< ၂ ဓမ္မရာဇဝင် 1 >
1 ၁ ရှောလုကွယ်လွန်ပြီးနောက်ဒါဝိဒ်သည်အာ မလက်မြို့သားတို့ကိုနှိမ်နင်းရာမှပြန် လာ၍ ဇိကလတ်မြို့တွင်နှစ်ရက်မျှနေ၏။-
factum est autem postquam mortuus est Saul ut David reverteretur a caede Amalech et maneret in Siceleg dies duos
2 ၂ နောက်တစ်နေ့၌ ရှောလု၏တပ်စခန်းမှလူငယ် တစ်ယောက်သည် ဝမ်းနည်းကြေကွဲသည့်လက္ခဏာ ဖြင့် မိမိ၏အဝတ်များကိုဆုတ်ဖြဲကာ ဦးခေါင်း ကိုမြေမှုန့်ကြဲဖြန့်လျက်ရောက်လာ၏။ သူသည် ဒါဝိဒ်ထံသို့ချဉ်းကပ်ပြီးလျှင်မြေပေါ်မှာ ပျပ်ဝပ်ရှိခိုးလေ၏။-
in die autem tertia apparuit homo veniens de castris Saul veste conscissa et pulvere aspersus caput et ut venit ad David cecidit super faciem suam et adoravit
3 ၃ ဒါဝိဒ်ကသူ့အား``သင်သည်အဘယ်အရပ် ကလာသနည်း'' ဟုမေး၏။ ထိုသူက``ကျွန်တော်သည်ဣသရေလတပ်စခန်း မှထွက်ပြေးခဲ့ပါသည်'' ဟုဖြေကြား၏။
dixitque ad eum David unde venis qui ait ad eum de castris Israhel fugi
4 ၄ ဒါဝိဒ်က``အမှုကားအဘယ်သို့နည်း'' ဟု မေးလျှင်၊ လူငယ်က``ကျွန်တော်တို့၏တပ်မတော်သည် တပ်လန်၍သွားသဖြင့် လူအများကျဆုံး ကြပါသည်။ ရှောလုမင်းနှင့်သားတော်ယော နသန်တို့သည်လည်းအသတ်ခံရကြပါ ၏'' ဟုဆို၏။
et dixit ad eum David quod est verbum quod factum est indica mihi qui ait fugit populus e proelio et multi corruentes e populo mortui sunt sed et Saul et Ionathan filius eius interierunt
5 ၅ ဒါဝိဒ်က``ရှောလုနှင့်ယောနသန်ကွယ်လွန် ကြောင်းကိုသင်အဘယ်သို့သိသနည်း'' ဟု မေးလျှင်၊
dixitque David ad adulescentem qui nuntiabat unde scis quia mortuus est Saul et Ionathan filius eius
6 ၆ ထိုသူငယ်က``ကျွန်တော်သည်ဂိလဗောတောင် ပေါ်တွင်ရှိနေခိုက်နှင့်ကြုံသဖြင့် ရှောလုမင်း သည်မိမိ၏လှံကိုမှီလျက်နေသည်ကိုလည်း ကောင်း၊ ရန်သူ၏စစ်ရထားများနှင့်မြင်းစီး သူရဲတို့သည်သူ၏အနီးသို့ချဉ်းကပ် လာကြသည်ကိုလည်းကောင်းမြင်ပါ၏။-
ait adulescens qui narrabat ei casu veni in montem Gelboe et Saul incumbebat super hastam suam porro currus et equites adpropinquabant ei
7 ၇ ထိုအခါသူသည်နောက်သို့လှည့်ကြည့်လိုက် ရာကျွန်တော့်ကိုမြင်၍ခေါ်ပါ၏။ ကျွန်တော် က``ရောက်ပါပြီအရှင်'' ဟုထူးသောအခါ၊-
et conversus post tergum suum vidensque me vocavit cui cum respondissem adsum
8 ၈ မင်းကြီးသည်ကျွန်တော်အားမည်သူဖြစ် သည်ကိုမေးတော်မူသဖြင့် ကျွန်တော်က အာမလက်ပြည်သားဖြစ်ကြောင်းဖြေ ကြားလျှောက်ထားပါ၏။-
dixit mihi quisnam es tu et aio ad eum Amalechites sum
9 ၉ ထိုအခါမင်းကြီးက``ငါသည်ပြင်းစွာဒဏ် ရာရသဖြင့်သေခါနီးပြီ။ ထို့ကြောင့်လာ ၍ငါ့အားသတ်လော့'' ဟုမိန့်တော်မူပါ၏။-
et locutus est mihi sta super me et interfice me quoniam tenent me angustiae et adhuc tota anima in me est
