< ၂ ဓမ္မရာဇဝင် 24 >
1 ၁ တစ်ဖန်ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အပေါ်တွင်အမျက်ထွက်တော်မူသဖြင့် သူတို့ကိုဒဏ်ခတ်ရန်ဒါဝိဒ်အားအပြစ်ကူး မိစေတော်မူ၏။ ထာဝရဘုရားက``သင်သည် သွား၍ဣသရေလနှင့်ယုဒပြည်တွင်သန်း ခေါင်စာရင်းကောက်ယူလော့'' ဟုဒါဝိဒ်အား မိန့်တော်မူ၏။-
Et addidit furor Domini irasci contra Israel, commovitque David in eis dicentem: Vade, numera Israel et Iudam.
2 ၂ သို့ဖြစ်၍ဒါဝိဒ်သည်မိမိ၏တပ်မတော် ဗိုလ်ချုပ်ယွာဘအား``သင်၏တပ်မှူးများနှင့် အတူတိုင်းပြည်တစ်စွန်းမှတစ်စွန်းတိုင်အောင် ဣသရေလအနွယ်ရှိသမျှတို့ထံသို့သွား ၍သန်းခေါင်စာရင်းကောက်ယူလော့။ လူဦး ရေမည်မျှရှိသည်ကိုငါသိလိုသည်'' ဟုမိန့်တော်မူ၏။
Dixitque rex ad Ioab principem exercitus sui: Perambula omnes tribus Israel a Dan usque Bersabee, et numerate populum, ut sciam numerum eius.
3 ၃ သို့ရာတွင်ယွာဘက``အရှင်မင်းကြီး၊ အရှင် ၏ဘုရားသခင်ထာဝရဘုရားသည်ဣသ ရေလအမျိုးသားတို့အား ယခုထက်အဆ တစ်ရာပို၍တိုးပွားအောင်ပြုတော်မူပါ စေသော။ အရှင်သည်လည်းယင်းသို့တိုးပွား သည်ကိုတွေ့မြင်ရသည်တိုင်အောင်အသက် ရှည်တော်မူပါစေသော။ သို့ရာတွင်အရှင် မင်းကြီးသည်အဘယ်ကြောင့်ဤအမှု ကိုပြုတော်မူလိုပါသနည်း'' ဟုဒါဝိဒ် အားလျှောက်လေ၏။-
Dixitque Ioab regi: Adaugeat Dominus Deus tuus ad populum tuum, quantus nunc est, iterumque centuplicet in conspectu domini mei regis: sed quid sibi dominus meus rex vult in re huiuscemodi?
4 ၄ သို့သော်လည်းအရှင်မင်းကြီးသည်ယွာဘ နှင့်တပ်မှူးတို့အား မိမိ၏အမိန့်အတိုင်း လိုက်နာစေတော်မူ၏။ သူတို့သည်ဣသရေလ အမျိုးသားတို့အားသန်းခေါင်စာရင်းကောက် ယူရန်အထံတော်မှထွက်သွားကြ၏။
Obtinuit autem sermo regis verba Ioab, et principum exercitus: egressusque est Ioab, et princeps militum a facie regis, ut numerarent populum Israel.
5 ၅ သူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးပြီး လျှင် ဂဒ်နယ်ချိုင့်ဝှမ်းအလယ်ရှိအာရော်မြို့ ၏တောင်ဘက်တွင်စခန်းချကြ၏။ ထိုနောက် ထိုအရပ်မှမြောက်ဘက်တွင်ရှိသောယာဇာ မြို့သို့လည်းကောင်း၊-
Cumque pertransissent Iordanem, venerunt in Aroer ad dexteram urbis, quæ est in Valle Gad:
6 ၆ ထိုမှတစ်ဖန်ဂိလဒ်ပြည်နှင့်ဟိတ္တိနယ်ကာ ဒေရှမြို့သို့လည်းကောင်းဆက်လက်၍ခရီး ပြုကြ၏။ ထိုနောက်ဒန်မြို့နှင့်ဇိဒုန်မြို့တစ် ဝိုက်သို့သွားကြ၏။-
et per Iazer transierunt in Galaad, et in terram inferiorem Hodsi, et venerunt in Dan silvestria. Circumeuntesque iuxta Sidonem,
7 ၇ ထိုနောက်ရဲတိုက်ရှိရာတုရုမြို့သို့သွား ပြီးလျှင် ဟိဝိအမျိုးသားများနှင့်ကာနနိ အမျိုးသားတို့နေထိုင်ရာမြို့အပေါင်းသို့ လည်းကောင်း၊ နောက်ဆုံး၌ယုဒပြည်တောင် ပိုင်းရှိဗေရရှေဗမြို့သို့လည်းကောင်းသွား ရောက်ကြလေသည်။-
transierunt prope mœnia Tyri, et omnem terram Hevæi et Chananæi, veneruntque ad meridiem Iuda in Bersabee:
8 ၈ သူတို့သည်တိုင်းနိုင်ငံတစ်ဝန်းလုံးကိုလှည့် လည်၍ ကိုးလနှင့်အရက်နှစ်ဆယ်ကြာသော အခါယေရုရှလင်မြို့သို့ပြန်ရောက်ကြ၏။-
et lustrata universa terra, affuerunt post novem menses et viginti dies in Ierusalem.
