< ၂ ဓမ္မရာဇဝင် 3 >

1 ရှော​လု​မင်း​ဆက်​ကို​ထောက်​ခံ​သူ​များ​နှင့် ဒါ​ဝိဒ် ကို​ထောက်​ခံ​သူ​များ​သည် ကာ​လ​ကြာ​မြင့်​စွာ ဆက်​လက်​၍​စစ်​ဖြစ်​ပွား​လျက်​နေ​၏။ ဒါ​ဝိဒ်​သည် တ​ဖြည်း​ဖြည်း​အင်​အား​တိုး​တက်​လာ​၍​သူ​၏ ရန်​သူ​တို့​မူ​ကား​အင်​အား​ဆုတ်​ယုတ်​လာ​လေ သည်။
ရှောလု အမျိုး နှင့် ဒါဝိဒ် အမျိုး တို့သည် ကြာမြင့် စွာစစ်တိုက် ၍ ၊ ဒါဝိဒ် သည်အား တိုးပွားလျက် ၊ ရှောလု အမျိုး သည် အား ရွေ့လျော့လျက် ရှိကြ၏။
2 ဟေ​ဗြုန်​မြို့​တွင်​ဒါ​ဝိဒ်​ရ​ရှိ​သော​သား​ခြောက် ယောက်​တို့​၏​အ​မည်​များ​ကို​ဖော်​ပြ​အံ့။ သား​ဦး မှာ​အာ​မ​နုန်​ဖြစ်​၍​သူ​၏​မိ​ခင်​မှာ​ယေ​ဇ​ရေ​လ မြို့​သူ​အ​ဟိ​နောင်​ဖြစ်​၏။-
ဟေဗြုန် မြို့၌ ဒါဝိဒ် မြင် သောသား တို့တွင် သားဦး ကား၊ ယေဇရေလ မြို့သူအဟိနောင် တွင် မြင်သောသားအာမနုန် တည်း။
3 ဒု​တိ​ယ​သား​မှာ​ခိ​လပ်​ဖြစ်​၍​သူ​၏​မိ​ခင်​ကား က​ရ​မေ​လ​မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ ဂဲ​လ​ဖြစ်​၏။ တ​တိ​ယ​သား​ကား​အ​ဗ​ရှ​လုံ ဖြစ်​၏။ သူ​၏​မိ​ခင်​မှာ​ဂေ​ရှု​ရ​ဘု​ရင်​တာ​လ​မဲ ၏​သ​မီး​တော်​မာ​ခါ​ဖြစ်​၏။-
ဒုတိယ သားကား၊ နာဗလ မယား ၊ ကရမေလ မြို့သူအဘိဂဲလ တွင်မြင်သောသား ခိလပ် တည်း။ တတိယ သားကား၊ ဂေရှုရိ ရှင်ဘုရင် တာလမဲ သမီး မာခါ ၏သား အဗရှလုံ တည်း။
4 စ​တုတ္ထ​သား​သည်​အ​ဒေါ​နိ​ယ​ဖြစ်​၍​သူ​၏ မိ​ခင်​မှာ​ဟ္ဂိတ်​ဖြစ်​၏။ ပဉ္စ​မ​သား​မှာ​ရှေ​ဖ​တိ ဖြစ်​၍​သူ​၏​မိ​ခင်​သည်​အ​ဘိ​တ​လ​ဖြစ်​၏။-
စတုတ္တ သားကား၊ ဟဂ္ဂိတ် ၏ သား အဒေါနိယ တည်း။ ပဉ္စမ သားကား၊ အဘိတလ ၏သား ရှေဖတိ တည်း။
5 ဆ​ဋ္ဌ​မ​သား​ကား​ဣသ​ရံ​ဖြစ်​၍​သူ​၏​မိ​ခင်​မှာ ဧ​ဂ​လာ​ဖြစ်​၏။ ဤ​သား​တော်​များ​သည်​ဟေ​ဗြုန် မြို့​၌​ဖွား​မြင်​သူ​များ​ဖြစ်​သ​တည်း။
ဆဋ္ဌမ သားကား၊ မြောက်သားတော် ဧဂလာ တွင် မြင်သောသား ဣသရံ တည်း။ ဤရွေ့ကား ၊ ဟေဗြုန် မြို့၌ ဒါဝိဒ် မြင် သောသားတည်း။
6 ရှော​လု​မင်း​ဆက်​ကို​ထောက်​ခံ​သူ​များ​နှင့်​ဒါ​ဝိဒ် ကို​ထောက်​ခံ​သူ​များ​ဆက်​လက်​၍ စစ်​ဖြစ်​နေ​သည့် ကာ​လ​ကြာ​လာ​သည်​နှင့်​အ​မျှ​အာ​ဗ​နာ​သည် ရှော​လု​၏​ဆွေ​တော်​မျိုး​တော်​တို့​အ​ပေါ်​တွင် ပို​၍​ပို​၍​တန်​ခိုး​အာ​ဏာ​လွှမ်း​မိုး​လာ​လေ သည်။
ရှောလု အမျိုး နှင့် ဒါဝိဒ် အမျိုး စစ်တိုက် ကြစဉ် အခါ၊ အာဗနာ သည် ရှောလု အမျိုး ဘက် မှာ ကိုယ်ကို ခိုင်မာ စေ၏။
