< ၂ တိမောသေ 2 >
1 ၁ ငါ့သား၊ ခရစ်တော်ယေရှုနှင့်ငါတို့တစ်လုံး တစ်ဝတည်းဖြစ်ခြင်းကြောင့် ရရှိသည့်ဆု ကျေးဇူးတော်အားဖြင့်သင်သည်ကြံ့ခိုင် ခြင်းရှိလော့။-
Protož ty, synu můj, zmocniž se v milosti, kteráž jest v Kristu Ježíši.
2 ၂ အသိသက်သေများရှေ့တွင်ငါသွန်သင်ခဲ့ သည့်အရာများကိုသင်သည်ကြားသိရလေ ပြီ။ သူတစ်ပါးတို့အားတစ်ဆင့်သွန်သင်နိုင် မည်ဟုစိတ်ချယုံကြည်ရသူတို့အားထို သွန်သင်ချက်များကိုလက်ဆင့်ကမ်းလော့။
A což jsi slyšel ode mne před mnohými svědky, svěřujž to lidem věrným, kteříž by způsobní byli i jiné učiti.
3 ၃ သင်သည်ခရစ်တော်ယေရှု၏စစ်သည်တော် ကောင်းအနေဖြင့်ဆင်းရဲဒုက္ခကိုခံလော့။-
A tak ty snášej protivenství, jako ctný rytíř Ježíše Krista.
4 ၄ အလုပ်ဝတ္တရားထမ်းဆောင်နေဆဲဖြစ်သော စစ်သားသည်မိမိနှင့်မဆိုင်သည့်အရေး အခင်းများတွင်ပါဝင်မှုကိုရှောင်ရှားတတ်၏။ သူ၏တစ်ခုတည်းသောရည်ရွယ်ချက်မှာ မိမိတပ်မှူး၏ကျေနပ်မှုကိုရရှိရန်ပင် ဖြစ်ပေသည်။-
Žádný, kdož rytěřuje, neplete se v obecné živnosti, aby se svému hejtmanu líbil.
5 ၅ အားကစားမှုဆိုင်ရာစည်းကမ်းဥပဒေများ ကိုမလိုက်နာလျှင် အဘယ်အားကစားသမား မျှအောင်ပန်းကိုဆွတ်ခူးနိုင်လိမ့်မည်မဟုတ်။-
A jestliže by kdo i bojoval, nebudeť korunován, leč by řádně bojoval.
6 ၆ ပင်ပန်းစွာအလုပ်လုပ်ခဲ့သောလယ်သမား သည်သီးနှံကိုဦးစွာစားသုံးသင့်သည်။-
Pracovati musí i oráč, prvé nežli užitku okusí.
7 ၇ ငါ့စကားကိုဆင်ခြင်လော့။ ယင်းကိုနားလည် စေရန်သခင်ဘုရားသည်သင့်အားကူညီ တော်မူလိမ့်မည်။
Rozuměj, což pravím, a dejž tobě Pán ve všem rozum.
8 ၈ ငါဟောပြောသောသတင်းကောင်းအရဒါဝိဒ် မင်းမှဆင်းသက်တော်မူ၍သေခြင်းမှရှင် ပြန်ထမြောက်တော်မူသောယေရှုခရစ်ကို သတိရလော့။-
Pamatuj, že Ježíš Kristus vstal z mrtvých, z semene Davidova, podlé evangelium mého.
9 ၉ ငါသည်ထိုသတင်းကောင်းအတွက်ကြောင့် ရာဇဝတ်ကောင်ကဲ့သို့ဒုက္ခရောက်လျက်ရှိ၏။ သံကြိုးများနှင့်ပင်အချည်အနှောင်ခံရ၏။ သို့သော်ဘုရားသခင်၏နှုတ်ကပတ်တော် မူကားချုပ်နှောင်မှုနှင့်ကင်းလွတ်၏။-
V kterémžto protivenství trpím, až i vězení, jako bych zločinec byl, ale slovo Boží není u vězení.
