< ၂ ဓမ္မရာဇဝင် 3 >
1 ၁ ရှောလုမင်းဆက်ကိုထောက်ခံသူများနှင့် ဒါဝိဒ် ကိုထောက်ခံသူများသည် ကာလကြာမြင့်စွာ ဆက်လက်၍စစ်ဖြစ်ပွားလျက်နေ၏။ ဒါဝိဒ်သည် တဖြည်းဖြည်းအင်အားတိုးတက်လာ၍သူ၏ ရန်သူတို့မူကားအင်အားဆုတ်ယုတ်လာလေ သည်။
2 ၂ ဟေဗြုန်မြို့တွင်ဒါဝိဒ်ရရှိသောသားခြောက် ယောက်တို့၏အမည်များကိုဖော်ပြအံ့။ သားဦး မှာအာမနုန်ဖြစ်၍သူ၏မိခင်မှာယေဇရေလ မြို့သူအဟိနောင်ဖြစ်၏။-
3 ၃ ဒုတိယသားမှာခိလပ်ဖြစ်၍သူ၏မိခင်ကား ကရမေလမြို့မှနာဗလ၏မုဆိုးမအဘိ ဂဲလဖြစ်၏။ တတိယသားကားအဗရှလုံ ဖြစ်၏။ သူ၏မိခင်မှာဂေရှုရဘုရင်တာလမဲ ၏သမီးတော်မာခါဖြစ်၏။-
4 ၄ စတုတ္ထသားသည်အဒေါနိယဖြစ်၍သူ၏ မိခင်မှာဟ္ဂိတ်ဖြစ်၏။ ပဉ္စမသားမှာရှေဖတိ ဖြစ်၍သူ၏မိခင်သည်အဘိတလဖြစ်၏။-
5 ၅ ဆဋ္ဌမသားကားဣသရံဖြစ်၍သူ၏မိခင်မှာ ဧဂလာဖြစ်၏။ ဤသားတော်များသည်ဟေဗြုန် မြို့၌ဖွားမြင်သူများဖြစ်သတည်း။
6 ၆ ရှောလုမင်းဆက်ကိုထောက်ခံသူများနှင့်ဒါဝိဒ် ကိုထောက်ခံသူများဆက်လက်၍ စစ်ဖြစ်နေသည့် ကာလကြာလာသည်နှင့်အမျှအာဗနာသည် ရှောလု၏ဆွေတော်မျိုးတော်တို့အပေါ်တွင် ပို၍ပို၍တန်ခိုးအာဏာလွှမ်းမိုးလာလေ သည်။
7 ၇ တစ်နေ့သ၌ရှောလု၏သားတော်ဣရှဗောရှက် သည်အာဗနာအားအဲအာ၏သမီး၊ ရှောလု ၏မောင်းမငယ်ရိဇပနှင့်သမုတ်ကာပြစ်တင် စွပ်စွဲ၏။-
8 ၈ ယင်းသို့ပြစ်တင်စွပ်စွဲသည်ကိုအာဗနာသည် လွန်စွာစိတ်ဆိုးသဖြင့်``ငါသည်ရှောလုအား သစ္စာဖောက်မည်ဟုထင်မှတ်ပါသလော။ ငါသည် ယုဒပြည်၏အကျိုးအတွက်ဆောင်ရွက်နေသူ ဟုမှတ်ယူပါသလော။ အစမူလကပင်ငါ သည်သင်၏ခမည်းတော်ရှောလု၏အပေါ်၌ လည်းကောင်း၊ သူ၏ညီအစ်ကိုများ၊ မိတ်ဆွေ များအပေါ်၌လည်းကောင်းသစ္စာစောင့်ခဲ့၏။ သင့်အားလည်းဒါဝိဒ်လက်တွင်းသို့မကျ ရောက်စေရန်ဆီးတားခဲ့၏။ သို့ပါလျက် ယနေ့သင်သည်ငါ့အားမိန်းမမှုနှင့်ပြစ် တင်စွပ်စွဲပါသည်တကား။-
9 ၉ ထာဝရဘုရားသည်ရှောလုနှင့်သူ၏သား မြေးများထံမှနိုင်ငံတော်ကိုရုပ်သိမ်း၍ ဒါဝိဒ်အားနိုင်ငံတစ်စွန်းမှတစ်စွန်းတိုင်အောင် ဣသရေလပြည်နှင့်ယုဒပြည်တို့၏ဘုရင် အဖြစ်ခန့်ထားတော်မူမည်ဟုကတိပြုတော် မူခဲ့၏။ ယခုငါသည်ထိုကတိတော်အကောင် အထည်ပေါ်စေရန်မဆောင်ရွက်ပါမူ ဘုရားသခင်သည်ငါ့အားအပြစ်ဒဏ်ခတ်တော်မူ ပါစေသော'' ဟုဆို၏။-