7 တစ်​နေ့​သ​၌​ရှော​လု​၏​သား​တော်​ဣရှ​ဗော​ရှက် သည်​အာ​ဗ​နာ​အား​အဲ​အာ​၏​သ​မီး၊ ရှော​လု ၏​မောင်း​မ​ငယ်​ရိ​ဇ​ပ​နှင့်​သ​မုတ်​ကာ​ပြစ်​တင် စွပ်​စွဲ​၏။-
ရှောလု ၌ အဲအာ ၏သမီး ရိဇပ မည်သော မယားငယ် တယောက်ရှိ၏။ ဣရှဗောရှက်က၊ သင်သည် ငါ့ အဘ ၏ မယားငယ် ကို အဘယ်ကြောင့် သိမ်း သနည်းဟု အာဗနာ အား ဆို လျှင်၊
8 ယင်း​သို့​ပြစ်​တင်​စွပ်​စွဲ​သည်​ကို​အာ​ဗ​နာ​သည် လွန်​စွာ​စိတ်​ဆိုး​သ​ဖြင့်``ငါ​သည်​ရှော​လု​အား သစ္စာ​ဖောက်​မည်​ဟု​ထင်​မှတ်​ပါ​သ​လော။ ငါ​သည် ယု​ဒ​ပြည်​၏​အ​ကျိုး​အ​တွက်​ဆောင်​ရွက်​နေ​သူ ဟု​မှတ်​ယူ​ပါ​သ​လော။ အ​စ​မူ​လ​က​ပင်​ငါ သည်​သင်​၏​ခမည်း​တော်​ရှော​လု​၏​အ​ပေါ်​၌ လည်း​ကောင်း၊ သူ​၏​ညီ​အစ်​ကို​များ၊ မိတ်​ဆွေ များ​အ​ပေါ်​၌​လည်း​ကောင်း​သစ္စာ​စောင့်​ခဲ့​၏။ သင့်​အား​လည်း​ဒါ​ဝိဒ်​လက်​တွင်း​သို့​မ​ကျ ရောက်​စေ​ရန်​ဆီး​တား​ခဲ့​၏။ သို့​ပါ​လျက် ယ​နေ့​သင်​သည်​ငါ့​အား​မိန်း​မ​မှု​နှင့်​ပြစ် တင်​စွပ်​စွဲ​ပါ​သည်​တ​ကား။-
ထိုစကား ကြောင့် အာဗနာ သည် အလွန် စိတ်ဆိုး လျက် ၊ ငါသည် ယုဒ အမျိုးကို ဆီးတား၍ သင့် အဘ ရှောလု အမျိုး နှင့် ညီ အစ်ကိုအဆွေ ခင်ပွန်းတို့အား ယနေ့ တိုင်အောင်ကျေးဇူး ပြု သဖြင့် သင့် ကိုဒါဝိဒ် လက် သို့ မ အပ်နှံ ဘဲနေသော်၊ သင်သည်ငါ့ ကို ခွေး ၏ဦးခေါင်း ကဲ့သို့သာမှတ်၍ ထိုမိန်းမ အတွက် ယနေ့ အပြစ် တင်ရမည် လော။
9 ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု​နှင့်​သူ​၏​သား မြေး​များ​ထံ​မှ​နိုင်​ငံ​တော်​ကို​ရုပ်​သိမ်း​၍ ဒါ​ဝိဒ်​အား​နိုင်​ငံ​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​၏​ဘု​ရင် အ​ဖြစ်​ခန့်​ထား​တော်​မူ​မည်​ဟု​က​တိ​ပြု​တော် မူ​ခဲ့​၏။ ယ​ခု​ငါ​သည်​ထို​က​တိ​တော်​အ​ကောင် အ​ထည်​ပေါ်​စေ​ရန်​မ​ဆောင်​ရွက်​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ ပါ​စေ​သော'' ဟု​ဆို​၏။-
ထာဝရဘုရားသည် နိုင်ငံ တော်ကို ရှောလု အမျိုး မှ နှုတ်၍
10 ၁၀
၁၀ဒါဝိဒ် ၏ အာဏာ တော်ကိုဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် ဣသရေလ ပြည်၊ ယုဒ ပြည်အရပ်ရပ် တို့၌ တည် စေခြင်းငှါ ဒါဝိဒ်အားပြုမည်ဟု ကျိန်ဆိုတော်မူသည်အတိုင်း၊ ငါလည်း ဒါဝိဒ်အားမပြုဘဲနေလျှင်၊ ထိုမျှမက ဘုရား သခင်သည် အာဗနာ အား ပြု တော်မူပါစေသောဟု ဆိုသောကြောင့်၊
11 ၁၁ ဣ​ရှ​ဗော​ရှက်​သည်​အာ​ဗ​နာ​ကို​လွန်​စွာ ကြောက်​သ​ဖြင့်​စ​ကား​တစ်​ခွန်း​မျှ​ပြန်​၍ မ​တုံ့​မ​ပြန်​ဝံ့​ချေ။