9 ၉ သူတို့သည်ဣသရေလပြည်တွင်စစ်မှုထမ်း နိုင်သူလူပေါင်းရှစ်သိန်းနှင့် ယုဒပြည်တွင် ငါးသိန်းရှိကြောင်းမင်းကြီးအားအစီရင် ခံကြ၏။
Dedit ergo Ioab numerum descriptionis populi regi, et inventa sunt de Israel octingenta millia virorum fortium, qui educerent gladium: et de Iuda quingenta millia pugnatorum.
10 ၁၀ သို့ရာတွင်ဒါဝိဒ်သည်သန်းခေါင်စာရင်း ကောက်ပြီးသောအခါနောင်တရလျက် ထာဝရဘုရားအား``အကျွန်ုပ်သည်ဤ ကြောက်မက်ဖွယ်ကောင်းသောအပြစ်ကိုကူး လွန်မိပါပြီ။ အကျွန်ုပ်အားအပြစ်ဖြေလွှတ် တော်မူပါ။ အကျွန်ုပ်သည်မိုက်မဲစွာပြု မိပါပြီ'' ဟုလျှောက်ထား၏။
Percussit autem cor David eum, postquam numeratus est populus: et dixit David ad Dominum: Peccavi valde in hoc facto: sed precor Domine, ut transferas iniquitatem servi tui, quia stulte egi nimis.
11 ၁၁ ထာဝရဘုရားသည်ဒါဝိဒ်၏ပုရောဟိတ် ဖြစ်သူပရောဖက်ဂဒ်အား``သင်သည်ဒါဝိဒ် ထံသို့သွားလော့။ ငါပြုရန်ရှိသည့်အမှု သုံးခုအနက်သူကြိုက်နှစ်သက်ရာတစ်ခု ကိုရွေးချယ်နိုင်ကြောင်းပြောကြားလော့။ သူ ရွေးချယ်ရာကိုငါပြုမည်'' ဟုမိန့်တော်မူ၏။ နောက်တစ်နေ့နံနက်အချိန်ဒါဝိဒ်အိပ်ရာ မှထတော်မူသောအခါ၊-
Surrexit itaque David mane, et sermo Domini factus est ad Gad prophetam et Videntem David, dicens:
Vade, et loquere ad David: Hæc dicit Dominus: Trium tibi datur optio, elige unum quod volueris ex his, ut faciam tibi.
13 ၁၃ ဂဒ်သည်လာရောက်၍ မိမိအားထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်းမင်းကြီး အားတင်ပြလျှောက်ထားပြီးလျှင်``အရှင် မင်းကြီးသုံးနှစ်ပတ်လုံးအစာငတ်မွတ် ခေါင်းပါးမှု၊ သုံးလပတ်လုံးရန်သူတပ် များကိုတိမ်းရှောင်ထွက်ပြေးနေမှု၊ သုံးရက် ပတ်လုံးကပ်ရောဂါကျရောက်မှုတည်းဟူ သောဘေးတို့အနက်အဘယ်ဘေးကိုရွေး ချယ်တော်မူပါမည်နည်း။ အဘယ်သို့ ထာဝရဘုရားအားအကျွန်ုပ်ပြန် ကြားလျှောက်ထားရမည်ကိုစဉ်းစား တော်မူပါ'' ဟုမေးလျှောက်၏။
Cumque venisset Gad ad David, nunciavit ei, dicens: Aut septem annis veniet tibi fames in terra tua: aut tribus mensibus fugies adversarios tuos, et ille te persequentur: aut certe tribus diebus erit pestilentia in terra tua. Nunc ergo delibera, et vide quem respondeam ei, qui me misit, sermonem.
