< ၂ ဓမ္မရာဇဝင် 7 >
1 ၁ ယခုအခါဒါဝိဒ်မင်းသည်နန်းတော်တွင် ငြိမ်းချမ်းစွာနေရသောအခါ ထာဝရ ဘုရားသည်ဒါဝိဒ်မင်းအားရန်သူအပေါင်း တို့ဘေးမှကင်းဝေးစေတော်မူသဖြင့်၊-
Y aconteció que, estando ya el rey asentado en su casa, después que el SEÑOR le había dado reposo de todos sus enemigos en derredor,
2 ၂ ပရောဖက်နာသန်အား`ကြည့်လော့။ ငါသည် သစ်ကတိုးသားနန်းတော်နှင့်နေထိုင်ရသော် လည်း ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်မူကားတဲတော်၌သာကျိန်းဝပ်တော် မူရပါသည်တကား'' ဟုဆို၏။
dijo el rey al profeta Natán: Mira ahora, yo moro en casas de cedro, y el arca de Dios está entre cortinas.
3 ၃ နာသန်က`ဘုရားသခင်သည်အရှင်နှင့်အတူ ရှိတော်မူသည်ဖြစ်၍ အရှင်အလိုရှိသည့် အတိုင်းပြုတော်မူပါ'' ဟုလျှောက်၏။-
Y Natán dijo al rey: Anda, y haz todo lo que está en tu corazón, que el SEÑOR es contigo.
4 ၄ သို့ရာတွင်ထိုညဥ့်၌ထာဝရဘုရားသည် နာသန်အား၊-
Y aconteció aquella noche, que vino palabra del SEÑOR a Natán, diciendo:
5 ၅ ``ငါ၏အစေခံဒါဝိဒ်ထံသို့သွား၍သူ့ အား`သင်သည်ငါကျိန်းဝပ်ရန်ဗိမာန်တော်ကို တည်ဆောက်ရမည်မဟုတ်။-
Ve y di a mi siervo David: Así dijo el SEÑOR: ¿Tú me has de edificar casa en que yo more?
6 ၆ ဣသရေလအမျိုးသားတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှ ယနေ့တိုင်အောင်ငါသည် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မမူခဲ့။ တဲတော် ၌သာကျိန်းဝပ်လျက်ဒေသစာရီလှည့်လည် တော်မူခဲ့၏။-
Ciertamente no he habitado en casas desde el día que saqué a los hijos de Israel de Egipto hasta hoy, sino que anduve en tienda y en tabernáculo.
7 ၇ ယင်းသို့မိမိ၏လူမျိုးတော်နှင့်လှည့်လည်တော် မူခဲ့စဉ်အဘယ်အခါ၌မျှ ငါသည်မိမိခန့် ထားသောခေါင်းဆောင်တို့အား`သင်တို့အဘယ် ကြောင့်ငါ၏အတွက်သစ်ကတိုးသားဗိမာန် တော်ကိုဆောက်လုပ်၍မပေးကြသနည်း' ဟု မေးတော်မမူခဲ့။-
Y en todo cuanto he andado con todos los hijos de Israel, ¿he hablado palabra en alguna de las tribus de Israel, a quien haya mandado que apaciente mi pueblo de Israel, para decir: ¿Por qué no me habéis edificado casa de cedros?
8 ၈ သို့ဖြစ်၍အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည်မိမိ၏အစေခံဒါဝိဒ်အား`ငါသည်သင့် ကိုငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့၏ဘုရင်ဖြစ်စိမ့်သောငှာသိုးကျောင်းရာ ကွင်းထဲမှခေါ်ယူခဲ့၏။-
Ahora pues, dirás así a mi siervo David: Así dijo el SEÑOR de los ejércitos: Yo te tomé de la majada, de detrás de las ovejas, para que fueses príncipe sobre mi pueblo, sobre Israel;
9 ၉ သင်သွားလေရာရာ၌သင်နှင့်အတူငါပါရှိ လျက် သင်၏ရန်သူရှိသမျှတို့ကိုနှိမ်နင်းပေး ခဲ့၏။ ငါသည်သင့်အားကမ္ဘာပေါ်တွင်အကျော် စောဆုံးသောခေါင်းဆောင်တစ်ဦးဖြစ်စေမည်။-
y he sido contigo en todo cuanto has andado, y delante de ti he talado todos tus enemigos, y te he hecho nombre grande, como el nombre de los grandes que son en la tierra.