၁၁ဣရှဗောရှက်သည် ကြောက် ၍ စကား တခွန်း ကိုမျှ မ ပြန် ဝံ့။။
12 ၁၂ ထို​အ​ချိန်​၌​ဒါ​ဝိဒ်​သည်​ဟေ​ဗြုန်​မြို့​တွင်​ရှိ နေ​သ​ဖြင့် အာ​ဗ​နာ​သည်​သူ​၏​ထံ​သို့​စေ​တ​မန် များ​ကို​လွှတ်​၍``ဤ​ပြည်​ကို​အ​ဘယ်​သူ​အုပ်​စိုး ပါ​မည်​နည်း။ အ​ကျွန်ုပ်​နှင့်​သစ္စာ​ဖွဲ့​တော်​မူ​လျှင် အ​ရှင့်​ဘက်​သို့​ဣသ​ရေ​လ​တစ်​ပြည်​လုံး​ပါ လာ​စေ​ရန်​အ​ကျွန်ုပ်​ကူ​ညီ​ဆောင်​ရွက်​ပေး​ပါ မည်'' ဟု​လျှောက်​စေ​၏။
၁၂ထိုနောက် အာဗနာ သည် မိမိ အတွက် သံတမန် တို့ကို ဒါဝိဒ် ထံသို့ စေလွှတ် ၍၊ ပြည် ရှင်မင်းကား အဘယ်သူ နည်း။ ကျွန်တော် နှင့် မိဿဟာယ ဖွဲ့ တော်မူပါ။ ဣသရေလ အမျိုးအပေါင်း တို့ကို ကိုယ်တော် ထံသို့ ပြောင်းလဲ စေခြင်းငှါ ၊ ကျွန်တော် သည် ကိုယ်တော် ဘက် သို့ ဝင်စားပါမည်ဟု လျှောက်ဆို ၏။
13 ၁၃ ဒါ​ဝိဒ်​က``ကောင်း​ပြီ။ သို့​သော်​ငါ့​ထံ​သို့​သင် လာ​ရောက်​ချိန်​၌ ရှော​လု​၏​သ​မီး​မိ​ခါ​လ ကို​ဆောင်​ခဲ့​ရ​မည်။ သို့​မှ​သာ​ငါ​သည်​သင် နှင့်​သစ္စာ​ဖွဲ့​နိုင်​မည်'' ဟု​ပြန်​ကြား​လိုက်​၏။-
၁၃ဒါဝိဒ်ကလည်း ကောင်း ပြီ။ သင် နှင့် ငါ မိဿဟာယ ဖွဲ့ မည်။ သို့ရာတွင် ငါ တောင်း စရာတခု ရှိ၏။ ငါ့ မျက်နှာ ကိုမြင် အံ့သောငှါ လာ သောအခါ ၊ ရှောလု သမီး မိခါလ ကို ဆောင် ခဲ့ရမည်။ သို့မဟုတ် ငါ့ မျက်နှာ ကို မ မြင် ရဟု ပြန်ဆို ၏။
14 ၁၄ ထို​နောက်​ဒါ​ဝိဒ်​သည်​ဣရှ​ဗော​ရှက်​ထံ​စေ​တ​မန် များ​လွှတ်​၍``ငါ​၏​ဇ​နီး​မိ​ခါ​လ​ကို​ပြန်​၍ ပေး​လော့။ ငါ​သည်​သူ့​ကို​ထိမ်း​မြား​နိုင်​ရန် ဖိ​လိတ္တိ​အ​မျိုး​သား​အ​ရေ​ဖျား​တစ်​ရာ​ဖြင့် ဝယ်​ယူ​ခဲ့​ရ​၏'' ဟု​မှာ​ကြား​လိုက်​၏။-
၁၄ဒါဝိဒ် သည်လည်း သံတမန် တို့ကို ရှောလု သား ဣရှဗောရှက် ထံသို့ စေလွှတ် ၍၊ ငါသည် ဖိလိတ္တိ လူ အရေဖျား တရာ နှင့် ဝယ်ယူ သော ငါ့ မယား မိခါလ ကို အပ် လိုက်ရမည်ဟု မှာ လိုက်သည်အတိုင်း၊
15 ၁၅ သို့​ဖြစ်​၍​ဣရှ​ဗော​ရှက်​သည်​မိ​ခါ​လ​ကို​လဲ​ရှ ၏​သား၊ ခင်​ပွန်း​ဖာ​လ​တိ​ထံ​မှ​ပြန်​သိမ်း​စေ​၏။-
၁၅ဣရှဗောရှက် သည် စေလွှတ် ၍ ထိုမိန်းမကို သူ၏လင် လဲရှ ၏ သား ဖာလတိ လက်မှ နှုတ်ယူ လေ၏။
16 ၁၆ ဖာ​လ​တိ​သည်​ငို​ကြွေး​လျက်​ဗာဟု​ရိမ်​မြို့​တိုင် အောင်​မိ​ခါ​လ​နောက်​သို့​လိုက်​လေ​၏။ ထို့​နောက် အာ​ဗ​နာ​က``အိမ်​သို့​ပြန်​လော့'' ဟု​ဆို​သ​ဖြင့် ပြန်​သွား​ရ​၏။
၁၆သူ ၏လင် သည် ငိုကြွေး လျက် သူ့ နောက် သို့ ဗာဟုရိမ် မြို့တိုင်အောင် လိုက် လေ၏။ အာဗနာ ကလည်း ပြန် သွားတော့ဟုဆို သော် ပြန် သွားရ၏။