10 ၁၀
11 ၁၁ ဣရှဗောရှက်သည်အာဗနာကိုလွန်စွာ ကြောက်သဖြင့်စကားတစ်ခွန်းမျှပြန်၍ မတုံ့မပြန်ဝံ့ချေ။
12 ၁၂ ထိုအချိန်၌ဒါဝိဒ်သည်ဟေဗြုန်မြို့တွင်ရှိ နေသဖြင့် အာဗနာသည်သူ၏ထံသို့စေတမန် များကိုလွှတ်၍``ဤပြည်ကိုအဘယ်သူအုပ်စိုး ပါမည်နည်း။ အကျွန်ုပ်နှင့်သစ္စာဖွဲ့တော်မူလျှင် အရှင့်ဘက်သို့ဣသရေလတစ်ပြည်လုံးပါ လာစေရန်အကျွန်ုပ်ကူညီဆောင်ရွက်ပေးပါ မည်'' ဟုလျှောက်စေ၏။
13 ၁၃ ဒါဝိဒ်က``ကောင်းပြီ။ သို့သော်ငါ့ထံသို့သင် လာရောက်ချိန်၌ ရှောလု၏သမီးမိခါလ ကိုဆောင်ခဲ့ရမည်။ သို့မှသာငါသည်သင် နှင့်သစ္စာဖွဲ့နိုင်မည်'' ဟုပြန်ကြားလိုက်၏။-
14 ၁၄ ထိုနောက်ဒါဝိဒ်သည်ဣရှဗောရှက်ထံစေတမန် များလွှတ်၍``ငါ၏ဇနီးမိခါလကိုပြန်၍ ပေးလော့။ ငါသည်သူ့ကိုထိမ်းမြားနိုင်ရန် ဖိလိတ္တိအမျိုးသားအရေဖျားတစ်ရာဖြင့် ဝယ်ယူခဲ့ရ၏'' ဟုမှာကြားလိုက်၏။-
15 ၁၅ သို့ဖြစ်၍ဣရှဗောရှက်သည်မိခါလကိုလဲရှ ၏သား၊ ခင်ပွန်းဖာလတိထံမှပြန်သိမ်းစေ၏။-
16 ၁၆ ဖာလတိသည်ငိုကြွေးလျက်ဗာဟုရိမ်မြို့တိုင် အောင်မိခါလနောက်သို့လိုက်လေ၏။ ထို့နောက် အာဗနာက``အိမ်သို့ပြန်လော့'' ဟုဆိုသဖြင့် ပြန်သွားရ၏။
17 ၁၇ အာဗနာသည်ဣသရေလခေါင်းဆောင်များ ထံသို့သွား၍``ဒါဝိဒ်အားသင်တို့မင်းမြှောက် လိုကြသည်မှာကြာပေပြီ။-
18 ၁၈ ယခုအခါကားသင်တို့အဖို့အခွင့်ကောင်းပင် ဖြစ်ပါ၏။ ထာဝရဘုရားက`ငါ၏လူမျိုးတော် အားဖိလိတ္တိအမျိုးသားများနှင့်အခြားရန်သူ တို့လက်တွင်းမှငါ့ကျွန်ဒါဝိဒ်၏လက်ဖြင့် ကယ်မည်' ဟုမိန့်တော်မူခဲ့သည်ကိုအောက်မေ့ သတိရကြလော့'' ဟုဆို၏။-
19 ၁၉ အာဗနာသည်ဗင်္ယာမိန်အနွယ်ဝင်တို့အားလည်း တိုက်တွန်းပြောဆို၏။ ထိုနောက်သူသည်ဣသရေလ နှင့်ဗင်္ယာမိန်အနွယ်ဝင်တို့အဘယ်သို့သဘော တူညီကြကြောင်းကို ဒါဝိဒ်အားပြန်ကြား လျှောက်ထားရန်ဟေဗြုန်မြို့သို့သွား၏။
20 ၂၀ အာဗနာသည်လူနှစ်ကျိပ်နှင့်ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ရောက်ရှိလာသောအခါ ဒါဝိဒ် သည်သူတို့အားစားပွဲတည်ခင်းကျွေးမွေး၏။-
