< ၂ ဓမ္မရာဇဝင် 9 >
1 ၁ ဒါဝိဒ်က``ရှောလု၏မိသားစုထဲမှကျန်ကြွင်း သူတစ်စုံတစ်ယောက်ရှိပါသေးသလော။ ရှိခဲ့ လျှင်ငါသည်ယောနသန်၏မျက်နှာကိုထောက် သောအားဖြင့်သူ့အားကျေးဇူးပြုလိုသည်'' ဟုမိန့်တော်မူ၏။
David dijo: “¿Queda todavía alguien de la casa de Saúl, para que le haga un favor en favor de Jonatán?”
2 ၂ ထိုအခါလူတို့သည်ဇိဘနာမည်ရှိသော လူတစ်ယောက်ကိုအထံတော်သို့သွင်းကြ၏။ ထိုသူကားရှောလုမိသားစု၏အစေခံ တစ်ဦးဖြစ်၏။ မင်းကြီးကသူ့အား``သင် သည်ဇိဘလော'' ဟုမေးတော်မူလျှင်၊ ``မှန်လှပါအရှင်'' ဟုဇိဘကလျှောက် ထား၏။
Había de la casa de Saúl un siervo que se llamaba Siba, y lo llamaron a David, y el rey le dijo: “¿Eres tú Siba?” Dijo: “Soy tu siervo”.
3 ၃ မင်းကြီးက``ငါသည်ထာဝရဘုရားအလို တော်အတိုင်း ကျေးဇူးသစ္စာစောင့်သူဖြစ်ကြောင်း ပြသနိုင်ရန် ရှောလုမိသားစုမှကျန်ကြွင်းနေ သူတစ်စုံတစ်ယောက်ရှိပါသေးသလော'' ဟု မေးတော်မူလျှင်၊ ဇိဘက``ယောနသန်၏သားတစ်ယောက်ကျန် ရှိနေပါသေးသည်။ သူသည်ခြေဆွံ့၍နေပါ သည်'' ဟုလျှောက်၏။
El rey dijo: “¿No hay todavía nadie de la casa de Saúl, para que le muestre la bondad de Dios?” Siba dijo al rey: “Jonatán aún tiene un hijo, que es cojo de los pies”.
4 ၄ မင်းကြီးက``သူသည်အဘယ်မှာရှိသနည်း'' ဟုမေးလျှင်၊ ဇိဘက``လောဒေဗာရွာ၊ အမျေလ၏သား မာခိရ၏အိမ်တွင်ရှိပါသည်'' ဟုလျှောက် ၏။-
El rey le dijo: “¿Dónde está?”. Siba dijo al rey: “He aquí que está en casa de Maquir, hijo de Ammiel, en Lo Debar”.
5 ၅ သို့ဖြစ်၍ဒါဝိဒ်မင်းသည်ယောနသန်၏ သားကိုအခေါ်ခိုင်းတော်မူ၏။
Entonces el rey David envió y lo sacó de la casa de Maquir, hijo de Amiel, de Lo Debar.
6 ၆ ရှောလု၏မြေးယောနသန်၏သားမေဖိဗော ရှက်သည်ရောက်ရှိလာသောအခါ ဒါဝိဒ်၏ ရှေ့တွင်ရိုသေစွာပျပ်ဝပ်လျက်နေ၏။ ဒါဝိဒ် က``မေဖိဗောရှက်'' ဟုခေါ်လျှင်မေဖိဗော ရှက်က``ကိုယ်တော့်ကျွန်ရှိပါသည်'' ဟုထူး လေ၏။
Mefiboset, hijo de Jonatán, hijo de Saúl, se acercó a David, se postró sobre su rostro y le mostró respeto. David dijo: “¿Mefiboset?” Él respondió: “He aquí tu siervo”.
7 ၇ ဒါဝိဒ်ကလည်း``မကြောက်နှင့်ငါသည်သင်၏ ဖခင်ယောနသန်၏မျက်နှာကိုထောက်၍သင့် အားကျေးဇူးပြုမည်။ သင်၏အဖိုးရှောလု ပိုင်ဆိုင်ခဲ့သည့်မြေယာမှန်သမျှကိုသင့် အားပြန်၍ပေးမည်။ သင့်အားငါ့စားပွဲ တွင်နေ့စဉ်စားသောက်ခွင့်ကိုငါပေးမည်'' ဟုမိန့်တော်မူ၏။
David le dijo: “No temas, porque seguramente te mostraré bondad por amor a Jonatán, tu padre, y te devolveré toda la tierra de Saúl, tu padre. Comerás continuamente el pan en mi mesa”.