17 ၁၇ အာ​ဗ​နာ​သည်​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ ထံ​သို့​သွား​၍``ဒါ​ဝိဒ်​အား​သင်​တို့​မင်း​မြှောက် လို​ကြ​သည်​မှာ​ကြာ​ပေ​ပြီ။-
၁၇အာဗနာ သည်လည်း ၊ ဣသရေလ အမျိုး အသက်ကြီး သူတို့နှင့် တိုင်ပင် လျက်၊ သင်တို့သည် အထက် က ဒါဝိဒ် ကိုရှင်ဘုရင် အရာ ၌ ချီးမြှောက်ချင်သောစိတ် ရှိ ကြသည်ဖြစ်၍၊
18 ၁၈ ယ​ခု​အ​ခါ​ကား​သင်​တို့​အ​ဖို့​အ​ခွင့်​ကောင်း​ပင် ဖြစ်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​က`ငါ​၏​လူ​မျိုး​တော် အား​ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့်​အ​ခြား​ရန်​သူ တို့​လက်​တွင်း​မှ​ငါ့​ကျွန်​ဒါ​ဝိဒ်​၏​လက်​ဖြင့် ကယ်​မည်' ဟု​မိန့်​တော်​မူ​ခဲ့​သည်​ကို​အောက်​မေ့ သ​တိ​ရ​ကြ​လော့'' ဟု​ဆို​၏။-
၁၈ယခု ချီးမြှောက် ကြလော့။ ထာဝရဘုရား က၊ ငါ့ ကျွန် ဒါဝိဒ် လက် ဖြင့် ငါ ၏လူ ဣသရေလ အမျိုးကို ဖိလိတ္တိ လူတို့လက် မှ ၎င်း ၊ ရန်သူ အပေါင်း တို့လက် မှ ၎င်း၊ ငါကယ်နှုတ် မည်ဟု ဒါဝိဒ် အဘို့ မိန့် တော်မူပြီဟု ဆို လေ၏။
19 ၁၉ အာ​ဗ​နာ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အား​လည်း တိုက်​တွန်း​ပြော​ဆို​၏။ ထို​နောက်​သူ​သည်​ဣ​သ​ရေ​လ နှင့်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အ​ဘယ်​သို့​သ​ဘော တူ​ညီ​ကြ​ကြောင်း​ကို ဒါ​ဝိဒ်​အား​ပြန်​ကြား လျှောက်​ထား​ရန်​ဟေ​ဗြုန်​မြို့​သို့​သွား​၏။
၁၉တဖန် အာဗနာ သည် ဗင်္ယာမိန် အမျိုးသားတို့ကိုလည်း သွေးဆောင် လေ၏။ နောက် တဖန် ဣသရေလ အမျိုး အလိုရှိသမျှ အရာ၊ ဗင်္ယာမိန် အမျိုး တညီတညွတ် တည်း အလိုရှိသမျှ သောအရာတို့ကို ဟေဗြုန် မြို့၌ ဒါဝိဒ် အား ပြန်လျှောက် ခြင်းငှါ သွား ၍၊
20 ၂၀ အာ​ဗ​နာ​သည်​လူ​နှစ်​ကျိပ်​နှင့်​ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ဒါ​ဝိဒ် သည်​သူ​တို့​အား​စား​ပွဲ​တည်​ခင်း​ကျွေး​မွေး​၏။-
၂၀လူ နှစ်ကျိပ် ပါလျက် ဒါဝိဒ် ရှိရာဟေဗြုန် မြို့သို့ ရောက် သဖြင့် ၊ ဒါဝိဒ် သည် ပွဲ လုပ် ၍ အာဗနာ နှင့် သူ ၏ လူ တို့ကိုကျွေး၏။
21 ၂၁ အာ​ဗ​နာ​က​ဒါဝိဒ်​အား``အ​ကျွန်ုပ်​သည်​ယ​ခု သွား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး ကို​အ​ရှင်​မင်း​ကြီး​၏​ဘက်​သို့​ပါ​အောင်​ဆောင် ရွက်​ပေး​ပါ​မည်။ သူ​တို့​သည်​အ​ရှင့်​အား​မိ​မိ တို့​၏​ဘု​ရင်​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ကြ ပါ​လိမ့်​မည်။ ထို​အ​ခါ​အ​ရှင်​သည်​မိ​မိ​ဆန္ဒ ရှိ​နှင့်​ထား​သည့်​အ​တိုင်း​ဣသ​ရေ​လ​ပြည် တစ်​ခု​လုံး​ကို​အုပ်​စိုး​ရ​ပါ​လိမ့်​မည်'' ဟု လျှောက်​၏။ ဒါ​ဝိဒ်​သည်​အာ​ဗ​နာ​အား ဘေး​မဲ့​ထွက်​ခွာ​သွား​စေ​တော်​မူ​၏။