10 ၁၀ ငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့အတွက်နေရာအရပ်ကိုရွေးချယ်၍ နောက် တစ်ဖန်ညှင်းဆဲခြင်းကိုမခံရတော့ဘဲ အတည်တကျနေထိုင်စေပြီ။ ဤပြည် သို့ဝင်ရောက်လာချိန်မှအစပြု၍ သူတို့ သည်အကြမ်းဖက်သူလူစုတို့၏တိုက်ခိုက် မှုကိုခံခဲ့ရကြသော်လည်းနောက်တစ်ဖန် ခံရကြတော့မည်မဟုတ်။ သင့်အားရန်သူ အပေါင်းတို့၏ဘေးမှလုံခြုံစေ၍ သား မြေးများဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ငါထာဝရဘုရားမြွက်ဆို၏။-
Además yo pondré lugar a mi pueblo Israel, y yo lo plantaré, para que habite en su lugar, y nunca más sea removido, ni los inicuos le aflijan más, como antes,
desde el día que puse jueces sobre mi pueblo Israel. Y yo te daré descanso de todos tus enemigos. Asimismo el SEÑOR te hace saber, que él te quiere hacer casa a ti.
12 ၁၂ သင်ကွယ်လွန်၍ဘိုးဘေးတို့နှင့်အတူသင်္ဂြိုဟ် ခြင်းကိုခံရသောအခါ ငါသည်သင်၏သား တစ်ယောက်ကိုမင်းမြှောက်ကာသူ၏နိုင်ငံ ကိုတည်တံ့ခိုင်မြဲစေမည်။-
Y cuando tus días fueren cumplidos, y durmieres con tus padres, yo afirmaré tu simiente después de ti, la cual procederá de tus entrañas, y afirmaré su reino.
13 ၁၃ သူသည်ငါ၏အတွက်ဗိမာန်တော်ကိုတည် ဆောက်ရမည်။ ငါသည်သူ၏ရာဇပလ္လင်ကို ထာဝစဉ်တည်မြဲစေမည်။-
El edificará casa a mi nombre, y yo afirmaré para siempre el trono de su reino.
14 ၁၄ ငါသည်သူ၏အဖဖြစ်၍သူသည်လည်းငါ ၏သားဖြစ်ရလိမ့်မည်။ သူသည်အမှားကို ပြုသောအခါအဖကသားကိုဆုံးမ သကဲ့သို့သူ့ကိုဆုံးမမည်။-
Yo le seré a el padre, y él me será a mí hijo. Y si él hiciere mal, yo le castigaré con vara de hombres, y con azotes de hijos de hombres;
15 ၁၅ သင့်အားထီးနန်းအပ်နှင်းနိုင်ရန်ငါဖယ်ရှား လိုက်သည့်ရှောလု၏ထံမှ ငါ၏ထောက်ခံမှု ကိုရုပ်သိမ်းသကဲ့သို့သင်၏ထံမှရုပ်သိမ်း မည်မဟုတ်။-
pero mi misericordia no se apartará de él, como la aparté de Saúl, al cual quité de delante de ti.
16 ၁၆ သင်၏အမျိုးအနွယ်သည်အဘယ်အခါ ၌မျှမတိမ်ကောဘဲ သင်၏နိုင်ငံသည်ထာဝ စဉ်တည်လိမ့်မည်။ သင်၏ရာဇအာဏာစက် သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်း သွားလိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
Y será afirmada tu casa y tu reino para siempre delante de tu rostro; y tu trono será firme eternalmente.
