< ၂ ဓမ္မရာဇဝင် 5 >
1 ၁ ထိုအခါဣသရေလအနွယ်အပေါင်းတို့သည် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့လာရောက်၍ဒါဝိဒ် အား``အရှင်နှင့်အကျွန်ုပ်တို့သည်သွေးသား ချင်းဖြစ်ကြပါ၏။-
이스라엘 모든 지파가 헤브론에 이르러 다윗에게 나아와 말하여 가로되 `보소서! 우리는 왕의 골육이니이다
2 ၂ အတိတ်ကာလ၌ရှောလုဘုရင်ဖြစ်စဉ်အခါ ကအရှင်သည် ဣသရေလအမျိုးသားအပေါင်း တို့အားဦးစီးခေါင်းဆောင်ပြု၍စစ်ပွဲဝင်ခဲ့ ပါ၏။ ထာဝရဘုရားကလည်း`သင်သည်ငါ ၏လူမျိုးတော်ကိုခေါင်းဆောင်ရမည်။ သူတို့၏ ဘုရင်ဖြစ်ရမည်' ဟုအရှင့်အားမိန့်တော်မူ ခဲ့ပါ၏'' ဟုလျှောက်ကြ၏။-
전일 곧 사울이 우리의 왕이 되었을 때에도 이스라엘을 거느려 출입하게 한 자는 왕이시었고 여호와께서도 왕에게 말씀하시기를 네가 내 백성 이스라엘의 목자가 되며 이스라엘의 주권자가 되리라 하셨나이다' 하니라
3 ၃ ထို့ကြောင့်ဣသရေလခေါင်းဆောင်အပေါင်းတို့ သည် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့ရောက်လာကြ ၏။ ဒါဝိဒ်သည်ဘုရားသခင်၏ရှေ့တော်တွင် သူတို့နှင့်သစ္စာကတိပြုတော်မူသဖြင့် သူ တို့ကဒါဝိဒ်အားဣသရေလဘုရင်အဖြစ် ဘိသိက်ပေးကြ၏။-
이에 이스라엘 모든 장로가 헤브론에 이르러 왕에게 나아오매 다윗 왕이 헤브론에서 여호와 앞에서 저희와 언약을 세우매 저희가 다윗에게 기름을 부어 이스라엘 왕을 삼으니라
4 ၄ ဒါဝိဒ်ဘုရင်ဖြစ်သောအခါအသက်သုံး ဆယ်ရှိ၏။ သူသည်နှစ်ပေါင်းလေးဆယ်တိုင် တိုင်နန်းစံတော်မူရလေသည်။-
다윗이 삼십세에 위에 나아가서 사십년을 다스렸으되
5 ၅ ယုဒပြည်ဘုရင်အဖြစ်ဖြင့်ဟေဗြုန်မြို့တွင် ခုနစ်နှစ်ခွဲ၊ ဣသရေလပြည်တစ်ခုလုံးနှင့် ယုဒပြည်ဘုရင်အဖြစ်ဖြင့် ယေရုရှလင် မြို့တွင်သုံးဆယ့်သုံးနှစ်နန်းစံတော်မူ သတည်း။
헤브론에서 칠년 육개월 동안 유다를 다스렸고 예루살렘에서 삼십 삼년 동안 온 이스라엘과 유다를 다스렸더라
6 ၆ ဒါဝိဒ်မင်းနှင့်သူ၏စစ်သည်တော်တို့သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် သွားကြ၏။ ထိုမြို့တွင်နေထိုင်သူယေဗုသိ အမျိုးသားတို့က ထိုမြို့ကိုဒါဝိဒ်သိမ်းယူ နိုင်လိမ့်မည်မဟုတ်။ သင်မဝင်နိုင်အောင်မျက် မမြင်များနှင့်ခြေဆွံ့သူများပင်ဆီးတား နိုင်ပါ၏'' ဟုဆိုကြ၏။-
왕과 그 종자들이 예루살렘으로 가서 그 땅 거민 여부스 사람을 치려 하매 그 사람들이 다윗에게 말하여 가로되 `네가 이리로 들어 오지 못하리라 소경과 절뚝발이라도 너를 물리치리라' 하니 저희 생각에는 다윗이 이리로 들어오지 못하리라 함이나
7 ၇ (သို့ရာတွင်ဒါဝိဒ်သည်ဇိအုန်ခံတပ်ကို သိမ်းယူနိုင်ခဲ့သဖြင့် ယင်းသည်ဒါဝိဒ်မြို့ ဟုနာမည်တွင်လာလေသည်။)
다윗이 시온 산성을 빼앗았으니 이는 다윗성이더라
