< ၂ ဓမ္မရာဇဝင် 4 >
1 ၁ ရှောလု၏သားဣရှဗောရှက်သည်ဟေဗြုန်မြို့ တွင် အာဗနာအသတ်ခံရကြောင်းကြားသော အခါကြောက်လန့်လေ၏။ ဣသရေလပြည် သားအပေါင်းတို့သည်လည်းကြောက်လန့် ကြကုန်၏။-
Cuando Isboset, hijo de Saúl, supo que Abner había muerto en Hebrón, sintió gran desánimo, y todos en Israel estaban consternados.
2 ၂ ဣရှဗောရှက်တွင်လုယက်တိုက်ခိုက်သည့်အဖွဲ့ များ၏ခေါင်းဆောင်နှစ်ယောက်ရှိ၏။ သူတို့၏ နာမည်မှာဗာနာနှင့်ရေခပ်ဖြစ်၍ဗေရုတ်မြို့ မှဗင်္ယာမိန်အနွယ်ဝင်ရိမ္မုန်၏သားများဖြစ် ကြ၏။ (ဗေရုတ်မြို့သည်ဗင်္ယာမိန်နယ်တွင် အပါအဝင်ဖြစ်၏။-
Isboset tenía dos comandantes de sus bandas de asalto. Eran hermanos y sus nombres eran Baná y Recab. Eran hijos de Rimón, de la tribu de Benjamín, de la ciudad de Berot. Berot se considera parte del territorio de Benjamín,
3 ၃ ထိုမြို့တွင်လက်ဦးနေထိုင်ခဲ့ကြသောလူ တို့သည်ဂိတ္တိမ်မြို့သို့ထွက်ပြေးကာ ယနေ့တိုင် အောင်နေထိုင်လျက်ရှိသတည်း။)
porque el pueblo que había vivido en Berot antes huyó a Guitayin y han vivido allí como extranjeros hasta el presente.
4 ၄ ရှောလု၏သားယောနသန်တွင်မေဖိဗောရှက် ဟုနာမည်တွင်သောသားတစ်ယောက်ကျန်ရစ်၏။ အသက်ငါးနှစ်ရှိသောသားငယ်ကိုအထိန်း တော်သည်ယေဇရေလမြို့မှ ရှောလုနှင့်ယော နသန်တို့အသတ်ခံရကြောင်းသတင်းကို ကြားလျှင်သူ့အားချီပွေ့၍ထွက်ပြေးလေ သည်။ သို့ရာတွင်အလျင်အမြန်ပြေးရသည့် အတွက်ကလေးသည်အထိန်းတော်၏လက် မှလွတ်ကျသဖြင့်ခြေဆွံ့လေ၏။
Jonatán, hijo de Saúl, tenía un hijo que era cojo de ambos pies. Cuando el niño tenía cinco años, llegó de Jezreel la noticia de la muerte de Saúl y Jonatán. Su nodriza lo había recogido y había salido corriendo con él para huir. Pero mientras corría, el niño se cayó y quedó cojo. Su nombre era Mefi-boset.
5 ၅ ရေခပ်နှင့်ဗာနာတို့သည်ဣရှဗောရှက်၏အိမ် တော်သို့သွားရာ ဣရှဗောရှက်နေ့လယ်အိပ် စက်အနားယူနေချိန်မွန်းတည့်ခန့်၌ရောက် ရှိလာကြ၏။-
Recab y Baná, hijos de Rimón de Berot, se dirigieron a la casa de Isboset, llegando con el calor del día, cuando el rey estaba tomando su descanso de mediodía.
6 ၆ တံခါးဝတွင်ရှိသောအမျိုးသမီးသည်လည်း ဂျုံဆန်ကိုဆန်ကာချရင်း ငိုက်မြည်းအိပ်ပျော် လျက်နေ၏။ ထို့ကြောင့်ရေခပ်နှင့်ဗာနာတို့ သည်အိမ်ထဲသို့တိတ်တဆိတ်ဝင်ကြ၏။-
La portera había estado limpiando el trigo, pero se había cansado y se había quedado dormida, así que Recab y Baná pudieron entrar sin que se dieran cuenta.