၂၁အာဗနာ ကလည်း ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့ စေခြင်းငှါ ၎င်း၊ ကိုယ်တော် သည်အလို တော်ရှိသမျှ အတိုင်း စိုးစံ စေခြင်းငှါ၎င်း၊ ကျွန်တော်ထ သွား ၍ ထိုသူအပေါင်းတို့ကို ကျွန်တော် သခင် ၊ ကျွန်တော်ရှင်ဘုရင် ထံ တော်၌စုဝေး စေပါမည်ဟု လျှောက် ပြီးမှ ၊ ဒါဝိဒ် လွှတ်လိုက် ၍ သူသည် ငြိမ်ဝပ် စွာ သွား လေ၏။
22 ၂၂ ထို​နောက်​ယွာ​ဘ​နှင့်​ဒါ​ဝိဒ်​၏​အ​ခြား​စစ်​သူ​ရဲ တို့​သည် ရန်​သူ​တို့​အား​လု​ယက်​တိုက်​ခိုက်​ရာ​မှ လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား​နှင့်​ပြန်​လာ ကြ​၏။ အာ​ဗ​နာ​သည်​ကား​ဒါ​ဝိဒ်​နှင့်​အ​တူ ဟေ​ဗြုန်​မြို့​တွင်​မ​ရှိ​တော့​ပေ။ အ​ဘယ်​ကြောင့် ဆို​သော်​ဒါ​ဝိဒ်​သည်​သူ့​အား​ဘေး​မဲ့​ထွက်​ခွာ စေ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။-
၂၂ထိုအခါ ယွာဘ နှင့် ဒါဝိဒ် ၏ကျွန် တို့သည် ရန်သူအလုံးအရင်း ကို လိုက်ရာမှပြန်လာ ၍ ၊ လက်ရ ဥစ္စာများ ကို ယူ ခဲ့ကြ၏။ အာဗနာ သည် ဒါဝိဒ် နှင့်အတူ ဟေဗြုန် မြို့၌ မ ရှိ။ ဒါဝိဒ်သည် လွှတ်လိုက် ၍ သူသည်ငြိမ်ဝပ် စွာ သွား နှင့်ပြီ။
23 ၂၃ ယွာ​ဘ​တို့​လူ​စု​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ ဒါ​ဝိဒ်​မင်း​ထံ​သို့​အာ​ဗ​နာ​လာ​ကြောင်း၊ သူ့ အား​ဒါ​ဝိဒ်​သည်​ဘေး​မဲ့​ပြန်​လွှတ်​လိုက်​ကြောင်း သ​တင်း​ကို​ယွာ​ဘ​ကြား​သိ​ရ​လေ​သည်။-
၂၃ယွာဘ နှင့် သူ ၌ ပါသော စစ်သူရဲ အပေါင်း တို့သည် ရောက် ကြသောအခါ ၊ နေရ ၏သား အာဗနာ သည် ရှင်ဘုရင် ထံ တော်သို့လာ ပြီ။ ရှင်ဘုရင်သည်လည်း လွှတ်လိုက် ၍ ၊ သူသည်ငြိမ်ဝပ် စွာသွား ပြီဟု ယွာဘ အား ကြားပြော လျှင်၊
24 ၂၄ ထို​အ​ခါ​သူ​သည်​ဘု​ရင့်​ထံ​သို့​သွား​၍``အ​ရှင် အ​ဘယ်​သို့​ပြု​တော်​မူ​ပါ​သ​နည်း။ အာ​ဗ​နာ​သည် အ​ရှင့်​ထံ​သို့​ရောက်​ရှိ​လာ​သော်​လည်း အ​ရှင်​သည် အ​ဘယ်​ကြောင့်​သူ့​အား​ဤ​သို့​ပြန်​၍​လွှတ်​တော် မူ​ပါ​သ​နည်း။-
၂၄ယွာဘ သည် ရှင်ဘုရင် ထံ တော်သို့ဝင် ၍ ၊ ကိုယ်တော်သည် အဘယ်သို့ ပြု တော်မူသနည်း။ အာဗနာ သည်အထံ တော်သို့လာ ပြီးမှတဖန် အလွတ်သွား စေခြင်းငှါအဘယ်ကြောင့် လွှတ်လိုက် တော်မူသနည်း။