8 ၈ ထိုနေ့၌ဒါဝိဒ်ကမိမိ၏လူတို့အား``ယေ ဗုသိအမျိုးသားတို့ကိုငါမုန်းသကဲ့သို့ မုန်းသူတို့အားသတ်ဖြတ်မည့်သူရှိလျှင် ရေပြွန်ခေါင်းအတွင်းမှနေ၍မြို့ထဲသို့ဝင် ပြီးလျှင်မျက်မမြင်ခြေဆွံ့သူတို့အားတိုက် ခိုက်ကြလော့'' ဟုမိန့်တော်မူ၏။ (ထိုအကြောင်း ကိုအစွဲပြု၍``မျက်မမြင်နှင့်ခြေဆွံ့သူတို့ သည်ထာဝရဘုရား၏အိမ်တော်သို့မဝင် ရကြ'' ဟုဆိုလေ့ရှိလေသည်။)
그 날에 다윗이 이르기를 `누구든지 여부스 사람을 치거든 수구로 올라가서 다윗의 마음에 미워하는 절뚝발이와 소경을 치라' 하였으므로 속담이 되어 이르기를 `소경과 절뚝발이는 집에 들어오지 못하리라' 하더라
9 ၉ ဒါဝိဒ်သည်ခံတပ်ကိုသိမ်းယူတော်မူပြီး နောက်ထိုခံတပ်အတွင်း၌နေထိုင်တော်မူ ၍ယင်းကိုဒါဝိဒ်မြို့ဟုသမုတ်တော်မူ၏။ မင်း ကြီးသည်ထိုခံတပ်ပတ်လည်တွင်တောင်ကုန်း အရှေ့၊ မြေဖို့ထားရာအရပ်မှအစပြု၍ မြို့ကိုတည်တော်မူ၏။-
다윗이 그 산성에 거하여 다윗 성이라 이름하고 밀로에서부터 안으로 성을 둘러 쌓으니라
10 ၁၀ အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရား သည်ဒါဝိဒ်နှင့်အတူရှိတော်မူသည်ဖြစ်၍ သူ၏တန်ခိုးအာဏာသည်ပို၍ပို၍လွှမ်းမိုး လာလေသည်။
만군의 하나님 여호와께서 함께 계시니 다윗이 점점 강성하여 가니라
11 ၁၁ တုရုဘုရင်ဟိရံမင်းသည်ဒါဝိဒ်ထံသို့သံ တမန်များကိုစေလွှတ်လေ၏။ နန်းတော်တည် ဆောက်ရန်အတွက်သစ်ကတိုးသစ်၊ လက်သမား နှင့်ပန်းရန်ဆရာများကိုလည်းပေးပို့လိုက်၏။-
두로 왕 히람이 다윗에게 사자들과 백향목과 목수와 석수를 보내매 저희가 다윗을 위하여 집을 지으니
12 ၁၂ ထို့ကြောင့်ဒါဝိဒ်သည်မိမိအားဣသရေလ ဘုရင်အဖြစ်ဖြင့် ထာဝရဘုရားအတည် ပြုတော်မူကြောင်းနှင့်ကိုယ်တော်သည် မိမိ လူမျိုးတော်၏အကျိုးကိုထောက်၍ သူ၏ နိုင်ငံကိုသာယာဝပြောစေတော်မူ လျက်ရှိကြောင်းကိုသိမြင်လာလေသည်။
다윗이 여호와께서 자기를 세우사 이스라엘 왕을 삼으신 것과 그 백성 이스라엘을 위하여 그 나라를 높이신 것을 아니라
13 ၁၃ ဒါဝိဒ်သည်ဟေဗြုန်မြို့မှပြောင်းရွှေ့သွားပြီး နောက်ယေရုရှလင်မြို့တွင်မောင်းမများနှင့် မိဖုရားများကို ထပ်မံသိမ်းပိုက်တော်မူ သဖြင့်သားသမီးများကိုထပ်မံရရှိ တော်မူပြန်၏။-
다윗이 헤브론에서 올라온 후에 예루살렘에서 처첩들을 더 취하였으므로 아들과 딸들이 또 다윗에게서 나니
14 ၁၄ ယေရုရှလင်မြို့တွင်ရရှိသောသားသမီး များမှာရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊-
예루살렘에서 그에게서 난 자의 이름은 삼무아와, 소밥과, 나단과, 솔로몬과,
15 ၁၅ ဣဗဟာ၊ ဧလိရွှ၊ နေဖက်၊ ယာဖျာ၊
입할과, 엘리수아와, 네벡과, 야비아와,
16 ၁၆ ဧလိရှမာ၊ ဧလျာဒနှင့်ဧလိဖလက်တို့ ဖြစ်ကြ၏။
엘리사마와, 엘랴다와, 엘리벨렛이었더라
17 ၁၇ ဒါဝိဒ်သည်ဣသရေလဘုရင်အဖြစ်ချီး မြှောက်ခြင်းကိုခံရကြောင်းဖိလိတ္တိအမျိုး သားတို့ကြားသိကြသဖြင့်သူ့ကိုဖမ်းဆီး ရန်ချီတက်လာကြ၏။ ထိုသတင်းကိုဒါဝိဒ် ကြားသောအခါခံတပ်ရှိရာသို့ကြွတော် မူ၏။-