17 ၁၇ နာသန်သည်မိမိအားဘုရားသခင်မိန့် ကြားတော်မူသမျှတို့ကို ဒါဝိဒ်အားဆင့် ဆိုလေ၏။
Conforme a todas estas palabras, y conforme a toda esta visión, así habló Natán a David.
18 ၁၈ ဒါဝိဒ်မင်းသည်တဲတော်သို့ဝင်ပြီးလျှင်ထိုင် ၍``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်နှင့် အကျွန်ုပ်၏မိသားစုသည်အကျွန်ုပ်အတွက် ကိုယ်တော်ရှင်ပြုတော်မူသောကျေးဇူး တော်နှင့်မထိုက်မတန်ပါ။-
Y entró el rey David, y se sentó delante del SEÑOR, y dijo: Señor DIOS, ¿Quién soy yo, y qué es mi casa, para que tú me traigas hasta aquí?
19 ၁၉ အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အကျွန်ုပ်အား ယခင်ကထက်ပင်ပို၍ကျေးဇူး ပြုတော်မူပါသည်တကား။ လာလတ္တံ့သော ကာလ၌အကျွန်ုပ်၏သားမြေးတို့အတွက် ကတိတော်ပေးတော်မူပါပြီ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤ အကြောင်းကိုလူတစ်ယောက်အားအသိ ပေးတော်မူပါသည်တကား။-
Y aun te ha parecido poco esto, Señor DIOS, sino que hablas también de la casa de tu siervo en lo por venir, y que sea esta la condición de un hombre, Señor DIOS.
20 ၂၀ အကျွန်ုပ်သည်အဘယ်သို့ကိုယ်တော်ရှင်အား ထပ်မံလျှောက်ထားနိုင်ပါမည်နည်း။ ကိုယ်တော် ရှင်၏အစေခံအကျွန်ုပ်အကြောင်းကိုကိုယ် တော်ရှင်သိတော်မူပါ၏။-
¿Y qué más puede añadir David hablando contigo? Tú pues conoces tu siervo, Señor DIOS.
21 ၂၁ ကိုယ်တော်ရှင်သည်မိမိ၏အလိုတော်နှင့် အကြံအစည်တော်အရ ဤသို့ပြုတော်မူ ခြင်းဖြစ်ပါ၏။ အကျွန်ုပ်အားသွန်သင်စေရန် ဤကြီးမြတ်သည့်အမှုအရာများကိုပြု တော်မူပါပြီ။-
Todas estas grandezas has obrado por tu palabra y conforme a tu corazón, haciéndolas saber a tu siervo.
22 ၂၂ အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အလွန်ကြီးမြတ်တော်မူပါသည်တကား။ အကျွန်ုပ်တို့ကြားသိသမျှအတိုင်းကိုယ် တော်ရှင်နှင့်တူသောဘုရား၊ ကိုယ်တော်ရှင် မှတစ်ပါးအခြားဘုရားမရှိပါ။-
Por tanto tú te has engrandecido, SEÑOR Dios; por cuanto no hay otro como tú, ni hay Dios fuera de ti, conforme a todo lo que hemos oído con nuestros oídos.
23 ၂၃ အဘယ်လူမျိုးမျှကိုယ်တော်ရှင်၏လူမျိုး တော်ဣသရေလလူမျိုးနှင့်နှိုင်းယှဉ်၍မရ ပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော် စစ်ချီလာချိန်၌အခြားလူမျိုးတို့နှင့် သူ တို့၏ဘုရားများအားနှင်ထုတ်တော်မူခဲ့ ပါ၏။ အီဂျစ်ပြည်တွင်ကျွန်ခံရာမှကယ် ဆယ်တော်မူခဲ့သောလူတို့ကိုမိမိ၏လူ မျိုးတော်ဖြစ်စေတော်မူပါ၏။-
¿Y quién como tu pueblo, como Israel, en la tierra? Una gente por amor de la cual Dios fuese a redimírsela por pueblo, y le pusiese nombre, e hiciese con vosotros, grandes y espantosas obras en tu tierra, por causa de tu pueblo que tú te redimiste de Egipto, de los gentiles y de sus dioses.
