< ၂ ဓမ္မရာဇဝင် 4 >

1 ရှော​လု​၏​သား​ဣရှ​ဗော​ရှက်​သည်​ဟေ​ဗြုန်​မြို့ တွင် အာ​ဗ​နာ​အ​သတ်​ခံ​ရ​ကြောင်း​ကြား​သော အ​ခါ​ကြောက်​လန့်​လေ​၏။ ဣ​သ​ရေ​လ​ပြည် သား​အ​ပေါင်း​တို့​သည်​လည်း​ကြောက်​လန့် ကြ​ကုန်​၏။-
And when [Ish-bosheth], Saul’s son, heard that Abner was dead in Hebron, his hands became feeble, and all the Israelites were troubled.
2 ဣ​ရှ​ဗော​ရှက်​တွင်​လု​ယက်​တိုက်​ခိုက်​သည့်​အ​ဖွဲ့ များ​၏​ခေါင်း​ဆောင်​နှစ်​ယောက်​ရှိ​၏။ သူ​တို့​၏ နာ​မည်​မှာ​ဗာ​နာ​နှင့်​ရေ​ခပ်​ဖြစ်​၍​ဗေ​ရုတ်​မြို့ မှ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ရိမ္မုန်​၏​သား​များ​ဖြစ် ကြ​၏။ (ဗေ​ရုတ်​မြို့​သည်​ဗင်္ယာ​မိန်​နယ်​တွင် အ​ပါ​အ​ဝင်​ဖြစ်​၏။-
And [Ish-bosheth], Saul’s son, [had] two men that were captains of bands: the name of the one was Baanah, and the name of the other Rechab, the sons of Rimmon the Beerothite, of the children of Benjamin: (for Beeroth also is reckoned to Benjamin:
3 ထို​မြို့​တွင်​လက်​ဦး​နေ​ထိုင်​ခဲ့​ကြ​သော​လူ တို့​သည်​ဂိတ္တိမ်​မြို့​သို့​ထွက်​ပြေး​ကာ ယ​နေ့​တိုင် အောင်​နေ​ထိုင်​လျက်​ရှိ​သ​တည်း။)
and the Beerothites fled to Gittaim, and have been sojourners there until this day.)
4 ရှော​လု​၏​သား​ယော​န​သန်​တွင်​မေ​ဖိ​ဗော​ရှက် ဟု​နာ​မည်​တွင်​သော​သား​တစ်​ယောက်​ကျန်​ရစ်​၏။ အ​သက်​ငါး​နှစ်​ရှိ​သော​သား​ငယ်​ကို​အ​ထိန်း တော်​သည်​ယေ​ဇ​ရေ​လ​မြို့​မှ ရှော​လု​နှင့်​ယော န​သန်​တို့​အ​သတ်​ခံ​ရ​ကြောင်း​သ​တင်း​ကို ကြား​လျှင်​သူ့​အား​ချီ​ပွေ့​၍​ထွက်​ပြေး​လေ သည်။ သို့​ရာ​တွင်​အ​လျင်​အ​မြန်​ပြေး​ရ​သည့် အ​တွက်​က​လေး​သည်​အ​ထိန်း​တော်​၏​လက် မှ​လွတ်​ကျ​သ​ဖြင့်​ခြေ​ဆွံ့​လေ​၏။
Now Jonathan, Saul’s son, had a son that was lame of his feet. He was five years old when the tidings came of Saul and Jonathan out of Jezreel, and his nurse took him up, and fled: and it came to pass, as she made haste to flee, that he fell, and became lame. And his name was Mephibosheth.
5 ရေ​ခပ်​နှင့်​ဗာ​နာ​တို့​သည်​ဣရှ​ဗော​ရှက်​၏​အိမ် တော်​သို့​သွား​ရာ ဣ​ရှ​ဗော​ရှက်​နေ့​လယ်​အိပ် စက်​အ​နား​ယူ​နေ​ချိန်​မွန်း​တည့်​ခန့်​၌​ရောက် ရှိ​လာ​ကြ​၏။-
And the sons of Rimmon the Beerothite, Rechab and Baanah, went, and came about the heat of the day to the house of Ish-bosheth, as he took his rest at noon.
6 တံ​ခါး​ဝ​တွင်​ရှိ​သော​အ​မျိုး​သ​မီး​သည်​လည်း ဂျုံ​ဆန်​ကို​ဆန်​ကာ​ချ​ရင်း ငိုက်​မြည်း​အိပ်​ပျော် လျက်​နေ​၏။ ထို့​ကြောင့်​ရေ​ခပ်​နှင့်​ဗာ​နာ​တို့ သည်​အိမ်​ထဲ​သို့​တိတ်​တ​ဆိတ်​ဝင်​ကြ​၏။-
And they came thither into the midst of the house, as though they would have fetched wheat; and they smote him in the belly: and Rechab and Baanah his brother escaped.