25 ၂၅ သူ​သည်​အ​ရှင့်​အား​လိမ်​လည်​လှည့်​စား​၍ အ​ရှင် သွား​လာ​လှုပ်​ရှား​မှု​အ​လုံး​စုံ​ကို​စုံ​စမ်း​ရန် လာ​ရောက်​ခြင်း​ဖြစ်​သည်​ကို​အ​ရှင်​သိ​တော်​မူ သည်​မ​ဟုတ်​ပါ​လော'' ဟု​လျှောက်​၏။
၂၅နေရ ၏သား အာဗနာ သည် ကိုယ်တော် ကိုလှည့်စား ၍ ကိုယ်တော် ထွက် ဝင် တော်မူခြင်း၊ စီရင် တော်မူခြင်း အလုံးစုံ ကို သိ အံ့သောငှါ သာ လာ သည်ကို ကိုယ်တော်သိ တော်မူ၏ဟု လျှောက် ပြီးလျှင်၊
26 ၂၆ ယွာ​ဘ​သည်​ဒါ​ဝိဒ်​ထံ​မှ​ထွက်​လာ​ပြီး​နောက် အာ​ဗ​နာ​ကို​ပြန်​ခေါ်​ရန်​စေ​တ​မန်​များ​ကို လွှတ်​လိုက်​၏။ သူ​တို့​သည်​အာ​ဗ​နာ​အား​သိ ရ​ရေ​တွင်း​မှ​ပြန်​၍​ခေါ်​ဆောင်​ခဲ့​ကြ​၏။-
၂၆အထံ တော်ကထွက် ၍ အာဗနာ နောက် သို့ တမန် တို့ကိုစေလွှတ် လျက် ၊ သိရရေတွင်း မှ ခေါ် လေ၏။ ထိုအမှုကို ဒါဝိဒ် မ သိ။
27 ၂၇ ဟေ​ဗြုန်​မြို့​သို့​အာ​ဗ​နာ​ရောက်​ရှိ​လာ​သော အ​ခါ ယွာ​ဘ​သည်​မြို့​တံ​ခါး​နံ​ဘေး​သို့​ခေါ် ယူ​ကာ​တီး​တိုး​ပြော​ဆို​ဆွေး​နွေး​ဟန်​ပြု​၍ ဝမ်း​ကို​ဋ္ဌား​နှင့်​ထိုး​လိုက်​၏။ ဤ​သို့​လျှင်​အာ​ဗ​နာ သည်​ယွာ​ဘ​၏​ညီ​အာ​သ​ဟေ​လ​ကို​သတ်​ခဲ့ သည့်​အ​တွက်​လုပ်​ကြံ​ခြင်း​ကို​ခံ​ရ​လေ​၏။-
၂၇အာဗနာ သည် ဟေဗြုန် မြို့သို့ရောက် သောအခါ ၊ ယွာဘ သည် အသင့်အတင့်နှုတ်ဆက် ခြင်းငှါ ၊ မြို့တံခါး နားသို့ ခေါ်ပြီးလျှင် ၊ ညီ အာသဟေလ သေ သည်အတွက် သူ၏ ဝမ်း ကိုထိုး ၍ သူသည်လည်း သေ ၏။
28 ၂၈ ဤ​သ​တင်း​ကို​ဒါ​ဝိဒ်​ကြား​သိ​တော်​မူ​သော အ​ခါ``အာ​ဗ​နာ​အား​လုပ်​ကြံ​မှု​တွင်​ငါ​နှင့် ငါ​၏​ပြည်​သူ​ပြည်​သား​တို့​သည် လုံး​ဝ​အ​ပြစ် ကင်း​ကြ​ကြောင်း​ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ ပါ​၏။-
၂၈ထိုနောက်ဒါဝိဒ် သည် ကြား သောအခါ ၊ နေရ ၏သား အာဗနာ ကို သတ်သောအပြစ်နှင့် ငါသည် ထာဝရဘုရား ရှေ့ တော်၌ လွတ်ပါစေ။ ငါ့ နိုင်ငံ လွတ် ပါစေ။
29 ၂၉ ထို​အ​မှု​အ​တွက်​ယွာ​ဘ​နှင့် သူ​၏​အိမ်​ထောင် စု​ဝင်​အ​ပေါင်း​တို့​အ​ပြစ်​ဒဏ်​သင့်​ကြ​ပါ​စေ သော။ သူ​၏​ဆွေ​စဉ်​မျိုး​ဆက်​တိုင်း​၌​ရိ​နာ စွဲ​သူ၊ နူ​နာ​စွဲ​သူ၊ ခါး​ကုန်း​ချည့်​နဲ့​သူ၊ ဋ္ဌား ဘေး​သင့်​သူ၊ ငတ်​မွတ်​သူ​ရှိ​ပါ​စေ​သော'' ဟု မြွက်​ဆို​တော်​မူ​၏။-
၂၉ယွာဘ ခေါင်း ၊ သူ့ အဆွေအမျိုး အပေါင်း တို့၏ ခေါင်းပေါ် သို့ရောက် ပါစေ။ ယွာဘ ၏အဆွေအမျိုး ၌ ရိနာ စွဲသောသူ၊ နူနာ စွဲသောသူ၊ ကျောကုန်းသောသူ။ ထား ဖြင့် သေ သောသူ၊ ငတ်မွတ် သောသူ မ ပြတ် စေနှင့်ဟု မြွက်ဆို ၏။