10 ၁၀ မင်းကြီးလဲလျှင်လဲချင်းသက်တော်ဆုံး တော့မည်ကိုသိသဖြင့်ကျွန်တော်သည်သူ့ အားသတ်ပြီးလျှင် သူ၏ဦးခေါင်းမှသရဖူ နှင့်လက်မောင်းမှလက်ကောက်တော်ကိုဖြုတ် ၍အရှင့်ထံသို့ယူဆောင်ခဲ့ပါသည်'' ဟု လျှောက်၏။
stansque super eum occidi illum sciebam enim quod vivere non poterat post ruinam et tuli diadema quod erat in capite eius et armillam de brachio illius et adtuli ad te dominum meum huc
11 ၁၁ ဒါဝိဒ်နှင့်သူ၏လူတို့သည်ဝမ်းနည်းကြေကွဲ သည့်အနေဖြင့် မိမိတို့၏အဝတ်များကို ဆုတ်ဖြဲကြ၏။-
adprehendens autem David vestimenta sua scidit omnesque viri qui erant cum eo
12 ၁၂ သူတို့သည်စစ်ပွဲတွင်ရှောလုနှင့်ယောနသန် မှစ၍ ထာဝရဘုရား၏လူမျိုးတော်ဖြစ် သောဣသရေလအမျိုးသားတို့မြောက်မြား စွာကျဆုံးသောကြောင့် ညဥ့်ဦးတိုင်အောင် အစာမစားဘဲငိုကြွေးမြည်တမ်းကြ၏။
et planxerunt et fleverunt et ieiunaverunt usque ad vesperam super Saul et super Ionathan filium eius et super populum Domini et super domum Israhel quod corruissent gladio
13 ၁၃ သတင်းယူဆောင်လာသူလူငယ်အားဒါဝိဒ် က``သင်သည်အဘယ်ပြည်သားနည်း'' ဟုမေး လျှင်၊ ``ကျွန်တော်သည်အာမလက်ပြည်သားဖြစ် ပါ၏။ သို့ရာတွင်အရှင်၏ပြည်တွင်နေထိုင် ပါသည်'' ဟုပြန်၍လျှောက်၏။
dixitque David ad iuvenem qui nuntiaverat ei unde es qui respondit filius hominis advenae amalechitae ego sum
14 ၁၄ ဒါဝိဒ်က``သင်သည်အဘယ်ကြောင့်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင်ကို သတ်ဝံ့ပါသနည်း'' ဟုဆိုပြီးလျှင်ငယ်သား တစ်ယောက်ကိုခေါ်၍``ဤသူကိုကွပ်မျက်ပစ် လော့'' ဟုအမိန့်ပေးရာ၊-
et ait ad eum David quare non timuisti mittere manum tuam ut occideres christum Domini
15 ၁၅ ငယ်သားသည်အာမလက်အမျိုးသားကို ခုတ်သတ်လေ၏။-
vocansque David unum de pueris ait accedens inrue in eum qui percussit illum et mortuus est
16 ၁၆ ဒါဝိဒ်က``ဤအမှုသည်သင်ပြုသောအမှု ပင်ဖြစ်၏။ သင်သည်ထာဝရဘုရားဘိသိက် ပေးတော်မူသောဘုရင်ကိုသတ်ခဲ့ပါသည် ဟုဖြောင့်ချက်ပေးခြင်းအားဖြင့် မိမိကိုယ် ကိုသေဒဏ်သင့်စေပြီတကား'' ဟုဆို၏။
et ait ad eum David sanguis tuus super caput tuum os enim tuum locutum est adversum te dicens ego interfeci christum Domini
17 ၁၇ ဒါဝိဒ်သည်ရှောလုနှင့်ယောနသန်တို့အတွက် အောက်ပါသီချင်းကိုဖွဲ့ဆို၏။
planxit autem David planctum huiuscemodi super Saul et super Ionathan filium eius
18 ၁၈ ယင်းကိုယုဒပြည်သူတို့အားလည်းသင်ကြား ပေးရန်အမိန့်ပေး၏။ (ဤအကြောင်းအရာ ကိုယာရှာစာစောင်တွင်မှတ်တမ်းတင်ထား သတည်း။)
et praecepit ut docerent filios Iuda arcum sicut scriptum est in libro Iustorum
19 ၁၉ ``ငါတို့ခေါင်းဆောင်များကားဣသရေလ တောင်ကုန်းများတွင်သေဆုံးကြလေပြီ။ သူရဲကောင်းကြီးများကျဆုံးကြလေပြီ။
