< ၂ ဓမ္မရာဇဝင် 6 >

1 ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​ပြည်​မှ​လက်​ရွေး စင်​စစ်​သည်​ပေါင်း​သုံး​သောင်း​ကို​စု​ရုံး​ကာ၊-
Again, David gathered together all the chosen men of Israel, thirty thousand.
2 ခေ​ရု​ဗိမ် တို့​အ​ထက်​စံ​တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ဖြင့်​ခေါ်​ဝေါ် သ​မုတ်​သည့်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့် ဆောင်​ရန်​ယု​ဒ​ပြည်​ဗာ​လာ​မြို့​သို့​ချီ သွား​တော်​မူ​၏။-
And David arose, and went with all the people that were with him from Baale of Judah, to bring up from thence the ark of God, whose name is called by the name of Yhwh of Armies that dwelleth between the cherubims.
3 သူ​တို့​သည်​သေတ္တာ​တော်​ကို​လှည်း​သစ်​တစ်​စီး တွင်​တင်​၍ တောင်​ကုန်း​ပေါ်​တွင်​ရှိ​သော​အ​ဘိ န​ဒပ်​၏​အိမ်​မှ​ပင့်​ဆောင်​သွား​ကြ​၏။ အ​ဘိ န​ဒပ်​၏​သား​များ​ဖြစ်​ကြ​သော​သြ​ဇ​နှင့် အဟိ​သြ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် လှည်း​ကို​မောင်း​နှင်​ရ​ကြ​၏။-
And they set the ark of God upon a new cart, and brought it out of the house of Abinadab that was in Gibeah: and Uzzah and Ahio, the sons of Abinadab, drave the new cart.
4 အ​ဟိ​သြ​သည်​သေတ္တာ​တော်​၏​ရှေ့​မှ​သွား လေ​သည်။-
And they brought it out of the house of Abinadab which was at Gibeah, accompanying the ark of God: and Ahio went before the ark.
5 ဒါ​ဝိဒ်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး ကူး​ရန်​အ​စွမ်း​ကုန်​က​ခုန်​ကြ​၏။ သူ​တို့​သည် စောင်း​ကြီး​စောင်း​ငယ်၊ ပတ်​သာ၊ နှဲ၊ ခ​ရာ၊ လင်း ကွင်း​အ​စ​ရှိ​သည့်​တူ​ရိ​ယာ​များ​ကို​တီး မှုတ်​ကြ​၏။
And David and all the house of Israel played before Yhwh on all manner of instruments made of fir wood, even on harps, and on psalteries, and on timbrels, and on cornets, and on cymbals.
6 သူ​တို့​သည်​နာ​ခုန်​ကောက်​နယ်​တ​လင်း​သို့​ရောက် သော​အ​ခါ နွား​တို့​သည်​ခြေ​ချော်​သ​ဖြင့်​သြဇ သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​လှမ်း​၍​ကိုင် ထား​လိုက်​ရာ၊-
And when they came to Nachon’s threshingfloor, Uzzah put forth his hand to the ark of God, and took hold of it; for the oxen shook it.
7 ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​အမျက် ထွက်​တော်​မူ​သ​ဖြင့် သြ​ဇ​အား​ရို​သေ​မှု ကင်း​မဲ့​သည့်​အ​တွက်​သေ​ဒဏ်​စီ​ရင်​တော်​မူ​၏။ သို့​ဖြစ်​၍​သြ​ဇ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ၏​အ​နီး​တွင်​သေ​လေ​၏။-
And the anger of Yhwh was kindled against Uzzah; and God smote him there for his error; and there he died by the ark of God.
8 ထို့​ကြောင့်​ထို​အ​ရပ်​ကို​ပေ​ရ​ဇာ​သြ​ဇ ဟု​ယ​နေ့​တိုင်​အောင်​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သြ​ဇ​အား​အ​မျက် တော်​ထွက်​၍​ဒဏ်​ခတ်​တော်​မူ​သော​ကြောင့်​ဒါ​ဝိဒ် သည်​လွန်​စွာ​စိတ်​ဆိုး​တော်​မူ​၏။
And David was displeased, because Yhwh had made a breach upon Uzzah: and he called the name of the place Perez–uzzah to this day.
9 ထို​နောက်​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက် သ​ဖြင့်``ငါ​သည်​အ​ဘယ်​သို့​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​ရ​ပါ​မည်​နည်း'' ဟု​ဆို​ပြီး လျှင်၊-
And David was afraid of Yhwh that day, and said, How shall the ark of Yhwh come to me?
