< ၂ ဓမ္မရာဇဝင် 24 >

1 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အ​ပေါ်​တွင်​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် သူ​တို့​ကို​ဒဏ်​ခတ်​ရန်​ဒါ​ဝိဒ်​အား​အ​ပြစ်​ကူး မိ​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​က``သင်​သည် သွား​၍​ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည်​တွင်​သန်း ခေါင်​စာ​ရင်း​ကောက်​ယူ​လော့'' ဟု​ဒါ​ဝိဒ်​အား မိန့်​တော်​မူ​၏။-
וַיֹּ֙סֶף֙ אַף־יְהוָ֔ה לַחֲר֖וֹת בְּיִשְׂרָאֵ֑ל וַיָּ֨סֶת אֶת־דָּוִ֤ד בָּהֶם֙ לֵאמֹ֔ר לֵ֛ךְ מְנֵ֥ה אֶת־יִשְׂרָאֵ֖ל וְאֶת־יְהוּדָֽה׃
2 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​မိ​မိ​၏​တပ်​မ​တော် ဗိုလ်​ချုပ်​ယွာ​ဘ​အား``သင်​၏​တပ်​မှူး​များ​နှင့် အ​တူ​တိုင်း​ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင် ဣ​သ​ရေ​လ​အ​နွယ်​ရှိ​သ​မျှ​တို့​ထံ​သို့​သွား ၍​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​လော့။ လူ​ဦး ရေ​မည်​မျှ​ရှိ​သည်​ကို​ငါ​သိ​လို​သည်'' ဟု​မိန့်​တော်​မူ​၏။
וַיֹּ֨אמֶר הַמֶּ֜לֶךְ אֶל־יוֹאָ֣ב ׀ שַׂר־הַחַ֣יִל אֲשֶׁר־אִתּ֗וֹ שֽׁוּט־נָ֞א בְּכָל־שִׁבְטֵ֤י יִשְׂרָאֵל֙ מִדָּן֙ וְעַד־בְּאֵ֣ר שֶׁ֔בַע וּפִקְד֖וּ אֶת־הָעָ֑ם וְיָ֣דַעְתִּ֔י אֵ֖ת מִסְפַּ֥ר הָעָֽם׃ ס
3 သို့​ရာ​တွင်​ယွာ​ဘ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား ယ​ခု​ထက်​အ​ဆ တစ်​ရာ​ပို​၍​တိုး​ပွား​အောင်​ပြု​တော်​မူ​ပါ စေ​သော။ အ​ရှင်​သည်​လည်း​ယင်း​သို့​တိုး​ပွား သည်​ကို​တွေ့​မြင်​ရ​သည်​တိုင်​အောင်​အ​သက် ရှည်​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင်​အ​ရှင် မင်း​ကြီး​သည်​အ​ဘယ်​ကြောင့်​ဤ​အ​မှု ကို​ပြု​တော်​မူ​လို​ပါ​သ​နည်း'' ဟု​ဒါ​ဝိဒ် အား​လျှောက်​လေ​၏။-
וַיֹּ֨אמֶר יוֹאָ֜ב אֶל־הַמֶּ֗לֶךְ וְיוֹסֵ֣ף יְהוָה֩ אֱלֹהֶ֨יךָ אֶל־הָעָ֜ם כָּהֵ֤ם ׀ וְכָהֵם֙ מֵאָ֣ה פְעָמִ֔ים וְעֵינֵ֥י אֲדֹנִֽי־הַמֶּ֖לֶךְ רֹא֑וֹת וַאדֹנִ֣י הַמֶּ֔לֶךְ לָ֥מָּה חָפֵ֖ץ בַּדָּבָ֥ר הַזֶּֽה׃
