< ၂ ဓမ္မရာဇဝင် 23 >
1 ၁ ဘုရားသခင်ချီးမြှင့်တော်မူခြင်းကိုခံရသော ဘုရင်အဖြစ်ဖြင့် ယာကုပ်၏ဘုရားဘိသိက်ပေး တော်မူသောဣသရေလနိုင်ငံတွင် သာယာစွာ သီချင်းဖွဲ့ဆိုသောယေရှဲ၏သားဒါဝိဒ်၏နောက် ဆုံးမိန့်မြွက်သည့်စကားကားအောက်ပါအတိုင်း ဖြစ်သည်။
이는 다윗의 마지막 말이라 이새의 아들 다윗이 말함이여 높이 올리운 자, 야곱의 하나님에게 기름 부음 받은자 이스라엘의 노래 잘하는 자가 말하도다
2 ၂ ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်ကြားတော်မူ၏။ နှုတ်ကပတ်တော်သည်ငါ၏နှုတ်ဖျားတွင် တည်လျက်ရှိ၏။
여호와의 신이 나를 빙자하여 말씀하심이여 그 말씀이 내 혀에 있도다
3 ၃ ဣသရေလအမျိုးသားတို့၏ကွယ်ကာရာ အရှင် ဣသရေလအမျိုးသားတို့၏ဘုရားသခင်သည် ငါ့အားဤသို့မိန့်တော်မူ၏။ ``ဘုရားသခင်ကိုကြောက်ရွံ့ရိုသေလျက် တရားမျှတစွာအုပ်စိုးသောမင်းသည်၊
이스라엘의 하나님이 말씀하시며 이스라엘의 바위가 내게 이르시기를 사람을 공의로 다스리는 자, 하나님을 경외함으로 다스리는 자여
4 ၄ မိုးရွာပြီးနောက်မိုးသားများကင်းစင်လျက် အရုဏ်တက်ချိန်အခါမြက်များကိုအရောင် လက်စေသည့်နေမင်းနှင့်တူ၏''
저는 돋는 해 아침 빛 같고 구름 없는 아침 같고 비 후의 광선으로 땅에서 움이 돋는 새 풀 같으니라 하시도다
5 ၅ ထိုနည်းတူစွာဘုရားသခင်သည်ငါ၏သား မြေးတို့ကို ကောင်းချီးပေးတော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် မပျက်နိုင်မပြောင်းလဲနိုင်သော၊ထာဝရ ပဋိညာဉ်ကို ငါနှင့်ပြုထားတော်မူသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ငါ၏လိုအင်ဆန္ဒပြည့်စုံပြီ။ ဤကားငါ၏အောင်ပွဲပေတည်း။ ယင်းသို့ဖြစ်စေရန်ဘုရားသခင်သည် ဧကန်မုချစီမံတော်မူလိမ့်မည်။
내 집이 하나님 앞에 이 같지 아니하냐 하나님이 나로 더불어 영원한 언약을 세우사 만사에 구비하고 견고케 하셨으니 나의 모든 구원과 나의 모든 소원을 어찌 이루지 아니하시랴
6 ၆ သို့ရာတွင်ဘုရားမဲ့သူတို့မူကားဖယ် ရှားခြင်းကို ခံရသည့်ဆူးပင်များနှင့်တူကြ၏။ ထိုဆူးပင်တို့ကိုအဘယ်သူမျှလက်နှင့် မကိုင်မတွယ်နိုင်။
그러나 사악한 자는 다 내어 버리울 가시나무 같으니 이는 손으로 잡을 수 없음이로다
7 ၇ ယင်းတို့ကိုကိုင်တွယ်ရန်သံတန်ဆာသို့မဟုတ် လှံတံကိုအသုံးပြုရ၏။ ထိုဆူးပင်တို့သည်မီးရှို့၍လုံးဝဖျက်ဆီးခြင်းကို ခံရလိမ့်မည်။
그것들을 만지는 자는 철과 창자루를 가져야 하리니 그것들이 당장에 불사르이리로다 하니라