10 ၁၀ ထို့ကြောင့်ငါသည်ဘုရားသခင်ရွေးကောက် တော်မူသောလူစုတော်၏အတွက်မည့်သည့် ဒုက္ခဆင်းရဲကိုမဆိုခံ၏။ ဤသို့ခံခြင်းမှာ သူတို့သည်လည်းထာဝရဘုန်းအသရေ နှင့်တကွယေရှုခရစ်အားဖြင့်ကယ်တင် ခြင်းကိုခံရစေရန်ဖြစ်၏။- (aiōnios )
Protož všecko snáším pro vyvolené, aby i oni spasení došli, kteréž jest v Kristu Ježíši, s slávou věčnou. (aiōnios )
11 ၁၁ အောက်ပါစကားသည်သစ္စာစကားဖြစ်ပေသည်။ ``ငါတို့သည်ကိုယ်တော်နှင့်အတူသေလျှင် ကိုယ်တော်နှင့်အတူရှင်လိမ့်မည်။
Věrná jest tato řeč. Nebo jestližeť jsme s ním zemřeli, tedy také spolu s ním živi budeme.
12 ၁၂ ခံနိုင်ရည်ရှိလျှင်ကိုယ်တော်နှင့်အတူစိုးစံရ လိမ့်မည်။ ကိုယ်တော်အားစွန့်ပယ်လျှင်ကိုယ်တော်သည် ငါတို့အားစွန့်ပယ်တော်မူလိမ့်မည်။
A trpíme-liť, budeme také spolu s ním kralovati; pakli ho zapíráme, i onť nás zapře.
13 ၁၃ ငါတို့သစ္စာဖောက်လျှင်ကိုယ်တော်သည် သစ္စာဖောက်တော်မမူ။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် မိမိသစ္စာတော်ကိုပယ်ဖျက်တော်မမူနိုင် သောကြောင့်ဖြစ်၏''
Pakliť jsme nevěrní, onť zůstává věrný; zapříti sám sebe nemůže.
14 ၁၄ ဤအကြောင်းအရာများကိုသင်၏လူစု အားသတိပေးလော့။ စကားအသုံးအနှုန်း နှင့်ပတ်သက်၍ငြင်းခုံမှုသည်မည်သည့် အကျိုးကိုမျှမပြုစုတတ်။ ကြားရသူတို့ ၏အကျိုးကိုသာယုတ်စေတတ်၏။-
Tyto věci připomínej, s osvědčováním před oblíčejem Páně, ať se o slova nevadí, což k ničemu není užitečné, ale ku podvrácení posluchačů.
15 ၁၅ သင်သည်ရှက်ကြောက်စရာအကြောင်းမရှိ သောအမှုတော်ဆောင်အနေဖြင့်လည်းကောင်း၊ သမ္မာတရားတော်ကိုမှန်ကန်စွာဟောပြော သွန်သင်သူအနေဖြင့်လည်းကောင်း၊ ဘုရား သခင်နှစ်သက်လက်ခံတော်မူစေရန်အစွမ်း ကုန်ကြိုးစားအားထုတ်လော့။-
Pilně se snažuj vydati sebe Bohu milého dělníka, za nějž by se nebylo proč styděti, kterýž by právě slovo pravdy rozděloval.
16 ၁၆ ဘုရားကိုမကြည်ညိုသောအချည်းနှီး စကားကိုရှောင်လော့။ ထိုကဲ့သို့သောစကား သည် လူတို့အားဘုရားနှင့်ပို၍ပင်ဝေး ကွာစေ၏။-
Nepobožné pak ty křiky daremní zastavuj, neboť velmi rozmnožují bezbožnost,
17 ၁၇ ယင်းသွန်သင်ချက်သည်အသားကိုပုပ်ရိ စေတတ်သည့်ခူနာနှင့်တူ၏။ ထိုသို့သွန်သင် သူတို့တွင် ဟုမေနဲနှင့်ဖိလက်တို့လည်း ပါကြ၏။-
A řeč jejich jako rak rozjídá se. Z nichž jest Hymeneus a Filétus,
18 ၁၈ သူတို့သည်သမ္မာတရားလမ်းမှလွဲသွား လျက်သေလွန်သောသူတို့သည် ရှင်ပြန်ထ မြောက်ပြီဟူ၍ဆိုကာ လူအချို့တို့၏ ယုံကြည်ခြင်းကိုမှောက်လှန်နေကြ၏။-
Kteříž při pravdě pobloudili od cíle, pravíce, že by se již stalo vzkříšení, a převracejí víru některých.
19 ၁၉ သို့ရာတွင်ဘုရားသခင်ချထားတော်မူ သည့်အုတ်မြစ်သည်ခိုင်ခံ့လျက်ရှိပေသည်။ ထိုအုတ်မြစ်ပေါ်တွင်``ထာဝရဘုရားသည် မိမိ၏လူစုတော်အားသိတော်မူ၏'' ဟူ၍ လည်းကောင်း၊``သခင်ဘုရား၏နာမတော်ကို ခံရသူအပေါင်းတို့သည်မကောင်းမှုကို ရှောင်ကြဉ်ရကြမည်'' ဟူ၍လည်းကောင်း ကမ္ပည်းရေးထိုး၍ထားသတည်း။
Ale však pevný základ Boží stojí, maje znamení toto: Znáť Pán ty, kteříž jsou jeho, a: Odstup od nepravosti každý, kdož vzývá jméno Kristovo.