4 သို့​သော်​လည်း​အ​ရှင်​မင်း​ကြီး​သည်​ယွာ​ဘ နှင့်​တပ်​မှူး​တို့​အား မိ​မိ​၏​အ​မိန့်​အ​တိုင်း လိုက်​နာ​စေ​တော်​မူ​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​သန်း​ခေါင်​စာ​ရင်း​ကောက် ယူ​ရန်​အ​ထံ​တော်​မှ​ထွက်​သွား​ကြ​၏။
וַיֶּחֱזַ֤ק דְּבַר־הַמֶּ֙לֶךְ֙ אֶל־יוֹאָ֔ב וְעַ֖ל שָׂרֵ֣י הֶחָ֑יִל וַיֵּצֵ֨א יוֹאָ֜ב וְשָׂרֵ֤י הַחַ֙יִל֙ לִפְנֵ֣י הַמֶּ֔לֶךְ לִפְקֹ֥ד אֶת־הָעָ֖ם אֶת־יִשְׂרָאֵֽל׃
5 သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး လျှင် ဂဒ်​နယ်​ချိုင့်​ဝှမ်း​အ​လယ်​ရှိ​အာ​ရော်​မြို့ ၏​တောင်​ဘက်​တွင်​စ​ခန်း​ချ​ကြ​၏။ ထို​နောက် ထို​အ​ရပ်​မှ​မြောက်​ဘက်​တွင်​ရှိ​သော​ယာ​ဇာ မြို့​သို့​လည်း​ကောင်း၊-
וַיַּעַבְר֖וּ אֶת־הַיַּרְדֵּ֑ן וַיַּחֲנ֣וּ בַעֲרוֹעֵ֗ר יְמִ֥ין הָעִ֛יר אֲשֶׁ֛ר בְּתוֹךְ־הַנַּ֥חַל הַגָּ֖ד וְאֶל־יַעְזֵֽר׃
6 ထို​မှ​တစ်​ဖန်​ဂိ​လဒ်​ပြည်​နှင့်​ဟိတ္တိ​နယ်​ကာ ဒေ​ရှ​မြို့​သို့​လည်း​ကောင်း​ဆက်​လက်​၍​ခ​ရီး ပြု​ကြ​၏။ ထို​နောက်​ဒန်​မြို့​နှင့်​ဇိ​ဒုန်​မြို့​တစ် ဝိုက်​သို့​သွား​ကြ​၏။-
וַיָּבֹ֙אוּ֙ הַגִּלְעָ֔דָה וְאֶל־אֶ֥רֶץ תַּחְתִּ֖ים חָדְשִׁ֑י וַיָּבֹ֙אוּ֙ דָּ֣נָה יַּ֔עַן וְסָבִ֖יב אֶל־צִידֽוֹן׃
7 ထို​နောက်​ရဲ​တိုက်​ရှိ​ရာ​တု​ရု​မြို့​သို့​သွား ပြီး​လျှင် ဟိ​ဝိ​အ​မျိုး​သား​များ​နှင့်​ကာ​န​နိ အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​မြို့​အ​ပေါင်း​သို့ လည်း​ကောင်း၊ နောက်​ဆုံး​၌​ယု​ဒ​ပြည်​တောင် ပိုင်း​ရှိ​ဗေ​ရ​ရှေ​ဗ​မြို့​သို့​လည်း​ကောင်း​သွား ရောက်​ကြ​လေ​သည်။-
וַיָּבֹ֙אוּ֙ מִבְצַר־צֹ֔ר וְכָל־עָרֵ֥י הַחִוִּ֖י וְהַֽכְּנַעֲנִ֑י וַיֵּֽצְא֛וּ אֶל־נֶ֥גֶב יְהוּדָ֖ה בְּאֵ֥ר שָֽׁבַע׃
8 သူ​တို့​သည်​တိုင်း​နိုင်​ငံ​တစ်​ဝန်း​လုံး​ကို​လှည့် လည်​၍ ကိုး​လ​နှင့်​အ​ရက်​နှစ်​ဆယ်​ကြာ​သော အ​ခါ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ရောက်​ကြ​၏။-
