းတို့မှကယ်နုတ်တော်မူ၍မိမိ၏ ကောင်းကင်နိုင်ငံတော်သို့လုံခြုံစွာပို့ဆောင် တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာအဆက် ဆက်ဘုန်းအသရေထွန်းတောက်တော်မူပါ စေသတည်း။ အာမင်။ (aiōn )
And the Lord will deliver me from every evil work, and preserve me to his heavenly kingdom: to whom ne glory for ever and ever. Amen. (aiōn )
19 ၁၉ ပြစ်ကိလနှင့်အာကုလမှစ၍သြနေသိဖော် ၏အိမ်ထောင်စုအားနှုတ်ဆက်လိုက်၏။-
Salute Prisca and Aquila, and the family of Onesiphorus.
20 ၂၀ ဧရတ္တုသည်ကောရိန္သုမြို့တွင်နေရစ်၏။ တရောဖိမ် သည်ဖျားနာနေသဖြင့်သူ့အားမိလက်မြို့တွင် ငါထားခဲ့၏။-
Erastus abode at Corinth; and Trophimus I left at Miletus, sick.
21 ၂၁ ဆောင်းဥတုမကျမီသင်လာနိုင်ရန်အစွမ်းကုန် ကြိုးစားလော့။ ဥဗုလု၊ ပုဒေ၊ လိနု၊ ကလောဒိမှစ၍ခရစ်ယာန် ညီအစ်ကိုအပေါင်းတို့ကနှုတ်ဆက်လိုက်ကြ၏။
Make haste to come before winter. Eubulus salutes you; and Pudens, and Linus, and Claudia, and all the brethren.
22 ၂၂ သခင်ဘုရားသည်သင်နှင့်အတူရှိတော်မူ ပါစေသော။ သင်တို့အပေါင်းသည်ဘုရားသခင် ၏ကျေးဇူးတော်ကိုခံစားရကြပါစေသော။ တိမောသေသြဝါဒစာဒုတိယစောင်ပြီး၏။
The Lord Jesus Christ be with your spirit. Favor be with you.