8 ၈ ဒါဝိဒ်၏သူရဲကောင်းတို့၏နာမည်များကို ဖော်ပြအံ့။ ပထမသူရဲကောင်းမှာဟပေါနိ မြို့သား၊ သူရဲကောင်းသုံးဦးတို့၏ခေါင်းဆောင် ယာရှောဘံဘက်ရှိဗက်ဖြစ်သည်။ သူသည်တိုက် ပွဲတစ်ခုတည်း၌လူရှစ်ရာကိုမိမိ၏လှံဖြင့် ထိုးသတ်ခဲ့သူဖြစ်၏။
다윗의 용사들의 이름이 이러하니라 다그몬 사람 요셉밧세벳이라고도 하고 에센 사람 아디노라고도 하는 자는 군장의 두목이라 저가 한 때에 팔백 인을 쳐 죽였더라
9 ၉ သူရဲကောင်းသုံးဦးတို့အနက်ဒုတိယသူရဲ ကောင်းမှာအာဟော၏သားချင်းစုဝင်ဒေါဒေါ ၏သား၊ ဧလာဇာဖြစ်၏။ အခါတစ်ပါးက ဧလာဇာသည်စစ်ဆင်ရန်စုရုံးလျက်ရှိသော ဖိလိတ္တိအမျိုးသားတို့အားဒါဝိဒ်နှင့်တကွ စိန်ခေါ်ခဲ့၏။ ဣသရေလအမျိုးသားတို့ ဆုတ်ခွာကြသော်လည်း၊-
그 다음은 아호아 사람 도대의 아들 엘르아살이니 다윗과 함께 한 세 용사 중에 하나이라 블레셋 사람이 싸우려고 모이매 이스라엘 사람들이 물러간지라 세 용사가 싸움을 돋우고
10 ၁၀ သူသည်မဆုတ်ခွာဘဲလက်အံသေ၍ဋ္ဌား ကိုလက်နှင့်ခွာမရသည့်တိုင်အောင် ဖိလိတ္တိ အမျိုးသားတို့ကိုတိုက်ခိုက်လေသည်။ ထို နေ့၌ထာဝရဘုရားသည်အောင်ပွဲကြီး ကိုခံစေတော်မူသဖြင့်တိုက်ပွဲပြီးဆုံး သွားသောအခါဣသရေလအမျိုးသား တို့သည်ကျဆုံးသည့်သူများထံမှလက် နက်တန်ဆာများကိုသိမ်းယူရန်ဧလာ ဇာရှိရာသို့လာရောက်ကြ၏။
저가 나가서 손이 피곤하여 칼에 붙기까지 블레셋 사람을 치니라 그 날에 여호와께서 크게 이기게 하셨으므로 백성들은 돌아와서 저의 뒤를 따라가며 노략할 뿐이었더라
11 ၁၁ တတိယသူရဲကောင်းမှာအာဂိ၏သား၊ ဟရရိမြို့သားရှမ္မဖြစ်၏။ ဖိလိတ္တိအမျိုး သားတို့သည်ပဲခင်းရှိသောလေဟိအရပ် တွင်စုရုံးလျက်နေကြ၏။ ဣသရေလ အမျိုးသားတို့သည်ဖိလိတ္တိအမျိုးသား တို့ထံမှထွက်ပြေးကြသော်လည်း၊-
그 다음은 하랄 사람 아게의 아들 삼마라 블레셋 사람이 떼를 지어 녹두나무가 가득한 밭에 모이매 백성들은 블레셋 사람 앞에서 도망하되
12 ၁၂ ရှမ္မသည်ပဲခင်းမှမဆုတ်ခွာဘဲခုခံကာ ကွယ်ကာဖိလိတ္တိအမျိုးသားတို့ကိုသတ် ဖြတ်သဖြင့် ထိုနေ့၌ထာဝရဘုရားသည် အောင်ပွဲကြီးကိုခံစေတော်မူ၏။
저는 그 밭 가운데 서서 막아 블레셋 사람을 친지라 여호와께서 큰 구원을 이루시니라
13 ၁၃ ကောက်ရိတ်ချိန်နီးသောအခါရဲဘော်သုံး ကျိပ်ဝင်သူရဲကောင်းသုံးယောက်တို့သည် ဒါဝိဒ်ရှိရာအဒုလံဥမင်သို့ဆင်းသွား ကြ၏။ ထိုအချိန်၌ဖိလိတ္တိအမျိုးသား တစ်စုသည်ရေဖိမ်ချိုင့်ဝှမ်း၌တပ်စခန်း ချလျက်ရှိနေကြ၏။-
또 삼십 두목 중 세 사람이 곡식 벨 때에 아둘람 굴에 이르러 다윗에게 나아갔는데 때에 블레셋 사람의 떼가 르바임 골짜기에 진 쳤더라
14 ၁၄ ထိုအခါကဒါဝိဒ်သည်တောင်ပေါ်ခံတပ် ထဲတွင်ရှိ၍ ဖိလိတ္တိအမျိုးသားတစ်စု ကဗက်လင်မြို့ကိုသိမ်းယူထားကြ၏။-