8 ၈ မေဖိဗောရှက်သည်တစ်ဖန်ဦးချပြီး လျှင်``အရှင်ခွေးသေကောင်သဖွယ်ဖြစ်သူ ကျွန်တော်မျိုးအားအရှင်သည် အဘယ် ကြောင့်ဤသို့ကျေးဇူးပြုတော်မူပါ သနည်း'' ဟုလျှောက်၏။
Se inclinó y dijo: “¿Qué es tu siervo, para que mires a un perro muerto como yo?”.
9 ၉ ထိုအခါမင်းကြီးသည်ရှောလု၏အစေခံ ဇိဘကိုခေါ်ယူ၍``ငါသည်သင့်သခင်၏ မြေးမေဖိဗောရှက်အား ရှောလုမိသားစု ပိုင်ဆိုင်သမျှသောမြေယာတို့ကိုပေးမည်။-
Entonces el rey llamó a Siba, siervo de Saúl, y le dijo: “Todo lo que era de Saúl y de toda su casa se lo he dado al hijo de tu amo.
10 ၁၀ သင်နှင့်တကွသင်၏သားသင်၏အစေခံတို့ သည် သင့်သခင်ရှောလု၏အိမ်ထောင်စုအတွက် ထိုမြေယာများကိုထွန်ယက်စိုက်ပျိုး၍ အသီး အနှံများကိုယူဆောင်ကာသူတို့အဖို့ရိက္ခာ အဖြစ်ဖြင့်ပေးသွင်းရမည်။ သို့ရာတွင်မေဖိ ဗောရှက်မူကားငါ၏စားပွဲတွင်ငါနှင့်အတူ စားသောက်ရမည်'' ဟုမိန့်တော်မူ၏။ (ဇိဘ တွင်သားတစ်ဆယ့်ငါးယောက်နှင့်အစေခံ နှစ်ဆယ်ရှိသတည်း။)
Labra la tierra para él: tú, tus hijos y tus siervos. Trae la cosecha, para que el hijo de tu amo tenga pan que comer; pero Mefiboset, el hijo de tu amo, siempre comerá pan en mi mesa.” Y Siba tenía quince hijos y veinte siervos.
11 ၁၁ ဇိဘက``အရှင်မင်းကြီးမိန့်တော်မူသမျှ အတိုင်း ကျွန်တော်မျိုးနာခံပါမည်'' ဟု လျှောက်၏။ သို့ဖြစ်၍မေဖိဗောရှက်သည်ဘုရင်၏သား တော်တစ်ပါးကဲ့သို့ စားပွဲတော်၌စားသောက် ရလေ၏။-
Entonces Siba dijo al rey: “Según todo lo que mi señor el rey ordena a su siervo, así lo hará tu siervo”. Así que Mefiboset comía en la mesa del rey como uno de sus hijos.
12 ၁၂ မေဖိဗောရှက်မှာမိက္ခာနာမည်တွင်သောသား ငယ်တစ်ယောက်ရှိ၏။ ဇိဘ၏အိမ်သူအိမ်သား အပေါင်းတို့သည်လည်း မေဖိဗောရှက်၏ အစေခံများဖြစ်လာကြ၏။-
Mefiboset tenía un hijo pequeño que se llamaba Mica. Todos los que vivían en la casa de Siba eran siervos de Mefiboset.
13 ၁၃ ထို့ကြောင့်ခြေနှစ်ဘက်စလုံးဆွံ့သောမေဖိ ဗောရှက်သည် ယေရုရှလင်မြို့၌နေထိုင်လျက် ဘုရင့်စားပွဲတော်တွင်စားသောက်ခွင့်ကိုရ လေသည်။
Así que Mefiboset vivía en Jerusalén, pues comía continuamente en la mesa del rey. Era cojo de ambos pies.