14 ၁၄ ဒါဝိဒ်က``ငါသည်အလွန်ဆိုးရွားသည့် အခြေအနေနှင့်ကြုံတွေ့ရပါသည်တ ကား။ လူ့လက်ဖြင့်ဒဏ်မခံရပါစေနှင့်။ ထာဝရဘုရားပင်ဒဏ်ပေးတော်မူပါ စေ။ ကိုယ်တော်သည်ကရုဏာထားတော် မူတတ်သောအရှင်ဖြစ်ပါ၏'' ဟုဂဒ် အားဆို၏။-
Dixit autem David ad Gad: Coarctor nimis: sed melius est ut incidam in manus Domini (multæ enim misericordiæ eius sunt) quam in manus hominum.
15 ၁၅ သို့ဖြစ်၍ထာဝရဘုရားသည်နံနက်ချိန် မှစ၍ပြဋ္ဌာန်းတော်မူသည့်အချိန်အထိ ဣသရေလအမျိုးသားတို့အပေါ်သို့ ကပ်ရောဂါဆိုက်ရောက်စေတော်မူ၏။ တိုင်း ပြည်တစ်စွန်းမှတစ်စွန်းတိုင်အောင်ဣသ ရေလအမျိုးသားပေါင်းခုနစ်သောင်း မျှသေဆုံးကြ၏။-
Immisitque Dominus pestilentiam in Israel, de mane usque ad tempus constitutum, et mortui sunt ex populo a Dan usque ad Bersabee septuaginta millia virorum.
16 ၁၆ ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေရုရှလင်မြို့ကိုဖျက်ဆီးမည်ပြုသော အခါ ထာဝရဘုရားသည်လူတို့အား အပြစ်ဒဏ်ခတ်မှုနှင့်ပတ်သက်၍စိတ်ပြောင်း လဲတော်မူသဖြင့်``ရပ်တန့်လော့။ တော်လောက် ပြီ'' ဟုကောင်းကင်တမန်အားမိန့်တော်မူ၏။ ထိုအခါ၌ကောင်းကင်တမန်သည်ယေဗုသိ အမျိုးသားအရောန၏ကောက်နယ်တလင်း အနီးတွင်ရပ်လျက်နေသတည်း။
Cumque extendisset manum suam Angelus Domini super Ierusalem ut disperderet eam, misertus est Dominus super afflictione, et ait Angelo percutienti populum: Sufficit: nunc contine manum tuam. erat autem Angelus Domini iuxta aream Areuna Iebusæi.
17 ၁၇ လူတို့အားဒဏ်ခတ်သောကောင်းကင်တမန် ကိုဒါဝိဒ်မြင်သောအခါ``အပြစ်ရှိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဒုစရိုက်ပြုမိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဤသူတို့သည်အဘယ် ပြစ်မှုကိုပြုမိကြပါသနည်း။ ကိုယ်တော် ရှင်သည်အကျွန်ုပ်နှင့်အိမ်ထောင်စုကိုသာ အပြစ်ပေးတော်မူသင့်ပါ၏'' ဟုထာဝရ ဘုရားအားလျှောက်၏။
Dixitque David ad Dominum cum vidisset Angelum cædentem populum: Ego sum qui peccavi, ego inique egi: isti qui oves sunt, quid fecerunt? vertatur, obsecro, manus tua contra me, et contra domum patris mei.
18 ၁၈ ထိုနေ့၌ပင်လျှင်ဂဒ်သည်ဒါဝိဒ်ထံသွား ၍``အရှင်သည်ယေဗုသိအမျိုးသားအရောန ၏ကောက်နယ်တလင်း၌ထာဝရဘုရား အတွက်ယဇ်ပလ္လင်ကိုတည်ဆောက်လော့'' ဟု ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆို လေ၏။-
Venit autem Gad ad David in die illa, et dixit ei: Ascende, et constitue altare Domino in area Areuna Iebusæi.