7 အိမ်​တွင်း​သို့​ရောက်​သည်​နှင့်​တစ်​ပြိုင်​နက်​ကောင်း စွာ​အိပ်​ပျော်​နေ​သော ဣ​ရှ​ဗော​ရှက်​၏​အိမ်​ခန်း သို့​ဝင်​၍​သူ့​အား​လုပ်​ကြံ​ကြ​၏။ ထို​နောက်​သူ ၏​ဦး​ခေါင်း​ကို​ဖြတ်​၍​ယူ​ဆောင်​ကာ တစ်​ညဥ့် လုံး​ယော်​ဒန်​ချိုင့်​ဝှမ်း​ကို​ဖြတ်​၍​လာ​ကြ​၏။-
Now when they came into the house, as he lay on his bed in his bedchamber, they smote him, and slew him, and beheaded him, and took his head, and went by the way of the Arabah all night.
8 ဟေ​ဗြုန်​မြို့​သို့​ရောက်​သော​အ​ခါ​သူ​တို့ သည်​ဒါ​ဝိဒ်​အား``အ​ရှင်​၏​အ​သက်​ကို​ရန် ရှာ​သော​အ​ရှင့်​ရန်​သူ​ရှော​လု​၏​သား​တော် ဣ​ရှ​ဗော​ရှက်​၏​ဦး​ခေါင်း​ကို​ရှု​တော်​မူ​ပါ။ ယ​နေ့​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​မင်း​ကြီး အား ရှော​လု​နှင့်​သား​မြေး​တို့​အ​ပေါ်​တွင် လက်​စား​ချေ​ခွင့်​ကို​ပေး​တော်​မူ​ပါ​ပြီ'' ဟု​လျှောက်​၍​ဣ​ရှ​ဗော​ရှက်​၏​ဦး​ခေါင်း ကို​ဆက်​သ​ကြ​၏။
And they brought the head of Ish-bosheth unto David to Hebron, and said to the king, Behold the head of Ish-bosheth the son of Saul thine enemy, which sought thy life; and the LORD hath avenged my lord the king this day of Saul, and of his seed.
9 ဒါ​ဝိဒ်​က``ငါ့​အား​ဘေး​အန္တ​ရာယ်​အ​ပေါင်း​မှ ကယ်​တော်​မူ​သော​အ​သက်​ရှင်​တော်​မူ​သော ထာဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို ပါ​၏။-
And David answered Rechab and Baanah his brother, the sons of Rimmon the Beerothite, and said unto them, As the LORD liveth, who hath redeemed my soul out of all adversity,
10 ၁၀ ရှော​လု​ကွယ်​လွန်​တော်​မူ​ကြောင်း​ဇိ​က​လတ် မြို့​တွင်​ငါ့​ထံ​သို့​လာ​ရောက်​ပြော​ကြား​သူ သည် မိ​မိ​ယူ​ဆောင်​လာ​သော​သ​တင်း​ကို သ​တင်း​ကောင်း​ဟု​ထင်​မှတ်​ခဲ့​သည်။ သို့​ရာ တွင်​ငါ​သည်​သူ့​ကို​ဖမ်း​ဆီး​၍​ကွပ်​မျက် လိုက်​၏။ ဤ​ကား​မိ​မိ​ပေး​သည့်​သ​တင်း အ​တွက်​ထို​သူ​ရ​ရှိ​သည့်​ဆု​လာဘ်​ပင် ဖြစ်​သည်။-
when one told me, saying, Behold, Saul is dead, thinking to have brought good tidings, I took hold of him, and slew him in Ziklag, which was the reward I gave him for his tidings.
11 ၁၁ မိ​မိ​၏​အိမ်​ခန်း​တွင်​အိပ်​စက်​နေ​သော​အ​ပြစ်​မဲ့ သူ​အား​သတ်​ဖြတ်​ကြ​သည့်​လူ​ဆိုး​တို့​ကို ပို​၍ ပြင်း​ထန်​သော​အ​ပြစ်​ဒဏ်​စီ​ရင်​သင့်​သည်​မ ဟုတ်​လော။ ထို​အပြစ်​မဲ့​သူ​ကို​သတ်​သည့်​အ​တွက် ယ​ခု​ငါ​သည်​သင်​တို့​အ​ပေါ်​တွင်​လက်​စား​ချေ မည်။ သင်​တို့​အား​မြေ​မျက်​နှာ​ပြင်​ပေါ်​မှ​သုတ် သင်​ပယ်​ရှင်း​မည်'' ဟု​မိန့်​တော်​မူ​၏။-
How much more, when wicked men have slain a righteous person in his own house upon his bed, shall I not now require his blood of your hand, and take you away from the earth?
12 ၁၂ ဒါ​ဝိဒ်​အ​မိန့်​ပေး​သ​ဖြင့်​စစ်​သည်​တော်​တို့ သည်​ရေ​ခပ်​နှင့်​ဗာ​နာ​တို့​အား​သတ်​ပြီး​လျှင် သူ​တို့​၏​ခြေ​လက်​တို့​ကို​ဖြတ်​၍​ဟေ​ဗြုန် ရေ​ကန်​အ​နီး​တွင်​ဆွဲ​ထား​ကြ​၏။ ဣ​ရှ ဗော​ရှက်​၏​ဦး​ခေါင်း​ကို​မူ​ဟေ​ဗြုန်​မြို့​ရှိ အာ​ဗ​နာ​၏​ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။
And David commanded his young men, and they slew them, and cut off their hands and their feet, and hanged them up beside the pool in Hebron. But they took the head of Ish-bosheth, and buried it in the grave of Abner in Hebron.

< ၂ ဓမ္မရာဇဝင် 4 >