10 ၁၀ မိ​မိ​နေ​ပြည်​တော်​ယေ​ရု​ရှ​လင်​မြို့​သို့​ပင့် ဆောင်​ခြင်း​မ​ပြု​ဘဲ​ဂါ​သ​မြို့​သား​သြ​ဗ ဒေ​ဒုံ​၏​အိမ်​သို့​ပင့်​ဆောင်​သွား​တော်​မူ​၏။-
So David would not remove the ark of Yhwh unto him into the city of David: but David carried it aside into the house of Obed–edom the Gittite.
11 ၁၁ သေတ္တာ​တော်​သည်​ထို​အိမ်​တွင်​သုံး​လ​မျှ​ကျိန်း ဝပ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သြ​ဗ​ဒေ​ဒုံ​နှင့်​မိ​သား​စု​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​၏။
And the ark of Yhwh continued in the house of Obed–edom the Gittite three months: And Yhwh blessed Obed–edom, and all his household.
12 ၁၂ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက်​ကြောင့်​သြ​ဗ ဒေ​ဒုံ​မိ​သား​စု​နှင့် သူ​ပိုင်​သ​မျှ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​ကြောင်း ဒါ​ဝိဒ် ကြား​သိ​တော်​မူ​သော​အ​ခါ​ထို​သေတ္တာ​တော် ကို​အ​ခမ်း​အ​နား​နှင့်​တ​ကွ​သြ​ဗ​ဒေ​ဒုံ​အိမ် မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပင့်​ဆောင်​တော်​မူ​၏။-
And it was told king David, saying, Yhwh hath blessed the house of Obed–edom, and all that pertaineth unto him, because of the ark of God. So David went and brought up the ark of God from the house of Obed–edom into the city of David with gladness.
13 ၁၃ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ​သူ​တို့ သည်​ခြေ​ခြောက်​လှမ်း​မျှ​လှမ်း​မိ​သော​အ​ခါ ဒါ​ဝိဒ်​သည်​သူ​တို့​အား​ရပ်​စေ​ပြီး​လျှင် ထာ​ဝ​ရ ဘုရား​အား​နွား​ထီး​တစ်​ကောင်​နှင့်​ဆူ​ဖြိုး​သော သိုး​တစ်​ကောင်​ကို​ယဇ်​ပူ​ဇော်​လေ​သည်။-
And it was so, that when they that bare the ark of Yhwh had gone six paces, he sacrificed oxen and fatlings.
14 ၁၄ သူ​သည်​ပိတ်​စ​တစ်​ခု​ကို​သာ​ဝတ်​ဆင်​လျက် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ရန် အ​စွမ်း​ကုန်​က​ခုန်​လေ​၏။-
And David danced before Yhwh with all his might; and David was girded with a linen ephod.
15 ၁၅ သို့​ဖြစ်​၍​မင်း​ကြီး​နှင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် လျက် တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​လျက်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ယေ​ရု​ရှ​လင်​မြို့​သို့​ပင့်​ဆောင် လာ​ကြ​၏။
So David and all the house of Israel brought up the ark of Yhwh with shouting, and with the sound of the trumpet.
16 ၁၆ သေတ္တာ​တော်​ကို​မြို့​တွင်း​သို့​ပင့်​ဆောင်​လာ​သော အ​ခါ​ရှော​လု​၏​သ​မီး​တော်​မိ​ခါ​လ​သည် လေ သာ​ပြူ​တင်း​မှ​ကြည့်​လိုက်​ရာ​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌ ဒါ​ဝိဒ်​မင်း​က​ခုန်​လျက်​နေ​သည် ကို​မြင်​လေ​သော်​မင်း​ကြီး​အား​ရွံ​ရှာ​မိ​၏။-
And as the ark of Yhwh came into the city of David, Michal Saul’s daughter looked through a window, and saw king David leaping and dancing before Yhwh; and she despised him in her heart.
17 ၁၇ လူ​တို့​သည်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကာ ဒါ​ဝိဒ်​တည်​ဆောက်​ထား​သည့်​တဲ​တော်​အ​တွင်း လျာ​ထား​သည့်​နေ​ရာ​၌​ထား​ကြ​၏။ ထို​နောက် ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို​ပူ​ဇော် လေ​သည်။-
And they brought in the ark of Yhwh, and set it in his place, in the midst of the tabernacle that David had pitched for it: and David offered burnt offerings and peace offerings before Yhwh.