incliti Israhel super montes tuos interfecti sunt quomodo ceciderunt fortes
20 ၂၀ ထိုသတင်းကိုဂါသမြို့၌သော်လည်းကောင်း အာရှကေလုန်မြို့လမ်းများပေါ်၌သော်လည်း ကောင်း မပြောကြားကြနှင့်။ ဖိလိတ္တိအမျိုးသမီးတို့ဝမ်းမြောက်ခွင့်မရ ကြစေနှင့်။ ဘုရားမဲ့သူတို့၏သမီးများရွှင်မြူးခွင့်မရ ကြစေနှင့်။
nolite adnuntiare in Geth neque adnuntietis in conpetis Ascalonis ne forte laetentur filiae Philisthim ne exultent filiae incircumcisorum
21 ၂၁ ``ဂိလဗောတောင်ကုန်းများပေါ်၌ မိုးမရွာနှင်းမကျပါစေနှင့်။ ထိုတောင်ကုန်းများမှလယ်ယာများသည် ထာဝစဉ်အသီးအနှံကင်းမဲ့ပါစေသော။ အဘယ်ကြောင့်ဆိုသော်ထိုအရပ်သည် သူရဲကောင်းတို့၏ဒိုင်းလွှားများအသရေ ပျက်၍ ကျန်ရစ်ရာ၊ ရှောလု၏ဒိုင်းလွှားသံချေးတက်လျက်နေရာ ဖြစ်သောကြောင့်တည်း။
montes Gelboe nec ros nec pluviae veniant super vos neque sint agri primitiarum quia ibi abiectus est clypeus fortium clypeus Saul quasi non esset unctus oleo
22 ၂၂ ခွန်အားကြီးသူတို့ကိုပစ်ခတ်ရာတွင်လည်း ကောင်း၊ ရန်သူကိုသတ်ဖြတ်ရာတွင်လည်းကောင်း၊ ယောနသန်၏လေးသည်အာနိသင်ထက်လှ၍ ရှောလု၏ဋ္ဌားသည်သနားညှာတာမှုမရှိ။
a sanguine interfectorum ab adipe fortium sagitta Ionathan numquam rediit retrorsum et gladius Saul non est reversus inanis
23 ၂၃ ``အံ့သြနှစ်သက်ဖွယ်ကောင်းသောရှောလုနှင့် ယောနသန်တို့သည်ရှင်အတူသေမကွဲ လင်းယုန်ငှက်ထက်လျင်မြန်၍ခြင်္သေ့ထက် ခွန်အားကြီးကြပါသည်တကား။
Saul et Ionathan amabiles et decori in vita sua in morte quoque non sunt divisi aquilis velociores leonibus fortiores
24 ၂၄ ``ဣသရေလအမျိုးသမီးတို့၊ရှောလုအတွက် ငိုကြွေးမြည်တမ်းကြလော့။ သူသည်သင်တို့အားကမ္ဗလာနီထည်ကို ဝတ်ဆင်စေ၍ ကျောက်မျက်ရတနာ၊ရွှေတန်ဆာဖြင့် ဆင်ယင်ပေးတော်မူ၏။
filiae Israhel super Saul flete qui vestiebat vos coccino in deliciis qui praebebat ornamenta aurea cultui vestro
25 ၂၅ သူရဲကောင်းစစ်သည်တော်တို့ကျဆုံး ကြလေပြီ။ သူတို့သည်တိုက်ပွဲတွင်အသတ်ခံရကြ၏။ ယောနသန်သည်တောင်ကုန်းများပေါ်တွင် လဲ၍သေနေလေပြီ။
quomodo ceciderunt fortes in proelio Ionathan in excelsis tuis occisus est
26 ၂၆ ``ငါ့ညီယောနသန်၊ငါသည်သင့်အတွက် ဝမ်းနည်းကြေကွဲပါ၏။ ငါသည်သင့်ကိုလွန်စွာချစ်မြတ်နိုးပါ၏။ ငါ့အပေါ်၌သင်ထားရှိသောမေတ္တာသည် အံ့သြဖွယ်ကောင်း၍ အမျိုးသမီးတို့၏မေတ္တာထက်ပင်လွန်ကဲ ပါပေသည်။
doleo super te frater mi Ionathan decore nimis et amabilis super amorem mulierum
27 ၂၇ ``သူရဲကောင်းစစ်သည်တော်တို့သည် ကျဆုံးကြလေပြီ။ သူတို့၏လက်နက်များသည်စွန့်ပစ်ခြင်းကိုခံရ၍ အသုံးမဝင်ကြတော့သည်တကား။''
quomodo ceciderunt robusti et perierunt arma bellica