24 ၂၄ ကိုယ်တော်ရှင်သည်ဣသရေလလူမျိုးအား မိမိထာဝစဉ်ပိုင်ရာလူမျိုးတော်ဖြစ်စေ တော်မူပြီ။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်လည်းသူတို့၏ဘုရားဖြစ်တော် မူပြီ။''
Porque tú te has confirmado a tu pueblo Israel por pueblo tuyo para siempre; y tú, oh SEÑOR, fuiste a ellos por Dios.
25 ၂၅ ``အို ဘုရားသခင်၊ ထာဝရဘုရား၊ ကိုယ်တော့် ကျွန်နှင့်အိမ်ထောင်အတွက်ပေးတော်မူသော ကတိတော်ကိုထာဝစဉ်တည်မြဲစေတော် မူ၍ ကိုယ်တော်ရှင်မိန့်တော်မူသည့်အတိုင်း ပြုတော်မူပါ။-
Ahora pues, SEÑOR Dios, la palabra que has hablado sobre tu siervo y sobre su casa, despiértala eternalmente, y haz conforme a lo que has dicho.
26 ၂၆ ကိုယ်တော်ရှင်၏နာမတော်သည်အစဉ် အမြဲထင်ပေါ်ကျော်ကြားပါလိမ့်မည်။ လူ တို့က`အနန္တတန်ခိုးရှင်ထာဝရဘုရား သည်ဣသရေလအမျိုးသားတို့၏ဘုရား ဖြစ်တော်မူ၏' ဟုအစဉ်အမြဲပြောဆို ကြပါလိမ့်မည်။ ကိုယ်တော်ရှင်၏အစေခံ ဒါဝိဒ်၏မင်းဆက်ကိုလည်းတည်မြဲစေ တော်မူပါ။-
Porque así será engrandecido tu nombre para siempre, para que se diga: El SEÑOR de los ejércitos es Dios sobre Israel; y que la casa de tu siervo David sea firme delante de ti.
27 ၂၇ ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော့် ကျွန်အားဤအမှုအရာများကိုဖော်ပြ၍ ကိုယ်တော့်ကျွန်၏သားမြေးများကိုမင်း မြှောက်တော်မူမည်ဖြစ်ကြောင်းမိန့်တော်မူ သောကြောင့် ကိုယ်တော့်ကျွန်သည်ဤဆုတောင်း ပတ္ထနာကိုအထံတော်သို့တင်လျှောက်ဝံ့ ပါ၏။''
Porque tú, SEÑOR de los ejércitos, Dios de Israel, revelaste al oído de tu siervo, diciendo: Yo te edificaré casa. Por esto tu siervo ha hallado en su corazón para orar delante de ti esta oración.
28 ၂၈ ``အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ဘုရားဖြစ်တော်မူပါ၏။ ကတိတော် တို့ကိုလည်းအစဉ်တည်မြဲစေတော်မူပါ၏။ ကိုယ်တော့်ကျွန်အားဤအံ့သြဖွယ်သော ကတိတော်ကိုပေးတော်မူပါပြီ။-
Ahora pues, SEÑOR Dios, tú eres Dios, y tus palabras serán firmes; pues has dicho a tu siervo este bien.
29 ၂၉ ကိုယ်တော့်ကျွန်၏သားမြေးတို့သည်ရှေ့ တော်၌ ဆက်လက်၍မျက်နှာရစေရန်သူ တို့အားကောင်းချီးပေးတော်မူပါ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကတိ ထားတော်မူပါပြီ။ ကိုယ်တော်ရှင်၏ကောင်း ချီးမင်္ဂလာကိုကိုယ်တော့်ကျွန်၏သားမြေး တို့ထာဝစဉ်ခံစားစေတော်မူပါ'' ဟူ၍ တောင်းလျှောက်သတည်း။
Ahora pues, quiere, y bendice a la casa de tu siervo, para que perpetuamente permanezca delante de ti; pues que tú, el SEÑOR Dios, lo has dicho, y con tu bendición será bendita la casa de tu siervo para siempre.