18 ၁၈ ယင်း​သို့​ပူ​ဇော်​ပြီး​သော​အ​ခါ​သူ​သည် အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို အ​မှီ​ပြု​၍​လူ​တို့​အား​ကောင်း​ချီး​ပေး​တော် မူ​၏။-
And as soon as David had made an end of offering burnt offerings and peace offerings, he blessed the people in the name of Yhwh of Armies.
19 ၁၉ ဣ​သ​ရေ​လ​ပြည်​တွင်​ရှိ​သ​မျှ​သော​အ​မျိုး သား​အ​မျိုး​သ​မီး​တို့​အား​မုန့်​တစ်​လုံး၊ အ​မဲ ကင်​တစ်​တုံး​နှင့်​စ​ပျစ်​ပျဉ်​တစ်​ပြား​စီ​ကို ဝေ​ငှ​တော်​မူ​၏။ ထို​နောက်​လူ​အ​ပေါင်း​တို့ သည်​မိ​မိ​တို့​၏​အိမ်​သို့​ပြန်​သွား​ကြ​၏။
And he dealt among all the people, even among the whole multitude of Israel, as well to the women as men, to every one a cake of bread, and a good piece of flesh, and a flagon of wine. So all the people departed every one to his house.
20 ၂၀ ဒါ​ဝိဒ်​သည်​မိ​မိ​၏​အိမ်​ထောင်​စု​သား​တို့​အား နှုတ်​ဆက်​ရန်​နန်း​တော်​သို့​ပြန်​သော​အ​ခါ ရှော​လု ၏​သ​မီး​တော်​မိ​ခါ​လ​သည်​သူ့​အား​ကြို​ဆို ရန်​ထွက်​လာ​၏။ မိ​ခါ​လ​က``ပေါ့​ပျက်​သူ​အ ရှက်​မဲ့​အ​ဝတ်​လှစ်​သည့်​နည်း​တူ​အ​ရာ​ရှိ​တို့ ၏​ကျွန်​မိန်း​မ​တို့​ရှေ့​တွင်​မိ​မိ​ကိုယ်​ကို​အ​ဝတ် လှစ်​သော​ဣ​သ​ရေ​လ​ဘု​ရင်​သည်​ယ​နေ့ အ​လွန်​ဘုန်း​ကြီး​ပါ​သည်​တ​ကား'' ဟု ဆို​၏။
Then David returned to bless his household. And Michal the daughter of Saul came out to meet David, and said, How glorious was the king of Israel to day, who uncovered himself to day in the eyes of the handmaids of his servants, as one of the vain fellows shamelessly uncovereth himself!
21 ၂၁ ဒါ​ဝိဒ်​က``ငါ့​အား​သင့်​ခ​မည်း​တော်​နှင့်​သား မြေး​တို့​ကို​ကျော်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ခေါင်း​ဆောင်​အ​ဖြစ်​ခန့်​အပ်​ရွေး​ချယ် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​ကူး​ရန်​ငါ​သည်​က​ခုန်​နေ​ခဲ့​ခြင်း​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး ရန်​နောင်​ကို​လည်း​ဆက်​လက်​က​ခုန်​လျက်၊-
And David said unto Michal, It was before Yhwh, which chose me before thy father, and before all his house, to appoint me ruler over the people of Yhwh, over Israel: therefore will I play before Yhwh.
22 ၂၂ ငါ​၏​ကိုယ်​ကို​ပို​၍​ပင်​အ​သ​ရေ​ပျက်​စေ​ပါ ဦး​မည်။ သင်​သည်​ငါ့​အား​အ​ထင်​သေး​သော် လည်း​ထို​ကျွန်​မိန်း​မ​တို့​က​မူ​အ​ထင်​ကြီး ကြ​မည်'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။
And I will yet be more vile than thus, and will be base in mine own sight: and of the maidservants which thou hast spoken of, of them shall I be had in honour.
23 ၂၃ ရှော​လု​၏​သ​မီး​တော်​မိ​ခါ​လ​သည်​လည်း တစ်​သက်​လုံး​သား​သ​မီး​မ​ရ​တော့​ချေ။
Therefore Michal the daughter of Saul had no child unto the day of her death.

< ၂ ဓမ္မရာဇဝင် 6 >