20 ၂၀ မည်သည့်အိမ်ကြီး၌မဆိုရွှေ၊ ငွေအသုံး အဆောင်များသာလျှင်ရှိသည်မဟုတ်။ သစ် သားနှင့်ရွှံ့မြေဖြင့်လုပ်သောအသုံးအဆောင် များလည်းရှိပေသည်။ အချို့ကိုအခါကြီး ရက်ကြီးများ၌အသုံးပြု၍အချို့ကို နေ့တိုင်းအသုံးပြုသည်။-
V domě pak velikém netoliko jsou nádoby zlaté a stříbrné, ale také dřevěné i hliněné, a některé zajisté ke cti, některé pak ku potupě.
21 ၂၁ ဖော်ပြခဲ့သည့်မကောင်းမှုများကိုရှောင်ကြဉ် သူသည် မိမိသခင်အတွက်ဆက်ကပ်ထား၍ အသုံးဝင်သူ၊ ကောင်းမြတ်သည့်အမှုအရာ မှန်သမျှကိုလုပ်ဆောင်ရန်အသင့်ရှိသူဖြစ် သဖြင့်အထူးအသုံးပြုခြင်းကိုခံရလိမ့် မည်။-
Protož jestliže by se kdo očistil od těch věcí, bude nádobou ke cti, posvěcenou, a užitečnou Pánu, ke všelikému skutku dobrému hotovou.
22 ၂၂ သက်ရွယ်ပျိုသူတို့၏ရမ္မက်ဆန္ဒများကိုရှောင် ကြဉ်လော့။ သခင်ဘုရားအားသန့်ရှင်းစင်ကြယ် သောစိတ်နှင့်ပတ္ထနာပြုသူအပေါင်းတို့နှင့် အတူဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်းတရား၊ မေတ္တာတရားနှင့်ငြိမ်းချမ်းသာယာမှုကိုရှာ လော့။-
Mládenčích pak žádostí utíkej, ale následuj spravedlnosti, víry, lásky, pokoje, s těmi, kteříž vzývají Pána z srdce čistého.
23 ၂၃ သို့ရာတွင်မိုက်မဲ၍အသိပညာကင်းမဲ့သော ငြင်းခုံမှုများကိုရှောင်လော့။ ယင်းတို့သည်ခိုက် ရန်ဖြစ်ပွားမှုကိုပြုစုပေးတတ်ကြောင်းသင် သိ၏။-
Bláznivých pak a nevzdělavatelných otázek varuj se, věda, že plodí sváry.
24 ၂၄ သခင်ဘုရား၏အစေခံသည်ခိုက်ရန်မပြုဘဲ လူတိုင်းကိုသနားတတ်၍သည်းခံတတ်သောဋ္ဌမ္မ ဆရာကောင်းဖြစ်ရမည်။-
Neslušíť pak na služebníka Páně vaditi se, ale aby byl přívětivý ke všechněm, způsobný k učení, trpělivý,
25 ၂၅ မိမိအားဆန့်ကျင်ဘက်ပြုသူများကိုနူးညံ့ သိမ်မွေ့စွာဆုံးမတတ်သူဖြစ်ရမည်။ သူတို့သည် နောင်တရ၍သမ္မာတရားကိုသိရှိလာနိုင်ခွင့် ကိုဘုရားသခင်သည်သူတို့အားပေးကောင်း ပေးတော်မူလိမ့်မည်။-
Kterýž by v tichosti vyučoval ty, kteříž se protiví, zda by někdy dal jim Bůh pokání ku poznání pravdy.
26 ၂၆ ထိုအခါသူတို့သည်အမြင်မှန်ရရှိလာပြီးလျှင် မာရ်နတ်၏ကျော့ကွင်းမှလွတ်မြောက်ကြလိမ့်မည်။ မာရ်နတ်သည်မိမိအလိုအတိုင်းလိုက်နာစေရန် သူတို့အားဖမ်းဆီးထားခဲ့ပေသည်။
Aby sami k sobě přijdouce, dobyli se z osídla ďáblova, od něhož jsou zjímáni k činění jeho vůle.