וַיָּשֻׁ֖טוּ בְּכָל־הָאָ֑רֶץ וַיָּבֹ֜אוּ מִקְצֵ֨ה תִשְׁעָ֧ה חֳדָשִׁ֛ים וְעֶשְׂרִ֥ים י֖וֹם יְרוּשָׁלִָֽם׃
9 သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည်​တွင်​စစ်​မှု​ထမ်း နိုင်​သူ​လူ​ပေါင်း​ရှစ်​သိန်း​နှင့် ယု​ဒ​ပြည်​တွင် ငါး​သိန်း​ရှိ​ကြောင်း​မင်း​ကြီး​အား​အ​စီ​ရင် ခံ​ကြ​၏။
וַיִּתֵּ֥ן יוֹאָ֛ב אֶת־מִסְפַּ֥ר מִפְקַד־הָעָ֖ם אֶל־הַמֶּ֑לֶךְ וַתְּהִ֣י יִשְׂרָאֵ֡ל שְׁמֹנֶה֩ מֵא֨וֹת אֶ֤לֶף אִֽישׁ־חַ֙יִל֙ שֹׁ֣לֵֽף חֶ֔רֶב וְאִ֣ישׁ יְהוּדָ֔ה חֲמֵשׁ־מֵא֥וֹת אֶ֖לֶף אִֽישׁ׃
10 ၁၀ သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​သန်း​ခေါင်​စာ​ရင်း ကောက်​ပြီး​သော​အ​ခါ​နောင်​တ​ရ​လျက် ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​သည်​ဤ ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ပြစ်​ကို​ကူး လွန်​မိ​ပါ​ပြီ။ အ​ကျွန်ုပ်​အား​အပြစ်​ဖြေ​လွှတ် တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​မိုက်​မဲ​စွာ​ပြု မိ​ပါ​ပြီ'' ဟု​လျှောက်​ထား​၏။
וַיַּ֤ךְ לֵב־דָּוִד֙ אֹת֔וֹ אַחֲרֵי־כֵ֖ן סָפַ֣ר אֶת־הָעָ֑ם ס וַיֹּ֨אמֶר דָּוִ֜ד אֶל־יְהוָ֗ה חָטָ֤אתִי מְאֹד֙ אֲשֶׁ֣ר עָשִׂ֔יתִי וְעַתָּ֣ה יְהוָ֔ה הַֽעֲבֶר־נָא֙ אֶת־עֲוֺ֣ן עַבְדְּךָ֔ כִּ֥י נִסְכַּ֖לְתִּי מְאֹֽד׃
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​၏​ပု​ရော​ဟိတ် ဖြစ်​သူ​ပ​ရော​ဖက်​ဂဒ်​အား``သင်​သည်​ဒါ​ဝိဒ် ထံ​သို့​သွား​လော့။ ငါ​ပြု​ရန်​ရှိ​သည့်​အ​မှု သုံး​ခု​အ​နက်​သူ​ကြိုက်​နှစ်​သက်​ရာ​တစ်​ခု ကို​ရွေး​ချယ်​နိုင်​ကြောင်း​ပြော​ကြား​လော့။ သူ ရွေး​ချယ်​ရာ​ကို​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။ နောက်​တစ်​နေ့​နံ​နက်​အ​ချိန်​ဒါ​ဝိဒ်​အိပ်​ရာ မှ​ထ​တော်​မူ​သော​အ​ခါ၊-
וַיָּ֥קָם דָּוִ֖ד בַּבֹּ֑קֶר פ וּדְבַר־יְהוָ֗ה הָיָה֙ אֶל־גָּ֣ד הַנָּבִ֔יא חֹזֵ֥ה דָוִ֖ד לֵאמֹֽר׃