이스라엘이 다윗에게 기름을 부어 이스라엘 왕을 삼았다 함을 블레셋 사람이 듣고 다윗을 찾으러 다 올라오매 다윗이 듣고 요해처로 나가니라
18 ၁၈ ဖိလိတ္တိအမျိုးသားတို့သည်ရေဖိမ်ချိုင့်ဝှမ်း ကိုသိမ်းပိုက်လိုက်ကြ၏။-
블레셋 사람이 이미 이르러 르바임 골짜기에 편만한지라
19 ၁၉ ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ်တော် ကျွန်သည်ဖိလိတ္တိအမျိုးသားတို့အားသွား ရောက်တိုက်ခိုက်ရပါမည်လော။ ကိုယ်တော်ရှင် သည်ကိုယ်တော့်ကျွန်အားအောင်ပွဲခံစေ တော်မူပါမည်လော'' ဟုမေးလျှောက်၏။
다윗이 여호와께 물어 가로되 `내가 블레셋 사람에게로 올라가리이까? 여호와께서 저희를 내 손에 붙이시겠나이까?' 여호와께서 다윗에게 말씀하시되 올라가라 내가 단정코 블레셋 사람을 네 손에 붙이리라 하신지라
20 ၂၀ ထာဝရဘုရားက``သွားလော့။ ငါသည်သင့် အားအောင်ပွဲခံစေတော်မူမည်'' ဟုမိန့်တော် မူသဖြင့်ဒါဝိဒ်သည်ဗာလပေရဇိမ်မြို့သို့ သွား၍ဖိလိတ္တိအမျိုးသားတို့အားဖြိုခွင်း ပြီးလျှင်``ထာဝရဘုရားသည်အဟုန်ပြင်း သည့်ရေလျှံမြစ်ကဲ့သို့ငါ၏ရန်သူများကို ဖြိုခွင်းတော်မူလေပြီ'' ဟုမြွက်ဆို၏။ သို့ ဖြစ်၍ထိုအရပ်ကိုဗာလပေရဇိန်ဟု ခေါ်ဝေါ်ကြခြင်းဖြစ်၏။-
다윗이 바알브라심에 이르러 거기서 저희를 치고 가로되 여호와께서 물을 흩음같이 내 앞에서 내 대적을 흩으셨다하므로 그 곳 이름을 바알브라심이라 칭하니라
21 ၂၁ ဖိလိတ္တိအမျိုးသားတို့သည်မိမိတို့ကိုး ကွယ်သောရုပ်တုများကိုထိုအရပ်တွင်စွန့် ပစ်ခဲ့ကြသဖြင့် ယင်းတို့ကိုဒါဝိဒ်၏လူ တို့ကသိမ်းယူကြလေသည်။
거기서 블레셋 사람들이 그 우상을 버렸으므로 다윗과 그 종자들이 치우니라
22 ၂၂ ထိုနောက်ဖိလိတ္တိအမျိုးသားတို့သည်ရေဖိမ် ချိုင့်ဝှမ်းသို့ပြန်လာပြီးလျှင်ထိုအရပ်ကို သိမ်းပိုက်ကြပြန်၏။-
블레셋 사람이 다시 올라와서 르바임 골짜기에 편만한지라
23 ၂၃ ဒါဝိဒ်သည်ထာဝရဘုရားထံတစ်ဖန်စုံစမ်း မေးလျှောက်ပြန်၏။ ကိုယ်တော်က``သူတို့အား ဤအရပ်မှနေ၍မတိုက်မခိုက်နှင့်။ သူတို့ ၏တပ်နောက်ဘက်ပိုင်းကိုကွေ့၍သွားပြီး လျှင်ပိုးစာတောအနီးမှတိုက်ခိုက်လော့။-
다윗이 여호와께 묻자온대 가라사대 올라가지 말고 저희 뒤로 돌아서 뽕나무 수풀 맞은편에서 저희를 엄습하되
24 ၂၄ သင်သည်သစ်ပင်များထိပ်၌စစ်ချီသံကို ကြားသောအခါစတင်တိုက်ခိုက်လော့။ ထို အခါ၌ငါသည်ဖိလိတ္တိတပ်ကိုချေမှုန်း ရန်သင်၏ရှေ့မှကြွနှင့်မည်''ဟုမိန့်တော်မူ၏။-
뽕나무 꼭대기에서 걸음 걷는 소리가 들리거든 곧 동작하라 그 때에 여호와가 네 앞서 나아가서 블레셋 군대를 치리라 하신지라
25 ၂၅ ဒါဝိဒ်သည်ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်းလိုက်နာ၍ဖိလိတ္တိတပ်ကို ဂေဗမြို့မှဂါဇရမြို့တိုင်အောင်နှင်ထုတ် နိုင်လေသည်။
이에 다윗이 여호와의 명대로 행하여 블레셋 사람을 쳐서 게바에서 게셀까지 이르니라