그 때에 다윗은 산성에 있고 블레셋 사람의 영채는 베들레헴에 있는지라
15 ၁၅ ဒါဝိဒ်က``ဗက်လင်မြို့တံခါးအနီးရှိ ရေတွင်းမှရေကိုငါသောက်ချင်ပါဘိ'' ဟုတောင့်တပြောဆိုမိရာ၊-
다윗이 사모하여 가로되 베들레헴 성문 곁 우물 물을 누가 나로 마시게 할꼬 하매
16 ၁၆ နာမည်ကျော်ရဲဘော်သုံးယောက်တို့သည် ဖိလိတ္တိတပ်စခန်းကိုထိုးဖောက်ပြီးနောက် ရေတွင်းမှရေကိုခပ်ယူ၍ဒါဝိဒ်ထံသို့ ယူဆောင်ခဲ့ကြ၏။ သို့ရာတွင်မင်းကြီးသည် ထိုရေကိုသောက်တော်မမူဘဲထာဝရ ဘုရားအားပူဇော်သည့်အနေဖြင့်သွန်း လောင်းလျက်၊-
세 용사가 블레셋 사람의 군대를 충돌하고 지나가서 베들레헴 성문 곁 우물 물을 길어 가지고 다윗에게로 왔으나 다윗이 마시기를 기뻐 아니하고 그 물을 여호와께 부어 드리며
17 ၁၇ ``အို ထာဝရဘုရား၊ အကျွန်ုပ်သည်အဘယ် နည်းနှင့်မျှဤရေကိုမသောက်နိုင်ပါ။ အသက် စွန့်၍ရေခပ်ကြသူတို့၏သွေးကိုသောက် သည်နှင့်တူပါလိမ့်မည်'' ဟုလျှောက်၏။ ဤကားနာမည်ကျော်သူရဲကောင်းသုံးဦး တို့၏စွန့်စားခန်းများပင်တည်း။
가로되 여호와여 내가 결단코 이런 일을 하지 아니하리이다 이는 생명을 돌아보지 아니하고 갔던 사람들의 피니이다 하고 마시기를 즐겨 아니하니라 세 용사가 이런 일을 행하였더라
18 ၁၈ ယွာဘ၏ညီအဘိရှဲသည်နာမည်ကျော် ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်ဖြစ်၏။ သူ သည်လူသုံးရာကိုလှံနှင့်ထိုးသတ်ခဲ့သ ဖြင့်ရဲဘော်သုံးကျိပ်တွင်နာမည်ကြီးလာ ၏။-
또 스루야의 아들 요압의 아우 아비새니 저는 그 삼 인의 두목이라 저가 창을 들어 삼백 인을 죽이고 그 삼 인 중에 이름을 얻었으
19 ၁၉ သူသည်ရဲဘော်သုံးကျိပ်တို့တွင်ထူးချွန် သူဖြစ်သော်လည်းသူရဲကောင်းသုံးယောက် လောက်နာမည်မကြီးချေ။ ဒါဝိဒ်မင်းသည် သူ့အားကိုယ်ရံတော်တပ်မှူးအဖြစ်ဖြင့် ခန့်ထားတော်မူ၏။
저는 삼 인 중에 가장 존귀한 자가 아니냐 저가 저희의 두목이 되었으나 그러나 첫 삼 인에게는 미치지 못하였더라
20 ၂၀ ကပ်ဇေလမြို့မှယောယဒ၏သားဗေ နာယသည်နာမည်ကျော်သူရဲကောင်းတစ်ဦး ဖြစ်၏။ သူသည်ရဲဝံ့စွန့်စားရသောအမှု များကိုပြုခဲ့၏။ သူသည်အလွန်ကြီးမား သောမောဘစစ်သူရဲနှစ်ယောက်ကိုသတ် ခဲ့၏။ အလွန်ချမ်းဧသောဆောင်းနေ့တစ်နေ့ ၌သားရဲတွင်းတစ်ခုသို့ဝင်၍ခြင်္သေ့တစ် ကောင်ကိုသတ်ခဲ့၏။-
또 갑스엘 용사의 손자 여호야다의 아들 브나야니 저는 효용한 일을 행한 자라 일찍이 모압 아리엘의 아들 둘을 죽였고 또 눈 올 때에 함정에 내려가서 한 사자를 죽였으며