12 ၁၂
הָל֞וֹךְ וְדִבַּרְתָּ֣ אֶל־דָּוִ֗ד כֹּ֚ה אָמַ֣ר יְהוָ֔ה שָׁלֹ֕שׁ אָנֹכִ֖י נוֹטֵ֣ל עָלֶ֑יךָ בְּחַר־לְךָ֥ אַֽחַת־מֵהֶ֖ם וְאֶֽעֱשֶׂה־לָּֽךְ׃
13 ၁၃ ဂဒ်​သည်​လာ​ရောက်​၍ မိ​မိ​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​မင်း​ကြီး အား​တင်​ပြ​လျှောက်​ထား​ပြီး​လျှင်``အ​ရှင် မင်း​ကြီး​သုံး​နှစ်​ပတ်​လုံး​အ​စာ​ငတ်​မွတ် ခေါင်း​ပါး​မှု၊ သုံး​လ​ပတ်​လုံး​ရန်​သူ​တပ် များ​ကို​တိမ်း​ရှောင်​ထွက်​ပြေး​နေ​မှု၊ သုံး​ရက် ပတ်​လုံး​ကပ်​ရော​ဂါ​ကျ​ရောက်​မှု​တည်း​ဟူ သော​ဘေး​တို့​အ​နက်​အ​ဘယ်​ဘေး​ကို​ရွေး ချယ်​တော်​မူ​ပါ​မည်​နည်း။ အ​ဘယ်​သို့ ထာ​ဝ​ရ​ဘု​ရား​အား​အ​ကျွန်ုပ်​ပြန် ကြား​လျှောက်​ထား​ရ​မည်​ကို​စဉ်း​စား တော်​မူ​ပါ'' ဟု​မေး​လျှောက်​၏။
וַיָּבֹא־גָ֥ד אֶל־דָּוִ֖ד וַיַּגֶּד־ל֑וֹ וַיֹּ֣אמֶר ל֡וֹ הֲתָב֣וֹא לְךָ֣ שֶֽׁבַע שָׁנִ֣ים ׀ רָעָ֣ב ׀ בְּאַרְצֶ֡ךָ אִם־שְׁלֹשָׁ֣ה חֳ֠דָשִׁים נֻסְךָ֨ לִפְנֵֽי־צָרֶ֜יךָ וְה֣וּא רֹדְפֶ֗ךָ וְאִם־הֱ֠יוֹת שְׁלֹ֨שֶׁת יָמִ֥ים דֶּ֙בֶר֙ בְּאַרְצֶ֔ךָ עַתָּה֙ דַּ֣ע וּרְאֵ֔ה מָה־אָשִׁ֥יב שֹׁלְחִ֖י דָּבָֽר׃ ס
14 ၁၄ ဒါ​ဝိဒ်​က``ငါ​သည်​အ​လွန်​ဆိုး​ရွား​သည့် အ​ခြေ​အ​နေ​နှင့်​ကြုံ​တွေ့​ရ​ပါ​သည်​တ ကား။ လူ့​လက်​ဖြင့်​ဒဏ်​မ​ခံ​ရ​ပါ​စေ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ပင်​ဒဏ်​ပေး​တော်​မူ​ပါ စေ။ ကိုယ်​တော်​သည်​က​ရု​ဏာ​ထား​တော် မူ​တတ်​သော​အ​ရှင်​ဖြစ်​ပါ​၏'' ဟု​ဂဒ် အား​ဆို​၏။-
וַיֹּ֧אמֶר דָּוִ֛ד אֶל־גָּ֖ד צַר־לִ֣י מְאֹ֑ד נִפְּלָה־נָּ֤א בְיַד־יְהוָה֙ כִּֽי־רַבִּ֣ים רחמו וּבְיַד־אָדָ֖ם אַל־אֶפֹּֽלָה׃
15 ၁၅ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​နံ​နက်​ချိန် မှ​စ​၍​ပြ​ဋ္ဌာန်း​တော်​မူ​သည့်​အ​ချိန်​အ​ထိ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​သို့ ကပ်​ရော​ဂါ​ဆိုက်​ရောက်​စေ​တော်​မူ​၏။ တိုင်း ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင်​ဣ​သ ရေ​လ​အ​မျိုး​သား​ပေါင်း​ခု​နစ်​သောင်း မျှ​သေ​ဆုံး​ကြ​၏။-