19 ၁၉ ဒါဝိဒ်သည်ထာဝရဘုရား၏အမိန့်တော် အတိုင်း အရောန၏ကောက်နယ်တလင်းသို့ သွားတော်မူ၏။-
Et ascendit David iuxta sermonem Gad, quem præceperat ei Dominus.
20 ၂၀ အရောနသည်ကြည့်လိုက်သောအခါမိမိထံ သို့မင်းကြီးနှင့်မှူးမတ်များလာနေကြသည် ကိုမြင်လျှင်ဒါဝိဒ်၏ရှေ့တော်၌မြေပေါ်သို့ လှဲချပျပ်ဝပ်လျက်၊-
Conspiciensque Areuna, animadvertit regem et servos eius transire ad se:
21 ၂၁ ``အရှင်မင်းကြီးအဘယ်ကြောင့်ဤအရပ်သို့ ကြွလာတော်မူပါသနည်း'' ဟုလျှောက်၏။ ဒါဝိဒ်က``ကပ်ရောဂါဘေးငြိမ်းအေးသွားစေ ခြင်းငှာ ထာဝရဘုရားအတွက်ယဇ်ပလ္လင်ကို တည်ဆောက်လိုသဖြင့် သင်၏ကောက်နယ်တလင်း ကိုဝယ်ယူရန်ငါလာသည်'' ဟုမိန့်တော်မူ၏။
et egressus adoravit regem prono vultu in terram, et ait: Quid causæ est ut veniat dominus meus rex ad servum suum? Cui David ait: Ut emam a te aream, et ædificem altare Domino, et cesset interfectio quæ grassatur in populo.
22 ၂၂ အရောနက``အရှင်မင်းကြီးဤကောက်နယ် တလင်းကိုယူတော်မူပါ။ အလိုတော်ရှိရာကို ထာဝရဘုရားအားပူဇော်တော်မူပါ။ ယဇ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရန်နွားများဤမှာ ရှိပါ၏။ ထင်းအဖြစ်အသုံးပြုရန်ထမ်းပိုး များနှင့်ကောက်နယ်တန်ဆာများလည်းဤ မှာရှိပါ၏။-
Et ait Areuna ad David: Accipiat, et offerat dominus meus rex, sicut placet ei: habes boves in holocaustum, et plaustrum, et iuga boum in usum lignorum.
23 ၂၃ ထိုအရာအပေါင်းကိုမင်းကြီးအားဆက်ပါ ၏။ အရှင်၏ဘုရားသခင်ထာဝရဘုရား သည်အရှင်၏ပူဇော်သကာကိုလက်ခံတော် မူပါစေသော'' ဟုလျှောက်လေ၏။
Omnia dedit Areuna rex regi: dixitque Areuna ad regem: Dominus Deus tuus suscipiat votum tuum.
24 ၂၄ သို့ရာတွင်မင်းကြီးက``ဤသို့မယူလို။ တန် ဖိုးကိုငါပေးမည်။ ငါသည်မိမိအဖိုးမပေး ဘဲရရှိသည့်ပူဇော်သကာများကို ငါ၏ဘုရားသခင်ထာဝရဘုရားအားဆက်သလိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။ ထိုနောက်မင်းကြီး သည်ကောက်နယ်တလင်းနှင့်နွားများကိုငွေ သားကျပ်ငါးဆယ်ပေး၍ဝယ်ယူတော်မူ၏။-
Cui respondens rex, ait: Nequaquam ut vis, sed emam pretio a te, et non offeram Domino Deo meo holocausta gratuita. Emit ergo David aream, et boves, argenti siclis quinquaginta:
25 ၂၅ သူသည်ထိုအရပ်တွင်ထာဝရဘုရား၏ အတွက် ယဇ်ပလ္လင်ကိုတည်ဆောက်တော်မူပြီး လျှင် မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တို့ ကိုပူဇော်တော်မူ၏။ ထာဝရဘုရားသည် လည်းမင်းကြီး၏ဆုတောင်းပတ္ထနာကိုနား ညောင်းတော်မူ၍ ဣသရေလနိုင်ငံတွင် ကပ်ရောဂါဘေးကိုငြိမ်းအေးစေတော် မူ၏။ ဋ္ဌမ္မရာဇဝင်ဒုတိယစောင်ပြီး၏။
et ædificavit ibi David altare Domino, et obtulit holocausta et pacifica: et propitiatus est Dominus terræ, et cohibita est plaga ab Israel.