21 ၂၁ အာဗနာကဒါဝိဒ်အား``အကျွန်ုပ်သည်ယခု သွား၍ ဣသရေလအမျိုးသားတစ်ရပ်လုံး ကိုအရှင်မင်းကြီး၏ဘက်သို့ပါအောင်ဆောင် ရွက်ပေးပါမည်။ သူတို့သည်အရှင့်အားမိမိ တို့၏ဘုရင်အဖြစ်အသိအမှတ်ပြုကြ ပါလိမ့်မည်။ ထိုအခါအရှင်သည်မိမိဆန္ဒ ရှိနှင့်ထားသည့်အတိုင်းဣသရေလပြည် တစ်ခုလုံးကိုအုပ်စိုးရပါလိမ့်မည်'' ဟု လျှောက်၏။ ဒါဝိဒ်သည်အာဗနာအား ဘေးမဲ့ထွက်ခွာသွားစေတော်မူ၏။
22 ၂၂ ထိုနောက်ယွာဘနှင့်ဒါဝိဒ်၏အခြားစစ်သူရဲ တို့သည် ရန်သူတို့အားလုယက်တိုက်ခိုက်ရာမှ လက်ရပစ္စည်းအမြောက်အမြားနှင့်ပြန်လာ ကြ၏။ အာဗနာသည်ကားဒါဝိဒ်နှင့်အတူ ဟေဗြုန်မြို့တွင်မရှိတော့ပေ။ အဘယ်ကြောင့် ဆိုသော်ဒါဝိဒ်သည်သူ့အားဘေးမဲ့ထွက်ခွာ စေပြီဖြစ်သောကြောင့်တည်း။-
23 ၂၃ ယွာဘတို့လူစုရောက်ရှိလာကြသောအခါ ဒါဝိဒ်မင်းထံသို့အာဗနာလာကြောင်း၊ သူ့ အားဒါဝိဒ်သည်ဘေးမဲ့ပြန်လွှတ်လိုက်ကြောင်း သတင်းကိုယွာဘကြားသိရလေသည်။-
24 ၂၄ ထိုအခါသူသည်ဘုရင့်ထံသို့သွား၍``အရှင် အဘယ်သို့ပြုတော်မူပါသနည်း။ အာဗနာသည် အရှင့်ထံသို့ရောက်ရှိလာသော်လည်း အရှင်သည် အဘယ်ကြောင့်သူ့အားဤသို့ပြန်၍လွှတ်တော် မူပါသနည်း။-
25 ၂၅ သူသည်အရှင့်အားလိမ်လည်လှည့်စား၍ အရှင် သွားလာလှုပ်ရှားမှုအလုံးစုံကိုစုံစမ်းရန် လာရောက်ခြင်းဖြစ်သည်ကိုအရှင်သိတော်မူ သည်မဟုတ်ပါလော'' ဟုလျှောက်၏။
26 ၂၆ ယွာဘသည်ဒါဝိဒ်ထံမှထွက်လာပြီးနောက် အာဗနာကိုပြန်ခေါ်ရန်စေတမန်များကို လွှတ်လိုက်၏။ သူတို့သည်အာဗနာအားသိ ရရေတွင်းမှပြန်၍ခေါ်ဆောင်ခဲ့ကြ၏။-
27 ၂၇ ဟေဗြုန်မြို့သို့အာဗနာရောက်ရှိလာသော အခါ ယွာဘသည်မြို့တံခါးနံဘေးသို့ခေါ် ယူကာတီးတိုးပြောဆိုဆွေးနွေးဟန်ပြု၍ ဝမ်းကိုဋ္ဌားနှင့်ထိုးလိုက်၏။ ဤသို့လျှင်အာဗနာ သည်ယွာဘ၏ညီအာသဟေလကိုသတ်ခဲ့ သည့်အတွက်လုပ်ကြံခြင်းကိုခံရလေ၏။-
28 ၂၈ ဤသတင်းကိုဒါဝိဒ်ကြားသိတော်မူသော အခါ``အာဗနာအားလုပ်ကြံမှုတွင်ငါနှင့် ငါ၏ပြည်သူပြည်သားတို့သည် လုံးဝအပြစ် ကင်းကြကြောင်းထာဝရဘုရားသိတော်မူ ပါ၏။-
29 ၂၉ ထိုအမှုအတွက်ယွာဘနှင့် သူ၏အိမ်ထောင် စုဝင်အပေါင်းတို့အပြစ်ဒဏ်သင့်ကြပါစေ သော။ သူ၏ဆွေစဉ်မျိုးဆက်တိုင်း၌ရိနာ စွဲသူ၊ နူနာစွဲသူ၊ ခါးကုန်းချည့်နဲ့သူ၊ ဋ္ဌား ဘေးသင့်သူ၊ ငတ်မွတ်သူရှိပါစေသော'' ဟု မြွက်ဆိုတော်မူ၏။-