וַיִּתֵּ֨ן יְהוָ֥ה דֶּ֙בֶר֙ בְּיִשְׂרָאֵ֔ל מֵהַבֹּ֖קֶר וְעַד־עֵ֣ת מוֹעֵ֑ד וַיָּ֣מָת מִן־הָעָ֗ם מִדָּן֙ וְעַד־בְּאֵ֣ר שֶׁ֔בַע שִׁבְעִ֥ים אֶ֖לֶף אִֽישׁ׃
16 ၁၆ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တမန်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ဖျက်​ဆီး​မည်​ပြု​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​မှု​နှင့်​ပတ်​သက်​၍​စိတ်​ပြောင်း လဲ​တော်​မူ​သ​ဖြင့်``ရပ်​တန့်​လော့။ တော်​လောက် ပြီ'' ဟု​ကောင်း​ကင်​တ​မန်​အား​မိန့်​တော်​မူ​၏။ ထို​အ​ခါ​၌​ကောင်း​ကင်​တမန်​သည်​ယေ​ဗု​သိ အ​မျိုး​သား​အ​ရော​န​၏​ကောက်​နယ်​တ​လင်း အ​နီး​တွင်​ရပ်​လျက်​နေ​သ​တည်း။
וַיִּשְׁלַח֩ יָד֨וֹ הַמַּלְאָ֥ךְ ׀ יְרֽוּשָׁלִַם֮ לְשַׁחֲתָהּ֒ וַיִּנָּ֤חֶם יְהוָה֙ אֶל־הָ֣רָעָ֔ה וַ֠יֹּאמֶר לַמַּלְאָ֞ךְ הַמַּשְׁחִ֤ית בָּעָם֙ רַ֔ב עַתָּ֖ה הֶ֣רֶף יָדֶ֑ךָ וּמַלְאַ֤ךְ יְהוָה֙ הָיָ֔ה עִם־גֹּ֖רֶן האורנה הַיְבֻסִֽי׃ ס
17 ၁၇ လူ​တို့​အား​ဒဏ်​ခတ်​သော​ကောင်း​ကင်​တ​မန် ကို​ဒါ​ဝိဒ်​မြင်​သော​အ​ခါ``အ​ပြစ်​ရှိ​သူ​မှာ အ​ကျွန်ုပ်​ဖြစ်​ပါ​၏။ ဒု​စ​ရိုက်​ပြု​မိ​သူ​မှာ အ​ကျွန်ုပ်​ဖြစ်​ပါ​၏။ ဤ​သူ​တို့​သည်​အ​ဘယ် ပြစ်​မှု​ကို​ပြု​မိ​ကြ​ပါ​သ​နည်း။ ကိုယ်​တော် ရှင်​သည်​အ​ကျွန်ုပ်​နှင့်​အိမ်​ထောင်​စု​ကို​သာ အ​ပြစ်​ပေး​တော်​မူ​သင့်​ပါ​၏'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​လျှောက်​၏။
וַיֹּאמֶר֩ דָּוִ֨ד אֶל־יְהוָ֜ה בִּרְאֹת֣וֹ ׀ אֶֽת־הַמַּלְאָ֣ךְ ׀ הַמַּכֶּ֣ה בָעָ֗ם וַיֹּ֙אמֶר֙ הִנֵּ֨ה אָנֹכִ֤י חָטָ֙אתִי֙ וְאָנֹכִ֣י הֶעֱוֵ֔יתִי וְאֵ֥לֶּה הַצֹּ֖אן מֶ֣ה עָשׂ֑וּ תְּהִ֨י נָ֥א יָדְךָ֛ בִּ֖י וּבְבֵ֥ית אָבִֽי׃ פ
18 ၁၈ ထို​နေ့​၌​ပင်​လျှင်​ဂဒ်​သည်​ဒါ​ဝိဒ်​ထံ​သွား ၍``အ​ရှင်​သည်​ယေ​ဗု​သိ​အ​မျိုး​သား​အ​ရော​န ၏​ကောက်​နယ်​တ​လင်း​၌​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​လော့'' ဟု ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ဆင့်​ဆို လေ​၏။-