21 ၂၁ သူသည်လှံကိုကိုင်ဆောင်ထားသူအလွန် ကြီးမားသောအီဂျစ်အမျိုးသားတစ် ယောက်ကိုလည်းသတ်ခဲ့၏။ ဗေနာယသည် ထိုသူကိုတင်းပုတ်ဖြင့်တိုက်ခိုက်ကာသူ ၏လက်မှလှံကိုလုယူလိုက်၏။ ထိုနောက် ထိုလှံဖြင့်ပင်သူ့အားသတ်လိုက်၏။-
또 장대한 애굽 사람을 죽였는데 그의 손에 창이 있어도 저가 막대를 가지고 내려가서 그 애굽 사람의 손에서 창을 빼앗아 그 창으로 죽였더라
22 ၂၂ ဤသည်တို့ကားရဲဘော်သုံးကျိပ်ဝင်ဗေ နာယ၏စွန့်စားခန်းများပင်ဖြစ်၏။-
여호야다의 아들 브나야가 이런 일을 행하였으므로 세 용사 중에 이름을 얻고
23 ၂၃ သူသည်ရဲဘော်သုံးကျိပ်တို့တွင်ထူးချွန် သူဖြစ်သော်လည်းသူရဲကောင်းသုံးယောက် လောက်နာမည်မကြီးချေ။ ဒါဝိဒ်သည်သူ့ အားကိုယ်ရံတော်တပ်မှူးအဖြစ်ဖြင့်ခန့် ထားတော်မူ၏။
삼십 인보다 존귀하나 그러나 첫 삼 인에게는 미치지 못하였더라 다윗이 저를 세워 시위대 장관을 삼았더라
24 ၂၄ ရဲဘော်သုံးကျိပ်ဝင်အခြားသူရဲကောင်း များကိုဖော်ပြအံ့။ ယွာဘ၏ညီအာသဟေလ၊ ဗက်လင်မြို့နေဒေါဒေါ၏သားဧလဟာနန်၊ ဟရောဒိမြို့သား၊ ရှမ္မနှင့်ဧလိက၊ ဖာလာတိမြို့သားဟေလက် တေကောမြို့နေဣကေရှ၏သားဣရ အနေသောသိမြို့သားအဗျေဇာ၊ ဟုရှသိမြို့သားမေဗုန္နဲ၊ အဟောဟိမြို့သားဇာလမုန်၊ နေတောဖာသိမြို့သားမဟာရဲနှင့် ဗာနာ၏သားဟေလက်၊ ဗင်္ယာမိန်နယ်ဂိဗာမြို့နေရိဘဲ၏သားအိတ္တဲ၊ ပိရသောနိမြို့သားဗေနာယ၊ ဂါရှအနီးရှိချိုင့်ဝှမ်းနေဟိဒ္ဒဲ၊ အရဗမြို့သားအဗျာလဗုန်၊ ဗာဟုမိမြို့သားအာဇမာဝက်၊ ရှာလဗောနိမြို့သားဧလျာဘ၊ ယာရှင်၏သားများ၊ ယောနသန်၊ ဟာရာရိမြို့သားရှမ္မ၊ အာရာမြို့နေရှာရ၏သားအဟိအံ၊ မာခါသိမြို့နေအဟသဘဲ၏သားဧလိဖ၊ ဂိလောမြို့နေအဟိသောဖေလ၏သား ဧလျံ၊ ကရမေလမြို့သားဟေဇရဲ၊ အာရပ်မြို့သားဖာရဲ၊ ဇောဘမြို့နေနာသန်၏သားဣဂါလ၊ ဂဒ်နယ်၏သားဗာနိ၊ အမ္မုန်အမျိုးသားဇေလက်၊ ဇေရုယာ၏သားယွာဘ၏လက်နက်ကိုင် ဗေရောသိမြို့သားနဟာရဲ၊ ဣသရိမြို့သားဣရနှင့်ဂါရက်၊ ဟိတ္တိအမျိုးသားဥရိယ၊ စသည်ဖြင့်နာမည်ကျော်သူရဲကောင်းစုစု ပေါင်းသုံးကျိပ်ခုနစ်ယောက်ရှိသတည်း။
요압의 아우 아사헬은 삼십 인 중에 하나요 또 베들레헴 도도의 아들 엘하난과
발디 사람 헬레스와 드고아사람 익게스의 아들 이라와
느도바 사람 바아나의 아들 헬렙과 베냐민 자손에 속한 기브아 사람 리배의 아들 잇대와
비라돈 사람 브나야와 가아스 시냇가에 사는 힛대와
아르바 사람 아비알본과 바르훔 사람 아스마웻과
하랄 사람 삼마와 아랄 사람 사랄의 아들 아히암과
마아가 사람의 손자 아하스배의 아들 엘리벨렛과 길로 사람 아히도벨의 아들 엘리암과
암몬 사람 셀렉과 스루야의 아들 요압의 병기 잡은 자 브에롯 사람 나하래와
헷 사람 우리아라 이상 도합이 삼십칠 인이었더라