30 ၃၀ သို့​ဖြစ်​၍​ယွာ​ဘ​နှင့်​ညီ​အ​ဘိ​ရှဲ​တို့​သည် ဂိ​ဗောင်​စစ်​ပွဲ​တွင် မိ​မိ​တို့​၏​ညီ​အာ​သ​ဟေ​လ အား​အာ​ဗ​နာ​သတ်​ခဲ့​သည့်​အ​တွက်​အာ ဗ​နာ​ကို​လက်​စား​ချေ​လိုက်​ကြ​သ​တည်း။
၃၀ထိုသို့ ယွာဘ နှင့် ညီ အဘိရှဲ သည်အာဗနာ ကို သတ် ၏။ အကြောင်း မူကား၊ သူ တို့ညီ အာသဟေလ ကို ဂိဗောင် စစ်တိုက် ပွဲ၌ အာဗနာသတ် သတည်း။
31 ၃၁ ထို​နောက်​ဒါ​ဝိဒ်​သည်​ယွာ​ဘ​နှင့်​အ​ပေါင်း​ပါ တို့​အား အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍​လျှော်​တေ ကို​ဝတ်​ပြီး​လျှင် အာ​ဗ​နာ​အ​တွက်​ငို​ကြွေး မြည်​တမ်း​မှု​ပြု​ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ ထို​နောက်​အ​လောင်း​ကို​သင်္ချိုင်း​သို့​ပို့​ဆောင်​သွား သော​အ​ခါ​၌​လည်း မင်း​ကြီး​ကိုယ်​တိုင်​တ​လား ၏​နောက်​မှ​လမ်း​လျှောက်​၍​လိုက်​ပါ​ပို့​ဆောင် တော်​မူ​၏။-
၃၁ဒါဝိဒ် ကလည်း ၊ ယွာဘ နှင့် မိမိ ၌ ရှိသော သူ အပေါင်း တို့အား ၊ သင် တို့အဝတ် ကိုဆုတ် ၍ လျှော်တေ အဝတ်ကိုဝတ် လျက် ၊ အာဗနာ အတွက် ငိုကြွေး မြည်တမ်းခြင်းကို ပြုကြလော့ဟု အမိန့် တော်ရှိ၍ ကိုယ်တော်တိုင် မသာလိုက် လေ၏။
32 ၃၂ အာ​ဗ​နာ​ကို​ဟေ​ဗြုန်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ သင်္ချိုင်း​မှာ​မင်း​ကြီး​သည်​အော်​ဟစ်​၍​ငို​ကြွေး တော်​မူ​သ​ဖြင့် အ​ခြား​သူ​အ​ပေါင်း​တို့​သည် လည်း​ထို​နည်း​တူ​ပြု​ကြ​ကုန်​၏။-
၃၂အာဗနာ ကိုဟေဗြုန် မြို့၌ သင်္ဂြိုဟ် ကြ၏။ သင်္ချိုင်း အနား မှာ ရှင် ဘုရင်သည် အသံ ကိုလွှင့် ၍ ငိုကြွေး ၏။ လူ အပေါင်း တို့သည်လည်း ငိုကြွေး ကြ၏။
33 ၃၃ ဒါ​ဝိဒ်​သည်​အာ​ဗ​နာ​အ​တွက်​ငို​ချင်း​ကို​ဖွဲ့ ဆို​တော်​မူ​၏။ အ​ဆို​ပါ​ငို​ချင်း​မှာ ``အို အာ​ဗ​နာ​သင်​သည်​အ​ဘယ်​ကြောင့် လူ​မိုက်​တစ်​ယောက်​ကဲ့​သို့​သေ​ရ​ပါ​သ​နည်း။
၃၃ရှင် ဘုရင်သည် အာဗနာ အတွက် မြည်တမ်း သည်ကား၊ အာဗနာ သည် လူမိုက် ကဲ့သို့ သေ သလော။
34 ၃၄ ရာ​ဇ​ဝတ်​ကောင်​၏​လက်​ချက်​ဖြင့်​သေ​ရ​သူ နည်း​တူ လက်​ထိတ်​မ​ခတ်​ခြေ​ချင်း​မ​စွဲ​ဘဲ ကျ​ဆုံး​လေ​ပြီ​တ​ကား'' ဟူ​၍​ဖြစ်​သည်။ ထို​အ​ခါ​လူ​တို့​သည်​အာ​ဗ​နာ​အ​တွက်​ငို ကြွေး​မြည်​တမ်း​ကြ​ပြန်​၏။
၃၄သင် ၏လက် ကိုမ ချည် ၊ သံ ချေချင်းမ ခတ်ဘဲ လူဆိုး လက်ဖြင့် သေ သကဲ့သို့ သေ ရှာပါပြီတကားဟု မြွက်ဆို ၏။ လူ အပေါင်း တို့သည်လည်း တဖန် ငိုကြွေး ကြ၏။