30 ၃၀ သို့ဖြစ်၍ယွာဘနှင့်ညီအဘိရှဲတို့သည် ဂိဗောင်စစ်ပွဲတွင် မိမိတို့၏ညီအာသဟေလ အားအာဗနာသတ်ခဲ့သည့်အတွက်အာ ဗနာကိုလက်စားချေလိုက်ကြသတည်း။
31 ၃၁ ထိုနောက်ဒါဝိဒ်သည်ယွာဘနှင့်အပေါင်းပါ တို့အား အဝတ်များကိုဆုတ်ဖြဲ၍လျှော်တေ ကိုဝတ်ပြီးလျှင် အာဗနာအတွက်ငိုကြွေး မြည်တမ်းမှုပြုကြရန်အမိန့်ပေးတော်မူ၏။ ထိုနောက်အလောင်းကိုသင်္ချိုင်းသို့ပို့ဆောင်သွား သောအခါ၌လည်း မင်းကြီးကိုယ်တိုင်တလား ၏နောက်မှလမ်းလျှောက်၍လိုက်ပါပို့ဆောင် တော်မူ၏။-
32 ၃၂ အာဗနာကိုဟေဗြုန်မြို့တွင်သင်္ဂြိုဟ်ကြ၏။ သင်္ချိုင်းမှာမင်းကြီးသည်အော်ဟစ်၍ငိုကြွေး တော်မူသဖြင့် အခြားသူအပေါင်းတို့သည် လည်းထိုနည်းတူပြုကြကုန်၏။-
33 ၃၃ ဒါဝိဒ်သည်အာဗနာအတွက်ငိုချင်းကိုဖွဲ့ ဆိုတော်မူ၏။ အဆိုပါငိုချင်းမှာ ``အို အာဗနာသင်သည်အဘယ်ကြောင့် လူမိုက်တစ်ယောက်ကဲ့သို့သေရပါသနည်း။
34 ၃၄ ရာဇဝတ်ကောင်၏လက်ချက်ဖြင့်သေရသူ နည်းတူ လက်ထိတ်မခတ်ခြေချင်းမစွဲဘဲ ကျဆုံးလေပြီတကား'' ဟူ၍ဖြစ်သည်။ ထိုအခါလူတို့သည်အာဗနာအတွက်ငို ကြွေးမြည်တမ်းကြပြန်၏။
35 ၃၅ စားတော်ခေါ်ရန်ဒါဝိဒ်အားလူတို့တစ်နေ့လုံး တိုက်တွန်းကြသော်လည်းမင်းကြီးက``ငါသည် နေမဝင်မီစားတော်ခေါ်ခဲ့သော် ငါ့အားဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူပါစေသော'' ဟု ကျိန်ဆိုအဋ္ဌိဋ္ဌာန်ပြုတော်မူ၏။-
36 ၃၆ ဤအခြင်းအရာကိုမြင်သောအခါလူတို့ သည်နှစ်သက်သဘောကျကြ၏။ အမှန်စင် စစ်သူတို့သည်မင်းကြီးပြုသမျှသော အမှုတို့ကိုနှစ်သက်ကြသည်သာတည်း။-
37 ၃၇ ဒါဝိဒ်၏လူတို့နှင့်ဣသရေလပြည်သား အပေါင်းတို့သည် အာဗနာကိုသတ်ဖြတ်မှု တွင်မင်းကြီးမပါကြောင်းကိုသိရှိနား လည်ကြ၏။-
38 ၃၈ မင်းကြီးကမိမိ၏အရာရှိတို့အား``ယနေ့ သည်ဣသရေလခေါင်းဆောင်ကြီးတစ်ဦး ကွယ်လွန်သည့်နေ့ဖြစ်ကြောင်းသင်တို့မသိ ကြပါသလော။-
39 ၃၉ ငါသည်ဘုရားသခင်ဘိသိက်ပေးတော်မူ သောဘုရင်ပင်ဖြစ်သော်လည်း ယနေ့အား လျော့ပါ၏။ ဇေရုယာ၏သားတို့သည်ငါ့ အတွက်ရက်စက်ကြမ်းကြုတ်လွန်းလှပါသည် တကား။ ဤရာဇဝတ်ကောင်တို့အားအပြစ် နှင့်အလျောက် ထာဝရဘုရားဒဏ်ခတ်တော် မူပါစေသော'' ဟုမိန့်တော်မူ၏။