< ၂ သက်သာလောနိတ် 3 >
1 ၁ ညီအစ်ကိုတို့၊ နောက်ဆုံးအနေဖြင့်မှာကြား လို၏။ သခင်ဘုရား၏တရားတော်သည်သင် တို့ထံမှာကဲ့သို့အရပ်တကာတွင်လျင်မြန် စွာပျံ့နှံ့၍ ဘုန်းအသရေတော်ထွန်းတောက် နိုင်စေရန်ငါတို့အတွက်ဆုတောင်းကြလော့။-
종말로 형제들아 너희는 우리를 위하여 기도하기를 주의 말씀이 너희 가운데서와 같이 달음질하여 영광스럽게 되고
2 ၂ ဘုရားသခင်သည်ငါတို့အားသူယုတ်မာ များနှင့်ဆိုးညစ်သူတို့၏ဘေးအန္တရာယ်မှ ကယ်ဆယ်တော်မူရန်ကိုလည်းဆုတောင်းကြ လော့။ အဘယ်ကြောင့်ဆိုသော်တရားတော် ကိုလူတိုင်းပင်မယုံကြည်သောကြောင့်ဖြစ် သည်။
또한 우리를 무리하고 악한 사람들에게서 건지옵소서 하라 믿음은 모든 사람의 것이 아님이라
3 ၃ သို့ရာတွင်သခင်ဘုရားသည်သစ္စာတော်အရှင် ဖြစ်တော်မူသည်နှင့်အညီ သင်တို့အားကြံ့ခိုင် စေ၍မာရ်နတ်၏ဘေးမှကာကွယ်တော်မူလိမ့်မည်။-
주는 미쁘사 너희를 굳게 하시고 악한 자에게서 지키시리라
4 ၄ သခင်ဘုရားသည်ငါတို့အားသင်တို့အပေါ် တွင်ယုံကြည်စိတ်ချစေတော်မူ၏။ သင်တို့သည် ငါတို့မှာကြားခဲ့သည့်အတိုင်းယခုအခါ ၌ပြုကျင့်လျက်ရှိကြသည်နည်းတူ နောင် အခါ၌လည်းဆက်လက်ပြုကျင့်ကြမည် ကိုငါတို့စိတ်ချယုံကြည်၏။
너희에게 대하여는 우리의 명한 것을 너희가 행하고 또 행할 줄을 우리가 주 안에서 확신하노니
5 ၅ သင်တို့သည်ဘုရားသခင်၏မေတ္တာတော်ကို ပိုမို၍သိမြင်နားလည်နိုင်ကြစေရန်လည်း ကောင်း၊ ခရစ်တော်နည်းတူသည်းခံနိုင်ကြ စေရန်လည်းကောင်း သခင်ဘုရားသည်သင် တို့ကိုလမ်းညွှန်တော်မူပါစေသော။
주께서 너희 마음을 인도하여 하나님의 사랑과 그리스도의 인내에 들어가게 하시기를 원하노라
6 ၆ ညီအစ်ကိုတို့၊ အပျင်းကြီးသူညီအစ်ကို အပေါင်းတို့နှင့်လည်းကောင်း၊ ငါတို့ပေးအပ် သည့်ညွှန်ကြားချက်များကိုမလိုက်နာသူ တို့နှင့်လည်းကောင်း မပေါင်းဖော်ကြရန်အရှင် ယေရှုခရစ်၏နာမတော်ကိုအမှီပြုလျက် သင်တို့ကိုငါတို့ပညတ်၏။-
형제들아! 우리 주 예수 그리스도의 이름으로 너희를 명하노니 규모 없이 행하고 우리에게 받은 유전대로 행하지 아니하는 모든 형제에게서 떠나라
7 ၇ သင်တို့သည်ငါတို့အလုပ်လုပ်ခဲ့သည့်စံ နမူနာကိုလိုက်၍ပြုကျင့်သင့်သည်ကို သင် တို့ကိုယ်တိုင်ကောင်းစွာသိရှိကြပေသည်။ သင်တို့နှင့်အတူရှိစဉ်အခါကငါတို့သည် အလုပ်မလုပ်ဘဲမနေခဲ့ကြ။-
어떻게 우리를 본받아야 할 것을 너희가 스스로 아나니 우리가 너희 가운데서 규모 없이 행하지 아니하며
8 ၈ ငါတို့စားစရိတ်မှန်သမျှကိုငါတို့ကျခံ ခဲ့ကြ၏။ သင်တို့တစ်ဦးတစ်ယောက်အားမျှ ငါတို့အတွက်တာဝန်မရှိရစေရန် ငါတို့ သည်အလုပ်ကိုပင်ပန်းစွာနေ့ရောညဥ့်ပါ လုပ်ကိုင်ခဲ့ကြ၏။-