35 ၃၅ စား​တော်​ခေါ်​ရန်​ဒါ​ဝိဒ်​အား​လူ​တို့​တစ်​နေ့​လုံး တိုက်​တွန်း​ကြ​သော်​လည်း​မင်း​ကြီး​က``ငါ​သည် နေ​မ​ဝင်​မီ​စား​တော်​ခေါ်​ခဲ့​သော် ငါ့​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော'' ဟု ကျိန်​ဆို​အဋ္ဌိ​ဋ္ဌာန်​ပြု​တော်​မူ​၏။-
၃၅မိုဃ်းမချုပ်မှီ ဒါဝိဒ် သည် စားတော်ခေါ် မည် အကြောင်း လူ အပေါင်း တို့သည် ချဉ်းကပ် ကြသော်လည်း ၊ ဒါဝိဒ် က၊ နေ မဝင် မှီ မုန့် အစရှိသော စားစရာ တစုံတခု ကို ငါမြည်းစမ်း လျှင် ၊ ထိုမျှမကငါ ၌ ဘုရား သခင်ပြု တော်မူ စေသတည်းဟု ကျိန်ဆို ၏။
36 ၃၆ ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​သော​အ​ခါ​လူ​တို့ သည်​နှစ်​သက်​သ​ဘော​ကျ​ကြ​၏။ အ​မှန်​စင် စစ်​သူ​တို့​သည်​မင်း​ကြီး​ပြု​သ​မျှ​သော အ​မှု​တို့​ကို​နှစ်​သက်​ကြ​သည်​သာ​တည်း။-
၃၆ထိုအမှုကိုလူ အပေါင်း တို့သည် မှတ် ၍ နှစ်သက် ကြ၏။ ပြု တော်မူသမျှ တို့ကိုလည်း လူ အပေါင်း တို့သည် နှစ်သက် ကြ၏။
37 ၃၇ ဒါ​ဝိဒ်​၏​လူ​တို့​နှင့်​ဣ​သ​ရေ​လ​ပြည်​သား အ​ပေါင်း​တို့​သည် အာ​ဗ​နာ​ကို​သတ်​ဖြတ်​မှု တွင်​မင်း​ကြီး​မ​ပါ​ကြောင်း​ကို​သိ​ရှိ​နား လည်​ကြ​၏။-
၃၇ရှင် ဘုရင်သည် နေရ ၏သား အာဗနာ ကို သတ် စေခြင်းငှါ အလိုမ ရှိဟု ထို နေ့၌ ဣသရေလ အမျိုးသားများနှင့် လူ များအပေါင်း တို့သည် သိ နားလည်ကြ၏။
38 ၃၈ မင်း​ကြီး​က​မိ​မိ​၏​အ​ရာ​ရှိ​တို့​အား``ယ​နေ့ သည်​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​ကြီး​တစ်​ဦး ကွယ်​လွန်​သည့်​နေ့​ဖြစ်​ကြောင်း​သင်​တို့​မ​သိ ကြ​ပါ​သ​လော။-
၃၈ရှင် ဘုရင်ကလည်း ၊ ဣသရေလ အမျိုး၌ မင်းသား ဖြစ်သောသူ၊ ကြီးမြတ် သောသူတပါးသည် ယနေ့ ဆုံး ကြောင်းကို သင်တို့မ သိ သလော။
39 ၃၉ ငါ​သည်​ဘု​ရား​သ​ခင်​ဘိ​သိက်​ပေး​တော်​မူ သော​ဘု​ရင်​ပင်​ဖြစ်​သော်​လည်း ယ​နေ့​အား လျော့​ပါ​၏။ ဇေ​ရု​ယာ​၏​သား​တို့​သည်​ငါ့ အ​တွက်​ရက်​စက်​ကြမ်း​ကြုတ်​လွန်း​လှ​ပါ​သည် တ​ကား။ ဤ​ရာ​ဇ​ဝတ်​ကောင်​တို့​အား​အ​ပြစ် နှင့်​အ​လျောက် ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​တော် မူ​ပါ​စေ​သော'' ဟု​မိန့်​တော်​မူ​၏။
၃၉ငါ သည်ဘိသိက် ခံရ၍ ရှင်ဘုရင် ဖြစ်သော်လည်း ယနေ့ အားနည်း ၏။ ဇေရုယာ သား ဖြစ်သော ဤ သူတို့သည် ငါ့ ထက် လွန်၍ အားကြီး ကြ၏။ မ တရားသဖြင့် ပြု သောသူကို မိမိ အပြစ် နှင့်အလျောက် ထာဝရဘုရား ဆပ်ပေး တော်မူစေသတည်းဟု မိမိ ကျွန် တို့အား မိန့် တော်မူ၏။

< ၂ ဓမ္မရာဇဝင် 3 >