וַיָּבֹא־גָ֥ד אֶל־דָּוִ֖ד בַּיּ֣וֹם הַה֑וּא וַיֹּ֣אמֶר ל֗וֹ עֲלֵה֙ הָקֵ֤ם לַֽיהוָה֙ מִזְבֵּ֔חַ בְּגֹ֖רֶן ארניה הַיְבֻסִֽי׃
19 ၁၉ ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် အ​တိုင်း အ​ရော​န​၏​ကောက်​နယ်​တ​လင်း​သို့ သွား​တော်​မူ​၏။-
וַיַּ֤עַל דָּוִד֙ כִּדְבַר־גָּ֔ד כַּאֲשֶׁ֖ר צִוָּ֥ה יְהוָֽה׃
20 ၂၀ အ​ရော​န​သည်​ကြည့်​လိုက်​သော​အ​ခါ​မိ​မိ​ထံ သို့​မင်း​ကြီး​နှင့်​မှူး​မတ်​များ​လာ​နေ​ကြ​သည် ကို​မြင်​လျှင်​ဒါ​ဝိဒ်​၏​ရှေ့​တော်​၌​မြေ​ပေါ်​သို့ လှဲ​ချ​ပျပ်​ဝပ်​လျက်၊-
וַיַּשְׁקֵ֣ף אֲרַ֗וְנָה וַיַּ֤רְא אֶת־הַמֶּ֙לֶךְ֙ וְאֶת־עֲבָדָ֔יו עֹבְרִ֖ים עָלָ֑יו וַיֵּצֵ֣א אֲרַ֔וְנָה וַיִּשְׁתַּ֧חוּ לַמֶּ֛לֶךְ אַפָּ֖יו אָֽרְצָה׃
21 ၂၁ ``အ​ရှင်​မင်း​ကြီး​အ​ဘယ်​ကြောင့်​ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​၏။ ဒါ​ဝိဒ်​က``ကပ်​ရော​ဂါ​ဘေး​ငြိမ်း​အေး​သွား​စေ ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို တည်​ဆောက်​လို​သ​ဖြင့် သင်​၏​ကောက်​နယ်​တ​လင်း ကို​ဝယ်​ယူ​ရန်​ငါ​လာ​သည်'' ဟု​မိန့်​တော်​မူ​၏။
וַיֹּ֣אמֶר אֲרַ֔וְנָה מַדּ֛וּעַ בָּ֥א אֲדֹנִֽי־הַמֶּ֖לֶךְ אֶל־עַבְדּ֑וֹ וַיֹּ֨אמֶר דָּוִ֜ד לִקְנ֧וֹת מֵעִמְּךָ֣ אֶת־הַגֹּ֗רֶן לִבְנ֤וֹת מִזְבֵּ֙חַ֙ לַֽיהוָ֔ה וְתֵעָצַ֥ר הַמַּגֵּפָ֖ה מֵעַ֥ל הָעָֽם׃
22 ၂၂ အ​ရော​န​က``အ​ရှင်​မင်း​ကြီး​ဤ​ကောက်​နယ် တလင်း​ကို​ယူ​တော်​မူ​ပါ။ အ​လို​တော်​ရှိ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​တော်​မူ​ပါ။ ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရန်​နွား​များ​ဤ​မှာ ရှိ​ပါ​၏။ ထင်း​အ​ဖြစ်​အ​သုံး​ပြု​ရန်​ထမ်း​ပိုး များ​နှင့်​ကောက်​နယ်​တန်​ဆာ​များ​လည်း​ဤ မှာ​ရှိ​ပါ​၏။-