누구에게서든지 양식을 값없이 먹지 않고 오직 수고하고 애써 주야로 일함은 너희 아무에게도 누를 끼치지 아니하려 함이니
9 ၉ ယင်းသို့ပြုကြခြင်းမှာငါတို့တွင်သင်တို့ ၏အထောက်အပံ့ကိုတောင်းပိုင်ခွင့်မရှိကြ ၍မဟုတ်။ သင်တို့လိုက်လျှောက်ရန်စံနမူနာ ရရှိကြစေရန်သာဖြစ်၏။-
우리에게 권리가 없는 것이 아니요 오직 스스로 너희에게 본을 주어 우리를 본받게 하려 함이니라
10 ၁၀ သင်တို့နှင့်အတူရှိခဲ့စဉ်အခါကငါတို့ သည်သင်တို့အား``အလုပ်မလုပ်လိုသူသည် အစားအစာလည်းမစားရ'' ဟူ၍သွန်သင် လေ့ရှိ၏။
우리가 너희와 함께 있을 때에도 너희에게 명하기를 누구든지 일하기 싫어하거든 먹지도 말게 하라 하였더니
11 ၁၁ သင်တို့အထဲတွင်အပျင်းကြီးလျက်အလုပ် မလုပ်ဘဲ သူတစ်ပါးတို့၏ကိစ္စများတွင်ဝင် ရောက်စွက်ဖက်နေတတ်သူများရှိကြောင်း သိရပေသည်။-
우리가 들은즉 너희 가운데 규모 없이 행하여 도무지 일하지 아니하고 일만 만드는 자들이 있다 하니
12 ၁၂ ဤကဲ့သို့သောသူတို့အားငြိမ်ဝပ်စွာနေထိုင် ကာအလုပ်ကိုလုပ်၍အသက်မွေးဝမ်းကျောင်း ကြရန် ငါတို့သည်အရှင်သခင်ယေရှုခရစ် ၏နာမတော်ကိုအမှီပြုလျက်အမိန့်ပေး ၍တိုက်တွန်း၏။
이런 자들에게 우리가 명하고 주 예수 그리스도 안에서 권하기를 종용히 일하여 자기 양식을 먹으라 하노라
13 ၁၃ သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့သည်အဘယ် အခါ၌မျှစိတ်မပျက်အားမလျော့ဘဲ ကောင်းသောအကျင့်ကိုပြုကျင့်ကြလော့။-
형제들아! 너희는 선을 행하다가 낙심치 말라
14 ၁၄ အကယ်၍လူတစ်စုံတစ်ယောက်သည်ဤစာ တွင်ပါရှိသည့်ညွှန်ကြားချက်များကိုမလိုက် နာသော် ထိုသူကိုသတိပြု၍အရှက်ရစေ ရန်သူနှင့်မပေါင်းဖော်ကြနှင့်။-
누가 이 편지에 한 우리 말을 순종치 아니하거든 그 사람을 지목하여 사귀지 말고 저로 하여금 부끄럽게 하라
15 ၁၅ သို့ရာတွင်သူ့အားရန်သူကဲ့သို့သဘောမထား ဘဲ ညီအစ်ကိုကဲ့သို့သဘောထားကာသတိပေး ကြလော့။
그러나 원수와 같이 생각지 말고 형제같이 권하라
16 ၁၆ ငြိမ်သက်ခြင်း၏အရှင်သခင်ဘုရားကိုယ်တော် တိုင်သင်တို့အား အခါခပ်သိမ်းနည်းအမျိုးမျိုး ဖြင့်ငြိမ်သက်ခြင်းကိုပေးသနားတော်မူပါ စေသော။ သခင်ဘုရားသည်သင်တို့နှင့်အတူ ရှိတော်မူပါစေသော။
평강의 주께서 친히 때마다 일마다 너희에게 평강을 주시기를 원하노라 주는 너희 모든 사람과 함께 하실지어다
17 ၁၇ ငါ၏လက်ဖြင့်ဤစာလုံးများကိုရေး၏။ ငါ ပေါလုသည်သင်တို့အားနှုတ်ဆက်၏။ ငါပေး ပို့သောစာတိုင်းတွင်ဤအတိုင်းလက်မှတ်ရေး ထိုး၏။ ဤကဲ့သို့ငါရေး၏။
나 바울은 친필로 문안하노니 이는 편지마다 표적이기로 이렇게 쓰노라
18 ၁၈ ငါတို့အရှင်သခင်ယေရှုခရစ်၏ကျေးဇူး တော်ကိုသင်တို့အားလုံးခံစားရကြပါ စေသတည်း။ သက်သာလောနိတ်သြဝါဒစာဒုတိယစောင်ပြီး၏။
우리 주 예수 그리스도의 은혜가 너희 무리에게 있을지어다!