7 ၇ အိမ်တွင်းသို့ရောက်သည်နှင့်တစ်ပြိုင်နက်ကောင်း စွာအိပ်ပျော်နေသော ဣရှဗောရှက်၏အိမ်ခန်း သို့ဝင်၍သူ့အားလုပ်ကြံကြ၏။ ထိုနောက်သူ ၏ဦးခေါင်းကိုဖြတ်၍ယူဆောင်ကာ တစ်ညဥ့် လုံးယော်ဒန်ချိုင့်ဝှမ်းကိုဖြတ်၍လာကြ၏။-
Entraron en la casa mientras Isboset dormía en su habitación. Después de apuñalarlo y matarlo, le cortaron la cabeza, la cual se llevaron, y viajaron toda la noche por el camino del valle del Jordán.
8 ၈ ဟေဗြုန်မြို့သို့ရောက်သောအခါသူတို့ သည်ဒါဝိဒ်အား``အရှင်၏အသက်ကိုရန် ရှာသောအရှင့်ရန်သူရှောလု၏သားတော် ဣရှဗောရှက်၏ဦးခေါင်းကိုရှုတော်မူပါ။ ယနေ့ထာဝရဘုရားသည်အရှင်မင်းကြီး အား ရှောလုနှင့်သားမြေးတို့အပေါ်တွင် လက်စားချေခွင့်ကိုပေးတော်မူပါပြီ'' ဟုလျှောက်၍ဣရှဗောရှက်၏ဦးခေါင်း ကိုဆက်သကြ၏။
Luego le llevaron la cabeza de Isboset a David en Hebrón. Le dijeron al rey: “Aquí está la cabeza de Isboset, hijo de Saúl, tu enemigo que intentó matarte. Hoy el Señor se ha vengado de Saúl y su familia por mi señor el rey”.
9 ၉ ဒါဝိဒ်က``ငါ့အားဘေးအန္တရာယ်အပေါင်းမှ ကယ်တော်မူသောအသက်ရှင်တော်မူသော ထာဝရဘုရားကိုတိုင်တည်၍ငါကျိန်ဆို ပါ၏။-
Pero David respondió a Recab y a su hermano Baná, hijos de Rimón de Berot: “Vive el Señor, que me ha salvado de todas mis angustias,
10 ၁၀ ရှောလုကွယ်လွန်တော်မူကြောင်းဇိကလတ် မြို့တွင်ငါ့ထံသို့လာရောက်ပြောကြားသူ သည် မိမိယူဆောင်လာသောသတင်းကို သတင်းကောင်းဟုထင်မှတ်ခဲ့သည်။ သို့ရာ တွင်ငါသည်သူ့ကိုဖမ်းဆီး၍ကွပ်မျက် လိုက်၏။ ဤကားမိမိပေးသည့်သတင်း အတွက်ထိုသူရရှိသည့်ဆုလာဘ်ပင် ဖြစ်သည်။-
cuando alguien me dijo: ‘Mira, Saúl ha muerto’ y creyó que me traía buenas noticias, lo agarré y lo hice matar en Siclag. ¡Eso fue lo que recibió por traerme sus noticias!
11 ၁၁ မိမိ၏အိမ်ခန်းတွင်အိပ်စက်နေသောအပြစ်မဲ့ သူအားသတ်ဖြတ်ကြသည့်လူဆိုးတို့ကို ပို၍ ပြင်းထန်သောအပြစ်ဒဏ်စီရင်သင့်သည်မ ဟုတ်လော။ ထိုအပြစ်မဲ့သူကိုသတ်သည့်အတွက် ယခုငါသည်သင်တို့အပေါ်တွင်လက်စားချေ မည်။ သင်တို့အားမြေမျက်နှာပြင်ပေါ်မှသုတ် သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။-
¡Con más razón, cuando hombres malos matan a un hombre bueno en su propia casa y en su propia cama, ¿no debería exigirles que paguen por su vida con sus propias vidas, y exterminarlos?!”
12 ၁၂ ဒါဝိဒ်အမိန့်ပေးသဖြင့်စစ်သည်တော်တို့ သည်ရေခပ်နှင့်ဗာနာတို့အားသတ်ပြီးလျှင် သူတို့၏ခြေလက်တို့ကိုဖြတ်၍ဟေဗြုန် ရေကန်အနီးတွင်ဆွဲထားကြ၏။ ဣရှ ဗောရှက်၏ဦးခေါင်းကိုမူဟေဗြုန်မြို့ရှိ အာဗနာ၏ဂူတွင်သင်္ဂြိုဟ်ကြ၏။
Entonces David dio la orden a sus hombres, y mataron a Recab y a Baná. Les cortaron las manos y los pies, y colgaron sus cuerpos junto al estanque de Hebrón. Luego tomaron la cabeza de Isboset y la enterraron en la tumba de Abner en Hebrón.