וַיֹּ֤אמֶר אֲרַ֙וְנָה֙ אֶל־דָּוִ֔ד יִקַּ֥ח וְיַ֛עַל אֲדֹנִ֥י הַמֶּ֖לֶךְ הַטּ֣וֹב בעינו רְאֵה֙ הַבָּקָ֣ר לָעֹלָ֔ה וְהַמֹּרִגִּ֛ים וּכְלֵ֥י הַבָּקָ֖ר לָעֵצִֽים׃
23 ၂၃ ထို​အ​ရာ​အ​ပေါင်း​ကို​မင်း​ကြီး​အား​ဆက်​ပါ ၏။ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​အ​ရှင်​၏​ပူ​ဇော်​သကာ​ကို​လက်​ခံ​တော် မူ​ပါ​စေ​သော'' ဟု​လျှောက်​လေ​၏။
הַכֹּ֗ל נָתַ֛ן אֲרַ֥וְנָה הַמֶּ֖לֶךְ לַמֶּ֑לֶךְ ס וַיֹּ֤אמֶר אֲרַ֙וְנָה֙ אֶל־הַמֶּ֔לֶךְ יְהוָ֥ה אֱלֹהֶ֖יךָ יִרְצֶֽךָ׃
24 ၂၄ သို့​ရာ​တွင်​မင်း​ကြီး​က``ဤ​သို့​မ​ယူ​လို။ တန် ဖိုး​ကို​ငါ​ပေး​မည်။ ငါ​သည်​မိ​မိ​အ​ဖိုး​မ​ပေး ဘဲ​ရ​ရှိ​သည့်​ပူ​ဇော်​သကာ​များ​ကို ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​အား​ဆက်​သ​လိမ့်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​မင်း​ကြီး သည်​ကောက်​နယ်​တ​လင်း​နှင့်​နွား​များ​ကို​ငွေ သား​ကျပ်​ငါး​ဆယ်​ပေး​၍​ဝယ်​ယူ​တော်​မူ​၏။-
וַיֹּ֨אמֶר הַמֶּ֜לֶךְ אֶל־אֲרַ֗וְנָה לֹ֚א כִּֽי־קָנ֨וֹ אֶקְנֶ֤ה מֵאֽוֹתְךָ֙ בִּמְחִ֔יר וְלֹ֧א אַעֲלֶ֛ה לַיהוָ֥ה אֱלֹהַ֖י עֹל֣וֹת חִנָּ֑ם וַיִּ֨קֶן דָּוִ֤ד אֶת־הַגֹּ֙רֶן֙ וְאֶת־הַבָּקָ֔ר בְּכֶ֖סֶף שְׁקָלִ֥ים חֲמִשִּֽׁים׃
25 ၂၅ သူ​သည်​ထို​အ​ရပ်​တွင်​ထာ​ဝ​ရ​ဘုရား​၏ အ​တွက် ယဇ်​ပလ္လင်​ကို​တည်​ဆောက်​တော်​မူ​ပြီး လျှင် မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တို့ ကို​ပူ​ဇော်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် လည်း​မင်း​ကြီး​၏​ဆု​တောင်း​ပတ္ထနာ​ကို​နား ညောင်း​တော်​မူ​၍ ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ကပ်​ရော​ဂါ​ဘေး​ကို​ငြိမ်း​အေး​စေ​တော် မူ​၏။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​ဒု​တိ​ယ​စောင်​ပြီး​၏။
וַיִּבֶן֩ שָׁ֨ם דָּוִ֤ד מִזְבֵּ֙חַ֙ לַֽיהוָ֔ה וַיַּ֥עַל עֹל֖וֹת וּשְׁלָמִ֑ים וַיֵּעָתֵ֤ר יְהוָה֙ לָאָ֔רֶץ וַתֵּעָצַ֥ר הַמַּגֵּפָ֖ה מֵעַ֥ל יִשְׂרָאֵֽל׃

< ၂ ဓမ္မရာဇဝင် 24 >